ေရႊသား တစ္ပိႆာခြဲနဲ႔ စိန္ေတြစီထားတဲ့ အက်ီၤဝတ္ျပီး ခမ္းခမ္းနားနား ပြဲတက္ခဲ့တဲ့ နန္းဆုရတီစိုး
Zawgyiျဖင့္ဖတ္ရန္
နွစ္အေတာ္ၾကာ ေအာင္ျမင္မႈေတြမ်ားစြာ ပိုင္ဆိုင္ထားတဲ့ အဆိုေတာ္မေလး နန္းဆုရတီစိုးကေတာ့ ခ်စ္စရာေကာင္းတဲ့ အသံေလးနဲ႔ တက္တက္ႂကြၾကြရိွလြန္းတဲ့ သူမရဲ့အျပဳအမူေတြေၾကာင့္ပရိသတ္ေတြရဲ့ ခ်စ္ခင္အားေပးမႈကို အျပၫ့္အဝ ပိုင္ဆိုင္ထားသူတစ္ဦးပါ။ လတ္တေလာမွာေတာ့ နန္းဆုေလးက ေရႊစင္ ေရႊသား တစ္ပိႆာခြဲနဲ႔ စိန္ေတြစီထားတဲ့ အက်ီၤဝတ္ျပီး ခမ္းခမ္းနားနား ပြဲတက္ခဲ့တဲ့ သူမရဲ႕ပံုရိပ္ေတြကို လူမႈကြန္ယက္မွာေဝမ်ွေပးထားတာေတြ့ရပါတယ္။ ေရႊသားနဲ႔ ျပုလုပ္ထားတဲ့ နန္းဆုရဲ႕ဖက္ရွင္ကေတာ့ ပြဲတစ္ခုလံုးမွာ လင္းလက္ျပီး အရမ္းကို ထင္ရွားေနတာပါေနာ္။
မိုမိုေလးခ်စ္ပရိသတ္ေတြအတြက္ အရမ္းကို ခမ္းနားလြန္းတဲ့ ေရႊပိႆာေက်ာ္ ဝတ္စံု ပြဲတက္ခဲ့တဲ့ မင္းသမီးေခ်ာေလး နန္းဆုရတီစိုးရဲ႕ပံုရိပ္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
နန္းဆုကေတာ့ '"ေအာင္သမာဓိ စိန္ေရႊရတနာဆိုင္ရဲ့ ေရႊတစ္ပိႆာကံထူးရွင္ေရြးခ်ယ္ပြဲအခမ္းအနား မွ ပံုရိပ္မ်ား "နန္းဆု ဝတ္ဆင္ထားတဲ့အက်ႌကေတာ့ ေရႊစင္ေရႊသား တစ္ပိႆာခြဲႏွင့္ စိန္မ်ားကိုအသံုးျပဳကာ ေသခ်ာအႏုစိတ္ဖန္တီးယက္လုပ္ထားတဲ့ ေအာင္သမာဓိရဲ့ နာမည္ေက်ာ္ေရႊအက်ႌေလးပါ. လက္ကိုင္အိတ္ကလည္း ေအာင္သမာဓိရဲ့ ေရႊလက္ကိုင္အိတ္ေလးပါ 🥰🥰ဒီလိုတန္ဖိုးႀကီးတဲ့ဝတ္စံုေလးကို ဝတ္ဆင္ၿပီးပြဲတက္ရတဲ့အတြက္ မ်ားစြာဂုဏ္ယူမိပါတယ္ရွင့္..❤️❤️❤️" ဆိုျပီး လွရက္လြန္းတဲ့ သူမရဲ႕ပြဲတက္ပံုရိပ္တစ္ခ်ိဳ႕ကို လူမႈကြန္ယက္မွာ ေဝမွ်ေပးထားတာပါ။
လွခ်က္ကေတာ့ တကယ့္ ေတာ္ဝင္မင္းသမီးေလး တစ္ပါးလိုပဲေနာ္...။
လတ္တေလာမွာေတာ့ နန္းဆုက ပရိသတ္ေတြအတြက္ သီခ်င္းအသစ္ေတြ ဖန္တီးျဖစ္ေနၿပီး ရိႈးပြဲေတြလည္း ဆက္တိုက္ဆိုျဖစ္ေနတာပါ။ နန္းဆုသီဆိုထားတဲ့ သီခ်င္းေတြကလည္း ပရိသတ္ေတြၾကားမွာေတာ္ေတာ္ေလးကို နာမည္ႀကီးျပီး ပရိသတ္ေတြ သေဘာက်ခဲ့ၾကရတာခ်ည္းပါပဲ။ မိုမိုေလးခ်စ္ပရိသတ္ေတြလည္း နန္းဆုရဲ့ တန္ဖိုးၾကီး ဖက္ရွင္ကို သေဘာက်ရင္ Share သြားၾကဖို႔ မေမ့ပါနဲ႔ေနာ္။
Myint Myat
Source;Nansu Yati Soe's Facebook
Photo;KMS photo library
Credit:Popolay
Unicodeဖြင့်ဖတ်ရန်
ရွှေသား တစ်ပိဿာခွဲနဲ့ စိန်တွေစီထားတဲ့ အကျီၤဝတ်ပြီး ခမ်းခမ်းနားနား ပွဲတက်ခဲ့တဲ့ နန်းဆုရတီစိုး
နှစ်အတော်ကြာ အောင်မြင်မှုတွေများစွာ ပိုင်ဆိုင်ထားတဲ့ အဆိုတော်မလေး နန်းဆုရတီစိုးကတော့ ချစ်စရာကောင်းတဲ့ အသံလေးနဲ့ တက်တက်ကြွကြွရှိလွန်းတဲ့ သူမရဲ့အပြုအမူတွေကြောင့်ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝ ပိုင်ဆိုင်ထားသူတစ်ဦးပါ။ လတ်တလောမှာတော့ နန်းဆုလေးက ရွှေစင် ရွှေသား တစ်ပိဿာခွဲနဲ့ စိန်တွေစီထားတဲ့ အကျီၤဝတ်ပြီး ခမ်းခမ်းနားနား ပွဲတက်ခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာဝေမျှပေးထားတာတွေ့ရပါတယ်။ ရွှေသားနဲ့ ပြုလုပ်ထားတဲ့ နန်းဆုရဲ့ဖက်ရှင်ကတော့ ပွဲတစ်ခုလုံးမှာ လင်းလက်ပြီး အရမ်းကို ထင်ရှားနေတာပါနော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ခမ်းနားလွန်းတဲ့ ရွှေပိဿာကျော် ဝတ်စုံ ပွဲတက်ခဲ့တဲ့ မင်းသမီးချောလေး နန်းဆုရတီစိုးရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
နန်းဆုကတော့ '"အောင်သမာဓိ စိန်ရွှေရတနာဆိုင်ရဲ့ ရွှေတစ်ပိဿာကံထူးရှင်ရွေးချယ်ပွဲအခမ်းအနား မှ ပုံရိပ်များ "နန်းဆု ဝတ်ဆင်ထားတဲ့အင်္ကျီကတော့ ရွှေစင်ရွှေသား တစ်ပိဿာခွဲနှင့် စိန်များကိုအသုံးပြုကာ သေချာအနုစိတ်ဖန်တီးယက်လုပ်ထားတဲ့ အောင်သမာဓိရဲ့ နာမည်ကျော်ရွှေအင်္ကျီလေးပါ. လက်ကိုင်အိတ်ကလည်း အောင်သမာဓိရဲ့ ရွှေလက်ကိုင်အိတ်လေးပါ 🥰🥰ဒီလိုတန်ဖိုးကြီးတဲ့ဝတ်စုံလေးကို ဝတ်ဆင်ပြီးပွဲတက်ရတဲ့အတွက် များစွာဂုဏ်ယူမိပါတယ်ရှင့်..❤️❤️❤️" ဆိုပြီး လှရက်လွန်းတဲ့ သူမရဲ့ပွဲတက်ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
လှချက်ကတော့ တကယ့် တော်ဝင်မင်းသမီးလေး တစ်ပါးလိုပဲနော်...။
လတ်တလောမှာတော့ နန်းဆုက ပရိသတ်တွေအတွက် သီချင်းအသစ်တွေ ဖန်တီးဖြစ်နေပြီး ရှိုးပွဲတွေလည်း ဆက်တိုက်ဆိုဖြစ်နေတာပါ။ နန်းဆုသီဆိုထားတဲ့ သီချင်းတွေကလည်း ပရိသတ်တွေကြားမှာတော်တော်လေးကို နာမည်ကြီးပြီး ပရိသတ်တွေ သဘောကျခဲ့ကြရတာချည်းပါပဲ။ မိုမိုလေးချစ်ပရိသတ်တွေလည်း နန်းဆုရဲ့ တန်ဖိုးကြီး ဖက်ရှင်ကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Nansu Yati Soe's Facebook
Photo;KMS photo library
Credit:Popolay




မှတ်ချက်များ