က်ိဳက္ထီး႐ိုးဘုရားက ပဋိပကၡျဖစ္စဥ္မွာ ေနာက္ကြယ္က ေျမႇာက္ေပးေနတဲ့ အဖြဲ႕အစည္းေတြေၾကာင့္လို႔ ေျပာ



Zawgyi ျဖင့္ဖတ္ရန္

က်ိဳက္ထီး႐ိုးဘုရားက ပ်ံက်ေဈးသည္ေတြနဲ႔ ေဂါပကအဖြဲ႕ေတြနဲ႔ျဖစ္စဥ္မွာ ေနာက္ကြယ္က ေျမႇာက္ေပးေနတဲ့ အဖြဲ႕အစည္းေတြေၾကာင့္လို႔ ေဂါပကအဖြဲ႕က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာ(၄)ရက္ေန႔ကစၿပီး က်ိဳက္ထီး႐ိုးေစတီ ေဂါပကအဖြဲ႕ႏွင့္ပ်ံက်ေဈးသည္တို႔ ျပႆနာေတြျဖစ္ခဲ့ၾကပါတယ္။ ေဂါပကေတြကေတာ့ က်ိဳက္ထီး႐ိုးေစတီရင္ျပင္ေပၚကို တက္တဲ့ အတက္အဆင္းေလွကားမွာ ေဈးသည္ေတြကိုေဈးမေရာင္းဖို႔ ႀကိဳတင္အသိေပးတားျမစ္ခဲ့ပါတယ္။

ေဈးသည္ေတြကလိုက္နာမႈမရွိတဲ့ အတြက္ ႏိုဝင္ဘာလ(၈)ရက္ေန႔က မြန္ျပည္နယ္အစိုးရအဖြဲ႕က တိုင္းခ႐ိုင္ရဲတပ္ဖြဲ႕တို႔နဲ႔ညႇိႏိုင္းေပးခဲ့ေပမယ့္ လက္မခံခဲ့သျဖင့္ ျပႆနာက ႀကီးထြားလာတာပါ။



“ဒီဥစၥာက က်ေနာ္တို႔ ဆင္းရဲသူဆင္းရဲသား စားစရာမရွိတဲ့ ပ်ံက်ေဈးသည္ေတြနဲ႔ ေဂါပကနဲ႔ျဖစ္တဲ့ပြဲမဟုတ္ပါဘူး။ ဒါေတာ့ က်ေနာ္ထပ္ေျပာပါမယ္၊ ဒါဟာႏိုင္ငံေရးကစားကြင္း၊ က်ိဳက္ထီး႐ိုးဘုရားကို ခုတုံးလုပ္ၿပီးေတာ့ ျမန္မာႏိုင္ငံရဲ႕ ပုံရိပ္က်ဆင္းေရး၊ ကြၽန္ေတာ္တို႔ မီးခိုးမထြက္တဲ့စီးပြားေရးလုပ္ငန္း၊ ကြၽန္ေတာ္တို႔ ခရီးသြားလုပ္ငန္းကိုပါေႏွာက္ယွက္ဖ်က္ဆီးဖို႔ရည္႐ြယ္ခ်က္ထိပါ လုပ္လာတဲ့အတြက္ေၾကာင့္မို႔ တရားဥပေဒေဘာင္ထဲကဘဲ လုပ္ဘို႔ ကြၽန္ေတာ္တို႔ႀကိဳးစားပါမည္။” လို႔ ေဂါပကအဖြဲ႕မွဒုေခါင္းေဆာင္ကေျပာပါတယ္။

က်ိဳက္ထီး႐ိုးဘုရားမွာ ပ်ံက်ေဈးသည္ တစ္ရာေက်ာ္ေလာက္ရွိၿပီး ဘုရားေဂါပကအဖြဲ႕က သူတို႔ကို မုဆိုးေတာင္ဘက္မွာ ေနရာေပးထားပါတယ္။ဒါေပမယ့္ ေဈးသည္တခ်ိဳု႔ က ေလွကားေတြမွာ လာေရာက္ေရာင္းခ်ေနၾကတာလို႔ ေဈးေကာ္မတီတာဝန္ရွိသူေတြကေျပာပါတယ္။ ရင္ျပင္ေတာ္ေပၚမွာေရာင္းခ် ခ်င္တယ္ဆိုလို႔ရွိရင္ ႐ြက္ၿပီးေရာင္းခ်ဖို႔ ခြင္ျပဳထားတယ္လို႔ေျပာပါတယ္။





ပ်ံက်ေဈးသည္ ေတြအေနႏွင့္ကေတာ့ သူတို႔အေနာက္မွာ ဘာအဖြဲ႕အစည္းမွမရွိသလို႔ ေဂါပကေပးထားတဲ့ မုဆိုးေတာင္ကရင္ျပင္ေတာ္နဲ႔ အလွမ္းေဝးတယ္လို႔ေျပာပါတယ္။ အဲ့ဒီေနရာကလူသြားလူလာနည္းေနတဲ့အတြက္ ရင္ျပင္ႏွင့္နီးတဲ့ေနရာမွာဘဲေရာင္းခ်ခ်င္တယ္လို႔ ေျပာပါတယ္။

လတ္တေလာမွာ ေဂါပကအဖြဲ႕ႏွင့္ျပႆနာျဖစ္တဲ့ ပ်ံက်ေဈးသည္မပပအပါ (၁၄)ဦးကို ေဂါပကအဖြဲ႕က ကင္းမြန္ႀကီးေခ်ာင္းနယ္ေျမရဲစခန္းမွာ အမႈဖြင့္ထားသလို႔ ေဈးသည္ေတြဘက္ကလည္း က်ိဳက္ထီး႐ိုးေစတီ စည္းကမ္းထိန္းသိမ္းေရးငါးဦးကို အမႈဖြင့္ထားတယ္လို႔သိရပါတယ္။

က်ိဳက္ထီး႐ိုးေစတီေတာ္ဟာ (၈)ဧကေက်ာ္က်ယ္ဝန္းၿပီး စားေသာက္ဆိုင္ အထည္ဆိုင္ႏွင့္ ပစၥည္းမ်ိဳးစုံအေရာင္းဆိုင္(၁၂၀)ေက်ာ္ရွိၿပီး ဟိုတယ္ႏွစ္ခု တည္းခိုခန္း(၇) ရွိတယ္လို႔သိရပါတယ္။

Credit: DVB


Unicode ဖြင့်ဖတ်ရန်

ကျိုက်ထီးရိုးဘုရားက ပဋိပက္ခဖြစ်စဉ်မှာ နောက်ကွယ်က မြှောက်ပေးနေတဲ့ အဖွဲ့အစည်းတွေကြောင့်လို့ ပြော


ကျိုက်ထီးရိုးဘုရားက ပျံကျဈေးသည်တွေနဲ့ ဂေါပကအဖွဲ့တွေနဲ့ဖြစ်စဉ်မှာ နောက်ကွယ်က မြှောက်ပေးနေတဲ့ အဖွဲ့အစည်းတွေကြောင့်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ(၄)ရက်နေ့ကစပြီး ကျိုက်ထီးရိုးစေတီ ဂေါပကအဖွဲ့နှင့်ပျံကျဈေးသည်တို့ ပြဿနာတွေဖြစ်ခဲ့ကြပါတယ်။ ဂေါပကတွေကတော့ ကျိုက်ထီးရိုးစေတီရင်ပြင်ပေါ်ကို တက်တဲ့ အတက်အဆင်းလှေကားမှာ ဈေးသည်တွေကိုဈေးမရောင်းဖို့ ကြိုတင်အသိပေးတားမြစ်ခဲ့ပါတယ်။

ဈေးသည်တွေကလိုက်နာမှုမရှိတဲ့ အတွက် နိုဝင်ဘာလ(၈)ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့က တိုင်းခရိုင်ရဲတပ်ဖွဲ့တို့နဲ့ညှိနိုင်းပေးခဲ့ပေမယ့် လက်မခံခဲ့သဖြင့် ပြဿနာက ကြီးထွားလာတာပါ။



“ဒီဥစ္စာက ကျနော်တို့ ဆင်းရဲသူဆင်းရဲသား စားစရာမရှိတဲ့ ပျံကျဈေးသည်တွေနဲ့ ဂေါပကနဲ့ဖြစ်တဲ့ပွဲမဟုတ်ပါဘူး။ ဒါတော့ ကျနော်ထပ်ပြောပါမယ်၊ ဒါဟာနိုင်ငံရေးကစားကွင်း၊ ကျိုက်ထီးရိုးဘုရားကို ခုတုံးလုပ်ပြီးတော့ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကျဆင်းရေး၊ ကျွန်တော်တို့ မီးခိုးမထွက်တဲ့စီးပွားရေးလုပ်ငန်း၊ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းကိုပါနှောက်ယှက်ဖျက်ဆီးဖို့ရည်ရွယ်ချက်ထိပါ လုပ်လာတဲ့အတွက်ကြောင့်မို့ တရားဥပဒေဘောင်ထဲကဘဲ လုပ်ဘို့ ကျွန်တော်တို့ကြိုးစားပါမည်။” လို့ ဂေါပကအဖွဲ့မှဒုခေါင်းဆောင်ကပြောပါတယ်။

ကျိုက်ထီးရိုးဘုရားမှာ ပျံကျဈေးသည် တစ်ရာကျော်လောက်ရှိပြီး ဘုရားဂေါပကအဖွဲ့က သူတို့ကို မုဆိုးတောင်ဘက်မှာ နေရာပေးထားပါတယ်။ဒါပေမယ့် ဈေးသည်တချိုု့ က လှေကားတွေမှာ လာရောက်ရောင်းချနေကြတာလို့ ဈေးကော်မတီတာဝန်ရှိသူတွေကပြောပါတယ်။ ရင်ပြင်တော်ပေါ်မှာရောင်းချ ချင်တယ်ဆိုလို့ရှိရင် ရွက်ပြီးရောင်းချဖို့ ခွင်ပြုထားတယ်လို့ပြောပါတယ်။



ပျံကျဈေးသည် တွေအနေနှင့်ကတော့ သူတို့အနောက်မှာ ဘာအဖွဲ့အစည်းမှမရှိသလို့ ဂေါပကပေးထားတဲ့ မုဆိုးတောင်ကရင်ပြင်တော်နဲ့ အလှမ်းဝေးတယ်လို့ပြောပါတယ်။ အဲ့ဒီနေရာကလူသွားလူလာနည်းနေတဲ့အတွက် ရင်ပြင်နှင့်နီးတဲ့နေရာမှာဘဲရောင်းချချင်တယ်လို့ ပြောပါတယ်။

လတ်တလောမှာ ဂေါပကအဖွဲ့နှင့်ပြဿနာဖြစ်တဲ့ ပျံကျဈေးသည်မပပအပါ (၁၄)ဦးကို ဂေါပကအဖွဲ့က ကင်းမွန်ကြီးချောင်းနယ်မြေရဲစခန်းမှာ အမှုဖွင့်ထားသလို့ ဈေးသည်တွေဘက်ကလည်း ကျိုက်ထီးရိုးစေတီ စည်းကမ်းထိန်းသိမ်းရေးငါးဦးကို အမှုဖွင့်ထားတယ်လို့သိရပါတယ်။

ကျိုက်ထီးရိုးစေတီတော်ဟာ (၈)ဧကကျော်ကျယ်ဝန်းပြီး စားသောက်ဆိုင် အထည်ဆိုင်နှင့် ပစ္စည်းမျိုးစုံအရောင်းဆိုင်(၁၂၀)ကျော်ရှိပြီး ဟိုတယ်နှစ်ခု တည်းခိုခန်း(၇) ရှိတယ်လို့သိရပါတယ်။

Credit: DVB


မှတ်ချက်များ