ခ်စ္သူ Kimberley နဲ႔အတူ ေရွ႕အနာဂတ္အတြက္ ၾကိဳတင္စီစဥ္ေနျပီျဖစ္တဲ႔ Mark Prin
Zawgyiျဖင့္ဖတ္ရန္
ထိုင္းႏိုင္ငံရဲ႕ နာမည္ၾကီးအႏုပညာရွင္စံုတြဲေတြထဲမွာ မင္းသား Mark Prin နဲ႔ မင္းသမီး Kimberley Anne Woltemas တို႔ ခ်စ္သူစံုတြဲဟာလည္း တစ္တြဲအပါအ၀င္ျဖစ္ပါတယ္။ ၂ ဦးစလံုးဟာ ထိုင္းနိုင္ငံရဲ႕ ထိပ္တန္းသရုပ္ေဆာင္ေတြျဖစ္ၾကတယ္ဆိုေပမယ္႔လည္း တစ္ဦးနဲ႔ တစ္ဦး သစၥာမပ်က္ပဲ လက္တြဲလာခဲ႔ၾကတာ အခုဆိုရင္ ခ်စ္သူသက္တမ္း ၇ ႏွစ္ေတာင္ ရွိလို႔ေနၾကပါျပီ။
သူတုိ႔၂ ဦးရဲ႕ ခ်စ္သက္တမ္းဟာ အခ်ိန္အေတာ္ၾကာျမင္႔ေနျပီျဖစ္တာေၾကာင္႔ ပရိသတ္ေတြကလည္း သူတို႔စံုတြဲကို အျမန္ဆံုးေရႊလက္တြဲေစခ်င္ေနၾကကာ သူတို႔ရဲ႕ လက္ထပ္မဂၤလာသတင္းကိုလည္း ေစာင္႔ေမွ်ာ္ေနလွ်က္ ရွိပါတယ္။ ျပီးခဲ႔တဲ႔ရက္ပိုင္းတုန္းက သတင္းတစ္ခုထြက္ရွိလာခဲ႔ျပီးေနာက္မွာေတာ႔ ပရိသတ္ေတြအေနနဲ႔ သူတို႔ ၂ ဦးကို လက္ထပ္ေစခ်င္တဲ႔ဆႏၵဟာ ပိုျပီးေတာ႔ေတာင္မွ ျပင္းျပလို႔လာခဲ႔ပါေတာ႔တယ္။
အဆိုပါသတင္းကေတာ႔ Mark Prin ဟာ ခ်စ္သူ Kimberley နဲ႔အတူ ေရွ႕အနာဂတ္အတြက္ ၾကိဳတင္စီစဥ္ေနျပီဆိုတဲ႔သတင္းပါပဲ။ ဒီသတင္းဟာဆိုရင္ ပြဲအခမ္းအနားတစ္ခုမွာ Mark Prin ေျဖဆိုခဲ႔တဲ႔ အင္တာဗ်ဴးကေနတဆင္႔ ထြက္ေပၚလို႔လာခဲ႔တာ ျဖစ္ပါတယ္။
အဲဒီအင္တာဗ်ဴးမွာ Mark Prin က သူနဲ႔ Kimberley တို႔ဟာ Khao Yai ျပည္နယ္မွာ လွပတဲ႔ရွဳခင္းေတြေၾကာင္႔ ျခံ၀ယ္ျပီး အိမ္တစ္လံုးေဆာက္လုပ္ထားၾကေၾကာင္း၊ ဒီလိုမ်ိုးျခံ၀ယ္ျပီး အိမ္ေဆာက္ထားတာဟာ သူတို႔ ၂ ဦးရဲ႕ ရင္းႏွီးျ့မဳပ္ႏွံမွဳတစ္ခုေၾကာင္းကုိ ေျဖဆိုေျပာျပသြားခဲ႔ပါတယ္။
ေဆာက္လုပ္ထားတဲ႔အိမ္ဟာဆိုရင္လည္း သိပ္မၾကီးပဲ အပန္းေျဖအိမ္သေဘာမ်ိုးသာျဖစ္ေၾကာင္းနဲ႔ ၾကင္စဦးဇနီးေမာင္ႏွံေတြအတြက္ဆိုရင္ေတာ႔ အေတာ္ေလးကို က်ယ္၀န္းတဲ႔အိမ္ျဖစ္ေၾကာင္းကုိပါ တစ္ပါတည္း အသိေပးေျပာသြားခဲ႔ပါေသးတယ္။
ဒီလိုမ်ိုး ျခံ၀ယ္၊ အိမ္ေဆာက္ေနျပီျဖစ္တာေၾကာင္႔ သတင္းေထာက္ေတြက သူတို႔ ခ်စ္သူ ၂ ဦးရဲ႕မဂၤလာသတင္းကို ၾကားရေတာ႔မလားဆိုတာကို ေမးျမန္းခဲ႔ရာမွာေတာ႔ Mark က လက္ထပ္ဖို႔အတြက္ကေတာ႔ လိုေသးေၾကာင္း၊ ေနာင္တစ္ခ်ိန္ေတာ႔ ျဖစ္ဖို႔ရွိေၾကာင္း၊ သူ႔အေနနဲ႔လည္း သိပ္ျပီးေတာ႔အလ်င္မလိုေၾကာင္း ေျပာျပသြားခဲ႔ပါတယ္။
ဒီပံုစံအတိုင္းဆိုရင္ေတာ႔ သူတို႔ခ်စ္သူ ၂ ဦးရဲ႕ မဂၤလာသတင္းကို ၾကားရဖို႔က သိပ္မလိုေတာ႔ဘူးလို႔ ထင္မိပါတယ္ေနာ္။
Ref : Thai Update
Credit:Popolay
Unicodeဖြင့်ဖတ်ရန်
ချစ်သူ Kimberley နဲ့အတူ ရှေ့အနာဂတ်အတွက် ကြိုတင်စီစဉ်နေပြီဖြစ်တဲ့ Mark Prin
ထိုင်းနိုင်ငံရဲ့ နာမည်ကြီးအနုပညာရှင်စုံတွဲတွေထဲမှာ မင်းသား Mark Prin နဲ့ မင်းသမီး Kimberley Anne Woltemas တို့ ချစ်သူစုံတွဲဟာလည်း တစ်တွဲအပါအဝင်ဖြစ်ပါတယ်။ ၂ ဦးစလုံးဟာ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်တွေဖြစ်ကြတယ်ဆိုပေမယ့်လည်း တစ်ဦးနဲ့ တစ်ဦး သစ္စာမပျက်ပဲ လက်တွဲလာခဲ့ကြတာ အခုဆိုရင် ချစ်သူသက်တမ်း ၇ နှစ်တောင် ရှိလို့နေကြပါပြီ။
သူတို့၂ ဦးရဲ့ ချစ်သက်တမ်းဟာ အချိန်အတော်ကြာမြင့်နေပြီဖြစ်တာကြောင့် ပရိသတ်တွေကလည်း သူတို့စုံတွဲကို အမြန်ဆုံးရွှေလက်တွဲစေချင်နေကြကာ သူတို့ရဲ့ လက်ထပ်မင်္ဂလာသတင်းကိုလည်း စောင့်မျှော်နေလျှက် ရှိပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက သတင်းတစ်ခုထွက်ရှိလာခဲ့ပြီးနောက်မှာတော့ ပရိသတ်တွေအနေနဲ့ သူတို့ ၂ ဦးကို လက်ထပ်စေချင်တဲ့ဆန္ဒဟာ ပိုပြီးတော့တောင်မှ ပြင်းပြလို့လာခဲ့ပါတော့တယ်။
အဆိုပါသတင်းကတော့ Mark Prin ဟာ ချစ်သူ Kimberley နဲ့အတူ ရှေ့အနာဂတ်အတွက် ကြိုတင်စီစဉ်နေပြီဆိုတဲ့သတင်းပါပဲ။ ဒီသတင်းဟာဆိုရင် ပွဲအခမ်းအနားတစ်ခုမှာ Mark Prin ဖြေဆိုခဲ့တဲ့ အင်တာဗျူးကနေတဆင့် ထွက်ပေါ်လို့လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီအင်တာဗျူးမှာ Mark Prin က သူနဲ့ Kimberley တို့ဟာ Khao Yai ပြည်နယ်မှာ လှပတဲ့ရှုခင်းတွေကြောင့် ခြံဝယ်ပြီး အိမ်တစ်လုံးဆောက်လုပ်ထားကြကြောင်း၊ ဒီလိုမျိုးခြံဝယ်ပြီး အိမ်ဆောက်ထားတာဟာ သူတို့ ၂ ဦးရဲ့ ရင်းနှီးြ့မုပ်နှံမှုတစ်ခုကြောင်းကို ဖြေဆိုပြောပြသွားခဲ့ပါတယ်။
ဆောက်လုပ်ထားတဲ့အိမ်ဟာဆိုရင်လည်း သိပ်မကြီးပဲ အပန်းဖြေအိမ်သဘောမျိုးသာဖြစ်ကြောင်းနဲ့ ကြင်စဦးဇနီးမောင်နှံတွေအတွက်ဆိုရင်တော့ အတော်လေးကို ကျယ်ဝန်းတဲ့အိမ်ဖြစ်ကြောင်းကိုပါ တစ်ပါတည်း အသိပေးပြောသွားခဲ့ပါသေးတယ်။
ဒီလိုမျိုး ခြံဝယ်၊ အိမ်ဆောက်နေပြီဖြစ်တာကြောင့် သတင်းထောက်တွေက သူတို့ ချစ်သူ ၂ ဦးရဲ့မင်္ဂလာသတင်းကို ကြားရတော့မလားဆိုတာကို မေးမြန်းခဲ့ရာမှာတော့ Mark က လက်ထပ်ဖို့အတွက်ကတော့ လိုသေးကြောင်း၊ နောင်တစ်ချိန်တော့ ဖြစ်ဖို့ရှိကြောင်း၊ သူ့အနေနဲ့လည်း သိပ်ပြီးတော့အလျင်မလိုကြောင်း ပြောပြသွားခဲ့ပါတယ်။
ဒီပုံစံအတိုင်းဆိုရင်တော့ သူတို့ချစ်သူ ၂ ဦးရဲ့ မင်္ဂလာသတင်းကို ကြားရဖို့က သိပ်မလိုတော့ဘူးလို့ ထင်မိပါတယ်နော်။
Ref : Thai Update
Credit:Popolay


မှတ်ချက်များ