ေယာက်္ားေလးေတြသင့္ကို ျမင္ျမင္ခ်င္းတန္းတန္းစြဲျဖစ္သြားေစမယ့္ အျပဳအမူမ်ား
Zawgyiျဖင့္ဖတ္ရန္
သင့္ကုိ တစ္စုံတစ္ေယာက္က ဘာလုိ႔ခ်စ္တာလဲလုိ႔ တစ္ခါတေလ ျပန္မစဥ္းစားမိဘူးလား … ? စဥ္းစားၾကည့္လုိက္ပါဦး။ သင္ စဥ္းစားလုိ႔ရတဲ့အေျဖနဲ႔ ေအာက္မွာ ေဖာ္ျပထားတဲ့ မိန္းကေလးတစ္ေယာက္ကို ေယာက္်ားေလးတစ္ေယာက္က ခ်က္ခ်င္း ခ်စ္သြားေစႏုိ္င့္မယ္ အျပဳအမူေလးေတြကို ေဖာ္ျပေပးလုိက္ပါတယ္။ Auntymay ရဲ႕ အမ်ိဴးသမီးပရိသတ္ႀကီး တုိက္ဆုိင္ စစ္ေဆးၾကည့္ပါဦး။
(၁) သင့္ရဲ႕ ၾကင္နာမႈ
အမ်ိဳးသမီးေတြကုိ အမ်ိဳးသားေတြ ခ်ဥ္းကပ္ရျခင္းအေၾကာင္းအရင္းက သူတုိ႔ကုိ ဘယ္ေလာက္ၾကင္နာသလဲဆုိတဲ့ ေပတံနဲ႔ အရင္တုိင္းပါတယ္။ အမ်ိဳးသမီးတစ္ေယာက္ဟာ အမ်ိဳးသားတုိင္းကို ၾကင္ၾကင္နာနာ ဆက္ဆံႏုိ္င္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ အဲဒီအထဲမွာမွ အမ်ိဳးသားတစ္ေယာက္က ငါ့ကုိေတာ့ျဖင့္ ဒီေကာင္မေလး ၾကင္နာရွာသားပဲလုိ႔ ေတြးမိလိုက္တာနဲ႔ တၿိပိဳင္နက္ ဇာတ္လမ္းတစ္ခု စလာပါလိမ့္မယ္။
(၂) သင့္ရဲ႕ ခ်စ္စရာေကာင္းတဲ့ ပြင့္လင္းမႈ
တစ္ခ်ိဳ႕ အမ်ိဳးသမီးေတြက အလွ၊ ပညာ၊ ဥစၥာ စတဲ့အခ်က္ေတြနဲ႔ သူတုိ႔မွာ ျပည္စုံေနတဲ့အခါတုိင္း မာနႀကီးရမယ္လုိ႔ သူတုိ႔ဘာသာ သူတုိ႔ သတ္မွတ္လုိက္ၾကပါတယ္။ ဒါက ေသခ်ာေပါက္ကုိ အပ်ိဳႀကီးျဖစ္မယ့္ စတုိင္ပါဘဲ။ မယုံရင္ စမ္းၾကည့္ပါ။ ဘယ္အမ်ိဳးသားကမွ မာနႀကီးတယ္လုိ႔ သူတုိ႔စိတ္က သတ္မွတ္တဲ့ အမ်ိဳးသမီးကို သေဘာမက်ၾကပါဘူး။ ရမလားလုိ႔ ခ်ဥ္းကပ္ၾကည့္တာမ်ိဳးေတာ့ ရွိႏုိင္ေကာင္းပါတယ္။ ေသခ်ာတာကေတာ့ ေယာက္်ားေတြနဲ႔ တန္းတူ ရင္းနီးပြင့္လင္းတဲ့ ဆက္ဆံေရးကို သင္ပုိင္ဆုိင္ၿပီဆုိရင္ ခ်စ္သူတစ္ေယာက္ရဖုိ႔ မရွားပါဘူး။ ပြင့္လင္းတာနဲ႔ ေပြတာ႐ႈပ္တာ စာသားလည္း မတူသလုိ အဓိပၸါယ္လည္း မတူဘူးဆုိတာေတာ့ ခြဲျခားသိပါေစ။
(၃) သင့္ရဲ႕ ကိုယ္သင္းနံ႔
ေသြးသားနဲ႔ လည္ပတ္အသက္ရွင္ရတဲ့ သတၱ၀ါတုိင္း ကိုယ္ပုိင္ သဘာ၀ကိုယ္သင္းနံ႔ဆုိတာ ရွိပါတယ္။ မယုံရင္ သင့္ကုိသင္ ဟုိနမ္း သည္နမ္း လုပ္ၾကည့္ပါ။ သင္ ႏွာေခါင္း႐ႈံ႕ခ်င္ ႐ႈံ႕လိမ့္မယ္ … ဒါေပမယ့္ သင့္ကို သေဘာက်တဲ့ ေကာင္ေလးကေတာ့ ဒီအနံ႔ေလးကို စြဲမက္ေနမိတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။ သူတုိ႔က အဲဒီအနံကုိ အလြတ္ေတာင္ ရတယ္ဆုိပဲ။
(၄) သူ႕မိဘေတြနဲ႔ သင္က သိပ္ကိုရင္းနီးတယ္ဆုိရင္
ဒီအခ်က္ကုိလည္း ႀကဳံဖူးတဲ့ အမ်ိဳးသမီးေတြ ရွိပါလိမ့္မယ္။ ေကာင္ေလးတစ္ေယာက္ရဲ႕ မိဘေတြနဲ႔ အလြန္ရင္းနီးတဲ့ဆက္ဆံေရး ရွိေနသူေတြေပါ့။ ကာယကံရွင္ေတြေတာ့ မသိဘူး ေဘးပတ္၀န္းက်င္ကေတာင္ သူတုိ႔ႏွစ္ေယာက္ မၾကာခင္ ရေတာ့မွာပါကြာ ဆုိၿပီး သေဘာေပါက္တာမ်ိဳး၊ ရေနၿပီေဟ့လုိ႔ သမုတ္တာမ်ိဳး ခဏခဏ ခံရတတ္ပါေသးတယ္။ ဒီလုိနဲ႔တကယ္လည္း အာ၀ါဟ သြားသူေတြ အမ်ားႀကီးပါ။
(၅) တစ္ထပ္တည္းရွိေနတယ္ဆုိတာ ျပသႏုိင္လွ်င္
ဘယ္လုိ အေျခအေနျဖစ္ျဖစ္ ကိုယ္က သူနဲ႔ တစ္ထပ္တည္းျဖစ္ေနတယ္ဆုိတာကို ျပသႏုိင္ရင္လည္း အဲဒီေကာင္ေလးရဲ႕ စိတ္၀င္စားမႈကို ခံရဖုိ႔ ေသခ်ာသေလာက္ပါဘဲ။ တစ္ထပ္တည္းဆုိုလိုိ႔ ဘက္စ္ကားစီးတာကို မ်က္စိထဲ ျမင္မေနပါနဲ႔။ သူက ဟာသလုပ္ရင္ ဘယ္သူမွ မရယ္ေတာင္ သင္က လုိက္ရယ္တာမ်ိဳး၊ သူက ၾကက္ဥပူတင္း စားခ်င္တယ္ဆုိရင္ သင္ကအစားအစာလုပ္နည္းစာအုပ္ ၀ယ္ၿပီး ခ်က္ျပဳတ္ေကၽြးေမြးဖုိ႔ အဆင္သင့္ျဖစ္ေနတာမ်ိဳးကို ေျပာတာပါ။
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်
ယောကျ်ားလေးတွေသင့်ကို မြင်မြင်ချင်းတန်းတန်းစွဲဖြစ်သွားစေမယ့် အပြုအမူများ
သင့်ကို တစ်စုံတစ်ယောက်က ဘာလို့ချစ်တာလဲလို့ တစ်ခါတလေ ပြန်မစဉ်းစားမိဘူးလား … ? စဉ်းစားကြည့်လိုက်ပါဦး။ သင် စဉ်းစားလို့ရတဲ့အဖြေနဲ့ အောက်မှာ ဖော်ပြထားတဲ့ မိန်းကလေးတစ်ယောက်ကို ယောက်ျားလေးတစ်ယောက်က ချက်ချင်း ချစ်သွားစေနိုင့်မယ် အပြုအမူလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ Auntymay ရဲ့ အမျိူးသမီးပရိသတ်ကြီး တိုက်ဆိုင် စစ်ဆေးကြည့်ပါဦး။
(၁) သင့်ရဲ့ ကြင်နာမှု
အမျိုးသမီးတွေကို အမျိုးသားတွေ ချဉ်းကပ်ရခြင်းအကြောင်းအရင်းက သူတို့ကို ဘယ်လောက်ကြင်နာသလဲဆိုတဲ့ ပေတံနဲ့ အရင်တိုင်းပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ အမျိုးသားတိုင်းကို ကြင်ကြင်နာနာ ဆက်ဆံနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီအထဲမှာမှ အမျိုးသားတစ်ယောက်က ငါ့ကိုတော့ဖြင့် ဒီကောင်မလေး ကြင်နာရှာသားပဲလို့ တွေးမိလိုက်တာနဲ့ တြိပိုင်နက် ဇာတ်လမ်းတစ်ခု စလာပါလိမ့်မယ်။
(၂) သင့်ရဲ့ ချစ်စရာကောင်းတဲ့ ပွင့်လင်းမှု
တစ်ချို့ အမျိုးသမီးတွေက အလှ၊ ပညာ၊ ဥစ္စာ စတဲ့အချက်တွေနဲ့ သူတို့မှာ ပြည်စုံနေတဲ့အခါတိုင်း မာနကြီးရမယ်လို့ သူတို့ဘာသာ သူတို့ သတ်မှတ်လိုက်ကြပါတယ်။ ဒါက သေချာပေါက်ကို အပျိုကြီးဖြစ်မယ့် စတိုင်ပါဘဲ။ မယုံရင် စမ်းကြည့်ပါ။ ဘယ်အမျိုးသားကမှ မာနကြီးတယ်လို့ သူတို့စိတ်က သတ်မှတ်တဲ့ အမျိုးသမီးကို သဘောမကျကြပါဘူး။ ရမလားလို့ ချဉ်းကပ်ကြည့်တာမျိုးတော့ ရှိနိုင်ကောင်းပါတယ်။ သေချာတာကတော့ ယောက်ျားတွေနဲ့ တန်းတူ ရင်းနီးပွင့်လင်းတဲ့ ဆက်ဆံရေးကို သင်ပိုင်ဆိုင်ပြီဆိုရင် ချစ်သူတစ်ယောက်ရဖို့ မရှားပါဘူး။ ပွင့်လင်းတာနဲ့ ပွေတာရှုပ်တာ စာသားလည်း မတူသလို အဓိပ္ပါယ်လည်း မတူဘူးဆိုတာတော့ ခွဲခြားသိပါစေ။
(၃) သင့်ရဲ့ ကိုယ်သင်းနံ့
သွေးသားနဲ့ လည်ပတ်အသက်ရှင်ရတဲ့ သတ္တဝါတိုင်း ကိုယ်ပိုင် သဘာဝကိုယ်သင်းနံ့ဆိုတာ ရှိပါတယ်။ မယုံရင် သင့်ကိုသင် ဟိုနမ်း သည်နမ်း လုပ်ကြည့်ပါ။ သင် နှာခေါင်းရှုံ့ချင် ရှုံ့လိမ့်မယ် … ဒါပေမယ့် သင့်ကို သဘောကျတဲ့ ကောင်လေးကတော့ ဒီအနံ့လေးကို စွဲမက်နေမိတာမျိုးလည်း ဖြစ်တတ်ပါတယ်။ သူတို့က အဲဒီအနံကို အလွတ်တောင် ရတယ်ဆိုပဲ။
(၄) သူ့မိဘတွေနဲ့ သင်က သိပ်ကိုရင်းနီးတယ်ဆိုရင်
ဒီအချက်ကိုလည်း ကြုံဖူးတဲ့ အမျိုးသမီးတွေ ရှိပါလိမ့်မယ်။ ကောင်လေးတစ်ယောက်ရဲ့ မိဘတွေနဲ့ အလွန်ရင်းနီးတဲ့ဆက်ဆံရေး ရှိနေသူတွေပေါ့။ ကာယကံရှင်တွေတော့ မသိဘူး ဘေးပတ်ဝန်းကျင်ကတောင် သူတို့နှစ်ယောက် မကြာခင် ရတော့မှာပါကွာ ဆိုပြီး သဘောပေါက်တာမျိုး၊ ရနေပြီဟေ့လို့ သမုတ်တာမျိုး ခဏခဏ ခံရတတ်ပါသေးတယ်။ ဒီလိုနဲ့တကယ်လည်း အာဝါဟ သွားသူတွေ အများကြီးပါ။
(၅) တစ်ထပ်တည်းရှိနေတယ်ဆိုတာ ပြသနိုင်လျှင်
ဘယ်လို အခြေအနေဖြစ်ဖြစ် ကိုယ်က သူနဲ့ တစ်ထပ်တည်းဖြစ်နေတယ်ဆိုတာကို ပြသနိုင်ရင်လည်း အဲဒီကောင်လေးရဲ့ စိတ်ဝင်စားမှုကို ခံရဖို့ သေချာသလောက်ပါဘဲ။ တစ်ထပ်တည်းဆိုလို့ ဘက်စ်ကားစီးတာကို မျက်စိထဲ မြင်မနေပါနဲ့။ သူက ဟာသလုပ်ရင် ဘယ်သူမှ မရယ်တောင် သင်က လိုက်ရယ်တာမျိုး၊ သူက ကြက်ဥပူတင်း စားချင်တယ်ဆိုရင် သင်ကအစားအစာလုပ်နည်းစာအုပ် ဝယ်ပြီး ချက်ပြုတ်ကျွေးမွေးဖို့ အဆင်သင့်ဖြစ်နေတာမျိုးကို ပြောတာပါ။
Credit:Aunty May


မှတ်ချက်များ