ထိ ေတြ႕တဲ့ Body အစိတ္အပိုင္းအလိုက္ မတူညီတဲ့ ခ်စ္အဓိပၸါယ္အမ်ိဳးမ်ိဳး



Zawgyiျဖင့္ဖတ္ရန္

ကိုယ္သေဘာက်တဲ့ အရာ ၊ကိုယ္ႏွစ္သက္တဲ့ အရာေလးေတြကို ဆုိရင္ ထိေတြ႕ ကိုင္တြယ္ ၾကည့္ခ်င္ၾကတာ သဘာ၀ ပါ။ဥပမာ အရမ္း လွတဲ့ ပစၥည္းတစ္ခုခုကို ေတြ႔ရင္ ကိုင္ၾကည့္လုိက္တာမ်ိဳး၊ခ်စ္စရာေကာင္းတဲ့ အေကာင္ေလး တစ္ေ ကာင္ေကာင္ကို ျမင္ရင္ ခ်ီဖုိ႔၊ ထိ ေတြ႕ ဖုိ႔ ႀကိဳးစားတာမ်ိဳးပါ။ခ်စ္သူအခ်င္းခ်င္းနဲ႔ ၾကားမွာလည္း အထိ အေတြ႕ ေတြက အနည္းနဲ႔ အမ်ားဆိုသလို ရွိတတ္ပါတယ္။ဒါေပမယ့္ ေယာက္်ား တစ္ေယာက္ရဲ႕ အထိအေတြ႕ ေတြ ေနာက္မွာ မတူညီ တဲ့ အဓိပၸါယ္အမ်ိဳးမိ်ဳး ကပ္ပါလာတတ္ပါတယ္။ ခ်စ္သူေကာင္ေလးက  သင့္ကို ထိ ေတြ႕တဲ့ Body အစိတ္အပိုင္း အေပၚ မူတည္ၿပီး  သူ႔ရဲ႕  လက္တေလာ ခံစားခ်က္ကို ဖတ္လုိ႔ရပါတယ္။

(၁)ႏႈတ္ခမ္း

သင့္ရဲ႕ ႏႈတ္ခမ္းကို လက္နဲ႔ ထိေတြ႕ တာမ်ိဳးကို ဆိုလိုတာပါ။ႏႈတ္ခမ္းကို ထိေတြ႕ ကိုင္တြယ္တယ္ဆုိတာက ေတာ့ သူ႔ဘက္က သင့္ကို လိုလားတယ္ဆုိတာကို ျပေနတာပါ။သူမင္းကို သေဘာက် ႏွစ္သက္တယ္၊ခ်စ္တယ္ဆုိတာကို ျပေနတာပါ။(နည္းနည္း Sexual ဆန္တဲ့ အခ်စ္ကို ထုတ္ျပတဲ့ နည္းလမ္းပါ)

(၂)လက္

ဒါကလည္း အခ်စ္ကို ေဖာ္ျပတဲ့ ေနာက္တစ္နည္းပါ။ဒါေပမယ့္ အဓိပၸါယ္က နည္းနည္းေတာ့ မတူပါဘူး။သင္တုိ႔ ၾကားမွာ ရွိတဲ့ မျမင္ရတဲ့ အတားအဆီးတစ္ခုကို  ခ်ိဳးဖ်က္ပစ္ဖုိ႕ ႀကိဳးစား လိုက္တဲ့ သေဘာပါ။ရုိးရို္းကိုင္တ မဟုတ္ပဲ သူ႔လက္ ေခ်ာင္းေတြကို သင့္ရဲ႕ လက္ေခ်ာင္းေတြ ၾကားမွာ ထည့္ၿပီး လက္ကို ဆုပ္ကိုင္တာမ်ိဳး ဆုိရင္ေတာ့ သင့္ကို အရမ္းႏွစ္သက္တယ္၊ေစာင့္ေရွာက္ေပးခ်င္တယ္ဆုိတဲ့ သေဘာကို ေဖာ္ျပ ေနတာပါ။

(၃)မ်က္ႏွာ

သင့္ဘ၀ကို ဘယ္ႏွခါ မ်က္ႏွာကို အကိုင္ခံဖူးလဲ။အကိုင္ခံရတာ သိပ္ရွိမယ္မထင္ပါဘူး။ေယာက်ာ္း တစ္ေယာက္က သင့္ရဲ႕  မ်က္ႏွာကို ကိုင္တယ္ဆုိရင္ေတာ့  သူဟာ သင့္ကို တကယ္ဂရုစိုက္တယ္ဆုိတာကို ျပေနတာပါ။သင့္ကို သူ ေစာင့္ေရွာက္ေပးခ်င္တယ္ဆိုတာကို  ျပေနတာပါ။

(၄)ဆံပင္

ဆံပင္ကို ကိုင္တယ္ဆုိရင္ေတာ့ အဓိပၸါယ္ အမ်ိဳးမ်ိဳးရွိပါတယ္။ဒါဟာ အီစီကလီ လုပ္တာပါ။ေနာက္ထပ္အဓိပၸါယ္ ကေတာ့ကာကြယ္ ခ်င္တဲ့ သေဘာလည္း သက္ေရာက္ပါတယ္။ေနာက္ အဓိပၸါယ္ကေတာ့ သင္နဲ႔ ပိုၿပီး နီးကပ္ခ်င္၊နီးစပ္ခ်င္တယ္ဆုိတာကို ျပေနတာပါ။

(၅)ေနာက္ေက်ာ (ေက်ာကုန္း)

ဒါကေတာ့  private area ေတြထဲက တစ္ခုပါ။သင့္ရဲ႕ ေနာက္ေက်ာကို ကိုင္တယ္ဆိုရင္ေတာ့ သင္နဲ႔ သူနဲ႔က အရမ္းကို ရင္းႏွီးကၽြမ္း၀င္တယ္ဆိုတာကို ျပတာပါ။ေက်ာမွာမွ ေက်ာအေပၚပိုင္း နဲ႔ ေအာက္ပိုင္း က အဓိပၸါယ္ကြဲပါတယ္။ခါးနားဆုိရင္ေတာ့  သူန႔ဲ သင္ အရမ္းကို ရင္းႏွီးတယ္လို႔ ခံစားရေၾကာင္း ေျပာ တာပါ။sexual level တစ္ခု အထိ သြားခ်င္ေနတယ္ဆုိတာကို ျပ ေနတာပါ။(နမ္းခ်င္တာမ်ိဳးေပါ့)

(၆)ေပါင္

ေပါင္ကို ထိေတြ႕ တာမ်ိဳး ဆိုရင္ေတာ့ အရမ္းကုိ အရင္းႏွီးဆံုး ဆက္ဆံေရးဆိုတာကို ျပလုိက္တာပါ။သင္နဲ႔ ရင္းႏွီး ခ်င္တယ္၊ခ်စ္ကၽြမ္း၀င္ခ်င္တယ္ဆိုတာကို ေတာင္းဆိုေနတာပါ။

(၇)ေျခေထာက္

ေျခေထာက္ကို ထိတုိင္း (၁၅၀၀) အခ်စ္လုိ႔ ေတာ့ေျပာလို႔မရပါဘူး။ဒါဟာ (၅၂၈)ကို ျပတာလည္း  ျဖစ္ႏိုင္ပါတယ္။သင့္ေျခေထာက္ေပၚမွာ လက္လာ တင္တာ ဆုိရင္ေတာ့ ဒါဟာ အားေပးတယ္ဆုိတာကို ျပေနတာပါ။ေျခေထာက္ကို ပြတ္သပ္တယ္ဆုိရင္ေတာ့ သင့္ကို ဆြဲေဆာင္ဖို႔ ႀကိဳးစားေနတာပါ။

(၈)ေမးေစ့

သင့္စိတ္ထဲမွာ သူ႔ကို ခ်စ္စရာေကာင္းတယ္၊ဆြဲေဆာင္မႈ ရွိတယ္လုိ႔ ထင္ေအာင္ ျမွဴဆြယ္တဲ့ အျပဳအမူပါ။ေမ့ေစ့ကို ကိုင္ၿပီး မ်က္၀န္းေတြထဲထိ စိုက္ၾကည့္တာ မ်ိဳးဆိုရင္ေတာ့ သင့္ကို နမ္းခ်င္တယ္ဆိုတာကို ျပေနတာပါ။တျခားအဓိပၸါယ္အေနနဲ႔ ဆုိရင္ေတာ့ သင့္ကို သူ အရမ္းသေဘာက် တယ္ဆုိတာကို ျပတာပါ။

(၉)ပခံုး

ပခံုးကို ညွစ္တယ္ဆိုရင္ေတာ့ အားေပးတယ္ဆိုတာကို ျပတာပါ။အဲ့လို မဟုတ္ပဲ ပခံုးကို ႏွိပ္ တာမ်ိဳးဆိုရင္ ေတာ့ သင့္ကို သူခ်စ္တယ္ဆုိတာကို  ျပေနတာပါ။

(၁၀) လက္ေမာင္

လက္ေမာင္းကုိ အားသံုးၿပီး ကိုင္တာ မ်ိဳးဆိုရင္ေတာ့ တျခား အေၾကာင္းအရင္းတစ္ခုခု ေၾကာင့္ပါ။ဥပမာ- တခုခု ေျပာခ်င္၊ျပခ်င္တာမ်ိဳးပါ။အဲ့လို မဟုတ္ပဲ လက္ေခ်ာင္းေလးေတြနဲ႕  ျဖည္းျဖည္း ခ်င္းလိုက္ထိ ေနတာဆိုရင္ေတာ့ သင့္ကို ဖ်ားေယာင္းျမွဴဆြယ္ေနတာပါ။Sexual ဆန္တဲ့ အျပဳအမူ အထိ  အေတြ႕ပါ။

(၁၀)ဒူး

ဒူးဆုိရင္ေတာ့ အီစီကလီ လုပ္ခ်င္တာ မ်ိဳး၊သင့္ကို သ ေဘာက်တယ္ဆုိတာကို ျပတာပါ။သင္တုိ႔ ၾကားမွာ ပို ရင္းႏွီးတဲ့ အေန အထားတစ္ခု ေရာက္ေအာင္ ဖန္တီးခ်င္ေနတာပါ။

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

ထိ တွေ့တဲ့ Body အစိတ်အပိုင်းအလိုက် မတူညီတဲ့ ချစ်အဓိပ္ပါယ်အမျိုးမျိုး

ကိုယ်သဘောကျတဲ့ အရာ ၊ကိုယ်နှစ်သက်တဲ့ အရာလေးတွေကို ဆိုရင် ထိတွေ့ ကိုင်တွယ် ကြည့်ချင်ကြတာ သဘာ၀ ပါ။ဥပမာ အရမ်း လှတဲ့ ပစ္စည်းတစ်ခုခုကို တွေ့ရင် ကိုင်ကြည့်လိုက်တာမျိုး၊ချစ်စရာကောင်းတဲ့ အကောင်လေး တစ်ေ ကာင်ကောင်ကို မြင်ရင် ချီဖို့၊ ထိ တွေ့ ဖို့ ကြိုးစားတာမျိုးပါ။ချစ်သူအချင်းချင်းနဲ့ ကြားမှာလည်း အထိ အတွေ့ တွေက အနည်းနဲ့ အများဆိုသလို ရှိတတ်ပါတယ်။ဒါပေမယ့် ယောက်ျား တစ်ယောက်ရဲ့ အထိအတွေ့ တွေ နောက်မှာ မတူညီ တဲ့ အဓိပ္ပါယ်အမျိုးမျိုး ကပ်ပါလာတတ်ပါတယ်။ ချစ်သူကောင်လေးက  သင့်ကို ထိ တွေ့တဲ့ Body အစိတ်အပိုင်း အပေါ် မူတည်ပြီး  သူ့ရဲ့  လက်တလော ခံစားချက်ကို ဖတ်လို့ရပါတယ်။

(၁)နှုတ်ခမ်း

သင့်ရဲ့ နှုတ်ခမ်းကို လက်နဲ့ ထိတွေ့ တာမျိုးကို ဆိုလိုတာပါ။နှုတ်ခမ်းကို ထိတွေ့ ကိုင်တွယ်တယ်ဆိုတာက တော့ သူ့ဘက်က သင့်ကို လိုလားတယ်ဆိုတာကို ပြနေတာပါ။သူမင်းကို သဘောကျ နှစ်သက်တယ်၊ချစ်တယ်ဆိုတာကို ပြနေတာပါ။(နည်းနည်း Sexual ဆန်တဲ့ အချစ်ကို ထုတ်ပြတဲ့ နည်းလမ်းပါ)

(၂)လက်

ဒါကလည်း အချစ်ကို ဖော်ပြတဲ့ နောက်တစ်နည်းပါ။ဒါပေမယ့် အဓိပ္ပါယ်က နည်းနည်းတော့ မတူပါဘူး။သင်တို့ ကြားမှာ ရှိတဲ့ မမြင်ရတဲ့ အတားအဆီးတစ်ခုကို  ချိုးဖျက်ပစ်ဖို့ ကြိုးစား လိုက်တဲ့ သဘောပါ။ရိုးရိုးကိုင်တ မဟုတ်ပဲ သူ့လက် ချောင်းတွေကို သင့်ရဲ့ လက်ချောင်းတွေ ကြားမှာ ထည့်ပြီး လက်ကို ဆုပ်ကိုင်တာမျိုး ဆိုရင်တော့ သင့်ကို အရမ်းနှစ်သက်တယ်၊စောင့်ရှောက်ပေးချင်တယ်ဆိုတဲ့ သဘောကို ဖော်ပြ နေတာပါ။

(၃)မျက်နှာ

သင့်ဘဝကို ဘယ်နှခါ မျက်နှာကို အကိုင်ခံဖူးလဲ။အကိုင်ခံရတာ သိပ်ရှိမယ်မထင်ပါဘူး။ယောကျာ်း တစ်ယောက်က သင့်ရဲ့  မျက်နှာကို ကိုင်တယ်ဆိုရင်တော့  သူဟာ သင့်ကို တကယ်ဂရုစိုက်တယ်ဆိုတာကို ပြနေတာပါ။သင့်ကို သူ စောင့်ရှောက်ပေးချင်တယ်ဆိုတာကို  ပြနေတာပါ။

(၄)ဆံပင်

ဆံပင်ကို ကိုင်တယ်ဆိုရင်တော့ အဓိပ္ပါယ် အမျိုးမျိုးရှိပါတယ်။ဒါဟာ အီစီကလီ လုပ်တာပါ။နောက်ထပ်အဓိပ္ပါယ် ကတော့ကာကွယ် ချင်တဲ့ သဘောလည်း သက်ရောက်ပါတယ်။နောက် အဓိပ္ပါယ်ကတော့ သင်နဲ့ ပိုပြီး နီးကပ်ချင်၊နီးစပ်ချင်တယ်ဆိုတာကို ပြနေတာပါ။

(၅)နောက်ကျော (ကျောကုန်း)

ဒါကတော့  private area တွေထဲက တစ်ခုပါ။သင့်ရဲ့ နောက်ကျောကို ကိုင်တယ်ဆိုရင်တော့ သင်နဲ့ သူနဲ့က အရမ်းကို ရင်းနှီးကျွမ်းဝင်တယ်ဆိုတာကို ပြတာပါ။ကျောမှာမှ ကျောအပေါ်ပိုင်း နဲ့ အောက်ပိုင်း က အဓိပ္ပါယ်ကွဲပါတယ်။ခါးနားဆိုရင်တော့  သူနဲ့ သင် အရမ်းကို ရင်းနှီးတယ်လို့ ခံစားရကြောင်း ပြော တာပါ။sexual level တစ်ခု အထိ သွားချင်နေတယ်ဆိုတာကို ပြ နေတာပါ။(နမ်းချင်တာမျိုးပေါ့)

(၆)ပေါင်

ပေါင်ကို ထိတွေ့ တာမျိုး ဆိုရင်တော့ အရမ်းကို အရင်းနှီးဆုံး ဆက်ဆံရေးဆိုတာကို ပြလိုက်တာပါ။သင်နဲ့ ရင်းနှီး ချင်တယ်၊ချစ်ကျွမ်းဝင်ချင်တယ်ဆိုတာကို တောင်းဆိုနေတာပါ။

(၇)ခြေထောက်

ခြေထောက်ကို ထိတိုင်း (၁၅၀၀) အချစ်လို့ တော့ပြောလို့မရပါဘူး။ဒါဟာ (၅၂၈)ကို ပြတာလည်း  ဖြစ်နိုင်ပါတယ်။သင့်ခြေထောက်ပေါ်မှာ လက်လာ တင်တာ ဆိုရင်တော့ ဒါဟာ အားပေးတယ်ဆိုတာကို ပြနေတာပါ။ခြေထောက်ကို ပွတ်သပ်တယ်ဆိုရင်တော့ သင့်ကို ဆွဲဆောင်ဖို့ ကြိုးစားနေတာပါ။

(၈)မေးစေ့

သင့်စိတ်ထဲမှာ သူ့ကို ချစ်စရာကောင်းတယ်၊ဆွဲဆောင်မှု ရှိတယ်လို့ ထင်အောင် မြှူဆွယ်တဲ့ အပြုအမူပါ။မေ့စေ့ကို ကိုင်ပြီး မျက်ဝန်းတွေထဲထိ စိုက်ကြည့်တာ မျိုးဆိုရင်တော့ သင့်ကို နမ်းချင်တယ်ဆိုတာကို ပြနေတာပါ။တခြားအဓိပ္ပါယ်အနေနဲ့ ဆိုရင်တော့ သင့်ကို သူ အရမ်းသဘောကျ တယ်ဆိုတာကို ပြတာပါ။

(၉)ပခုံး

ပခုံးကို ညှစ်တယ်ဆိုရင်တော့ အားပေးတယ်ဆိုတာကို ပြတာပါ။အဲ့လို မဟုတ်ပဲ ပခုံးကို နှိပ် တာမျိုးဆိုရင် တော့ သင့်ကို သူချစ်တယ်ဆိုတာကို  ပြနေတာပါ။

(၁၀) လက်မောင်

လက်မောင်းကို အားသုံးပြီး ကိုင်တာ မျိုးဆိုရင်တော့ တခြား အကြောင်းအရင်းတစ်ခုခု ကြောင့်ပါ။ဥပမာ- တခုခု ပြောချင်၊ပြချင်တာမျိုးပါ။အဲ့လို မဟုတ်ပဲ လက်ချောင်းလေးတွေနဲ့  ဖြည်းဖြည်း ချင်းလိုက်ထိ နေတာဆိုရင်တော့ သင့်ကို ဖျားယောင်းမြှူဆွယ်နေတာပါ။Sexual ဆန်တဲ့ အပြုအမူ အထိ  အတွေ့ပါ။

(၁၀)ဒူး

ဒူးဆိုရင်တော့ အီစီကလီ လုပ်ချင်တာ မျိုး၊သင့်ကို သ ဘောကျတယ်ဆိုတာကို ပြတာပါ။သင်တို့ ကြားမှာ ပို ရင်းနှီးတဲ့ အနေ အထားတစ်ခု ရောက်အောင် ဖန်တီးချင်နေတာပါ။

Credit:Aunty May

မှတ်ချက်များ