ျမန္မာျပည္က အမႈေတာ္ေတာ္မ်ားမ်ားကို ဇာတ္တည္ၿပီး ႐ုပ္ရွင္႐ိုက္မယ့္ ဇဏ္ခီ





Zawgyi ျဖင့္ဖတ္ရန္

ဇဏ္ခီကေတာ့ ေနာက္ထပ္႐ိုက္ကူးမယ့္ ႐ုပ္ရွင္ဇာတ္ကားအတြက္ ဇာတ္ၫႊန္းေရးေနၿပီလို႔ ဆိုပါတယ္။ ဒီဇာတ္ကားကေတာ့ ျမန္မာျပည္မွာရွိတဲ့ အမႈေတာ္ေတာ္မ်ားမ်ားရဲ႕ အေၾကာင္းကို ေရးသားထားတာပါတဲ့။ ဇဏ္ခီကေတာ့ ဇာတ္ၫႊန္းအသစ္တစ္ပုဒ္ေရးေနတယ္လို႔ ဆိုပါတယ္။ ဒီဇာတ္ၫႊန္းကိုေတာ့ ဇာတ္လမ္းတြဲ (သို႔မဟုတ္) ႐ုပ္ရွင္အျဖစ္ ႐ိုက္ကူးသြားမယ္လို႔ မီဒီယာ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။



“P.I.T ဆိုၿပီးေတာ့ ေျပာထားဖူးတယ္။ Private Investigation Team ဆိုၿပီးေတာ့ အလြတ္စုံေထာက္ေတြဖြဲ႕ၿပီးေတာ့ ျမန္မာျပည္မွာပဲရွိတဲ့ အမႈေတာ္ေတာ္မ်ားမ်ားကို ဇာတ္တည္ၿပီးေတာ့ ႐ိုက္မယ္လို႔ စဥ္းစားထားတယ္။ ဒါေပမယ့္ ေရးလည္းေရးေနတုန္းပါ။ TV Series ကေန အခု ႐ုပ္ရွင္ဘက္ေျပာင္းမလားလို႔ ျပန္ၿပီးေတြးေနၾကတယ္’’ လို႔ ဆိုပါတယ္။



သူကိုယ္တိုင္ေရးသားထားတဲ့ ဇာတ္ၫႊန္းကို ပထမဆုံး စဥ္းစားျဖစ္တာက ဇာတ္လမ္းတြဲအျဖစ္႐ိုက္ကူးဖို႔ စဥ္းစားထားတာပါလို႔ ဇဏ္ခီက ေျပာပါတယ္။ “ TV Series က်ေတာ့ အပိုင္းေတြအမ်ားႀကီး႐ိုက္ရတာပါတယ္။ ၿပီးေတာ့ ဘတ္ဂ်က္အေနအထား၊ ကိုယ္႐ိုက္ေပးရမယ့္ Channel ရဲ႕ ေတာင္းဆိုခ်က္ေတြကို လိုက္ေရာရမယ့္ အခ်က္ေတြ အမ်ားႀကီးရွိေနေတာ့ အခု ႐ုပ္ရွင္အေနနဲ႔ ျပန္႐ိုက္မလားလို႔ စဥ္းစားေနတာပါ။ ဒါေပမယ့္ ႐ိုက္ျဖစ္မွာပါ။ တရားဥပေဒနဲ႔လည္း ပတ္သက္တဲ့ဟာေတြလည္းပါတယ္ေပါ့’’ သူကဆိုပါတယ္။




ပါဝင္ၾကမယ့္ အႏုပညာရွင္ေတြကိုလည္း အမ်ားႀကီး သုံးသြားမယ္လို႔ ဇဏ္ခီက ဆက္လက္ေျပာျပခဲ့ပါေသးတယ္။“ ႐ုပ္ရွင္အေနနဲ႔ ျပန္လုပ္မယ္ဆိုရင္ေတာ့ မင္းသားအမ်ားႀကီးမဟုတ္ေလာက္ေတာ့ဘူး။ ဇာတ္လမ္းတြဲအေနနဲ႔ကေတာ့ အမ်ားႀကီး လိုတာေပါ့ေနာ္။ ဒါေပမယ့္လည္း ပါဝင္မယ့္ သ႐ုပ္ေဆာင္ေတြကေတာ့ မ်ားမွာပါ” ဆိုၿပီးေတာ့ ႏိုဝင္ဘာလ ၁၄ ရက္ေန႔က Memory Film Festival ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့ပါတယ္။

ဇဏ္ခီဟာ ျမန္မာပရိသတ္ေတြရဲ႕ အသည္းစြဲ မင္းသားေခ်ာ တစ္ေယာက္ပါ။ သူ႔ကိုေတာ့ ‘’ဥပါယ္တံမ်ဥ္’’႐ုပ္ရွင္ဇာတ္ကားႀကီးကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိခဲ့တာပါ။ အဲဒီေနာက္မွာေတာ့ ‘’မုျဒာေခၚသံ’’ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားမွာလည္း ေအာင္ျမင္မႈ မ်ားစြာ ရရွိခဲ့ျပန္ပါေသးတယ္။ ဇဏ္ခီဟာ ဒါ႐ိုက္တာ ခရစၥတီးနားခီရဲ႕ ခင္ပြန္းျဖစ္ၿပီး သားေလးတစ္ေယာက္ ပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္။ သူတို႔ ဇနီးေမာင္ႏွံရဲ႕ အိမ္ေထာင္ေရးကလည္း ပရိသတ္ အားက်ရတဲ့ အိမ္ေထာင္ေရးစုံတြဲထဲမွာ ပါဝင္ေနတာကို ေတြ႕ရပါတယ္။

share from: burmese.asia



Unicode ဖြင့်ဖတ်ရန်

မြန်မာပြည်က အမှုတော်တော်များများကို ဇာတ်တည်ပြီး ရုပ်ရှင်ရိုက်မယ့် ဇဏ်ခီ

ဇဏ်ခီကတော့ နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားအတွက် ဇာတ်ညွှန်းရေးနေပြီလို့ ဆိုပါတယ်။ ဒီဇာတ်ကားကတော့ မြန်မာပြည်မှာရှိတဲ့ အမှုတော်တော်များများရဲ့ အကြောင်းကို ရေးသားထားတာပါတဲ့။ ဇဏ်ခီကတော့ ဇာတ်ညွှန်းအသစ်တစ်ပုဒ်ရေးနေတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ညွှန်းကိုတော့ ဇာတ်လမ်းတွဲ (သို့မဟုတ်) ရုပ်ရှင်အဖြစ် ရိုက်ကူးသွားမယ်လို့ မီဒီယာ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။



“P.I.T ဆိုပြီးတော့ ပြောထားဖူးတယ်။ Private Investigation Team ဆိုပြီးတော့ အလွတ်စုံထောက်တွေဖွဲ့ပြီးတော့ မြန်မာပြည်မှာပဲရှိတဲ့ အမှုတော်တော်များများကို ဇာတ်တည်ပြီးတော့ ရိုက်မယ်လို့ စဉ်းစားထားတယ်။ ဒါပေမယ့် ရေးလည်းရေးနေတုန်းပါ။ TV Series ကနေ အခု ရုပ်ရှင်ဘက်ပြောင်းမလားလို့ ပြန်ပြီးတွေးနေကြတယ်’’ လို့ ဆိုပါတယ်။



သူကိုယ်တိုင်ရေးသားထားတဲ့ ဇာတ်ညွှန်းကို ပထမဆုံး စဉ်းစားဖြစ်တာက ဇာတ်လမ်းတွဲအဖြစ်ရိုက်ကူးဖို့ စဉ်းစားထားတာပါလို့ ဇဏ်ခီက ပြောပါတယ်။ “ TV Series ကျတော့ အပိုင်းတွေအများကြီးရိုက်ရတာပါတယ်။ ပြီးတော့ ဘတ်ဂျက်အနေအထား၊ ကိုယ်ရိုက်ပေးရမယ့် Channel ရဲ့ တောင်းဆိုချက်တွေကို လိုက်ရောရမယ့် အချက်တွေ အများကြီးရှိနေတော့ အခု ရုပ်ရှင်အနေနဲ့ ပြန်ရိုက်မလားလို့ စဉ်းစားနေတာပါ။ ဒါပေမယ့် ရိုက်ဖြစ်မှာပါ။ တရားဥပဒေနဲ့လည်း ပတ်သက်တဲ့ဟာတွေလည်းပါတယ်ပေါ့’’ သူကဆိုပါတယ်။



ပါဝင်ကြမယ့် အနုပညာရှင်တွေကိုလည်း အများကြီး သုံးသွားမယ်လို့ ဇဏ်ခီက ဆက်လက်ပြောပြခဲ့ပါသေးတယ်။“ ရုပ်ရှင်အနေနဲ့ ပြန်လုပ်မယ်ဆိုရင်တော့ မင်းသားအများကြီးမဟုတ်လောက်တော့ဘူး။ ဇာတ်လမ်းတွဲအနေနဲ့ကတော့ အများကြီး လိုတာပေါ့နော်။ ဒါပေမယ့်လည်း ပါဝင်မယ့် သရုပ်ဆောင်တွေကတော့ များမှာပါ” ဆိုပြီးတော့ နိုဝင်ဘာလ ၁၄ ရက်နေ့က Memory Film Festival ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။



ဇဏ်ခီဟာ မြန်မာပရိသတ်တွေရဲ့ အသည်းစွဲ မင်းသားချော တစ်ယောက်ပါ။ သူ့ကိုတော့ ‘’ဥပါယ်တံမျဉ်’’ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ ‘’မုဒြာခေါ်သံ’’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အောင်မြင်မှု များစွာ ရရှိခဲ့ပြန်ပါသေးတယ်။ ဇဏ်ခီဟာ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ခင်ပွန်းဖြစ်ပြီး သားလေးတစ်ယောက် ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးကလည်း ပရိသတ် အားကျရတဲ့ အိမ်ထောင်ရေးစုံတွဲထဲမှာ ပါဝင်နေတာကို တွေ့ရပါတယ်။

share from: burmese.asia


မှတ်ချက်များ