Zawgyiျဖင့္ဖတ္ရန္
အြန္လိုင္းေပၚမွာနာမည္ႀကီးေနတဲ့ ၾကက္သံပုရာေပါင္း အေၾကာင္းကို မဖတ္ရေသးတဲ့သူမ်ားအတြက္ က်န္းမာေရးသတင္းမ်ားစာမ်က္ႏွာမွ ျပန္လည္ေရးသားမွ်ေဝေပးလိုက္ပါတယ္။ ထိုင္ဝမ္ႏိုင္ငံမွအသက္ ၅၅ ႏွစ္ရွိလူတစ္ေယာက္ဟာ ဆီးခ်ိဳေရာဂါျဖစ္ေနတဲ့အတြက္ ဆရာဝန္ႀကီးေပးတဲ့ဆီးခ်ိဳေရာဂါေဆးကို ေသာက္ေနတာ ၂ ႏွစ္ေလာက္ရွိသြားပါၿပီ။
အသက္ ၅၇ ႏွစ္ေလာက္မွာ မေလးရွားကအမ်ိဳးေတြဆီ အလည္အပတ္သြားတဲ့အခါ သူ႔မွာဆီးခ်ိဳေရာဂါရွိေနမွန္းသိခဲ့လို႔ သူ႔ညီကၾကက္သံပုရာေပါင္းကိုလုပ္ၿပီး တိုက္ေကြၽးေပးခဲ့တယ္။ ၾကက္သံပုရာေပါင္းဟာဆီးခ်ိဳေရာဂါ ၂၅ ႏွစ္ေလာက္ျဖစ္ေနတဲ့သူေတြေတာင္ ေပ်ာက္တယ္ဆိုတာသိခဲ့ရလို႔ သူလည္းယုံၾကည္စြာေသာက္ခဲ့တယ္။ ဒီေဆးနည္းဟာ ထိုင္ဝမ္ကြၽန္းမွာေနထိုင္ေနၾကတဲ့ ေဟာ့ပ္ကင္ ( Hokkien ) လူမ်ိဳးတို႔ရဲ႕႐ိုးရာေဆးနည္းလို႔သိရပါတယ္။
မေလးရွားမွာရွိေနစဥ္ ၄ ႀကိမ္တိုင္တိုင္ေသာက္ခဲ့ပါတယ္။ (ၾကက္တစ္ေကာင္ေပါင္းလွ်င္ ၅ ရက္ခန႔္ စားယူရတဲ့အတြက္ တစ္လနီးပါးၾကာေအာင္ေသာက္ခဲ့တယ္)။ ထိုင္ဝမ္ကိုျပန္ေရာက္လို႔ ဆရာဝန္ႀကီးကေဆးစစ္ၾကည့္လိုက္ေတာ့ ဆီးခ်ိဳေရာဂါဟာအတက္အက်လည္းမရွိေတာ့ဘူး။ ေဆးေသာက္စရာလည္းမလိုေတာ့ဘူးလို႔ ေျပာပါတယ္။ ေနာက္ပိုင္းမွာ ဆီးခ်ိဳတိုင္းကိရိယာေလးနဲ႔အၿမဲတိုင္းၾကည့္ေတာ့လည္း ဆီးခ်ိဳေရာဂါဟာအတက္အက်လုံးဝမရွိေတာ့ပါဘူး။ ဒါ့ေၾကာင့္ ၾကက္သံပုရာေပါင္းကိုလည္း တစ္လတစ္ႀကိမ္ခန႔္သာေသာက္ပါေတာ့တယ္။
အခုဆိုရင္သူဟာအသက္ ၇၁ ႏွစ္ရွိပါၿပီ။ သူ႔သားသမီးမ်ားရွိရာ ကေနဒါနဲ႔ယူအက္စ္တို႔မွာသြားလာေနထိုင္ရင္း က်န္းမာေပ်ာ္႐ႊင္စြာေနထိုင္ေနပါတယ္။ ကဲ ၾကက္သံပုရာေပါင္းျပဳလုပ္နည္း ေလးကိုေလ့လာၾကည့္လိုက္ရေအာင္။
အိမ္ၾကက္တစ္ေကာင္ကို ေျချဖတ္ေခါင္းျဖတ္ၿပီး အတြင္းကလီစာမ်ားကိုဖယ္ထုတ္ပါ။ ေရစင္ေအာင္ေဆးေၾကာၿပီး ေပါင္းအိုးထဲကို ပုံထဲကအတိုင္းထည့္ပါ။သံပုရာသီး ၄ လုံးခန႔္ကို ၄ စိပ္ခြဲၿပီး အေစ့မ်ားမဖယ္ပဲထည့္ပါ။ ဆားအနည္းငယ္ထည့္ပါ။ ေရျမဳပ္႐ုံေလးထည့္ၿပီး မီးေလွ်ာ့ကာ ၁ နာရီခန႔္ေပါင္းပါ။
၎ၾကက္သံပုရာေပါင္းကိုအရည္ကိုလည္းေသာက္ ၾကက္သားအဖတ္ကိုလည္းစားေပးပါ။ သံပုရာသီးအေစ့နဲ႔အခြံေၾကာင့္ အရသာကခါးေနမည္။ သို႔ေသာ္ ေရာဂါအတြက္ေဆးေသာက္ရတာမို႔ သည္းခံၿပီးေသာက္ေပးပါ။ ဆီးခ်ိဳေဝဒနာသည္မ်ားအားလုံး ေရာဂါကင္းေဝးၿပီး က်န္းမာေပ်ာ္႐ႊင္စြာေနထိုင္ႏိုင္ၾကပါေစ။
Unicode ဖြင့်ဖတ်ရန်
အွန်လိုင်းပေါ်မှာနာမည်ကြီးနေတဲ့ ကြက်သံပုရာပေါင်း အကြောင်းကို မဖတ်ရသေးတဲ့သူများအတွက် ကျန်းမာရေးသတင်းများစာမျက်နှာမှ ပြန်လည်ရေးသားမျှဝေပေးလိုက်ပါတယ်။ ထိုင်ဝမ်နိုင်ငံမှအသက် ၅၅ နှစ်ရှိလူတစ်ယောက်ဟာ ဆီးချိုရောဂါဖြစ်နေတဲ့အတွက် ဆရာဝန်ကြီးပေးတဲ့ဆီးချိုရောဂါဆေးကို သောက်နေတာ ၂ နှစ်လောက်ရှိသွားပါပြီ။
အသက် ၅၇ နှစ်လောက်မှာ မလေးရှားကအမျိုးတွေဆီ အလည်အပတ်သွားတဲ့အခါ သူ့မှာဆီးချိုရောဂါရှိနေမှန်းသိခဲ့လို့ သူ့ညီကကြက်သံပုရာပေါင်းကိုလုပ်ပြီး တိုက်ကျွေးပေးခဲ့တယ်။ ကြက်သံပုရာပေါင်းဟာဆီးချိုရောဂါ ၂၅ နှစ်လောက်ဖြစ်နေတဲ့သူတွေတောင် ပျောက်တယ်ဆိုတာသိခဲ့ရလို့ သူလည်းယုံကြည်စွာသောက်ခဲ့တယ်။ ဒီဆေးနည်းဟာ ထိုင်ဝမ်ကျွန်းမှာနေထိုင်နေကြတဲ့ ဟော့ပ်ကင် ( Hokkien ) လူမျိုးတို့ရဲ့ရိုးရာဆေးနည်းလို့သိရပါတယ်။
မလေးရှားမှာရှိနေစဉ် ၄ ကြိမ်တိုင်တိုင်သောက်ခဲ့ပါတယ်။ (ကြက်တစ်ကောင်ပေါင်းလျှင် ၅ ရက်ခန့် စားယူရတဲ့အတွက် တစ်လနီးပါးကြာအောင်သောက်ခဲ့တယ်)။ ထိုင်ဝမ်ကိုပြန်ရောက်လို့ ဆရာဝန်ကြီးကဆေးစစ်ကြည့်လိုက်တော့ ဆီးချိုရောဂါဟာအတက်အကျလည်းမရှိတော့ဘူး။ ဆေးသောက်စရာလည်းမလိုတော့ဘူးလို့ ပြောပါတယ်။ နောက်ပိုင်းမှာ ဆီးချိုတိုင်းကိရိယာလေးနဲ့အမြဲတိုင်းကြည့်တော့လည်း ဆီးချိုရောဂါဟာအတက်အကျလုံးဝမရှိတော့ပါဘူး။ ဒါ့ကြောင့် ကြက်သံပုရာပေါင်းကိုလည်း တစ်လတစ်ကြိမ်ခန့်သာသောက်ပါတော့တယ်။
အခုဆိုရင်သူဟာအသက် ၇၁ နှစ်ရှိပါပြီ။ သူ့သားသမီးများရှိရာ ကနေဒါနဲ့ယူအက်စ်တို့မှာသွားလာနေထိုင်ရင်း ကျန်းမာပျော်ရွှင်စွာနေထိုင်နေပါတယ်။ ကဲ ကြက်သံပုရာပေါင်းပြုလုပ်နည်း လေးကိုလေ့လာကြည့်လိုက်ရအောင်။
အိမ်ကြက်တစ်ကောင်ကို ခြေဖြတ်ခေါင်းဖြတ်ပြီး အတွင်းကလီစာများကိုဖယ်ထုတ်ပါ။ ရေစင်အောင်ဆေးကြောပြီး ပေါင်းအိုးထဲကို ပုံထဲကအတိုင်းထည့်ပါ။သံပုရာသီး ၄ လုံးခန့်ကို ၄ စိပ်ခွဲပြီး အစေ့များမဖယ်ပဲထည့်ပါ။ ဆားအနည်းငယ်ထည့်ပါ။ ရေမြုပ်ရုံလေးထည့်ပြီး မီးလျှော့ကာ ၁ နာရီခန့်ပေါင်းပါ။
၎င်းကြက်သံပုရာပေါင်းကိုအရည်ကိုလည်းသောက် ကြက်သားအဖတ်ကိုလည်းစားပေးပါ။ သံပုရာသီးအစေ့နဲ့အခွံကြောင့် အရသာကခါးနေမည်။ သို့သော် ရောဂါအတွက်ဆေးသောက်ရတာမို့ သည်းခံပြီးသောက်ပေးပါ။ ဆီးချိုဝေဒနာသည်များအားလုံး ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ကြပါစေ။
Credit: Myanmar technews

မှတ်ချက်များ