က်ားေဖာင္က လြတ္လာတဲ့တကၠသိုလ္ေက်ာင္းသားကို ရန္ကုန္တိုင္းအစိုးရဝန္ႀကီးႏွစ္ဦး သြားေတြ႕
Zawgyi ျဖင့္ဖတ္ရန္
မိသားစုကေန ေငြေပးေ႐ြးလို႔က်ားေဖာင္ေပၚက ျပန္လြတ္လာတဲ့ ဒဂုံတကၠသိုလ္ေက်ာင္းသား ကိုျမတ္သူရထြန္းကို ရန္ကုန္တိုင္းေဒသႀ
ကီးလူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းနဲ႔ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္တို႔က ဒီကေန႔ ႏိုဝင္ဘာ ၂၉ ရက္နံနက္ပိုင္းမွာ သြားေရာက္ေတြ႕ဆုံၿပီး ေငြက်ပ္ ငါးသိန္းေထာက္ပံ့ေပးအပ္ခဲ့ပါတယ္။
ကိုျမတ္သူရထြန္းဟာ ဒဂုံတကၠသိုလ္မွာ သမိုင္းဘာသာေနာက္ဆုံးႏွစ္စာေမးပြဲေျဖဆိုေအာင္ျမင္ထားသူျဖစ္ၿပီး ဘြဲ႕ယူဖို႔ပဲ က်န္ပါေတာ့တ
ယ္။ သူ႔ကို မိသားစုက လိုက္လံရွာေဖြခဲ့ၿပီးေနာက္ က်ားေဖာင္ေပၚေရာက္ၿပီး တစ္လခြဲအၾကာမွာ က်ပ္ခုနစ္သိန္းနဲ႔ အလုပ္ရွင္ဆီက ျပန္ေ႐ြးယူခဲ့တာျဖစ္ပါတယ္။
သူနဲ႔အတူ ပါသြားတဲ့ ေရာင္းစားခံရသူႏွစ္ဦးကို ရဲတပ္ဖြဲ႕က လတ္တေလာမွာ ကယ္တင္ေစာင့္ေရွာက္ထားပါတယ္။ သူတို႔အမႈေ
တြနဲ႔ပတ္သက္လို႔ လူပြဲစားအပါအဝင္ စုစုေပါင္း သုံးဦးကို ဖမ္းဆီးထားၿပီး က်န္တရားခံေတြကို ထပ္ဖမ္းဖို႔ စုံစမ္းေနတယ္လို႔
ရဲတပ္ဖြဲ႕က ေျပာၾကားထားပါတယ္။
share from: burmese.asia
Unicode ဖြင့်ဖတ်ရန်
ကျားဖောင်က လွတ်လာတဲ့တက္ကသိုလ်ကျောင်းသားကို ရန်ကုန်တိုင်းအစိုးရဝန်ကြီးနှစ်ဦး သွားတွေ့
မိသားစုကနေ ငွေပေးရွေးလို့ကျားဖောင်ပေါ်က ပြန်လွတ်လာတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်းကို ရန်ကုန်တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့က ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်နံနက်ပိုင်းမှာ သွားရောက်တွေ့ဆုံပြီး ငွေကျပ် ငါးသိန်းထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
ကိုမြတ်သူရထွန်းဟာ ဒဂုံတက္ကသိုလ်မှာ သမိုင်းဘာသာနောက်ဆုံးနှစ်စာမေးပွဲဖြေဆိုအောင်မြင်ထားသူဖြစ်ပြီး ဘွဲ့ယူဖို့ပဲ ကျန်ပါတော့တယ်။ သူ့ကို မိသားစုက လိုက်လံရှာဖွေခဲ့ပြီးနောက် ကျားဖောင်ပေါ်ရောက်ပြီး တစ်လခွဲအကြာမှာ ကျပ်ခုနစ်သိန်းနဲ့ အလုပ်ရှင်ဆီက ပြန်ရွေးယူခဲ့တာဖြစ်ပါတယ်။
သူနဲ့အတူ ပါသွားတဲ့ ရောင်းစားခံရသူနှစ်ဦးကို ရဲတပ်ဖွဲ့က လတ်တလောမှာ ကယ်တင်စောင့်ရှောက်ထားပါတယ်။ သူတို့အမှုတွေနဲ့ပတ်သက်လို့ လူပွဲစားအပါအဝင် စုစုပေါင်း သုံးဦးကို ဖမ်းဆီးထားပြီး ကျန်တရားခံတွေကို ထပ်ဖမ်းဖို့ စုံစမ်းနေတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။
share from: burmese.asia


မှတ်ချက်များ