ဆရာဝန္ျဖစ္ေပမယ့္ ပရဟိတေဆးခန္းပဲ ထိုင္ျဖစ္တယ္ဆိုတဲ့ ခိုင္ထူးသာ




Zawgyi ျဖင့္ဖတ္ရန္

ခိုင္ထူးသာကေတာ့ ႐ုပ္ရွင္႐ိုက္တဲ့အခါမွာလည္း ဆရာဝန္ ကာ႐ိုက္တာေလးေတြ႐ိုက္ခ်င္တယ္လို႔ဆိုပါတယ္။ သူကိုယ္တိုင္ကလည္း ပရဟိတ ဆရာဝန္တစ္ေယာက္ျဖစ္ေနရတဲ့အေၾကာင္းအရင္းကို ေျပာျပလာပါေသးတယ္။ခိုင္ထူးသာကိုေတာ့ “ဥပါဒါန္” ဆိုတဲ့႐ုပ္ရွင္ဇာတ္ကားႀကီးထဲက ရဟႏၲာတစ္ပါးရဲ႕ ကာ႐ိုက္တာနဲ႔ ပရိသတ္ေတြ စတင္သိရွိခဲ့တာပါ။ အခုလည္း “ရွင္ဥပဂုတၱ” ႐ုပ္ရွင္ကားႀကီးမွာ ရဟႏၲာ ကာ႐ိုက္တာအျဖစ္ ျမင္ရဦးမွာပါ။ ဒီ ဇာတ္ကား ၂ ကား႐ိုက္ၿပီးတဲ့ေနာက္မွာေတာ့ ရဟန္းကာ႐ိုက္တာေတြကို ထပ္မ႐ိုက္ေတာ့ပဲ ဆရာဝန္ ကာ႐ိုက္တာေလးေတြ႐ိုက္ခ်င္တယ္လို႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။



ရဟန္းကာ႐ိုက္တာမဟုတ္ပဲ လူကာ႐ိုက္တာအေနနဲ႔ ပရိသတ္ကို ဆရာဝန္ကာ႐ိုက္တာ ခ်ျပခ်င္တယ္။ ၿပီးေတာ့ ျမန္မာဆန္တဲ့ဟာ တစ္ခုခုေပါ့။ ဆရာဝန္ကာ႐ိုက္တာဆိုတာကလည္း ကြၽန္ေတာ္ အပိုင္ႏိုင္ဆုံးအရာတစ္ခုကို ေပးဆပ္တာေပါ့ေနာ္။ လူနာေတြရဲ႕ အျဖစ္အပ်က္ေတြက ဆရာဝန္နဲ႔ေတြ႕တဲ့အခါမွာျဖစ္ေပၚတတ္တာေလးေတြကို ေရးထားတဲ့ ဝတၳဳေတြလည္းရွိတယ္။ အဲဒါေလးေတြကို ျပန္႐ိုက္ခ်င္တာပါ” ဆိုၿပီးေတာ့ ႏိုဝင္ဘာလ ၂၇ ရက္ေန႔က “ရွင္ဥပဂုတၱ” ႐ုပ္ရွင္ကားႀကီး မိတ္ဆက္ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။




ခိုင္ထူးသာဟာ အျပင္ေလာကမွာလည္း ဆရာဝန္တစ္ေယာက္ျဖစ္ပါတယ္။ ဒါေပမယ့္ သူကေတာ့ စီးပြားေရးနဲ႔သက္ဆိုင္တဲ့ ဆရာဝန္တစ္ေယာက္မဟုတ္ပဲ ပရဟိတနဲ႔သက္ဆိုင္တဲ့ ဆရာဝန္ပဲ လုပ္လို႔ရမယ္လို႔ သေဘာက်ရယ္ေမာရင္း ေျဖဆိုခဲ့ပါတယ္။“ ဆရာဝန္ထဲမွာဆိုရင္ ကြၽန္ေတာ္က စီးပြားေရးမဆန္တဲ့ ဆရာဝန္ေတြထဲမွာပါတယ္။ ကြၽန္ေတာ္က ေဆးခန္းတစ္ခုမွာထိုင္လိုက္ၿပီဆိုရင္ အဲဒီက ေဆးခန္းပိုင္ရွင္ဆရာဝန္က ေျပာတယ္ ကြၽန္ေတာ့္ကို တစ္ပတ္ေလာက္ လႊတ္ထားလိုက္ရင္ သူတို႔ မြဲၿပီတဲ့။ လူနာတစ္ေယာက္ေရာက္လာရင္ သူ႔ရဲ႕ သုံးႏိုင္တဲ့ ပိုက္ဆံကို ကြၽန္ေတာ္မတြက္တတ္ဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ေပးခ်င္တဲ့ ေဆးကိုပဲ အေကာင္းဆုံးေပးလိုက္တဲ့အခါမွာ သူက အဲဒီေဆးဖိုးကို မေပးႏိုင္ဘူး။ ျပသနာအၿမဲတမ္းတက္တယ္။ အဲဒီေတာ့ ပရဟိတ ေဆးခန္းပဲ သြားထိုင္လိုက္တယ္” လို႔ သူကဆိုပါတယ္။





ခိုင္ထူးသာကိုေတာ့ “ရွင္ဥပဂုတၱ” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ရဟႏၲာ တစ္ပါးအျဖစ္ ျမင္ေတြ႕ရဦးမွာျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ဇာတ္ကားကေတာ့ ဘာသာေရးအက်ိဳးျပဳ ဇာတ္ကားတစ္ကားျဖစ္ပါတယ္။ ထုတ္လုပ္ထားတာကေတာ့ ဝါဝါဝင္းေ႐ႊ႐ုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္တာျဖစ္ၿပီး သ႐ုပ္ေဆာင္ ရန္ေအာင္၊ရဲေအာင္၊ ေနမ်ိဳးေအာင္၊ ဝါဇင္၊ ခိုင္ထူးသာ၊ ဝါဝါဝင္းေ႐ႊ၊ ဆုပန္ထြာနဲ႔ လီလီေက်ာ္ခိုင္တို႔က အဓိက သ႐ုပ္ေဆာင္ေတြအေနနဲ႔ ပါဝင္ခဲ့ၾကပါတယ္။ “ရွင္ဥပဂုတၱ” ႐ုပ္ရွင္ကားႀကီးကို ဝါဝါဝင္းေ႐ႊကိုယ္တိုင္ ဒါ႐ိုက္တာအျဖစ္ ႐ိုက္ကူးတာျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ၁၂ ရက္ေန႔မွာ ႐ုံတင္ျပသသြားမယ္လို႔ သိရပါတယ္။

share from: burmese.asia

Unicode ဖြင့်ဖတ်ရန်


ဆရာဝန်ဖြစ်ပေမယ့် ပရဟိတဆေးခန်းပဲ ထိုင်ဖြစ်တယ်ဆိုတဲ့ ခိုင်ထူးသာ

ခိုင်ထူးသာကတော့ ရုပ်ရှင်ရိုက်တဲ့အခါမှာလည်း ဆရာဝန် ကာရိုက်တာလေးတွေရိုက်ချင်တယ်လို့ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း ပရဟိတ ဆရာဝန်တစ်ယောက်ဖြစ်နေရတဲ့အကြောင်းအရင်းကို ပြောပြလာပါသေးတယ်။ခိုင်ထူးသာကိုတော့ “ဥပါဒါန်” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးထဲက ရဟန္တာတစ်ပါးရဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အခုလည်း “ရှင်ဥပဂုတ္တ” ရုပ်ရှင်ကားကြီးမှာ ရဟန္တာ ကာရိုက်တာအဖြစ် မြင်ရဦးမှာပါ။ ဒီ ဇာတ်ကား ၂ ကားရိုက်ပြီးတဲ့နောက်မှာတော့ ရဟန်းကာရိုက်တာတွေကို ထပ်မရိုက်တော့ပဲ ဆရာဝန် ကာရိုက်တာလေးတွေရိုက်ချင်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



ရဟန်းကာရိုက်တာမဟုတ်ပဲ လူကာရိုက်တာအနေနဲ့ ပရိသတ်ကို ဆရာဝန်ကာရိုက်တာ ချပြချင်တယ်။ ပြီးတော့ မြန်မာဆန်တဲ့ဟာ တစ်ခုခုပေါ့။ ဆရာဝန်ကာရိုက်တာဆိုတာကလည်း ကျွန်တော် အပိုင်နိုင်ဆုံးအရာတစ်ခုကို ပေးဆပ်တာပေါ့နော်။ လူနာတွေရဲ့ အဖြစ်အပျက်တွေက ဆရာဝန်နဲ့တွေ့တဲ့အခါမှာဖြစ်ပေါ်တတ်တာလေးတွေကို ရေးထားတဲ့ ဝတ္ထုတွေလည်းရှိတယ်။ အဲဒါလေးတွေကို ပြန်ရိုက်ချင်တာပါ” ဆိုပြီးတော့ နိုဝင်ဘာလ ၂၇ ရက်နေ့က “ရှင်ဥပဂုတ္တ” ရုပ်ရှင်ကားကြီး မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။



ခိုင်ထူးသာဟာ အပြင်လောကမှာလည်း ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူကတော့ စီးပွားရေးနဲ့သက်ဆိုင်တဲ့ ဆရာဝန်တစ်ယောက်မဟုတ်ပဲ ပရဟိတနဲ့သက်ဆိုင်တဲ့ ဆရာဝန်ပဲ လုပ်လို့ရမယ်လို့ သဘောကျရယ်မောရင်း ဖြေဆိုခဲ့ပါတယ်။“ ဆရာဝန်ထဲမှာဆိုရင် ကျွန်တော်က စီးပွားရေးမဆန်တဲ့ ဆရာဝန်တွေထဲမှာပါတယ်။ ကျွန်တော်က ဆေးခန်းတစ်ခုမှာထိုင်လိုက်ပြီဆိုရင် အဲဒီက ဆေးခန်းပိုင်ရှင်ဆရာဝန်က ပြောတယ် ကျွန်တော့်ကို တစ်ပတ်လောက် လွှတ်ထားလိုက်ရင် သူတို့ မွဲပြီတဲ့။ လူနာတစ်ယောက်ရောက်လာရင် သူ့ရဲ့ သုံးနိုင်တဲ့ ပိုက်ဆံကို ကျွန်တော်မတွက်တတ်ဘူး။ ဒါပေမယ့် ကျွန်တော်ပေးချင်တဲ့ ဆေးကိုပဲ အကောင်းဆုံးပေးလိုက်တဲ့အခါမှာ သူက အဲဒီဆေးဖိုးကို မပေးနိုင်ဘူး။ ပြသနာအမြဲတမ်းတက်တယ်။ အဲဒီတော့ ပရဟိတ ဆေးခန်းပဲ သွားထိုင်လိုက်တယ်” လို့ သူကဆိုပါတယ်။



ခိုင်ထူးသာကိုတော့ “ရှင်ဥပဂုတ္တ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ရဟန္တာ တစ်ပါးအဖြစ် မြင်တွေ့ရဦးမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကတော့ ဘာသာရေးအကျိုးပြု ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ထုတ်လုပ်ထားတာကတော့ ဝါဝါဝင်းရွှေရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး သရုပ်ဆောင် ရန်အောင်၊ရဲအောင်၊ နေမျိုးအောင်၊ ဝါဇင်၊ ခိုင်ထူးသာ၊ ဝါဝါဝင်းရွှေ၊ ဆုပန်ထွာနဲ့ လီလီကျော်ခိုင်တို့က အဓိက သရုပ်ဆောင်တွေအနေနဲ့ ပါဝင်ခဲ့ကြပါတယ်။ “ရှင်ဥပဂုတ္တ” ရုပ်ရှင်ကားကြီးကို ဝါဝါဝင်းရွှေကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးတာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

share from: burmese.asia


မှတ်ချက်များ