မိန္းကေလးေတြ အသက္ႀကီးလာေလေလ လွေလေလ ျဖစ္ေနျခင္းရဲ႕အေျဖ


Zawgyiျဖင့္ဖတ္ရန္

မိန္းကေလးဆိုတဲ့အမ်ိဳးက အသက္ႀကီးလာေလ လွလာေလေလဆိုတာ သိၾကတယ္ မလား။ ဘာေၾကာင့္ဆိုတာ သိၾကရဲ႕လား။ ဒီလိုအခ်က္ေတြေၾကာင့္ မိန္းကေလးေတြက တစ္ေန႔တစ္ျခား ပိုပိုလွလာၾကတာပါ။

(၁) ကိုယ့္ကိုယ္ကို ဂရုစိုက္တယ္

ေယာက်ၤားေလးေတြထက္ မိန္းကေလးေတြက ကိုယ့္ကိုယ္ကို ပိုဂရုစိုက္တတ္ၾကပါတယ္။ ဒီအခ်က္ကပဲ မိန္းကေလးေတြကို ပိုလွလာေစတာပဲ ျဖစ္ပါတယ္။ မိန္းကေလးေတြက ကိုယ့္ကိုယ္ကို အသားအရည္၊ စိတ္ခ်မ္းသာမႈ၊ အဝတ္အစား စသျဖင့္ ကိုယ့္အတြက္ ကိုယ္ ဂရုတစိုက္ ျဖည့္စည္းေလ့ရွိတာေၾကာင့္ လွသထက္ လွေနျခင္းပဲ ျဖစ္ပါတယ္။

(၂) စိတ္ခ်မ္းသာလို႔

စိတ္ပ်ိဳ ကိုယ္ႏု ဆိုတဲ့ စကား ရွိတယ္ေနာ္။ စိတ္က်န္းမာေရးနဲ႔ ကိုယ္က်န္းမာေရးက ဆက္စပ္ေနတာမို႔ စိတ္ေပ်ာ္ရႊင္ေနတဲ့အခါ စိတ္ခ်မ္းသာတဲ့အခါ ခႏၶာကိုယ္ကို ထိခိုက္ေစတဲ့ ဓာတ္ေတြနဲ႔ အိုမင္းရင့္ေရာ္ေစတဲ့ ဓာတ္ေတြ မထြက္တာေၾကာင့္ ပိုမို ႏုပ်ိဳေနတာပဲ ျဖစ္ပါတယ္။

(၃) ဝတ္တတ္စားတတ္၊ ျပင္တတ္ဆင္တတ္လို႔

အဝတ္အစားက လူတစ္ေယာက္အသြင္အျပင္ကို အမ်ားႀကီး ေျပာင္းလဲေစပါတယ္ေနာ္။ ဖက္ရွင္အျမင္ရွိတဲ့သူေတြက ကိုယ္နဲ႔ လိုက္ဖက္ေအာင္ အျမဲ ဝတ္ဆင္တတ္ၾကပါတယ္။ ဒါေၾကာင့္ပဲ သူရဲ႕ သြင္ျပင္က အျမဲ ႏုပ်ိဳလန္းဆန္းေနမွာပဲ ျဖစ္ပါတယ္။

(၄) ရင့္က်က္လို႔

ရင့္က်က္တဲ့သူေတြကို ျမင္တဲ့အခါ အဲ့သည့္သူေတြက အလိုလို ၾကည့္ေကာင္းေနတတ္တယ္မလား။ ရင့္က်က္တာက လူတစ္ေယာက္ရဲ႕ အျပဳအမူ၊ လႈပ္ရွားမႈေတြပါ ၾကည့္ေကာင္းသြားေစပါတယ္။ သူတို႔က ဘယ္လိုေနရာမွာ ဘယ္လို ျပဳမူေနထိုင္ရမယ္ဆိုတာ သိတဲ့အတြက္ အခုလို ၾကည့္ေကာင္းေနရျခင္း ျဖစ္ပါတယ္။

(၅) က်န္းမာေရးေကာင္းမြန္လို႔

အသားအေရကို ဂရုစိုက္သလို ကိုယ္ခႏၶာက်န္းမာေရးကိုလည္း အျမဲ ဂရုစိုက္ေပးဖို႔ လိုအပ္ပါတယ္။ အနည္းဆံုး တစ္ႏွစ္ကို တစ္ႀကိမ္ေလာက္ က်န္းမာေရးစစ္ေဆးတာေတြ လုပ္သင့္ပါတယ္။ ကာကြယ္ျခင္းက ကုသျခင္းထက္ ပိုထိေရာက္တယ္ မဟုတ္လား။ က်န္းမာေရးေကာင္းမြန္ေနတဲ့သူက အစစအရာရာ သူမ်ားထက္ ႏုပ်ိဳေနမွာကေတာ့ အမွန္ပါပဲေနာ္။

ကဲ ခ်စ္တို႔ေရ ကိုယ့္ကိုယ္ကို အျမဲဂရုစိုက္ၿပီး ႏုပ်ိဳလွပလာပါေစေနာ္…….

Written by Kham

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

မိန်းကလေးတွေ အသက်ကြီးလာလေလေ လှလေလေ ဖြစ်နေခြင်းရဲ့အဖြေ

မိန်းကလေးဆိုတဲ့အမျိုးက အသက်ကြီးလာလေ လှလာလေလေဆိုတာ သိကြတယ် မလား။ ဘာကြောင့်ဆိုတာ သိကြရဲ့လား။ ဒီလိုအချက်တွေကြောင့် မိန်းကလေးတွေက တစ်နေ့တစ်ခြား ပိုပိုလှလာကြတာပါ။

(၁) ကိုယ့်ကိုယ်ကို ဂရုစိုက်တယ်

ယောင်္ကျားလေးတွေထက် မိန်းကလေးတွေက ကိုယ့်ကိုယ်ကို ပိုဂရုစိုက်တတ်ကြပါတယ်။ ဒီအချက်ကပဲ မိန်းကလေးတွေကို ပိုလှလာစေတာပဲ ဖြစ်ပါတယ်။ မိန်းကလေးတွေက ကိုယ့်ကိုယ်ကို အသားအရည်၊ စိတ်ချမ်းသာမှု၊ အဝတ်အစား စသဖြင့် ကိုယ့်အတွက် ကိုယ် ဂရုတစိုက် ဖြည့်စည်းလေ့ရှိတာကြောင့် လှသထက် လှနေခြင်းပဲ ဖြစ်ပါတယ်။

(၂) စိတ်ချမ်းသာလို့

စိတ်ပျို ကိုယ်နု ဆိုတဲ့ စကား ရှိတယ်နော်။ စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးက ဆက်စပ်နေတာမို့ စိတ်ပျော်ရွှင်နေတဲ့အခါ စိတ်ချမ်းသာတဲ့အခါ ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ ဓာတ်တွေနဲ့ အိုမင်းရင့်ရော်စေတဲ့ ဓာတ်တွေ မထွက်တာကြောင့် ပိုမို နုပျိုနေတာပဲ ဖြစ်ပါတယ်။

(၃) ဝတ်တတ်စားတတ်၊ ပြင်တတ်ဆင်တတ်လို့

အဝတ်အစားက လူတစ်ယောက်အသွင်အပြင်ကို အများကြီး ပြောင်းလဲစေပါတယ်နော်။ ဖက်ရှင်အမြင်ရှိတဲ့သူတွေက ကိုယ်နဲ့ လိုက်ဖက်အောင် အမြဲ ဝတ်ဆင်တတ်ကြပါတယ်။ ဒါကြောင့်ပဲ သူရဲ့ သွင်ပြင်က အမြဲ နုပျိုလန်းဆန်းနေမှာပဲ ဖြစ်ပါတယ်။

(၄) ရင့်ကျက်လို့

ရင့်ကျက်တဲ့သူတွေကို မြင်တဲ့အခါ အဲ့သည့်သူတွေက အလိုလို ကြည့်ကောင်းနေတတ်တယ်မလား။ ရင့်ကျက်တာက လူတစ်ယောက်ရဲ့ အပြုအမူ၊ လှုပ်ရှားမှုတွေပါ ကြည့်ကောင်းသွားစေပါတယ်။ သူတို့က ဘယ်လိုနေရာမှာ ဘယ်လို ပြုမူနေထိုင်ရမယ်ဆိုတာ သိတဲ့အတွက် အခုလို ကြည့်ကောင်းနေရခြင်း ဖြစ်ပါတယ်။

(၅) ကျန်းမာရေးကောင်းမွန်လို့

အသားအရေကို ဂရုစိုက်သလို ကိုယ်ခန္ဓာကျန်းမာရေးကိုလည်း အမြဲ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ အနည်းဆုံး တစ်နှစ်ကို တစ်ကြိမ်လောက် ကျန်းမာရေးစစ်ဆေးတာတွေ လုပ်သင့်ပါတယ်။ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်တယ် မဟုတ်လား။ ကျန်းမာရေးကောင်းမွန်နေတဲ့သူက အစစအရာရာ သူများထက် နုပျိုနေမှာကတော့ အမှန်ပါပဲနော်။

ကဲ ချစ်တို့ရေ ကိုယ့်ကိုယ်ကို အမြဲဂရုစိုက်ပြီး နုပျိုလှပလာပါစေနော်…….

Written by Kham

Credit:Aunty May

မှတ်ချက်များ