ၿပီးျပည့္စုံတဲ့မိန္းကေလးဆိုတာ ဘယ္လိုမ်ိဳးလဲ
Zawgyi ျဖင့္ဖတ္ရန္
ၿပီးျပည့္စုံတဲ့မိန္းကေလးေတြက ေပါပါတယ္။ ေယာက်္ားေလးေတြကသာ ဘယ္လိုမိန္းကေလးကို ရွာရမယ္မွန္းမသိၾကတာ။ကိုယ္ေဘးမွာ ဒီလိုမိန္းကေလးေတြရွိေနရင္လည္း လက္မလြတ္တန္းခ်စ္ရေအာင္ သူတို႔အရည္ခ်င္းေတြကို ေဖာ္ျပေပးလိုက္မယ္ေနာ္။
၁) စိတ္ဓါတ္မာၿပီး ကိုယ္ကိုကိုယ္အားကိုးတတ္တာ။
တခ်ိဳ႕ မိန္းကေလးေတြဆိုရင္ ေယာက်္ားေလးေတြထက္ ပိုၿပီးလုပ္ႏိုင္ေနပါၿပီ။ မိန္းကေလးေတြက အားနည္းတဲ့သူေတြမဟုတ္ေတာ့ပါဘူး။ သူတို႔ဘဝကို ျမင့္တင္ဖို႔ ေယာက်္ားေလးေတြ ေဘးမွာရွိရွိမရွိရွိ အေရးမပါေတာ့ပါဘူး။
၂) သူ႔ပုံစံအတိုင္းသူေနတယ္။
သူဟာ လူေတြအႀကိဳက္ လိုက္လုပ္ေနမယ့္သူမဟုတ္ပါဘူး။ သူမဟုတ္တဲ့သူတစ္ေယာက္အျဖစ္ ဟန္ေဆာင္ေနမွာမဟုတ္ဘူး။ ေကာင္ေလးတိုင္းကလည္း ကိုယ္ပုံကစံအတိုင္းရွိေနတဲ့ မိန္းကေလးေတြကိုပဲတြဲခ်င္ၾကတာ မဟုတ္ဘူးလား။
၃) သူ႔ကို ဂ႐ုစိုက္ဖို႔ ဘယ္သူကိုမွ သူမလိုဘူး။
လူေတြကို သူ႔ကိစၥေတြလုပ္ေပးဖို႔ သူမေစာင့္ဆိုင္းဘူး။ တစ္ခုခုလိုရင္ သူကိုယ္တိုင္လုပ္မယ္ဆိုတဲ့ သူမ်ိဳးေပါ့။ သူေအာင္ျမင္ဖို႔အတြက္လည္း သူကိုယ္တိုင္ပဲႀကိဳးစားသြားမွာ။
၄) Drama ေတြမခင္းဘူး။
ေသးေသးမႊားမႊားေလးေတြကို လိုက္ၿပီးပုံႀကီးခ်ဲ႕ေနမယ့္သူမ်ိဴးမဟုတ္ဘူး။ လူေတြ ပုံႀကီးခ်ဲ႕ေနတာျမင္ရင္လည္း သူသည္းမခံႏိုင္ဘူး။ ဒါေၾကာင့္ ေယာက်္ားေတြကိုလည္း ေသးေသးမႊားမႊားေတြအတြက္ေၾကာင့္နဲ႔ေတာ့ ျပဴနာရွာမွာမဟုတ္ဘူး။
၅) သူနဲ႔တြဲတဲ့ ေယာက်္ားေလးေတြကိုလည္း ပိုေတာ္လာေအာင္ကူညီတယ္
ဒါဟာလုံးဝေကာင္းတဲ့အခ်က္ေပါ့။ သူကိုယ္တိုင္တင္ မိန္းမေကာင္းျဖစ္ေန႐ုံမကဘဲ လက္တြဲေဖာ္ကိုပါ တိုးတက္လာေအာင္ ကူညီေပးသူပါ။
၆) ကံၾကမၼာဆိုးေတြဝင္ေနရင္ေတာင္ တည္တည္ၿငိမ္ၿငိမ္ပဲ။
ရည္းစားထားတယ္ဆိုတာလဲ အၿမဲတမ္းေတာ့ အဆင္ေျပေနမွာ မဟုတ္ဘူးေပါ့။ ျပဴနာတက္တဲ့အခ်ိန္ေတြလည္း ရွိမွာပဲ။ ဒါေၾကာင့္ ျပသာနာေတြႀကဳံေပမယ့္ တည္တည္ၿငိမ္ၿငိမ္ေျဖရွင္းတတ္တဲ့မိန္းကေလးက အေကာင္းဆုံးေပါ့။
၇) သူမက ပြင့္လင္းတယ္။
သူမနဲ႔ ထင္ျမင္ခ်က္မတူရင္လည္း တစ္ဖက္သူကိုေလးစားတယ္။ လူေတြသူ႔ကို ဆန႔္က်င္ေနရင္လည္းစိတ္မဆိုးဘူး။ သင္မွာ သူနဲ႔ဆန႔္က်င္တဲ့ ထင္ျမင္ခ်က္ေတြရွိေနရင္လည္း သူေလးစားမွာမို႔ သင္ကံေကာင္းလြန္းပါတယ္။
ဒီလိုမိန္းကေလးမ်ိဳးပိုင္ဆိုင္ထားရင္ လက္မလြတ္ေစနဲ႔ေနာ္။
Credti: လင္း(ေ႐ႊအင္းေလး)
Unicode ဖြင့်ဖတ်ရန်
ပြီးပြည့်စုံတဲ့မိန်းကလေးဆိုတာ ဘယ်လိုမျိုးလဲ
ပြီးပြည့်စုံတဲ့မိန်းကလေးတွေက ပေါပါတယ်။ ယောကျ်ားလေးတွေကသာ ဘယ်လိုမိန်းကလေးကို ရှာရမယ်မှန်းမသိကြတာ။
ကိုယ်ဘေးမှာ ဒီလိုမိန်းကလေးတွေရှိနေရင်လည်း လက်မလွတ်တန်းချစ်ရအောင် သူတို့အရည်ချင်းတွေကို ဖော်ပြပေးလိုက်မယ်နော်။
၁) စိတ်ဓါတ်မာပြီး ကိုယ်ကိုကိုယ်အားကိုးတတ်တာ။
တချို့ မိန်းကလေးတွေဆိုရင် ယောကျ်ားလေးတွေထက် ပိုပြီးလုပ်နိုင်နေပါပြီ။ မိန်းကလေးတွေက အားနည်းတဲ့သူတွေမဟုတ်တော့ပါဘူး။ သူတို့ဘဝကို မြင့်တင်ဖို့ ယောကျ်ားလေးတွေ ဘေးမှာရှိရှိမရှိရှိ အရေးမပါတော့ပါဘူး။
၂) သူ့ပုံစံအတိုင်းသူနေတယ်။
သူဟာ လူတွေအကြိုက် လိုက်လုပ်နေမယ့်သူမဟုတ်ပါဘူး။ သူမဟုတ်တဲ့သူတစ်ယောက်အဖြစ် ဟန်ဆောင်နေမှာမဟုတ်ဘူး။ ကောင်လေးတိုင်းကလည်း ကိုယ်ပုံကစံအတိုင်းရှိနေတဲ့ မိန်းကလေးတွေကိုပဲတွဲချင်ကြတာ မဟုတ်ဘူးလား။
၃) သူ့ကို ဂရုစိုက်ဖို့ ဘယ်သူကိုမှ သူမလိုဘူး။
လူတွေကို သူ့ကိစ္စတွေလုပ်ပေးဖို့ သူမစောင့်ဆိုင်းဘူး။ တစ်ခုခုလိုရင် သူကိုယ်တိုင်လုပ်မယ်ဆိုတဲ့ သူမျိုးပေါ့။ သူအောင်မြင်ဖို့အတွက်လည်း သူကိုယ်တိုင်ပဲကြိုးစားသွားမှာ။
၄) Drama တွေမခင်းဘူး။
သေးသေးမွှားမွှားလေးတွေကို လိုက်ပြီးပုံကြီးချဲ့နေမယ့်သူမျိူးမဟုတ်ဘူး။ လူတွေ ပုံကြီးချဲ့နေတာမြင်ရင်လည်း သူသည်းမခံနိုင်ဘူး။ ဒါကြောင့် ယောကျ်ားတွေကိုလည်း သေးသေးမွှားမွှားတွေအတွက်ကြောင့်နဲ့တော့ ပြူနာရှာမှာမဟုတ်ဘူး။
၅) သူနဲ့တွဲတဲ့ ယောကျ်ားလေးတွေကိုလည်း ပိုတော်လာအောင်ကူညီတယ်
ဒါဟာလုံးဝကောင်းတဲ့အချက်ပေါ့။ သူကိုယ်တိုင်တင် မိန်းမကောင်းဖြစ်နေရုံမကဘဲ လက်တွဲဖော်ကိုပါ တိုးတက်လာအောင် ကူညီပေးသူပါ။
၆) ကံကြမ္မာဆိုးတွေဝင်နေရင်တောင် တည်တည်ငြိမ်ငြိမ်ပဲ။
ရည်းစားထားတယ်ဆိုတာလဲ အမြဲတမ်းတော့ အဆင်ပြေနေမှာ မဟုတ်ဘူးပေါ့။ ပြူနာတက်တဲ့အချိန်တွေလည်း ရှိမှာပဲ။ ဒါကြောင့် ပြသာနာတွေကြုံပေမယ့် တည်တည်ငြိမ်ငြိမ်ဖြေရှင်းတတ်တဲ့မိန်းကလေးက အကောင်းဆုံးပေါ့။
၇) သူမက ပွင့်လင်းတယ်။
သူမနဲ့ ထင်မြင်ချက်မတူရင်လည်း တစ်ဖက်သူကိုလေးစားတယ်။ လူတွေသူ့ကို ဆန့်ကျင်နေရင်လည်းစိတ်မဆိုးဘူး။ သင်မှာ သူနဲ့ဆန့်ကျင်တဲ့ ထင်မြင်ချက်တွေရှိနေရင်လည်း သူလေးစားမှာမို့ သင်ကံကောင်းလွန်းပါတယ်။
ဒီလိုမိန်းကလေးမျိုးပိုင်ဆိုင်ထားရင် လက်မလွတ်စေနဲ့နော်။
Credti: လင်း(ရွှေအင်းလေး)


မှတ်ချက်များ