အေနာက္ႏိုင္ငံမ်ားမွာ အလြန္ေဈးႀကီးတဲ့ ဒန႔္ဒလြန္႐ြက္ အသုံးဝင္ပုံ ေဆးဘက္ဝင္ပုံ။
Zawgyi ျဖင့္ဖတ္ရန္
ဒန႔္လြန္သီးကို ဟင္း အျဖစ္ ခ်က္စားၾကေပမယ့္ အ႐ြက္ကို ခ်က္စားသူ နည္းပါးလွပါတယ္။တကယ္ေတာ့ ဒန႔္ဒလြန္႐ြက္ဟာ က်န္းမာေရး အတြက္ ေဆးေကာင္းတစ္လက္မို႔ မွ်ေဝပါရေစ။
လူတေယာက္ရဲ႕ အသားအေရ အ႐ိုး ဆံပင္ ႂကြက္သားေတြ သန္မာေတာင့္တင္းက်န္းမာဖို႔အတြက္ အသားဓါတ္လို႔ ေခၚ တဲ့ protein ဓါတ္ဟာ အလြန္အေရးပါတဲ့ အခန္းကေန ပါဝင္ပါတယ္။ Protein ဆိုတာ ဘာလဲဆိုရင္ လူ႔ခႏၵာကိုယ္အတြက္ အေရးပါေသာ amino acid မ်ား နဲ႔ တည္ေဆာက္ထားတဲ့chemical ဓါတ္ေပါင္းတခုပါ။ လူ႔ကိုယ္ခႏၵာမွာ Protein ဓါတ္ခ်ိဳ႕ ယြင္းလာၿပီဆို ေနမေကာင္း ျဖစ္လြယ္မယ္။ အရမ္းဝလာတာပဲျဖစ္ျဖစ္ ပိန္သြားတာပဲျဖစ္ျဖစ္ျဖစ္လာမယ္။
ဆံပင္ေတြ ပုံမွန္ထက္ ပိုကြၽတ္လာမယ္။ အသားအေရေတြ ေျခာက္လာမယ္။ ႂကြက္သားေတြက တင္းတင္းရင္းရင္း မရွိေတာ့ပဲ ေပ်ာ့ေပ်ာ့ႀကီးေတြ ျဖစ္လာမယ္။ အေမာမခံႏိုင္ ျဖစ္လာမယ္။ ဒါဟာ ပ႐ိုတိန္းဓါတ္ ေလ်ာ့နည္းတဲ့ လကၡဏာေတြပါပဲ။ ဒီေတာ့ ကိုယ္ခႏၵာမွာ Proteins ဓါတ္ အျပည့္အဝ ရဖို႔ အရမ္းအေရးႀကီးပါတယ္။
Proteinကို ဘယ္က ရသလဲဆို မ်ားေသာအားျဖင့္ အသား ႏို႔ၾကက္ဥ ပဲအမ်ိဳးမ်ိဳး နဲ႔တခ်ိဳ႕ ေသာ အ႐ြက္ေတြဆီက ရပါတယ္။ ပဲနဲ႔အ႐ြက္ေတြမွာပါတဲ့ ပ႐ိုတိန္းက amino acids ေတြ အမ်ားႀကီး သိပ္မပါ ပါဘူးတဲ့။ အသားဓါတ္မွာပါတဲ့ proteins ကေတာ့ လူ႔ခႏၵာကိုယ္မွာ လိုအပ္တဲ့amino acid အားလုံး ပါတယ္လို. ဆိုပါတယ္။
ဒါေပမဲ့ ျမန္မာလူမ်ိဳး အမ်ားစုဟာ အသားစား နည္းၾကပါတယ္။ မ်ားေသာအားျဖင့္ ေတာင္လို ပုံေနတဲ့ ထမင္းေပၚ မွာ အဆီေတြနဲ႔ ႐ႊဲေနတဲ့အသားတုံး တစ္တုံး ၂တုံးေလာက္ကို အႏွစ္နဲ႔လူးစားၾကပါတယ္။ အသားစားနည္းတယ္ေပါ့ေလ။ ၿပီးေတာ့ အသားကလဲ ေဈးႀကီးတာကိုေနာ္။
Proteins ဓါတ္ပါတဲ့ အ႐ြက္ေတြလဲ ရွိပါတယ္။ ဟင္းႏုႏြယ္႐ြက္ကို ( Proteins) ဓါတ္ ႂကြယ္ဝတာ လူတိုင္းသိပါတယ္။ ဒါေပမဲ့ ဟင္းႏုႏြယ္႐ြက္ထဲမွာပါတဲ့ Proteins ဓါတ္ဟာ အသားထဲ မွ ပါ Proteins ဓါတ္လိုမ်ိဳး လူ႔ခႏၵာကိုယ္က လိုအပ္တဲ့amino acids ေတြ အျပည့္အစုံ မပါပါဘူး။ ဒီေတာ့ Proteins ဓါတ္ အျပည့္အဝရဖို႔ အသားက စားကိုစားမွ ျဖစ္မွာေပါ့ေနာ္။
ကဲအခု ေကာင္းခန္းလာၿပီ။ အ႐ြက္တမ်ိဳး ေတြ႕ထားတယ္။ အဲ့ဒီအ႐ြက္ကို ဒီ မွာ superfood ဆို ၿပီးေခၚတယ္။ အဲ့အ႐ြက္က အေနာက္ႏိုင္ငံကထြက္တဲ့ အ႐ြက္ မဟုတ္ဘူး။ အေရွ႕ေတာင္ အာရွမွာ ေပါက္တဲ့ အလြန္ေပါတဲ့အ႐ြက္။ ဒီအ႐ြက္ကို ေတြ႕ေတာ့ ဝမ္းသာအားရနဲ႔ သြားကိုင္ ၾကည့္တာ အခက္ကေလး သုံးေလးငါးခက္ ေပါင္းၿပီး စီးထားတာကို ကေနဒါ ၆ ေဒၚလာ ဆို လို႔အမေလး တၿပီး ျပန္ ထားခဲ့ရတယ္။
ဒန႔္ဒလြန္႐ြက္ကို ဒီမွာ superfoods လို႔ ေခၚ ၾကပါတယ္။ ဒီအ႐ြက္မွာ proteins က ဟင္းႏုႏြယ္႐ြက္ထက္ သုံးဆေတာင္ ပိုပါပါတယ္။ ဥနီထဲမွာ ပါတဲ့ မ်က္စိ အားေကာင္းေစေသာ vitamin A က မမိုးေျပာတဲ့ အ႐ြက္မွာ ေလးဆ ေတာင္ပိုပါ ပါတယ္။ ေနာက္ၿပီး လူ႔ကိုယ္ခႏၵာအတြက္ မရွိမျဖစ္ လိုအပ္တဲ့ ပိုတက္ဆီယမ္ကို ငွက္ေပ်ာသီးထဲမွာ ေတြ႕ ရပါတယ္။ အဲ့အ႐ြက္မွာကငွက္ေပ်ာသီးထဲမွာပါတဲ့ ပိုတက္ဆီယမ္ ပါဝင္မႈ႕ထက္ ေလးဆ ပိုမ်ားေနပါတယ္တဲ့။ ေနာက္တခုက မိခင္ေလာင္းေတြ ႏို႔ခ်ိဳ မထြက္ရင္လည္း အဲ့အ႐ြက္ကို ႀကိဳေသာက္ရတယ္တဲ့။
အိမ္မွာေတာ့ အၿမဲ ဟင္းခါး လုပ္ေသာက္ပါတယ္။ ၾကက္သြန္ျဖဴေလးေထာင္း ဂ်င္းေလး တ ျပားေလာက္ထည့္ ပုဇြန္ေျခာက္ေလးခပ္ ဆူလာၿပီဆို ဘူးသီးထည့္။ ခ်ခါနီးမွ ႐ုံးဗေဒသီးနဲ႔ အဲ့ အ႐ြက္ေလးကို ခပ္လိုက္ၿပီးမွ င႐ုတ္ေကာင္းေလး ျဖဴးၿပီး မီးပိတ္လိုက္။ အသားေတြ ေလာက္ လဲ ေဈးမႀကီးပဲ proteins ဓါတ္ေတြ အကုန္ပါတဲ့ ဟင္းခါးတခြက္ပါ။ ျမန္မာျပည္မွာေတာ့ ေဈးခ်ိဳ ၿပီး အလြန္ အာဟာရ ျပည့္တဲ့အျပင္ ေဆးဖက္လဲဝင္တဲ့အ႐ြက္မို႔ ဝယ္စားျဖစ္ေအာင္ စားၾကပါေနာ္။
Credit-JujuLwin
Unicode ဖြင့်ဖတ်ရန်
အနောက်နိုင်ငံများမှာ အလွန်ဈေးကြီးတဲ့ ဒန့်ဒလွန်ရွက် အသုံးဝင်ပုံ ဆေးဘက်ဝင်ပုံ။
ဒန့်လွန်သီးကို ဟင်း အဖြစ် ချက်စားကြပေမယ့် အရွက်ကို ချက်စားသူ နည်းပါးလှပါတယ်။တကယ်တော့ ဒန့်ဒလွန်ရွက်ဟာ ကျန်းမာရေး အတွက် ဆေးကောင်းတစ်လက်မို့ မျှဝေပါရစေ။
လူတယောက်ရဲ့ အသားအရေ အရိုး ဆံပင် ကြွက်သားတွေ သန်မာတောင့်တင်းကျန်းမာဖို့အတွက် အသားဓါတ်လို့ ခေါ် တဲ့ protein ဓါတ်ဟာ အလွန်အရေးပါတဲ့ အခန်းကနေ ပါဝင်ပါတယ်။ Protein ဆိုတာ ဘာလဲဆိုရင် လူ့ခန္ဒာကိုယ်အတွက် အရေးပါသော amino acid များ နဲ့ တည်ဆောက်ထားတဲ့chemical ဓါတ်ပေါင်းတခုပါ။ လူ့ကိုယ်ခန္ဒာမှာ Protein ဓါတ်ချို့ ယွင်းလာပြီဆို နေမကောင်း ဖြစ်လွယ်မယ်။ အရမ်းဝလာတာပဲဖြစ်ဖြစ် ပိန်သွားတာပဲဖြစ်ဖြစ်ဖြစ်လာမယ်။
ဆံပင်တွေ ပုံမှန်ထက် ပိုကျွတ်လာမယ်။ အသားအရေတွေ ခြောက်လာမယ်။ ကြွက်သားတွေက တင်းတင်းရင်းရင်း မရှိတော့ပဲ ပျော့ပျော့ကြီးတွေ ဖြစ်လာမယ်။ အမောမခံနိုင် ဖြစ်လာမယ်။ ဒါဟာ ပရိုတိန်းဓါတ် လျော့နည်းတဲ့ လက္ခဏာတွေပါပဲ။ ဒီတော့ ကိုယ်ခန္ဒာမှာ Proteins ဓါတ် အပြည့်အဝ ရဖို့ အရမ်းအရေးကြီးပါတယ်။
Proteinကို ဘယ်က ရသလဲဆို များသောအားဖြင့် အသား နို့ကြက်ဥ ပဲအမျိုးမျိုး နဲ့တချို့ သော အရွက်တွေဆီက ရပါတယ်။ ပဲနဲ့အရွက်တွေမှာပါတဲ့ ပရိုတိန်းက amino acids တွေ အများကြီး သိပ်မပါ ပါဘူးတဲ့။ အသားဓါတ်မှာပါတဲ့ proteins ကတော့ လူ့ခန္ဒာကိုယ်မှာ လိုအပ်တဲ့amino acid အားလုံး ပါတယ်လို. ဆိုပါတယ်။
ဒါပေမဲ့ မြန်မာလူမျိုး အများစုဟာ အသားစား နည်းကြပါတယ်။ များသောအားဖြင့် တောင်လို ပုံနေတဲ့ ထမင်းပေါ် မှာ အဆီတွေနဲ့ ရွှဲနေတဲ့အသားတုံး တစ်တုံး ၂တုံးလောက်ကို အနှစ်နဲ့လူးစားကြပါတယ်။ အသားစားနည်းတယ်ပေါ့လေ။ ပြီးတော့ အသားကလဲ ဈေးကြီးတာကိုနော်။
Proteins ဓါတ်ပါတဲ့ အရွက်တွေလဲ ရှိပါတယ်။ ဟင်းနုနွယ်ရွက်ကို ( Proteins) ဓါတ် ကြွယ်ဝတာ လူတိုင်းသိပါတယ်။ ဒါပေမဲ့ ဟင်းနုနွယ်ရွက်ထဲမှာပါတဲ့ Proteins ဓါတ်ဟာ အသားထဲ မှ ပါ Proteins ဓါတ်လိုမျိုး လူ့ခန္ဒာကိုယ်က လိုအပ်တဲ့amino acids တွေ အပြည့်အစုံ မပါပါဘူး။ ဒီတော့ Proteins ဓါတ် အပြည့်အဝရဖို့ အသားက စားကိုစားမှ ဖြစ်မှာပေါ့နော်။
ကဲအခု ကောင်းခန်းလာပြီ။ အရွက်တမျိုး တွေ့ထားတယ်။ အဲ့ဒီအရွက်ကို ဒီ မှာ superfood ဆို ပြီးခေါ်တယ်။ အဲ့အရွက်က အနောက်နိုင်ငံကထွက်တဲ့ အရွက် မဟုတ်ဘူး။ အရှေ့တောင် အာရှမှာ ပေါက်တဲ့ အလွန်ပေါတဲ့အရွက်။ ဒီအရွက်ကို တွေ့တော့ ဝမ်းသာအားရနဲ့ သွားကိုင် ကြည့်တာ အခက်ကလေး သုံးလေးငါးခက် ပေါင်းပြီး စီးထားတာကို ကနေဒါ ၆ ဒေါ်လာ ဆို လို့အမလေး တပြီး ပြန် ထားခဲ့ရတယ်။
ဒန့်ဒလွန်ရွက်ကို ဒီမှာ superfoods လို့ ခေါ် ကြပါတယ်။ ဒီအရွက်မှာ proteins က ဟင်းနုနွယ်ရွက်ထက် သုံးဆတောင် ပိုပါပါတယ်။ ဥနီထဲမှာ ပါတဲ့ မျက်စိ အားကောင်းစေသော vitamin A က မမိုးပြောတဲ့ အရွက်မှာ လေးဆ တောင်ပိုပါ ပါတယ်။ နောက်ပြီး လူ့ကိုယ်ခန္ဒာအတွက် မရှိမဖြစ် လိုအပ်တဲ့ ပိုတက်ဆီယမ်ကို ငှက်ပျောသီးထဲမှာ တွေ့ ရပါတယ်။ အဲ့အရွက်မှာကငှက်ပျောသီးထဲမှာပါတဲ့ ပိုတက်ဆီယမ် ပါဝင်မှု့ထက် လေးဆ ပိုများနေပါတယ်တဲ့။ နောက်တခုက မိခင်လောင်းတွေ နို့ချို မထွက်ရင်လည်း အဲ့အရွက်ကို ကြိုသောက်ရတယ်တဲ့။
အိမ်မှာတော့ အမြဲ ဟင်းခါး လုပ်သောက်ပါတယ်။ ကြက်သွန်ဖြူလေးထောင်း ဂျင်းလေး တ ပြားလောက်ထည့် ပုဇွန်ခြောက်လေးခပ် ဆူလာပြီဆို ဘူးသီးထည့်။ ချခါနီးမှ ရုံးဗဒေသီးနဲ့ အဲ့ အရွက်လေးကို ခပ်လိုက်ပြီးမှ ငရုတ်ကောင်းလေး ဖြူးပြီး မီးပိတ်လိုက်။ အသားတွေ လောက် လဲ ဈေးမကြီးပဲ proteins ဓါတ်တွေ အကုန်ပါတဲ့ ဟင်းခါးတခွက်ပါ။ မြန်မာပြည်မှာတော့ ဈေးချို ပြီး အလွန် အာဟာရ ပြည့်တဲ့အပြင် ဆေးဖက်လဲဝင်တဲ့အရွက်မို့ ဝယ်စားဖြစ်အောင် စားကြပါနော်။
Credit-JujuLwin


မှတ်ချက်များ