နင္မလုပ္ႏုိင္ပါဘူး ဆိုၿပီး ကိုယ့္ကို မယံုၾကည္ၾကတဲ့ သူေတြရဲ႕ စကားကို ဒီလုိတြန္းလွန္မယ္
Zawgyiျဖင့္ဖတ္ရန္
ၾကံဳဖူးၾကလား ကိုယ့္ကို အသံုးမက်တဲ့ သူတစ္ေယာက္လို ဆက္ဆံတဲ့ အေျခအေနမ်ိဳး။ ဒီလိုမ်ိဳး ဆက္ဆံခံရတဲ့အခါေတြမွာ ကိုယ့္ကိုယ္ကို ေမးမိတာက ငါတကယ္ပဲ အသံုးမက်ဘူးလား။ ကိုယ့္ကိုယ္အသံုးမက်တဲ့ သူတစ္ေယာက္လို႔ သတ္မွတ္ထားၾကတဲ့ သူေတြရဲ႕ စကားကုိ ဘယ္လုိတံု႔ျပန္ၾကမလဲ။
စိတ္္ဓာတ္မက်ပါနဲ႔
ကိုယ့္ကို အသံုးမက်ဘူးလို႔ အေျပာခံရတဲ့ အခါမ်ိဳးမွာ ဝမ္းနည္းအားငယ္တတ္တာ သဘာဝပါပဲ။ ဒါေပမယ့္လို႔ လူေတြက အသံုးမက်ဘူးလို႔ေျပာတိုင္း ငါဟာအသံုးမက်တဲ့သူ တစ္ေယာက္ပဲလုိ႔ သတ္မွတ္ၿပီး ကိုယ့္ကိုယ္ကို စိတ္ဓာတ္က် အားငယ္ေနစရာ မလိုပါဘူး။ လူတုိင္းမွာ မတူညီတဲ့ အရည္အခ်င္းကိုယ္စီ ႐ွိတတ္ၾကပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ အားသာခ်က္ အားနည္းခ်က္ေတြ ဘယ္လိုမွ မတူညီႏုိင္ပါဘူး။ ကိုယ့္မွာလည္း သူမ်ားနဲ႔ မတူတဲ့ အရည္ခ်င္းေတြ ႐ွိလုိ႔ေနပါတယ္။ ဒါေၾကာင့္ စိတ္ဓာတ္မက်ပါနဲ႔။
ႀကိဳးစားပါ
လူေတြရဲ႕ ပစ္ေပါက္တဲ့ ခဲလံုးေတြကို အသံုးျပဳၿပီး လမ္းခင္းလုိက္ပါ။ ဒီလိုမ်ိဳး သင့္ကိုေျပာဆိုၾကတဲ့အခါ မခံခ်င္စိတ္နဲ႔ ပိုႀကိဳးစားတတ္လာပါလိမ္႔မယ္။ အရည္အခ်င္းေတြ တုိးတက္လာေအာင္ ႀကိဳးစားၿပီး သူတုိ႔ေတြရဲ႕ ထင္ျမင္ယူဆခ်က္ေတြ မွားေနတယ္ဆုိတာကို လက္ခံလာပါလိမ့္မယ္။ သူတို႔ေတြရဲ႕ ေျပာဆိုမႈေတြ မွားေနေၾကာင္း တကူးတက လုိက္႐ွင္းျပေနစရာ မလိုပါဘူး။ အခ်ိန္တစ္ခုေရာက္တဲ့ အခါမွာ သူတုိ႔ နားလည္လက္ခံ သြားပါလိမ္႔မယ္။
လ်စ္လ်ဴ႐ႈပါ
ကိုယ္ဘယ္ေလာက္ေကာင္းေအာင္ပဲ ေနေန၊ ဘယ္လုိပဲ ႀကိဳးစားျပ ေနရင္ေတာင္ ေဝဖန္ခ်င္တဲ့ သူကေတာ့ ကိုယ့္ကို အသံုးမက်ဘူးလို႔ ျမင္ေနအံုးမွာပါ။ ဒါေၾကာင့္မို႔လုိ႔ ေနရာတကာ လုိက္ခံစားမေနပါနဲ႔။ လူေတြရဲ႕ ေဝဖန္မႈတုိင္းကိုသာ လုိက္ခံစားေနရင္ေတာ့ အျမန္ဆံုး စိတ္က်ေရာဂါရႏုိင္္ပါတယ္ေနာ္။ ဒါေၾကာင့္ ဘယ္သူဘာေျပာေျပာ ဂ႐ုမစိုက္ပါနဲ႔၊ အသံုးမက်ဘူးလို႔ ေျပာေနတဲ့သူေတြကို ျပံဳးျပံဳးေလးသာ တံု႔ျပန္္လိုက္ပါ။
ေပ်ာ္႐ႊင္ေအာင္ေနပါ
လူေတြရဲ႕ အေျပာအဆိုေတြကို လ်စ္လ်ဴ႐ႈလိုက္တဲ့အခါမွာ ေပ်ာ္႐ႊင္ဖုိ႔ ရာခိုင္ႏႈန္းေတာ္ေတာ္မ်ားသြားပါၿပီ။ ကိုယ့္ကိုယ္ကို ေပ်ာ္႐ႊင္ေအာင္ ေနထိုင္ဖို႔က ပထမဦးစားေပးသင့္ပါတယ္။ စိတ္ဓာတ္က် အားငယ္ေနတာေတြကို ေခါင္းထဲကထုတ္ၿပီး ဘဝကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ျဖတ္သန္းသင့္ပါတယ္ေနာ္။ ေျပာဆိုခ်င္ေနတဲ့ သူေတြကေတာ့ ဆက္ေျပာဆိုေနၾကအံုးမွာ ပါပဲ။ ဒါေတြကို ဂ႐ုစိုက္ေနရင္ ကိုယ္ေနစရာေနရာ မ႐ွိေအာင္ကို ျဖစ္သြားပါလိမ့္မယ္။
Khin
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်
နင်မလုပ်နိုင်ပါဘူး ဆိုပြီး ကိုယ့်ကို မယုံကြည်ကြတဲ့ သူတွေရဲ့ စကားကို ဒီလိုတွန်းလှန်မယ်
ကြုံဖူးကြလား ကိုယ့်ကို အသုံးမကျတဲ့ သူတစ်ယောက်လို ဆက်ဆံတဲ့ အခြေအနေမျိုး။ ဒီလိုမျိုး ဆက်ဆံခံရတဲ့အခါတွေမှာ ကိုယ့်ကိုယ်ကို မေးမိတာက ငါတကယ်ပဲ အသုံးမကျဘူးလား။ ကိုယ့်ကိုယ်အသုံးမကျတဲ့ သူတစ်ယောက်လို့ သတ်မှတ်ထားကြတဲ့ သူတွေရဲ့ စကားကို ဘယ်လိုတုံ့ပြန်ကြမလဲ။
စိတ်ဓာတ်မကျပါနဲ့
ကိုယ့်ကို အသုံးမကျဘူးလို့ အပြောခံရတဲ့ အခါမျိုးမှာ ဝမ်းနည်းအားငယ်တတ်တာ သဘာဝပါပဲ။ ဒါပေမယ့်လို့ လူတွေက အသုံးမကျဘူးလို့ပြောတိုင်း ငါဟာအသုံးမကျတဲ့သူ တစ်ယောက်ပဲလို့ သတ်မှတ်ပြီး ကိုယ့်ကိုယ်ကို စိတ်ဓာတ်ကျ အားငယ်နေစရာ မလိုပါဘူး။ လူတိုင်းမှာ မတူညီတဲ့ အရည်အချင်းကိုယ်စီ ရှိတတ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အားသာချက် အားနည်းချက်တွေ ဘယ်လိုမှ မတူညီနိုင်ပါဘူး။ ကိုယ့်မှာလည်း သူများနဲ့ မတူတဲ့ အရည်ချင်းတွေ ရှိလို့နေပါတယ်။ ဒါကြောင့် စိတ်ဓာတ်မကျပါနဲ့။
ကြိုးစားပါ
လူတွေရဲ့ ပစ်ပေါက်တဲ့ ခဲလုံးတွေကို အသုံးပြုပြီး လမ်းခင်းလိုက်ပါ။ ဒီလိုမျိုး သင့်ကိုပြောဆိုကြတဲ့အခါ မခံချင်စိတ်နဲ့ ပိုကြိုးစားတတ်လာပါလိမ့်မယ်။ အရည်အချင်းတွေ တိုးတက်လာအောင် ကြိုးစားပြီး သူတို့တွေရဲ့ ထင်မြင်ယူဆချက်တွေ မှားနေတယ်ဆိုတာကို လက်ခံလာပါလိမ့်မယ်။ သူတို့တွေရဲ့ ပြောဆိုမှုတွေ မှားနေကြောင်း တကူးတက လိုက်ရှင်းပြနေစရာ မလိုပါဘူး။ အချိန်တစ်ခုရောက်တဲ့ အခါမှာ သူတို့ နားလည်လက်ခံ သွားပါလိမ့်မယ်။
လျစ်လျူရှုပါ
ကိုယ်ဘယ်လောက်ကောင်းအောင်ပဲ နေနေ၊ ဘယ်လိုပဲ ကြိုးစားပြ နေရင်တောင် ဝေဖန်ချင်တဲ့ သူကတော့ ကိုယ့်ကို အသုံးမကျဘူးလို့ မြင်နေအုံးမှာပါ။ ဒါကြောင့်မို့လို့ နေရာတကာ လိုက်ခံစားမနေပါနဲ့။ လူတွေရဲ့ ဝေဖန်မှုတိုင်းကိုသာ လိုက်ခံစားနေရင်တော့ အမြန်ဆုံး စိတ်ကျရောဂါရနိုင်ပါတယ်နော်။ ဒါကြောင့် ဘယ်သူဘာပြောပြော ဂရုမစိုက်ပါနဲ့၊ အသုံးမကျဘူးလို့ ပြောနေတဲ့သူတွေကို ပြုံးပြုံးလေးသာ တုံ့ပြန်လိုက်ပါ။
ပျော်ရွှင်အောင်နေပါ
လူတွေရဲ့ အပြောအဆိုတွေကို လျစ်လျူရှုလိုက်တဲ့အခါမှာ ပျော်ရွှင်ဖို့ ရာခိုင်နှုန်းတော်တော်များသွားပါပြီ။ ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင် နေထိုင်ဖို့က ပထမဦးစားပေးသင့်ပါတယ်။ စိတ်ဓာတ်ကျ အားငယ်နေတာတွေကို ခေါင်းထဲကထုတ်ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းသင့်ပါတယ်နော်။ ပြောဆိုချင်နေတဲ့ သူတွေကတော့ ဆက်ပြောဆိုနေကြအုံးမှာ ပါပဲ။ ဒါတွေကို ဂရုစိုက်နေရင် ကိုယ်နေစရာနေရာ မရှိအောင်ကို ဖြစ်သွားပါလိမ့်မယ်။
Khin
Credit:Aunty May


မှတ်ချက်များ