သင့္ခ်စ္သူကိုလံုးဝမေျပာသင့္တဲ့စကား
Zawgyi ျဖင့္ဖတ္ရန္
ခ်စ္သူအသစ္စက္စက္ကိုပဲျဖစ္ျဖစ္၊ တြဲလာတာႏွစ္ခ်ီေနၿပီပဲျဖစ္ျဖစ္ တစ္ဦးနဲ႔တစ္ဦးေလးစားမႈရွိၿပီး စည္းရွိသင့္ပါတယ္။ တြဲလာတာအခ်ိန္ၾကာေနၿပီ၊ ရင္းႏွီးေနၿပီဆိုၿပီး စည္းမေစာင့္ဘဲ ေျပာခ်င္သလိုေျပာ၊ ေလးစားမႈေတြေလ်ာ့နည္းလာတာဟာ ေရရွည္အတြက္မေကာင္းပါဘူး။ အရမ္းခ်စ္လို႔ စိတ္မဆိုးဘူးဆိုေပမယ့္လည္း စိတ္ထဲခုသြားတာမ်ိဳးျဖစ္သြားတတ္ပါတယ္။ ကိုယ့္ဘက္ကမထင္မွတ္ဘဲေျပာလိုက္တာပဲျဖစ္ျဖစ္၊ စိတ္ဆိုးလြန္းလို႔ဆိုၿပီး ရည္ရြယ္ခ်က္ရွိရွိေျပာလိုက္ရင္ပဲျဖစ္ျဖစ္၊ တစ္ဘက္သားက စိတ္မၾကည္လင္တဲ့အခ်ိန္ျဖစ္ေနရင္ ခိုင္ၿမဲေနတဲ့Relationshipကိုေတာင္ လႈပ္ခါသြားႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ေရရွည္ခိုင္ၿမဲတဲ့ Relationship တစ္ခုကိုတည္ေဆာက္ခ်င္တယ္ဆိုရင္ေတာ့ ယခုေဖာ္ျပေပးမယ့္အရာေတြကို ဆင္ျခင္ေရွာင္ၾကဥ္သင့္ပါတယ္။ ခ်စ္သူသက္တမ္းဘယ္ေလာက္ပဲၾကာၾကာ တစ္ဦးနဲ႔တစ္ဦးေလးစားမႈ ရွိၿပီး စည္းေစာင့္တဲ့အေနနဲ႔ မေျပာသင့္တာေတြကို ဆင္ျခင္ႏိုင္ဖို႔အတြ
(၁) ခ်စ္တယ္ဆိုရင္လိုက္ေလ်ာေပး
အခ်စ္ကိုဓားစာခံလုပ္ၿပီး မိမိလိုခ်င္တဲ့အရာကို တိုက္တြန္းေတာင္းဆိုတာမ်ိဳးမျပဳလုပ္ပါနဲ႔။ ခ်စ္တယ္ဆုိရင္ လိုက္ေလ်ာေပးရမယ္ဆိုၿပီး တစ္ဖက္သားကိုမခ်ည္ေႏွာင္လိုက္ပါနဲ႔။ ႏွစ္ဦးႏွစ္ဖက္လံုး စိတ္ကသိကေအာက္ျဖစ္ရၿပီး သင့္ကိုအတၱႀကီးသူတစ္ေယာက္အျဖစ္ ျမင္သြားပါလိမ့္မယ္။ ေရရွည္လက္တြဲဖုိ႔လည္း သူ/သူမဘက္က စဥ္းစားစရာျဖစ္သြားပါၿပီ။
(၂) ဒီအလုပ္က ေရရွည္အတြက္စိတ္ခ်ရရဲ႕လား
ရည္မွန္းခ်က္ပန္းတိုင္ကိုေရာက္ဖို႔ အပတ္တကုတ္ႀကိဳးစားေနသူအဖို႔ ဒီစကားကို အမုန္းဆံုးျဖစ္မယ္ထင္ပါတယ္။ ခ်စ္သူမို႔လို႔ အနာဂတ္ေရွ႕ေရးအတြက္ စိတ္ပူလို႔ေျပာတာပဲျဖစ္ျဖစ္၊ စေနာက္လိုက္တာပဲျဖစ္ျဖစ္ မေျပာသင့္ပါဘူး။ ဒီလိုေျပာမယ့္အစား အလုပ္မွာအဆင္ေျပ၊ မေျပေမးျမန္းၿပီး ေဖးမကူညီတာမ်ိဳးပဲ လုပ္ပါ။
(၃) ဝိတ္ေလွ်ာ့အံုး
ဒီစကားကိုေတာ့ မိန္းကေလးေတြေတာ္ေတ္ာမ်ားမ်ား မႀကိဳက္ၾကပါဘူး။ အလွအပကိုမက္ေမာတာမ်ားလား ေတြးထင္သြားတတ္ပါတယ္။ သင္ဘက္ကသေဘာရိုးေျပာလိုက္ေပမယ့္ သူ႔ဘက္ကအဆံုးထိေတြးသြားတတ္ပါတယ္။ မိန္းမလွေလးနဲ႔ ေသးေသးသြယ္သြယ္ေကာင္မေလးေတြနဲ႔ ခင္မင္ရင္းႏွီးေနရင္ေတာင္ သံသယေတြနဲ႔လြန္ဆြဲေနပါလိမ့္မယ္။ သံသယက အခ်စ္ရဲ႕ရန္သူပါပဲ။
(၄) အရင္တစ္ေယာက္က နင့္လိုမဟုတ္ဘူး
ေကာင္းတဲ့အခ်က္ကိုပဲျဖစ္ျဖစ္၊ မေကာင္းတဲ့အခ်က္က္ိုပဲျဖစ္ျဖစ္ အရင္ရည္းစားေဟာင္းနဲ႔ ႏႈိင္းယွဥ္ၿပီးမေျပာသင့္ပါဘူး။ အရင္ရည္းစားတုန္းကဆို ဒါေတြလုပ္ေပးတယ္၊ ဒါေတြဆိုမလုပ္ဘူးဆိုၿပီး ေျပာတာက အတိတ္ကိုပဲတမ္းတေနသလိုလိုနဲ႔ အခုလက္ရွိရည္းစားကိုလည္း မေလးစားရာက်ပါတယ္။ စိတ္ဆိုးေနရင္ပဲျဖစ္ျဖစ္ လံုးဝမေျပာမိပါေစနဲ႔။
စံပယ္(ေရႊအင္းေလး)
Unicode ဖြင့်ဖတ်ရန်
သင့်ချစ်သူကိုလုံးဝမပြောသင့်တဲ့စကား
ချစ်သူအသစ်စက်စက်ကိုပဲဖြစ်ဖြစ်၊ တွဲလာတာနှစ်ချီနေပြီပဲဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦးလေးစားမှုရှိပြီး စည်းရှိသင့်ပါတယ်။ တွဲလာတာအချိန်ကြာနေပြီ၊ ရင်းနှီးနေပြီဆိုပြီး စည်းမစောင့်ဘဲ ပြောချင်သလိုပြော၊ လေးစားမှုတွေလျော့နည်းလာတာဟာ ရေရှည်အတွက်မကောင်းပါဘူး။ အရမ်းချစ်လို့ စိတ်မဆိုးဘူးဆိုပေမယ့်လည်း စိတ်ထဲခုသွားတာမျိုးဖြစ်သွားတတ်ပါတယ်။ ကိုယ့်ဘက်ကမထင်မှတ်ဘဲပြောလိုက်တာပဲဖြစ်ဖြစ်၊ စိတ်ဆိုးလွန်းလို့ဆိုပြီး ရည်ရွယ်ချက်ရှိရှိပြောလိုက်ရင်ပဲဖြစ်ဖြစ်၊ တစ်ဘက်သားက စိတ်မကြည်လင်တဲ့အချိန်ဖြစ်နေရင် ခိုင်မြဲနေတဲ့Relationshipကိုတောင် လှုပ်ခါသွားနိုင်ပါတယ်။ ဒါ့ကြောင့် ရေရှည်ခိုင်မြဲတဲ့ Relationship တစ်ခုကိုတည်ဆောက်ချင်တယ်ဆိုရင်တော့ ယခုဖော်ပြပေးမယ့်အရာတွေကို ဆင်ခြင်ရှောင်ကြဉ်သင့်ပါတယ်။ ချစ်သူသက်တမ်းဘယ်လောက်ပဲကြာကြာ တစ်ဦးနဲ့တစ်ဦးလေးစားမှု ရှိပြီး စည်းစောင့်တဲ့အနေနဲ့ မပြောသင့်တာတွေကို ဆင်ခြင်နိုင်ဖို့အတွ
(၁) ချစ်တယ်ဆိုရင်လိုက်လျောပေး
အချစ်ကိုဓားစာခံလုပ်ပြီး မိမိလိုချင်တဲ့အရာကို တိုက်တွန်းတောင်းဆိုတာမျိုးမပြုလုပ်ပါနဲ့။ ချစ်တယ်ဆိုရင် လိုက်လျောပေးရမယ်ဆိုပြီး တစ်ဖက်သားကိုမချည်နှောင်လိုက်ပါနဲ့။ နှစ်ဦးနှစ်ဖက်လုံး စိတ်ကသိကအောက်ဖြစ်ရပြီး သင့်ကိုအတ္တကြီးသူတစ်ယောက်အဖြစ် မြင်သွားပါလိမ့်မယ်။ ရေရှည်လက်တွဲဖို့လည်း သူ/သူမဘက်က စဉ်းစားစရာဖြစ်သွားပါပြီ။
(၂) ဒီအလုပ်က ရေရှည်အတွက်စိတ်ချရရဲ့လား
ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့ အပတ်တကုတ်ကြိုးစားနေသူအဖို့ ဒီစကားကို အမုန်းဆုံးဖြစ်မယ်ထင်ပါတယ်။ ချစ်သူမို့လို့ အနာဂတ်ရှေ့ရေးအတွက် စိတ်ပူလို့ပြောတာပဲဖြစ်ဖြစ်၊ စနောက်လိုက်တာပဲဖြစ်ဖြစ် မပြောသင့်ပါဘူး။ ဒီလိုပြောမယ့်အစား အလုပ်မှာအဆင်ပြေ၊ မပြေမေးမြန်းပြီး ဖေးမကူညီတာမျိုးပဲ လုပ်ပါ။
(၃) ဝိတ်လျှော့အုံး
ဒီစကားကိုတော့ မိန်းကလေးတွေတော်တေ်ာများများ မကြိုက်ကြပါဘူး။ အလှအပကိုမက်မောတာများလား တွေးထင်သွားတတ်ပါတယ်။ သင်ဘက်ကသဘောရိုးပြောလိုက်ပေမယ့် သူ့ဘက်ကအဆုံးထိတွေးသွားတတ်ပါတယ်။ မိန်းမလှလေးနဲ့ သေးသေးသွယ်သွယ်ကောင်မလေးတွေနဲ့ ခင်မင်ရင်းနှီးနေရင်တောင် သံသယတွေနဲ့လွန်ဆွဲနေပါလိမ့်မယ်။ သံသယက အချစ်ရဲ့ရန်သူပါပဲ။
(၄) အရင်တစ်ယောက်က နင့်လိုမဟုတ်ဘူး
ကောင်းတဲ့အချက်ကိုပဲဖြစ်ဖြစ်၊ မကောင်းတဲ့အချက်ကိုပဲဖြစ်ဖြစ် အရင်ရည်းစားဟောင်းနဲ့ နှိုင်းယှဉ်ပြီးမပြောသင့်ပါဘူး။ အရင်ရည်းစားတုန်းကဆို ဒါတွေလုပ်ပေးတယ်၊ ဒါတွေဆိုမလုပ်ဘူးဆိုပြီး ပြောတာက အတိတ်ကိုပဲတမ်းတနေသလိုလိုနဲ့ အခုလက်ရှိရည်းစားကိုလည်း မလေးစားရာကျပါတယ်။ စိတ်ဆိုးနေရင်ပဲဖြစ်ဖြစ် လုံးဝမပြောမိပါစေနဲ့။
စံပယ်(ရွှေအင်းလေး)


မှတ်ချက်များ