Goo Hara ရဲ႕ မွတ္စုနဲ႔ CCTV မွတ္တမ္း သုံးသပ္ခ်က္ ကို ရဲတပ္ဖြဲ႕ ထုတ္ျပန္



Zawgyi ျဖင့္ဖတ္ရန္

ရဲတပ္ဖြဲ႕ကေတာ့ Goo Hara ရဲ႕  ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး လက္ရွိ အခ်ိန္ထိ သူတို႔ ေ တြ႕ရွိထားတဲ့ အခ်က္အလက္ေတြကို ထုတ္ျပန္ခဲ့ပါတယ္။ ထုတ္ျပန္တဲ့ အထဲမွာေတာ့ အိမ္မွာ ေတြ႕တဲ့ မွတ္စု အတိုနဲ႔ CCTV မွတ္တမ္း  သုံးသပ္ခ်က္ေတြပါ။ Goo Hara ရဲ႕ လက္ေရးနဲ႔ ေရးထားတဲ့ မွတ္စုတိုကိုေတာ့ ဆိုးလ္ရဲတပ္ဖြဲ႕က ရွာေတြ႕ခဲ့ပါတယ္။ ဧည့္ခန္းမွာ မွတ္ စုကို ေတြ႕ခဲ့တာပါ။ စာထဲမွာေတာ့ သူမကိုယ္သူမ မေကာင္းတဲ့ အျမင္ေတြ နဲ႔ ေရးထားတဲ့ မွတ္စုတိုေလးပါ။


ရဲေတြ ကေတာ့ မွတ္စုက အရမ္းတိုေၾကာင္း ၊ဧည့္ခန္းမွာ ေတြ႕ေၾကာင္းနဲ႔ သူမကိုယ္သူမ မေကာင္းတဲ့ အျမင္ေတြကို  ေရးထားတာလို႔ ေျပာခဲ့ပါတယ္။ သူမ ေသဆုံးတာကိုေတာ့ အိမ္အကူ ကေတြ႕ခဲ့တာပါ။ ႏိုဝင္ဘာ (၂၄) ေဒသစံေတာ္ခ်ိန္ ညေန (၆)နာရီ ေလာက္က  ေတြ႕ခဲ့တာပါ။ လက္တေလာ စစ္ေဆးမႈေတြ အရ ေတာ့ ရာဇဝတ္မႈ အမႈအခင္း ျဖစ္တဲ့ ပုံမ်ိဳးေတာ့ မေတြ႕ရပါဘူး။





အိမ္အကူက Goo Hara ကို ဆက္သြယ္ဖို႔ ႀကိဳးစားေပမယ့္ ဆက္သြယ္လို႔ မရတဲ့ အတြက္ အိမ္ကို ေရာက္လာခဲ့တာပါ။အိမ္အကူနဲ႔ Goo Hara တို႔ဟာ ေတာ္ေတာ္ေလးကို ရင္းႏွီး ၾကပါတယ္။ CCTV မွတ္တမ္းေတြ အ ရေတာ့ သူမရဲ႕ အိမ္ကို အိမ္အကူေရာက္မလာခင္ထိ လူဝင္ လူထြက္သြားလာတာမ်ိဳး မေတြ႕ခဲ့ ဘူးလို႔ ဆိုပါတယ္ ။ေသဆုံးရတဲ့ အ ေၾကာင္းအရင္းကို ေသခ်ာ သိႏိုင္ဖို႔အတြက္ ရင္ခြဲ စစ္မလား ဆိုတာကိုေတာ့ မိသားစုဝင္ေတြ နဲ႔  ရဲေတြ ေဆြးေႏြး ေနၾကတုန္းပါ။


Credti: Aunty may 


Unicode ဖြင့်ဖတ်ရန်

Goo Hara ရဲ့ မှတ်စုနဲ့ CCTV မှတ်တမ်း သုံးသပ်ချက် ကို ရဲတပ်ဖွဲ့ ထုတ်ပြန်


ရဲတပ်ဖွဲ့ကတော့ Goo Hara ရဲ့  သေဆုံးမှုနဲ့ ပတ်သက်ပြီး လက်ရှိ အချိန်ထိ သူတို့ ေ တွ့ရှိထားတဲ့ အချက်အလက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်တဲ့ အထဲမှာတော့ အိမ်မှာ တွေ့တဲ့ မှတ်စု အတိုနဲ့ CCTV မှတ်တမ်း  သုံးသပ်ချက်တွေပါ။ Goo Hara ရဲ့ လက်ရေးနဲ့ ရေးထားတဲ့ မှတ်စုတိုကိုတော့ ဆိုးလ်ရဲတပ်ဖွဲ့က ရှာတွေ့ခဲ့ပါတယ်။ ဧည့်ခန်းမှာ မှတ် စုကို တွေ့ခဲ့တာပါ။ စာထဲမှာတော့ သူမကိုယ်သူမ မကောင်းတဲ့ အမြင်တွေ နဲ့ ရေးထားတဲ့ မှတ်စုတိုလေးပါ။


ရဲတွေ ကတော့ မှတ်စုက အရမ်းတိုကြောင်း ၊ဧည့်ခန်းမှာ တွေ့ကြောင်းနဲ့ သူမကိုယ်သူမ မကောင်းတဲ့ အမြင်တွေကို  ရေးထားတာလို့ ပြောခဲ့ပါတယ်။ သူမ သေဆုံးတာကိုတော့ အိမ်အကူ ကတွေ့ခဲ့တာပါ။ နိုဝင်ဘာ (၂၄) ဒေသစံတော်ချိန် ညနေ (၆)နာရီ လောက်က  တွေ့ခဲ့တာပါ။ လက်တလော စစ်ဆေးမှုတွေ အရ တော့ ရာဇဝတ်မှု အမှုအခင်း ဖြစ်တဲ့ ပုံမျိုးတော့ မတွေ့ရပါဘူး။




အိမ်အကူက Goo Hara ကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရတဲ့ အတွက် အိမ်ကို ရောက်လာခဲ့တာပါ။အိမ်အကူနဲ့ Goo Hara တို့ဟာ တော်တော်လေးကို ရင်းနှီး ကြပါတယ်။ CCTV မှတ်တမ်းတွေ အ ရတော့ သူမရဲ့ အိမ်ကို အိမ်အကူရောက်မလာခင်ထိ လူဝင် လူထွက်သွားလာတာမျိုး မတွေ့ခဲ့ ဘူးလို့ ဆိုပါတယ် ။သေဆုံးရတဲ့ အ ကြောင်းအရင်းကို သေချာ သိနိုင်ဖို့အတွက် ရင်ခွဲ စစ်မလား ဆိုတာကိုတော့ မိသားစုဝင်တွေ နဲ့  ရဲတွေ ဆွေးနွေး နေကြတုန်းပါ။


Credti: Aunty may 


မှတ်ချက်များ