Zawgyi ဖြင့်ဖတ်ရန်
အဆီထူငါးများ
ဟင်းသီးဟင်းရွက်များ
သစ်သီးဝလံများ
Unicode ဖြင့်ဖတ်ရန်
ပန်းနာရင်ကျပ်ရှိသူများ ဘာတွေစားရမလဲ၊ ဘာတွေရှောင်ရမလဲ
စားသင့်တဲ့ အစားအစာများ
အဆီထူငါးများ
အဆီထူငါးများမှာ ပါတဲ့ အဆီက အိုမီဂါ-၃ အဆီအက်စစ် များဖြစ်တယ်။ ယင်းအဆီများ ပါတဲ့ ငါးတွေကတော့ ဆယ်လ်မွန်၊ မက္ကာရယ်၊ ဆာဒင်း (ငါးသေတ္တာ ငါး) နှင့် အခြားရေအေးပိုင်းနေ ငါးတချို့တို့ဖြစ်တယ်။
ဟင်းသီးဟင်းရွက်များ
အရွက်စိမ်းစိမ်း ဖားဖား ဟင်းသီးဟင်းရွက်များမှာ ဗီတာမင် ဃ ပါဝင်မှု မြင့်မားတယ်။
သစ်သီးဝလံများ
ရောင်စုံသစ်သီးဝလံများ စား ပေးပါ။ အထူးသဖြင့် ဘယ်ရီသီး များ စားပါ။ ယင်းတို့မှာ ဗီတာမင် C အပြင် သတ္တုဓာတ်များ၊ အခြားအင်တီအောက်စီးဒင့်များ ကြွယ်ဝစွာ ပါဝင်တယ်။
ရှောင်သင့်တဲ့ အစားအစာများ သို့မဟုတ် ကန့်သတ်စားသင့်တဲ့ အစားအစာများ
ဆာလဖိုက်ပါတဲ့ အစားအစာများ
အစားအစာများ တာရှည်ခံအောင် ဆာလဖိုက် (Sulphites) ပါ ဓာတ်ပစ္စည်းများ ပေါင်းထည့်လေ့ ရှိတယ်။ သစ်သီးခြောက်များ၊ အခြောက်လုပ်ထားတဲ့ သို့မဟုတ် ချက်ချင်းစားနိုင်တဲ့ ဟင်းချိုအရောများ၊ ဝိုင်၊ ဘီယာ၊ အဖြူရောင်စပျစ် သီးဖျော်ရည်။
ဆဆယ်လ်လီစလိတ် (Salicylates) ပါ အစားအစာများ
သစ်သီးခြောက်များနှင့် ပြုပြင်ထုတ်လုပ် အစားအစာများ (Processed Foods)
တချို့ဓာတ်မတည့် အစားအစာများ
ဖားဥ သို့မဟုတ် မှို (Molds) ဓာတ်မတည့်သူများက ဒိန်ခဲ၊ စားမှို များ (Mushrooms၊ ဟော့ဒေါ့ (Hot Dog) တွေကို ရှောင်ရပါမယ်။ အချဉ်ဖောက် အစားအစာများ (Fermented Foods)
Credit-Original Uploader


မှတ်ချက်များ