ေဆာင္းေဟကို အတြက္ ေမြးေန႔ ဆုေတာင္းေပးခဲ့တဲ့ Yoo Ah In


Zawgyiျဖင့္ဖတ္ရန္

ေတာင္ကိုရီးယားမင္းသားေခ်ာ Yoo Ah In ကေတာ့ သူ႔ရဲ႕ သူငယ္ခ်င္း ေဆာင္းေဟကို အတြက္ ေမြးေန႔ ဆုေတာင္း ေပးခဲ့ပါတယ္။ Yoo Ah In န႔ဲ ေဆာင္းေဟကို တုိ႔ ကေတာ့ ခင္လာတာ ေတာ္ေတာ္ၾကာခဲ့ပါၿပီ။ ႏို၀င္ဘာ (၂၂) ရက္ေ န႔က  သူ႔ရဲ႕ IG မွာ ေဆာင္းေဟကို အတြက္ ေမြးေန႕ ဆုေတာင္းစကားဆိုခဲ့ပါတယ္။ သူငယ္ခ်င္း အတြက္ အထူး မက္ေဆ့ခ်္ အမွာစကားေလးကိုပါ ထည့္ေရးေပးခဲ့ပါတယ္။ “Long live the queen.”  ဆိုတဲ့ Caption န႔ဲ အတူ ေရးထားတာပါ။

Yoo Ah In ကေတာ့ အသက္ (၃၃)ႏွစ္ျဖစ္ၿပီး ေဆာင္းေဟကိုကေတာ့ (၂၀၁၉) ႏို၀င္ဘာ (၂၂)ရက္ေန႔ကမွ အသက္ (၃၈)ႏွစ္ျပည့္သြားခဲ့တာပါ ။ေဆာင္းေဟကိုက သူ႔ထက္ အသက္ (၅)ႏွစ္ပိုႀကီးေပမယ့္ သူငယ္ခ်င္း ေပါင္း ေပါင္း ၾကတဲ့ သူေတြပါ။ ႏွစ္ေယာက္သား အရမ္းကို ရင္းႏွီးၾကလို႔ တြဲေနတယ္ဆိုတဲ့ သတင္းေတြ ေတာင္ ထြက္ေပၚ ခဲ့ဖူးပါတယ္။ ႏွ စ္ေ ယာက္ လံုးကလည္း သူတို႔ရဲ႕ IG မွာ ႏွစ္ေယာက္အတူတူတြဲၿပီး ရိုက္ထားတဲ့ ပံုေတြ ကိုလည္း အမ်ားႀကီး တင္ခဲ့ဖူးပါတယ္။

အရင္တုန္းကဆိုရင္ Yoo Ah In က သူ႔ရဲ႕ ကားထဲက ေဆာင္းေဟကိုရဲ႕ ပံုကို တင္ခဲ့ဖူးပါတယ္။ ပံုထဲမွာေတာ့ ေဆာင္းေဟကို က ကားထဲမွာ ကားမွန္ကို ၾကည့္ေနတဲ့ ပုံ ကို တင္ခဲ့ဖူးတာပါ ။ေတာ္ေတာ္ေလးကို ရင္းႏွီး တဲ့ ဆက္ဆံ ေရးပါ။ Yoo Ah In  ကေတာ့ ေဆာင္းေဟကိုရဲ႕ ခင္ပြန္းေဟာင္း ေဆာင္ဂၽြန္ကီနဲ႔လည္း ရင္းႏွီးပါတယ္။ (၂၀၁၇) တုန္း က အင္တာဗ်ဴး တစ္ခုမွာ ေယာက္က်ားေလးနဲ႔ မိန္းကေလးၾကားမွာ သူငယ္ခ်င္း ဆက္ဆံေရးျဖစ္ႏိုင္လား လို႔ ေမးတဲ့ အခါမွာေတာ့ သူငယ္ခ်င္းျဖစ္ႏိုင္တယ္လု႔ိ ေျဖခဲ့ဖူးပါတယ္။

Source:Allkpop

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

ဆောင်းဟေကို အတွက် မွေးနေ့ ဆုတောင်းပေးခဲ့တဲ့ Yoo Ah In

တောင်ကိုရီးယားမင်းသားချော Yoo Ah In ကတော့ သူ့ရဲ့ သူငယ်ချင်း ဆောင်းဟေကို အတွက် မွေးနေ့ ဆုတောင်း ပေးခဲ့ပါတယ်။ Yoo Ah In နဲ့ ဆောင်းဟေကို တို့ ကတော့ ခင်လာတာ တော်တော်ကြာခဲ့ပါပြီ။ နိုဝင်ဘာ (၂၂) ရက်ေ န့က  သူ့ရဲ့ IG မှာ ဆောင်းဟေကို အတွက် မွေးနေ့ ဆုတောင်းစကားဆိုခဲ့ပါတယ်။ သူငယ်ချင်း အတွက် အထူး မက်ဆေ့ချ် အမှာစကားလေးကိုပါ ထည့်ရေးပေးခဲ့ပါတယ်။ “Long live the queen.”  ဆိုတဲ့ Caption နဲ့ အတူ ရေးထားတာပါ။

Yoo Ah In ကတော့ အသက် (၃၃)နှစ်ဖြစ်ပြီး ဆောင်းဟေကိုကတော့ (၂၀၁၉) နိုဝင်ဘာ (၂၂)ရက်နေ့ကမှ အသက် (၃၈)နှစ်ပြည့်သွားခဲ့တာပါ ။ဆောင်းဟေကိုက သူ့ထက် အသက် (၅)နှစ်ပိုကြီးပေမယ့် သူငယ်ချင်း ပေါင်း ပေါင်း ကြတဲ့ သူတွေပါ။ နှစ်ယောက်သား အရမ်းကို ရင်းနှီးကြလို့ တွဲနေတယ်ဆိုတဲ့ သတင်းတွေ တောင် ထွက်ပေါ် ခဲ့ဖူးပါတယ်။ နှ စ်ေ ယာက် လုံးကလည်း သူတို့ရဲ့ IG မှာ နှစ်ယောက်အတူတူတွဲပြီး ရိုက်ထားတဲ့ ပုံတွေ ကိုလည်း အများကြီး တင်ခဲ့ဖူးပါတယ်။


အရင်တုန်းကဆိုရင် Yoo Ah In က သူ့ရဲ့ ကားထဲက ဆောင်းဟေကိုရဲ့ ပုံကို တင်ခဲ့ဖူးပါတယ်။ ပုံထဲမှာတော့ ဆောင်းဟေကို က ကားထဲမှာ ကားမှန်ကို ကြည့်နေတဲ့ ပုံ ကို တင်ခဲ့ဖူးတာပါ ။တော်တော်လေးကို ရင်းနှီး တဲ့ ဆက်ဆံ ရေးပါ။ Yoo Ah In  ကတော့ ဆောင်းဟေကိုရဲ့ ခင်ပွန်းဟောင်း ဆောင်ဂျွန်ကီနဲ့လည်း ရင်းနှီးပါတယ်။ (၂၀၁၇) တုန်း က အင်တာဗျူး တစ်ခုမှာ ယောက်ကျားလေးနဲ့ မိန်းကလေးကြားမှာ သူငယ်ချင်း ဆက်ဆံရေးဖြစ်နိုင်လား လို့ မေးတဲ့ အခါမှာတော့ သူငယ်ချင်းဖြစ်နိုင်တယ်လု့ိ ဖြေခဲ့ဖူးပါတယ်။

Source:Allkpop

Credit:Aunty May

မှတ်ချက်များ