ရည္းစားနဲ႔ မယူေသးခင္ အတူအိပ္သင့္လား..
Zawgyiျဖင့္ဖတ္ရန္
ရည္းစားနဲ႔ မယူခင္ အတူေနသင့္သလား ၊ မေနသင့္ဘူးလား လို႔ လာေမးခဲ့ဖူးသူ ရွိတယ္။ အဲဒီေမးခြန္းကို မေျဖခင္ ကြၽန္မက သူမကို ျပန္ေမးလိုက္တယ္။ ဘာရည္႐ြယ္ခ်က္နဲ႔ အတူ ေနခ်င္တာလဲလို႔။
ရည္းစားရဲ႕ ဆႏၵျဖည့္ဖို႔ အတူ သြားအိပ္မွာလား။
ရည္းစားနဲ႔ အတူအိပ္႐ုံ (လိင္ အာသာေျဖ႐ုံ) အတူေနမွာလား။
အပ်ိဳ မဟုတ္တဲ့ အတူတူ မထူးပါဘူးေလ ဆိုၿပီး တြဲတဲ့သူနဲ႔ ၿမဲေအာင္ အတူ သြားအိပ္မွာလား။
အေဖာ္စုံ႐ုံ ၊ ေပ်ာ္႐ုံေလး အေျခအေနဖန္လာရင္ ေတြ႕တဲ့သူနဲ႔ အိပ္လိုက္မွာလား။
အိမ္ေထာင္ဘက္ အျဖစ္ ရည္႐ြယ္ထားလို႔ တေယာက္အေၾကာင္း တေယာက္ ပိုသိလာေအာင္ တခါ အိပ္႐ုံမဟုတ္ ေရရွည္သေဘာ ေနသြားခ်င္တာလား။
ဒီေမးခြန္းေတြကို ကိုယ့္ဘာသာကိုယ္ အရင္ ျပန္ေမးၿပီးမွ လက္မထပ္ ရေသးတဲ့ အမ်ိဳးသားနဲ႔ စပ္ယွက္ဖို႔ကို ေတြးပါ။ တကယ္ေတာ့ ျမန္မာ လူမႈဝန္းက်င္မွာ မိန္းမပ်ိဳေလး မွန္ရင္ ဘယ္အမ်ိဳးသားနဲ႔မွ လက္မထပ္ေသးဘဲ အတူမေနရဘူး။ လိင္ပိုင္းဆိုင္ရာ မစပ္ယွက္ရဘူးလို႔ တားျမစ္လက္ခံ ထားၾကတာပါ။
ဘယ္လိုပဲ ျဖစ္ျဖစ္ေလ။ ကေလးေတြ မသိတမ်ိဳး ၊ သိတမ်ိဳး ဖ်က္ခ်ေနတာ ၊ စြန႔္ပစ္ ကေလးေတြ မ်ားလာတာ ေတြဟာ လက္မထပ္ခင္ အတူေနၾကျခင္း ျဖစ္တယ္ လို႔ သက္ေသခံေနပါတယ္။ ဒါေၾကာင့္ပဲ ဘာျဖစ္လို႔ အတူ ေနခ်င္တာလဲ လို႔ ကိုယ့္ဘာသာကိုယ္ ျပန္ေမးခိုင္းတာပါ။
ႏိုင္ငံရပ္ျခားမွာ လက္မထပ္ေသးဘဲ အတူေနၾကတဲ့ စုံတြဲေတြ ရွိပါတယ္။ ဒါေပမယ့္ သူတို႔က တညအိပ္႐ုံ ဆက္ဆံေရး ၊ ပိုေလးနက္လာရင္ ခဏ ခဏ ခ်ိန္းတြဲၾကည့္တဲ့ ဆက္ဆံေရး ၊ ပိုေလးနက္လာရင္ တမိုးေအာက္မွာ အတူေျပာင္းေနၾကတဲ့ ဆက္ဆံေရး ၊ ပိုေလးနက္လာရင္ လက္ထပ္ခြင့္ ေတာင္းၿပီး ေစ့စပ္ထားတဲ့ ဆက္ဆံေရး ၊ ပိုေလးနက္လာရင္ေတာ့ တစ္ဘဝစာ လက္ထပ္ ေပါင္းသင္းျခင္းပါပဲ။
ဒီေတာ့ အမ်ိဳးသားနဲ႔ အတူ ေနခ်င္တဲ့ ကိုယ္ကေကာ ဘယ္အဆင့္ မ်ိဳးမွာလဲ။ အမ်ားအားျဖင့္က ခဏ ခဏ ခ်ိန္းတြဲၾကည့္တဲ့ ဆက္ဆံေရး ျဖစ္ေနၿပီး တခ်ိဳ႕ေတြက တခါအိပ္႐ုံ ဆက္ဆံေရးလည္း ရွိတယ္လို႔ ၾကားသိရပါတယ္။
တခါက တူအ႐ြယ္ လူငယ္ေလးက အုပ္စုလိုက္ ေလွ်ာက္လည္ရင္း သူ႔သူငယ္ခ်င္း ရည္းစားနဲ႔ အတူေန ျဖစ္သြားတာ ဘာလုပ္ရမလဲ လို႔ လာတိုင္ပင္ ဖူးတယ္။ ျမန္မာျပည္မွာ အုပ္စုလိုက္ အလည္ထြက္ရင္းက ကိုယ့္သူငယ္ခ်င္း ရည္းစားနဲ႔ အတူ အိပ္လို႔ ရတဲ့ေခတ္ ျဖစ္သြားၿပီလား လို႔ ကြၽန္မ အေတာ္အံ့ၾသ သြားခဲ့တယ္။
မေတာ္လို႔ ကိုယ္ဝန္ ရွိလာရင္ မင္းဘယ္လို တာဝန္ယူမလဲ ဆိုေတာ့ ကြၽန္ေတာ္က တခါပဲ စားတာတဲ့ ၊ သူ႔သူငယ္ခ်င္းက အခါခါ စားေနတာမို႔ ယူမယ့္ယူ သူတာဝန္ ယူရမွာေပါ့တဲ့ ၊ ကြၽန္ေတာ္နဲ႔ အေဝးႀကီးလို႔လည္း ေပါ့တန္တန္ ေျပာတာ ၾကားဖူးခဲ့တယ္။ ျမန္မာျပည္မွာ ဒီလို အကန႔္ေတြလည္း ရွိတယ္တဲ့။
ေၾသာ္ ေခတ္ေတြ ကေမာက္ကမ ေျပာင္းသြားခဲ့ၿပီပဲလို႔ ကြၽန္မ လက္ခံလိုက္ရတယ္။ သူ႔ သူငယ္ခ်င္းနဲ႔ အိပ္ခဲ့တဲ့ မိန္းကေလးလို႔ တြဲေနတဲ့ ေကာင္ေလးသိသြားရင္ ၊ မွားယြင္းလို႔ ကေလးရသြားၿပီး အေဖလို႔ ေခၚေနသူနဲ႔ မ်ိဳး႐ိုးဗီဇ အပါအဝင္ ႐ုပ္ရည္ခ်င္း မတူရင္ ယူျဖစ္ေစဦးေတာ့ ဒီအိမ္ေထာင္ေရး ဘယ္လို သာသာယာယာ ၿမဲၿမံေတာ့မလဲ။
ဒီမိန္းကေလး ဘယ္လို ခံယူခ်က္မ်ိဳးနဲ႔ ရည္စား သူငယ္ခ်င္းနဲ႔ စပ္ယွက္ဖို႔ သေဘာတူ လက္ခံခဲ့သလဲ ေတြးႏိုင္ဖို႔ ကြၽန္မ ဦးေႏွာက္က ဉာဏ္မမီႏိုင္ပါဘူး။ မေတာ္မတက္ ကေလးမ်ားရခဲ့ရင္ ကေလးခမ်ာ သနားစရာ။
တခ်ိဳ႕ေတြက အသက္ငယ္ငယ္ေလးနဲ႔ သူ႔ရည္းစားနဲ႔ အဆင္မေျပလို႔ မေတာ္တဆ ရခဲ့တဲ့ကေလး ဖ်က္ခ်တဲ့ အေၾကာင္းကို ႐ုပ္ရွင္အေၾကာင္း ေျပာသလို ေအးေအးေဆးေဆး ေျပာေနႏိုင္တာမ်ိဳးလည္း ၾကားခဲ့ဖူးတယ္။
ျမန္မာျပည္မွာေနာ္ ျမန္မာျပည္မွာ ၾကားတာ။ သူမ်ားစကားေျပာတာ သြားၿပီး ေခ်ာင္းနားမေထာင္ပါဘူး။ ဘတ္စ္ကားေပၚမွာ တီးတိုးတီးတိုး သူတို႔အခ်င္းခ်င္း ေျပာေနတာကို ၾကားခဲ့ၿပီး တအံ့တၾသ ျဖစ္ခဲ့ရတာ။ ကိုယ္ၾကားသလို သူတို႔ အနီးအနားက တျခားသူေတြလည္း ၾကားႏိုင္တာပဲ။
မိန္းကေလး ေတြကေတာ့ ႐ုပ္ကေလး ငယ္ငယ္ႏုႏု ျပင္ျပင္ဆင္ဆင္ ေလးေတြနဲ႔ မထင္ရက္စရာ ေလးေတြပါ။ ႐ုံးဝတ္စုံ ဆင္တူေလး ဝတ္ထားတာ ေတြ႕ရခဲ့လို႔ စာရိတၱမေကာင္းတဲ့ မိန္းကေလးေတြမို႔ ဒီလို ေပါ့ေပါ့တန္တန္ သေဘာထားတယ္ လို႔လည္း ေျပာမရဘူးေလ။ အပ်ိဳ လို႔သာ ဆိုရတာ ေယာက်ာ္းေလး နဲ႔လည္း စပ္ယွက္ဖူးတယ္ ၊ ကေလးလည္း ဖ်က္ဖူးတယ္။
ဘယ္မွာလဲ အရွက္ ဆိုတာ.. ကေလးဖ်က္တယ္ ဆိုတာ ကေလးေမြးသလိုပဲ အရွက္ကုန္ တာပါ။ ကေလးအေကာင္လိုက္ အသက္ရွင္လ်က္ ေကြၽးေမြးျပဳစုရတာနဲ႔ အေကာင္ မေရာက္တေရာက္ အသက္ မရွိေသးတာ (တခါတေလ အသက္ ရွိေနတာ) ကို သားအိမ္ထဲက ဖ်က္ထုတ္လိုက္တာပဲ ကြာတယ္။
အခါခါ ဖ်က္ဖူးရင္ အခါခါ အရွက္ကုန္သြားၿပီမို႔ အတူေနတယ္ ဆိုတာလည္း မထူးဆန္းေတာ့ဘူး ၊ ဖ်က္တယ္ ဆိုတာလည္း မထူးဆန္းေတာ့ဘူး ျဖစ္လာတယ္။ မထူးေတာ့ဘူး ဆိုတဲ့ မိန္းကေလးေတြက တြဲသမွ် ေယာက်ာ္းတိုင္းနဲ႔ အိပ္ဖို႔ အညႇာလြယ္တယ္။
တခါတေလ ေယာက်ာ္ေလးက မစရင္ေတာင္ သူတို႔ေတြက စၿပီး ျမႇဴ ဆြယ္ တတ္ၾကတယ္။ သူတို႔အတြက္က ဘာမွမထူးေတာ့ဘူး လို႔ ခံယူထားတဲ့အတြက္ ခပ္သာသာ အမ်ိဳးေကာင္းသားေလး ေတြ႕ရင္ အမိဖမ္းမယ္ ဆိုတဲ့စိတ္က ႀကီးစိုးသြားခဲ့ၿပီမို႔ သူမ်ားခင္ပြန္း ၊ သူမ်ားရည္းစား ဆိုတာကိုလည္း စည္းထားၿပီး မေရွာင္ႏိုင္ေတာ့ဘူးေလ။
ေယာက်္ားေတြနဲ႔ အခါခါေန ၊ ကေလးအခါခါ ဖ်က္ဖူးၿပီ ဆိုေတာ့ မထူးဇတ္ခင္းရင္းနဲ႔ ေယာက်ာ္း အထာလည္း နပ္လာတယ္။ မိန္းမက်မ္းေၾကတဲ့ အမ်ိဳးသား ဆိုတာ အမ်ိဳးသမီးမ်ားစြာနဲ႔ ပတ္သက္ ဆက္ယွက္ဖူးလို႔ မိန္းကေလး အထာသိၿပီး ဘယ္လို ကိုင္တြယ္ရမယ္ လို႔ ပါးနပ္ေနတာပါ။
ဒီအတိုင္း ပါပဲ။ ေယာက်ာ္းက်မ္း ေၾကတဲ့ အမ်ိဳးသမီး ဆိုတာ အမ်ိဳးသားမ်ားစြာနဲ႔ ပတ္သက္ဆက္ယွက္ဖူးလို႔ ေယာက်ာ္းေလး အထာသိၿပီး ဘယ္လိုကိုင္တြယ္ရမယ္ လို႔ ပါးနပ္ေနတာပါ။ အပ်ိဳစင္ စစ္စစ္ေတြထက္ ဒီလို အမ်ိဳးသမီးေတြက အမ်ိဳးသားေတြကို ပိုၿပီး ညဳတတ္ ၊ ယုယတတ္ ၊ ဆြဲေဆာင္တတ္ၾကတယ္။
မိန္းမက်မ္းေၾကတဲ့ အမ်ိဳးသားေတြကလည္း လူပ်ိဳ စစ္စစ္ေတြထက္ မိန္းကေလးေတြကို အညႇာကိုင္ႏိုင္ၾကတယ္။ ကိုယ့္ရည္းစားဟာ ဒီဘက္မွာ ဆရာႀကီးတပိုင္း ျဖစ္ေနၿပီ ဆိုရင္ေတာ့ ခပ္ျမန္ျမန္ ေရွာင္ေပေတာ့ေပါ့။ ၾကာၾကာဝါးေလ ခါးေလဆိုတာ သူတို႔လို လူမ်ိဳးေတြပါ။
တခ်ိဳ႕က်ေတာ့ လိင္အာသာ ဆႏၵျဖည့္ဖို႔ထက္ တဦးအေၾကာင္းတဦး ပိုသိလိုၿပီး တကယ္လည္းခ်စ္ ၊ တကယ္ လက္ထပ္ဖို႔လည္း ရည္႐ြယ္ၿပီး ႏွစ္ဦးသေဘာတူ အတူေနၿပီး လက္ထပ္သြားၾကတာေတြလည္း ေတြ႕ရပါတယ္။ လက္မထပ္ခင္ အတူေနၾကပါလို႔ ကြၽန္မက တိုက္တြန္းမွာ မဟုတ္သလို လက္မထပ္ခင္ အတူမေနၾကနဲ႔လို႔ ကြၽန္မက ပိတ္ပင္တားဆီးမွာ မဟုတ္ပါဘူး။
ကိုယ့္စိတ္ ၊ ကိုယ့္ကိုယ္မို႔ ကိုယ္ျဖစ္ ကိုယ္ခံေပါ့။ သူမ်ားတိုက္တြန္းလို႔လည္း အတူမေနၾကပါနဲ႔။ တကယ္ ဗိုက္ထြက္လာရင္ ကိုယ့္ဗိုက္ပဲ ထြက္လာမွာ။ ၾကာၾကာဝါးမယ့္သြား အ႐ိုးၾကည့္ေရွာင္ ဆိုသလို ေနခ်င္သပဆိုလည္း ေနၾကေပါ့။
ဒါေပမယ့္ အနည္းဆုံး ရာဘာေလးေတာ့ သုံးေပါ့။ ေရရွည္က်န္းမာေရးအရ ဒီလိုပဲ တိုက္တြန္းရမွာပဲ။ ေဆးထိုးရင္လည္း အမ်ိဳးသမီး ၊ ေဆးေသာက္ေတာ့လည္း အမ်ိဳးသမီး ၊ လက္ေမာင္းပိုက္ထည့္လည္း အမ်ိဳးသမီး ၊ Loop ထည့္လည္း အမ်ိဳးသမီး ၊ သားအိမ္ေကာင္းေကာင္း အလုပ္လုပ္ရင္ ကေလး ရႏိုင္တာမို႔ ကေလးမရခ်င္ရင္ ကေလးမရေအာင္ တားရမွာက မိန္းမသားေတြရဲ႕ ဘဝေပးတာဝန္ပါ။
ေနာင္မွ ကိုယ့္လူက တာဝန္မယူလို႔ အျပစ္မတင္နဲ႔ေလ။ သူတာဝန္ ယူယူ ၊ မယူယူ ကိုယ့္တာဝန္ေတာ့ ကိုယ္ယူပါ။ ကြၽန္မသာ အႀကံေပးခြင့္ ရမယ္ဆို ခ်စ္႐ုံနဲ႔ အတူမေနပါနဲ႔။ ေယာက်္ားေကာင္း မဟုတ္တဲ့သူနဲ႔ ဆုံခဲ့ရင္ ကိုယ့္မိန္းမ တန္ဖိုးပဲ က်တာ။ သိကၡာခ်တတ္တဲ့ သူနဲ႔ေတြ႕ရင္ ကိုယ့္မိန္းမသိကၡာနဲ႔ အိေျႏၵေတြပဲ က်တာ။
လူ႔အတြင္းစိတ္ ဆိုတာ အျပင္ပန္း ၾကည့္႐ုံနဲ႔ မသိႏိုင္တာမို႔ အနည္းဆုံး ေျခာက္လ ၊ တႏွစ္ေလာက္ေတာ့ သူ႔အေၾကာင္းကို ထဲထဲဝင္ဝင္ ေလ့လာၿပီး သူနဲ႔ ႏွစ္ဦးသေဘာတူ ေရွ႕ဆက္ အတူလက္တြဲလိုတယ္ ဆို ႏွစ္ဦးသား လက္ထပ္ဖို႔ ေငြစု ၊ ဆႏၵႀကီးေတာ့လည္း အတူေနၾကေပါ့။ (သူ႔စိတ္ သူ႔သေဘာမို႔ ကိုယ္တားလည္း ရတာမွ မဟုတ္တာ။)
အတူေနၿပီး သူနဲ႔ အခန႔္မသင့္လို႔ ကြဲသြားသည့္တိုင္ မထူးဇတ္ခင္းၿပီး တြဲတဲ့သူတိုင္းနဲ႔ အိပ္တာမ်ိဳး မလုပ္ပါနဲ႔။ စိတ္ဓါတ္ က်ၿပီးေတာ့လည္း ေတြ႕ရာသူနဲ႔ တြဲေနတာ ၊ ျဖစ္ပ်က္ခ်င္သလို ျဖစ္ပ်က္ေနတာမ်ိဳး မလုပ္ပါနဲ႔။ သုံးလိုက္တဲ့ ေဆးေတြရဲ႕အာနိသင္ဆိုတာ ကိုယ္ထဲမွာ က်န္ခဲ့တာ။
အတည္မယူဘဲ တြဲတုန္း အတူေနျဖစ္ခဲ့လို႔ သုံးခဲ့တဲ့ ေဆးေတြေၾကာင့္ တကယ္ အိမ္ေထာင္ရက္သား က်လို႔ ကေလး အတည္ ယူခ်င္ပါတယ္ ဆိုလို႔ မရႏိုင္တဲ့ စုံတြဲေတြ အမ်ားႀကီး။ ကိုယ္လုပ္တာ ကိုယ္ပဲ သိတယ္ေလ။ ဒီကိုယ္ႀကီးက သက္ေသျပေနတာေပါ့။
ဒါေၾကာင့္ ျဖစ္ႏိုင္ရင္ အတည္ မယူေသးဘဲ အတူမေနပါနဲ႔။ ဆူးေပၚ ဖက္က်က် ဖက္ေပၚ ဆူးက်က် ဖက္ပဲေပါက္တဲ့ မိန္းကေလး သဘာဝမို႔ မိန္းမသား ဆိုတာ နာဖက္ကပါပဲ။
Credit – Burmesehearts
Unicodeဖြင့်ဖတ်ရန်
ရည်းစားနဲ့ မယူသေးခင် အတူအိပ်သင့်လား..
ရည်းစားနဲ့ မယူခင် အတူနေသင့်သလား ၊ မနေသင့်ဘူးလား လို့ လာမေးခဲ့ဖူးသူ ရှိတယ်။ အဲဒီမေးခွန်းကို မဖြေခင် ကျွန်မက သူမကို ပြန်မေးလိုက်တယ်။ ဘာရည်ရွယ်ချက်နဲ့ အတူ နေချင်တာလဲလို့။
ရည်းစားရဲ့ ဆန္ဒဖြည့်ဖို့ အတူ သွားအိပ်မှာလား။
ရည်းစားနဲ့ အတူအိပ်ရုံ (လိင် အာသာဖြေရုံ) အတူနေမှာလား။
အပျို မဟုတ်တဲ့ အတူတူ မထူးပါဘူးလေ ဆိုပြီး တွဲတဲ့သူနဲ့ မြဲအောင် အတူ သွားအိပ်မှာလား။
အဖော်စုံရုံ ၊ ပျော်ရုံလေး အခြေအနေဖန်လာရင် တွေ့တဲ့သူနဲ့ အိပ်လိုက်မှာလား။
အိမ်ထောင်ဘက် အဖြစ် ရည်ရွယ်ထားလို့ တယောက်အကြောင်း တယောက် ပိုသိလာအောင် တခါ အိပ်ရုံမဟုတ် ရေရှည်သဘော နေသွားချင်တာလား။
ဒီမေးခွန်းတွေကို ကိုယ့်ဘာသာကိုယ် အရင် ပြန်မေးပြီးမှ လက်မထပ် ရသေးတဲ့ အမျိုးသားနဲ့ စပ်ယှက်ဖို့ကို တွေးပါ။ တကယ်တော့ မြန်မာ လူမှုဝန်းကျင်မှာ မိန်းမပျိုလေး မှန်ရင် ဘယ်အမျိုးသားနဲ့မှ လက်မထပ်သေးဘဲ အတူမနေရဘူး။ လိင်ပိုင်းဆိုင်ရာ မစပ်ယှက်ရဘူးလို့ တားမြစ်လက်ခံ ထားကြတာပါ။
ဘယ်လိုပဲ ဖြစ်ဖြစ်လေ။ ကလေးတွေ မသိတမျိုး ၊ သိတမျိုး ဖျက်ချနေတာ ၊ စွန့်ပစ် ကလေးတွေ များလာတာ တွေဟာ လက်မထပ်ခင် အတူနေကြခြင်း ဖြစ်တယ် လို့ သက်သေခံနေပါတယ်။ ဒါကြောင့်ပဲ ဘာဖြစ်လို့ အတူ နေချင်တာလဲ လို့ ကိုယ့်ဘာသာကိုယ် ပြန်မေးခိုင်းတာပါ။
နိုင်ငံရပ်ခြားမှာ လက်မထပ်သေးဘဲ အတူနေကြတဲ့ စုံတွဲတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့က တညအိပ်ရုံ ဆက်ဆံရေး ၊ ပိုလေးနက်လာရင် ခဏ ခဏ ချိန်းတွဲကြည့်တဲ့ ဆက်ဆံရေး ၊ ပိုလေးနက်လာရင် တမိုးအောက်မှာ အတူပြောင်းနေကြတဲ့ ဆက်ဆံရေး ၊ ပိုလေးနက်လာရင် လက်ထပ်ခွင့် တောင်းပြီး စေ့စပ်ထားတဲ့ ဆက်ဆံရေး ၊ ပိုလေးနက်လာရင်တော့ တစ်ဘဝစာ လက်ထပ် ပေါင်းသင်းခြင်းပါပဲ။
ဒီတော့ အမျိုးသားနဲ့ အတူ နေချင်တဲ့ ကိုယ်ကကော ဘယ်အဆင့် မျိုးမှာလဲ။ အများအားဖြင့်က ခဏ ခဏ ချိန်းတွဲကြည့်တဲ့ ဆက်ဆံရေး ဖြစ်နေပြီး တချို့တွေက တခါအိပ်ရုံ ဆက်ဆံရေးလည်း ရှိတယ်လို့ ကြားသိရပါတယ်။
တခါက တူအရွယ် လူငယ်လေးက အုပ်စုလိုက် လျှောက်လည်ရင်း သူ့သူငယ်ချင်း ရည်းစားနဲ့ အတူနေ ဖြစ်သွားတာ ဘာလုပ်ရမလဲ လို့ လာတိုင်ပင် ဖူးတယ်။ မြန်မာပြည်မှာ အုပ်စုလိုက် အလည်ထွက်ရင်းက ကိုယ့်သူငယ်ချင်း ရည်းစားနဲ့ အတူ အိပ်လို့ ရတဲ့ခေတ် ဖြစ်သွားပြီလား လို့ ကျွန်မ အတော်အံ့သြ သွားခဲ့တယ်။
မတော်လို့ ကိုယ်ဝန် ရှိလာရင် မင်းဘယ်လို တာဝန်ယူမလဲ ဆိုတော့ ကျွန်တော်က တခါပဲ စားတာတဲ့ ၊ သူ့သူငယ်ချင်းက အခါခါ စားနေတာမို့ ယူမယ့်ယူ သူတာဝန် ယူရမှာပေါ့တဲ့ ၊ ကျွန်တော်နဲ့ အဝေးကြီးလို့လည်း ပေါ့တန်တန် ပြောတာ ကြားဖူးခဲ့တယ်။ မြန်မာပြည်မှာ ဒီလို အကန့်တွေလည်း ရှိတယ်တဲ့။
သြော် ခေတ်တွေ ကမောက်ကမ ပြောင်းသွားခဲ့ပြီပဲလို့ ကျွန်မ လက်ခံလိုက်ရတယ်။ သူ့ သူငယ်ချင်းနဲ့ အိပ်ခဲ့တဲ့ မိန်းကလေးလို့ တွဲနေတဲ့ ကောင်လေးသိသွားရင် ၊ မှားယွင်းလို့ ကလေးရသွားပြီး အဖေလို့ ခေါ်နေသူနဲ့ မျိုးရိုးဗီဇ အပါအဝင် ရုပ်ရည်ချင်း မတူရင် ယူဖြစ်စေဦးတော့ ဒီအိမ်ထောင်ရေး ဘယ်လို သာသာယာယာ မြဲမြံတော့မလဲ။
ဒီမိန်းကလေး ဘယ်လို ခံယူချက်မျိုးနဲ့ ရည်စား သူငယ်ချင်းနဲ့ စပ်ယှက်ဖို့ သဘောတူ လက်ခံခဲ့သလဲ တွေးနိုင်ဖို့ ကျွန်မ ဦးနှောက်က ဉာဏ်မမီနိုင်ပါဘူး။ မတော်မတက် ကလေးများရခဲ့ရင် ကလေးခမျာ သနားစရာ။
တချို့တွေက အသက်ငယ်ငယ်လေးနဲ့ သူ့ရည်းစားနဲ့ အဆင်မပြေလို့ မတော်တဆ ရခဲ့တဲ့ကလေး ဖျက်ချတဲ့ အကြောင်းကို ရုပ်ရှင်အကြောင်း ပြောသလို အေးအေးဆေးဆေး ပြောနေနိုင်တာမျိုးလည်း ကြားခဲ့ဖူးတယ်။
မြန်မာပြည်မှာနော် မြန်မာပြည်မှာ ကြားတာ။ သူများစကားပြောတာ သွားပြီး ချောင်းနားမထောင်ပါဘူး။ ဘတ်စ်ကားပေါ်မှာ တီးတိုးတီးတိုး သူတို့အချင်းချင်း ပြောနေတာကို ကြားခဲ့ပြီး တအံ့တသြ ဖြစ်ခဲ့ရတာ။ ကိုယ်ကြားသလို သူတို့ အနီးအနားက တခြားသူတွေလည်း ကြားနိုင်တာပဲ။
မိန်းကလေး တွေကတော့ ရုပ်ကလေး ငယ်ငယ်နုနု ပြင်ပြင်ဆင်ဆင် လေးတွေနဲ့ မထင်ရက်စရာ လေးတွေပါ။ ရုံးဝတ်စုံ ဆင်တူလေး ဝတ်ထားတာ တွေ့ရခဲ့လို့ စာရိတ္တမကောင်းတဲ့ မိန်းကလေးတွေမို့ ဒီလို ပေါ့ပေါ့တန်တန် သဘောထားတယ် လို့လည်း ပြောမရဘူးလေ။ အပျို လို့သာ ဆိုရတာ ယောကျာ်းလေး နဲ့လည်း စပ်ယှက်ဖူးတယ် ၊ ကလေးလည်း ဖျက်ဖူးတယ်။
ဘယ်မှာလဲ အရှက် ဆိုတာ.. ကလေးဖျက်တယ် ဆိုတာ ကလေးမွေးသလိုပဲ အရှက်ကုန် တာပါ။ ကလေးအကောင်လိုက် အသက်ရှင်လျက် ကျွေးမွေးပြုစုရတာနဲ့ အကောင် မရောက်တရောက် အသက် မရှိသေးတာ (တခါတလေ အသက် ရှိနေတာ) ကို သားအိမ်ထဲက ဖျက်ထုတ်လိုက်တာပဲ ကွာတယ်။
အခါခါ ဖျက်ဖူးရင် အခါခါ အရှက်ကုန်သွားပြီမို့ အတူနေတယ် ဆိုတာလည်း မထူးဆန်းတော့ဘူး ၊ ဖျက်တယ် ဆိုတာလည်း မထူးဆန်းတော့ဘူး ဖြစ်လာတယ်။ မထူးတော့ဘူး ဆိုတဲ့ မိန်းကလေးတွေက တွဲသမျှ ယောကျာ်းတိုင်းနဲ့ အိပ်ဖို့ အညှာလွယ်တယ်။
တခါတလေ ယောကျာ်လေးက မစရင်တောင် သူတို့တွေက စပြီး မြှူ ဆွယ် တတ်ကြတယ်။ သူတို့အတွက်က ဘာမှမထူးတော့ဘူး လို့ ခံယူထားတဲ့အတွက် ခပ်သာသာ အမျိုးကောင်းသားလေး တွေ့ရင် အမိဖမ်းမယ် ဆိုတဲ့စိတ်က ကြီးစိုးသွားခဲ့ပြီမို့ သူများခင်ပွန်း ၊ သူများရည်းစား ဆိုတာကိုလည်း စည်းထားပြီး မရှောင်နိုင်တော့ဘူးလေ။
ယောကျ်ားတွေနဲ့ အခါခါနေ ၊ ကလေးအခါခါ ဖျက်ဖူးပြီ ဆိုတော့ မထူးဇတ်ခင်းရင်းနဲ့ ယောကျာ်း အထာလည်း နပ်လာတယ်။ မိန်းမကျမ်းကြေတဲ့ အမျိုးသား ဆိုတာ အမျိုးသမီးများစွာနဲ့ ပတ်သက် ဆက်ယှက်ဖူးလို့ မိန်းကလေး အထာသိပြီး ဘယ်လို ကိုင်တွယ်ရမယ် လို့ ပါးနပ်နေတာပါ။
ဒီအတိုင်း ပါပဲ။ ယောကျာ်းကျမ်း ကြေတဲ့ အမျိုးသမီး ဆိုတာ အမျိုးသားများစွာနဲ့ ပတ်သက်ဆက်ယှက်ဖူးလို့ ယောကျာ်းလေး အထာသိပြီး ဘယ်လိုကိုင်တွယ်ရမယ် လို့ ပါးနပ်နေတာပါ။ အပျိုစင် စစ်စစ်တွေထက် ဒီလို အမျိုးသမီးတွေက အမျိုးသားတွေကို ပိုပြီး ညုတတ် ၊ ယုယတတ် ၊ ဆွဲဆောင်တတ်ကြတယ်။
မိန်းမကျမ်းကြေတဲ့ အမျိုးသားတွေကလည်း လူပျို စစ်စစ်တွေထက် မိန်းကလေးတွေကို အညှာကိုင်နိုင်ကြတယ်။ ကိုယ့်ရည်းစားဟာ ဒီဘက်မှာ ဆရာကြီးတပိုင်း ဖြစ်နေပြီ ဆိုရင်တော့ ခပ်မြန်မြန် ရှောင်ပေတော့ပေါ့။ ကြာကြာဝါးလေ ခါးလေဆိုတာ သူတို့လို လူမျိုးတွေပါ။
တချို့ကျတော့ လိင်အာသာ ဆန္ဒဖြည့်ဖို့ထက် တဦးအကြောင်းတဦး ပိုသိလိုပြီး တကယ်လည်းချစ် ၊ တကယ် လက်ထပ်ဖို့လည်း ရည်ရွယ်ပြီး နှစ်ဦးသဘောတူ အတူနေပြီး လက်ထပ်သွားကြတာတွေလည်း တွေ့ရပါတယ်။ လက်မထပ်ခင် အတူနေကြပါလို့ ကျွန်မက တိုက်တွန်းမှာ မဟုတ်သလို လက်မထပ်ခင် အတူမနေကြနဲ့လို့ ကျွန်မက ပိတ်ပင်တားဆီးမှာ မဟုတ်ပါဘူး။
ကိုယ့်စိတ် ၊ ကိုယ့်ကိုယ်မို့ ကိုယ်ဖြစ် ကိုယ်ခံပေါ့။ သူများတိုက်တွန်းလို့လည်း အတူမနေကြပါနဲ့။ တကယ် ဗိုက်ထွက်လာရင် ကိုယ့်ဗိုက်ပဲ ထွက်လာမှာ။ ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင် ဆိုသလို နေချင်သပဆိုလည်း နေကြပေါ့။
ဒါပေမယ့် အနည်းဆုံး ရာဘာလေးတော့ သုံးပေါ့။ ရေရှည်ကျန်းမာရေးအရ ဒီလိုပဲ တိုက်တွန်းရမှာပဲ။ ဆေးထိုးရင်လည်း အမျိုးသမီး ၊ ဆေးသောက်တော့လည်း အမျိုးသမီး ၊ လက်မောင်းပိုက်ထည့်လည်း အမျိုးသမီး ၊ Loop ထည့်လည်း အမျိုးသမီး ၊ သားအိမ်ကောင်းကောင်း အလုပ်လုပ်ရင် ကလေး ရနိုင်တာမို့ ကလေးမရချင်ရင် ကလေးမရအောင် တားရမှာက မိန်းမသားတွေရဲ့ ဘဝပေးတာဝန်ပါ။
နောင်မှ ကိုယ့်လူက တာဝန်မယူလို့ အပြစ်မတင်နဲ့လေ။ သူတာဝန် ယူယူ ၊ မယူယူ ကိုယ့်တာဝန်တော့ ကိုယ်ယူပါ။ ကျွန်မသာ အကြံပေးခွင့် ရမယ်ဆို ချစ်ရုံနဲ့ အတူမနေပါနဲ့။ ယောကျ်ားကောင်း မဟုတ်တဲ့သူနဲ့ ဆုံခဲ့ရင် ကိုယ့်မိန်းမ တန်ဖိုးပဲ ကျတာ။ သိက္ခာချတတ်တဲ့ သူနဲ့တွေ့ရင် ကိုယ့်မိန်းမသိက္ခာနဲ့ အိန္ဒြေတွေပဲ ကျတာ။
လူ့အတွင်းစိတ် ဆိုတာ အပြင်ပန်း ကြည့်ရုံနဲ့ မသိနိုင်တာမို့ အနည်းဆုံး ခြောက်လ ၊ တနှစ်လောက်တော့ သူ့အကြောင်းကို ထဲထဲဝင်ဝင် လေ့လာပြီး သူနဲ့ နှစ်ဦးသဘောတူ ရှေ့ဆက် အတူလက်တွဲလိုတယ် ဆို နှစ်ဦးသား လက်ထပ်ဖို့ ငွေစု ၊ ဆန္ဒကြီးတော့လည်း အတူနေကြပေါ့။ (သူ့စိတ် သူ့သဘောမို့ ကိုယ်တားလည်း ရတာမှ မဟုတ်တာ။)
အတူနေပြီး သူနဲ့ အခန့်မသင့်လို့ ကွဲသွားသည့်တိုင် မထူးဇတ်ခင်းပြီး တွဲတဲ့သူတိုင်းနဲ့ အိပ်တာမျိုး မလုပ်ပါနဲ့။ စိတ်ဓါတ် ကျပြီးတော့လည်း တွေ့ရာသူနဲ့ တွဲနေတာ ၊ ဖြစ်ပျက်ချင်သလို ဖြစ်ပျက်နေတာမျိုး မလုပ်ပါနဲ့။ သုံးလိုက်တဲ့ ဆေးတွေရဲ့အာနိသင်ဆိုတာ ကိုယ်ထဲမှာ ကျန်ခဲ့တာ။
အတည်မယူဘဲ တွဲတုန်း အတူနေဖြစ်ခဲ့လို့ သုံးခဲ့တဲ့ ဆေးတွေကြောင့် တကယ် အိမ်ထောင်ရက်သား ကျလို့ ကလေး အတည် ယူချင်ပါတယ် ဆိုလို့ မရနိုင်တဲ့ စုံတွဲတွေ အများကြီး။ ကိုယ်လုပ်တာ ကိုယ်ပဲ သိတယ်လေ။ ဒီကိုယ်ကြီးက သက်သေပြနေတာပေါ့။
ဒါကြောင့် ဖြစ်နိုင်ရင် အတည် မယူသေးဘဲ အတူမနေပါနဲ့။ ဆူးပေါ် ဖက်ကျကျ ဖက်ပေါ် ဆူးကျကျ ဖက်ပဲပေါက်တဲ့ မိန်းကလေး သဘာဝမို့ မိန်းမသား ဆိုတာ နာဖက်ကပါပဲ။
Credit – Burmesehearts


မှတ်ချက်များ