စည္းကမ္းမဲ့သူေတြေၾကာင့္ ျပင္ဦးလြင္ ထပ္တရာပန္းခင္းပ်က္စီးမႈေတြရွိလို႔ ပိတ္ထားရ




Zawgyi ျဖင့္ဖတ္ရန္

အပင္ေတြကိုတက္နင္းလို႔ ပန္းပင္ေတြက်ိဳးခဲ့ပါတယ္။ပန္းၿခံထဲ ဓာတ္ပုံဝင္႐ိုက္တဲ့ သူေတြက ေဖာက္ထားတဲ့လမ္းအတိုင္းမသြားပဲ ကန႔္လန႔္ျဖတ္ေတြဝင္ၾကတာေၾကာင့္ ပန္းခင္း တစ္ဧကရဲ႕ (၃)ရာခိုင္ႏႈန္းေလာက္ အပင္ေတြက်ိဳးၿပီးပ်က္စီးခဲ့တယ္လို႔ ၿခံမန္ေနဂ်ာ ကိုမင္းေအာင္ဦးက ေျပာပါတယ္။

လူေတြအားလုံးစိတ္ဝင္စားမႈရွိၿပီး ျပင္ဦးလြင္ၿမိဳ႕က လိေမၼာ္ေရာင္ပန္းေတြနဲ႔ ျပည့္ကာ လွပလွ်က္ရွိတဲ့ ထပ္တရာ ပန္းၿခံႀကီးကိုေတာ့ အခုခ်ိန္မွာ လူေတြရဲ႕စည္းကမ္းမရွိမႈေၾကာင့္ ပန္းခင္းထဲ ဓာတ္ပုံဝင္႐ိုက္ခြင့္ကို ပိတ္လိုက္ရျခင္းျဖစ္တယ္လို႔ ၿခံတာဝန္ရွိသူကေျပာပါတယ္။ ယခင္က ပန္းခင္းထဲကို မည္သူမဆိုအလွဓာတ္ပုံေတြဝင္႐ိုက္ခြင့္ျပဳခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ စည္းကမ္းမရွိတဲ့လူတခ်ိဳ႕ေၾကာင့္ ပန္းခင္းထဲက အပင္ေတြက်ိဳးကုန္တဲ့ အထိျဖစ္ခဲ့ရပါတယ္။





"ကြၽန္ေတာ္တို႔က ဓာတ္ပုံလာ႐ိုက္သူေတြကို ပန္းခင္းထဲမွာ အမႈိက္ေတြကို အရမ္းမစြန႔္ပစ္ဖို႔၊ ပန္းပင္ေတြမက်ိဳးလဲဖို႔၊ စည္းကမ္းရွိဖို႔ေတြကို တင္းတင္းၾကပ္ၾကပ္ေဆာင္႐ြက္ပါတယ္။ လူကေတာ္ေတာ္မ်ားတယ္ တစ္ေန႔ကို ေထာင္ဂဏန္းေလာက္လာတယ္။ ပထမပိုင္းမွာေတာ့ (၄)ဧကလုံးကိုေပးဝင္တယ္။(၃)ရက္ေလာက္ၾကာေတာ့ ထိန္းမရေတာ့ဘူး။ေတာ္ေတာ္မ်ားမ်ားက အရမ္းကာေရာေတြဝင္တယ္၊ လမ္းအတိုင္းမသြားဘူး။ ကန႔္လန႔္ေတြသြားေတာ့ ပန္းပင္ေတြကက်ိဳးလာၿပီ။ ဒီလိုကေတာ့ မျဖစ္ဘူး ကန႔္သတ္မွျဖစ္ေတာ့မယ္ဆိုၿပီး ဓာတ္ပုံ႐ိုက္ခြင့္ကို ပိတ္လိုက္တာျဖစ္တယ္" လို႔ ၿခံမန္ေနဂ်ာ ကိုမင္းေအာင္ဦးက Duwun ကိုေျပာပါတယ္။

ထပ္တရာပန္းၿခံႀကီးမွာ ဓာတ္ပုံဝင္႐ိုက္ခြင့္ကို ႏိုဝင္ဘာ(၁၉)ရက္ေန႔ စတင္ၿပီး ပိတ္ခဲ့တာပါ။ ၿခံတာဝန္ရွိသူေတြအေနနဲ႔ အဆိုပါပန္းေတြကို ေရာင္းဖို႔အတြက္ အဓိက စိုက္ပ်ိဳးထားတာျဖစ္ၿပီး ပန္းခင္းႀကီးကလွေနေတာ့ အမ်ားျပည္သူေတြကို အလွတရားေတြခံစားႏိုင္ေအာင္ဆိုၿပီး ဓာတ္ပုံဝင္႐ိုက္ခြင့္ေတြကို ခြင့္ျပဳခဲ့တာလည္းျဖစ္တယ္လို႔ ကိုမင္းေအာင္ဦးက ေျပာပါတယ္။



လွပတဲ့ ထပ္တရာပန္းၿခံႀကီးဟာ ဧက (၄)ဧကက်ယ္ဝန္းၿပီးေတာ့ အပင္ေတြက်ိဳးၿပီးထိခိုက္ပ်က္ဆီးမႈက တစ္ဧကစိုက္ခင္းရဲ႕(၃)ရာခိုင္ႏႈန္းေလာက္ ဆုံးရႈံးခဲ့တယ္လို႔ ၿခံမန္ေနဂ်ာကေျပာပါတယ္။ ဒီပန္းခင္းႀကီးျဖစ္လာဖို႔ လြန္ခဲ့တဲ့ ၾသဂုတ္လက အပင္ေတြကို စိုက္ပ်ိဳးခဲ့တာျဖစ္ၿပီး (၃)လေလာက္အၾကာမွာ အခုလို လွပတဲ့ ပန္းခင္းမ်ိဳးႀကီးျဖစ္လာခဲ့တာပါ။ဒီစိုက္ခင္းကို ပထမအႀကိမ္စမ္းၿပီးစိုက္ပ်ိဳးခဲ့ရာမွာလက္ရွိမွာေတာ့ ေအာင္ျမင္တယ္လို႔ ေျပာလို႔ရေၾကာင္းဆိုပါတယ္။ လာေရာက္လည္ပတ္တဲ့ျပည္သူေတြကိုေတာ့ ပန္းခင္းထဲဝင္ေရာက္ၿပီးဓာတ္ပုံ႐ိုက္ခြင့္ကို ပိတ္ထားေပမယ့္ ၿခံရဲ႕အျပင္ဘက္ကေတာ့ ႐ိုက္ခြင့္ျပဳထားတယ္လို႔ သိရပါတယ္။

Credit: Duwun 


Unicode ဖြင့်ဖတ်ရန်

စည်းကမ်းမဲ့သူတွေကြောင့် ပြင်ဦးလွင် ထပ်တရာပန်းခင်းပျက်စီးမှုတွေရှိလို့ ပိတ်ထားရ


အပင်တွေကိုတက်နင်းလို့ ပန်းပင်တွေကျိုးခဲ့ပါတယ်။ပန်းခြံထဲ ဓာတ်ပုံဝင်ရိုက်တဲ့ သူတွေက ဖောက်ထားတဲ့လမ်းအတိုင်းမသွားပဲ ကန့်လန့်ဖြတ်တွေဝင်ကြတာကြောင့် ပန်းခင်း တစ်ဧကရဲ့ (၃)ရာခိုင်နှုန်းလောက် အပင်တွေကျိုးပြီးပျက်စီးခဲ့တယ်လို့ ခြံမန်နေဂျာ ကိုမင်းအောင်ဦးက ပြောပါတယ်။

လူတွေအားလုံးစိတ်ဝင်စားမှုရှိပြီး ပြင်ဦးလွင်မြို့က လိမ္မော်ရောင်ပန်းတွေနဲ့ ပြည့်ကာ လှပလျှက်ရှိတဲ့ ထပ်တရာ ပန်းခြံကြီးကိုတော့ အခုချိန်မှာ လူတွေရဲ့စည်းကမ်းမရှိမှုကြောင့် ပန်းခင်းထဲ ဓာတ်ပုံဝင်ရိုက်ခွင့်ကို ပိတ်လိုက်ရခြင်းဖြစ်တယ်လို့ ခြံတာဝန်ရှိသူကပြောပါတယ်။ ယခင်က ပန်းခင်းထဲကို မည်သူမဆိုအလှဓာတ်ပုံတွေဝင်ရိုက်ခွင့်ပြုခဲ့ပေမယ့် အခုချိန်မှာတော့ စည်းကမ်းမရှိတဲ့လူတချို့ကြောင့် ပန်းခင်းထဲက အပင်တွေကျိုးကုန်တဲ့ အထိဖြစ်ခဲ့ရပါတယ်။



"ကျွန်တော်တို့က ဓာတ်ပုံလာရိုက်သူတွေကို ပန်းခင်းထဲမှာ အမှိုက်တွေကို အရမ်းမစွန့်ပစ်ဖို့၊ ပန်းပင်တွေမကျိုးလဲဖို့၊ စည်းကမ်းရှိဖို့တွေကို တင်းတင်းကြပ်ကြပ်ဆောင်ရွက်ပါတယ်။ လူကတော်တော်များတယ် တစ်နေ့ကို ထောင်ဂဏန်းလောက်လာတယ်။ ပထမပိုင်းမှာတော့ (၄)ဧကလုံးကိုပေးဝင်တယ်။(၃)ရက်လောက်ကြာတော့ ထိန်းမရတော့ဘူး။တော်တော်များများက အရမ်းကာရောတွေဝင်တယ်၊ လမ်းအတိုင်းမသွားဘူး။ ကန့်လန့်တွေသွားတော့ ပန်းပင်တွေကကျိုးလာပြီ။ ဒီလိုကတော့ မဖြစ်ဘူး ကန့်သတ်မှဖြစ်တော့မယ်ဆိုပြီး ဓာတ်ပုံရိုက်ခွင့်ကို ပိတ်လိုက်တာဖြစ်တယ်" လို့ ခြံမန်နေဂျာ ကိုမင်းအောင်ဦးက Duwun ကိုပြောပါတယ်။

ထပ်တရာပန်းခြံကြီးမှာ ဓာတ်ပုံဝင်ရိုက်ခွင့်ကို နိုဝင်ဘာ(၁၉)ရက်နေ့ စတင်ပြီး ပိတ်ခဲ့တာပါ။ ခြံတာဝန်ရှိသူတွေအနေနဲ့ အဆိုပါပန်းတွေကို ရောင်းဖို့အတွက် အဓိက စိုက်ပျိုးထားတာဖြစ်ပြီး ပန်းခင်းကြီးကလှနေတော့ အများပြည်သူတွေကို အလှတရားတွေခံစားနိုင်အောင်ဆိုပြီး ဓာတ်ပုံဝင်ရိုက်ခွင့်တွေကို ခွင့်ပြုခဲ့တာလည်းဖြစ်တယ်လို့ ကိုမင်းအောင်ဦးက ပြောပါတယ်။



လှပတဲ့ ထပ်တရာပန်းခြံကြီးဟာ ဧက (၄)ဧကကျယ်ဝန်းပြီးတော့ အပင်တွေကျိုးပြီးထိခိုက်ပျက်ဆီးမှုက တစ်ဧကစိုက်ခင်းရဲ့(၃)ရာခိုင်နှုန်းလောက် ဆုံးရှုံးခဲ့တယ်လို့ ခြံမန်နေဂျာကပြောပါတယ်။ ဒီပန်းခင်းကြီးဖြစ်လာဖို့ လွန်ခဲ့တဲ့ သြဂုတ်လက အပင်တွေကို စိုက်ပျိုးခဲ့တာဖြစ်ပြီး (၃)လလောက်အကြာမှာ အခုလို လှပတဲ့ ပန်းခင်းမျိုးကြီးဖြစ်လာခဲ့တာပါ။ဒီစိုက်ခင်းကို ပထမအကြိမ်စမ်းပြီးစိုက်ပျိုးခဲ့ရာမှာလက်ရှိမှာတော့ အောင်မြင်တယ်လို့ ပြောလို့ရကြောင်းဆိုပါတယ်။ လာရောက်လည်ပတ်တဲ့ပြည်သူတွေကိုတော့ ပန်းခင်းထဲဝင်ရောက်ပြီးဓာတ်ပုံရိုက်ခွင့်ကို ပိတ်ထားပေမယ့် ခြံရဲ့အပြင်ဘက်ကတော့ ရိုက်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

Credit: Duwun 



မှတ်ချက်များ