Zawgyiျဖင့္ဖတ္ရန္
မေလးရွားရဲတပ္ဖြဲ႕က အြန္လိုင္းမွတဆင့္ လိမ္လည္ေနသည္ဟု သံသယရွိသည့္ ဂိုဏ္းတစ္ခုအား ဝင္ေရာက္ စီးနင္းကာ တ႐ုတ္ႏိုင္ ငံသား(၇၀၀)နီးပါးကို ဖမ္းဆီး
မေလးရွားရဲတပ္ဖြဲ႕သည္ အြန္လိုင္းမွတဆင့္ လိမ္လည္ေနတဲ့ ဂိုဏ္းတစ္ခုကို ဝင္ေရာက္စီးနင္းၿပီး တ႐ုတ္ႏိုင္ငံသား(၇၀၀)နီးပါးကို ဖမ္းဆီးလိုက္ေၾကာင္းႏွင့္ ရဲတပ္ဖြဲ႕က ကြာလာလမ္ပူၿမိဳ႕ေတာ္ ေတာင္ပိုင္းရွိ (၆)ထပ္အေဆာက္အဦးတစ္ခုကို ဝင္ေရာက္စီးနင္းခဲ့ၿပီးေနာက္ သံသယရွိသူေတြကို ဖမ္းဆီးခဲ့တာျဖစ္ေၾကာင္း CNA သတင္းတြင္ေဖာ္ျပထားသည္။
အခ်ိဳ႕သံသယရွိသူေတြဟာ လုံၿခဳံေရးအရာရွိေတြကို တိုက္ခိုက္ခဲ့ၿပီး ထြက္ေျပးလြတ္ေျမာက္သြားတဲ့ သံသယရွိသူ (၁၀၀)ေက်ာ္ကိုေတာ့ လိုက္လံရွာေဖြေနတယ္လို႔ သိရၿပီး သံသယရွိသူေတြနဲ႔အတူ လိမ္လည္ရာမွာ အသုံးျပဳတဲ့ ဖုန္းအလုံး (၈၀၀၀)က်ာ္နဲ႔ ကြန္ပ်ဴတာအလုံး(၁၀၀၀)တို႔ကို သိမ္းဆည္းရမိခဲ့သည္။
အဆိုပါမေလးရွားႏိုင္ငံတြင္ အြန္လိုင္းမွ လိမ္လည္ေနေသာဂိုဏ္းဟာ တ႐ုတ္ႏိုင္ငံသားေတြ ဦးစီးဦးေဆာင္ လုပ္ေနတယ္လို႔ အာဏာပိုင္ေတြက ယူဆထားၾကၿပီး သူတို႔ေတြဟာ တ႐ုတ္ႏိုင္ငံသားေတြကို ပစ္မွတ္ထားၿပီး အျမတ္အစြန္းအမ်ားအျပားရရွိမဲ့ ရင္းႏွီးျမႇပ္ႏွံမႈေတြ လုပ္ေဆာင္ဖို႔ မက္လုံးေပးၿပီး လိမ္လည္ကမ္းလွမ္း ေနၾကတာျဖစ္သည္။
သံသယရွိသူ တ႐ုတ္အမ်ိဳးသား(၆၀၀)ေက်ာ္နဲ႔ အမ်ိဳးသမီး(၈၀)နီးပါးဟာ အလည္အပတ္ ဗီဇာနဲ႔ မေလးရွားႏိုင္ငံထဲကို ဝင္ေရာက္လာၾကတာျဖစ္ၿပီး ေဒသခံေတြရဲ႕ သတင္းေပးခ်က္အရ ဝင္ေရာက္စီးနင္းခဲ့တာျဖစ္ေၾကာင္းသိရွိရပါသည္။
Unicode ဖြင့်ဖတ်ရန်

မလေးရှားရဲတပ်ဖွဲ့က အွန်လိုင်းမှတဆင့် လိမ်လည်နေသည်ဟု သံသယရှိသည့် ဂိုဏ်းတစ်ခုအား ဝင်ရောက် စီးနင်းကာ တရုတ်နိုင် ငံသား(၇၀၀)နီးပါးကို ဖမ်းဆီး
မလေးရှားရဲတပ်ဖွဲ့သည် အွန်လိုင်းမှတဆင့် လိမ်လည်နေတဲ့ ဂိုဏ်းတစ်ခုကို ဝင်ရောက်စီးနင်းပြီး တရုတ်နိုင်ငံသား(၇၀၀)နီးပါးကို ဖမ်းဆီးလိုက်ကြောင်းနှင့် ရဲတပ်ဖွဲ့က ကွာလာလမ်ပူမြို့တော် တောင်ပိုင်းရှိ (၆)ထပ်အဆောက်အဦးတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် သံသယရှိသူတွေကို ဖမ်းဆီးခဲ့တာဖြစ်ကြောင်း CNA သတင်းတွင်ဖော်ပြထားသည်။
အချို့သံသယရှိသူတွေဟာ လုံခြုံရေးအရာရှိတွေကို တိုက်ခိုက်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ သံသယရှိသူ (၁၀၀)ကျော်ကိုတော့ လိုက်လံရှာဖွေနေတယ်လို့ သိရပြီး သံသယရှိသူတွေနဲ့အတူ လိမ်လည်ရာမှာ အသုံးပြုတဲ့ ဖုန်းအလုံး (၈၀၀၀)ကျာ်နဲ့ ကွန်ပျူတာအလုံး(၁၀၀၀)တို့ကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါမလေးရှားနိုင်ငံတွင် အွန်လိုင်းမှ လိမ်လည်နေသောဂိုဏ်းဟာ တရုတ်နိုင်ငံသားတွေ ဦးစီးဦးဆောင် လုပ်နေတယ်လို့ အာဏာပိုင်တွေက ယူဆထားကြပြီး သူတို့တွေဟာ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး အမြတ်အစွန်းအများအပြားရရှိမဲ့ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ဆောင်ဖို့ မက်လုံးပေးပြီး လိမ်လည်ကမ်းလှမ်း နေကြတာဖြစ်သည်။
သံသယရှိသူ တရုတ်အမျိုးသား(၆၀၀)ကျော်နဲ့ အမျိုးသမီး(၈၀)နီးပါးဟာ အလည်အပတ် ဗီဇာနဲ့ မလေးရှားနိုင်ငံထဲကို ဝင်ရောက်လာကြတာဖြစ်ပြီး ဒေသခံတွေရဲ့ သတင်းပေးချက်အရ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ကြောင်းသိရှိရပါသည်။
Credit: Myanmar_Online_News

မှတ်ချက်များ