ေနအိမ္မွာ ေသဆံုးလွ်က္ေတြ႕ရွိခဲ႔တဲ႔ KARA အဖဲြ႕၀င္ေဟာင္း Goo Hara
Zawgyiျဖင့္ဖတ္ရန္
ေတာင္ကိုရီးယားႏိုင္ငံရဲ႕ နာမည္ၾကီးအမ်ိဳးသမီး Idol အဖဲြ႕ျဖစ္ခဲ႔တဲ႔ KARA ရဲ႕ အဖြဲ႕၀င္ေဟာင္းတစ္ေယာက္ျဖစ္သူ Goo Hara ကို သူမရဲ႕ ေနအိမ္မွာ ေသဆံုးလွ်က္ေတြ႕ရွိခဲ႔တယ္ဆိုတဲ႔ သတင္းေတြဟာ ထြက္ေပၚလွ်က္ရွိေနပါတယ္။
ထြက္ေပၚေနတဲ႔ သတင္းေတြအရေတာ႔ Goo Hara ကို ဒီေန႔ သူမရဲ႕ ေနအိမ္မွာ ေသဆံုးလွ်က္ စတင္ေတြ႕ရွိခဲ႔သူကေတာ႔ သူမရဲ႕ မိတ္ေဆြသူငယ္ခ်င္းေတြထဲက တစ္ေယာက္ျဖစ္ျပီး ထိုသူဟာ သတိလစ္ေမ႔ေမ်ာေနတဲ႔ Goo Hara ကို ေတြ႕ေတြ႕ခ်င္းမွာပဲ အေရးေပၚဌာနကို ဆက္သြယ္အေၾကာင္းၾကားခဲ႔တယ္လို႔ သိရပါတယ္။
ဒါေပမယ္႔လည္း ေတြ႕ရွိခ်ိန္မွာ အခ်ိန္လြန္ျပီျဖစ္တာေၾကာင္႔ အသက္မကယ္တင္ႏိုင္ခဲ႔ပါဘူး။ အဲဒီေနာက္မွာေတာ႔ တာ၀န္ရွိသူေတြက Goo Hara ကို ဒီေန႔ ႏို၀င္ဘာလ ၂၄ ရက္ေန႔ ေတာင္ကိုရီးယားႏိုင္ငံစံေတာ္ခ်ိန္ ညေန ၆ နာရီမွာ ေသဆံုးလွ်က္ေတြ႕ရိွခဲ့ေၾကာင္း တရား၀င္ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
ေသဆံုးရျခင္းအေၾကာင္းအရာအေသးအစိတ္ကိုေတာ့ လက္ရိွမွာ စံုစမ္းစစ္ေဆးလွ်က္ရိွပါတယ္။ မေသဆံုးခင္အႏုပညာလႈပ္ရွားမႈေတြကို ေဖာ္ျပရရင္ေတာ့ သူမရဲ႕ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲကို အခုၿပီးခဲ့တဲ့ ႏို၀င္ဘာလ ၁၉ ရက္ေန႔မွာ အၿပီးသတ္ခဲ့တာျဖစ္ၿပီး ဂ်ပန္နိုင္ငံမွာ သီခ်င္းအသစ္ေတြထုတ္လုပ္ဖို႔ကိုလည္း ျပင္ဆင္ေနခဲ့တယ္လို႔ ဆိုပါတယ္။
စိတ္က်ေ၀ဒနာ ခံစားေနခဲ့ရတဲ့ Goo Hara ဟာ ျပီးခဲ့တဲ့ ေမလတုန္းကလည္္္း သူမကိုယ္သူမ အဆံုးစီရင္ဖို႔ႀကိဳးစားခဲ့ေပမယ့္ အခ်ိန္မီကယ္တင္ႏိုင္ခဲ့တာေၾကာင့္ အသက္မဆံုး႐ံႈးခဲ့ပါဘူး။ အဲဒီေနာက္မွာေတာ့ အႏုပညာလႈပ္ရွားမႈေတြကို ပံုမွန္အတိုင္းျပန္လည္လုပ္ကိုင္ခဲ့ကာ သူမ အဆင္ေျပေၾကာင္း၊ က်န္းမာေၾကာင္းကို ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။
ဒါေပမယ့္ အာက္တိုဘာလ ၁၄ ရက္ေန႔တုန္းက စိတ္က်ေရာဂါနဲ႔ မိမိကိုယ္ကိုယ္ကို အဆံုးစီရင္သြားခဲ့တဲ့ သူမရဲ႕ အခ်စ္ဆံုးသူငယ္ခ်င္းျဖစ္သူ Sulli ကို ဆံုး႐ံႈးလိုက္ရၿပီးေနာက္မွာေတာ့ သူမရဲ႕ လက္ေလွ်ာ့အ႐ံႈးေပးခ်င္စိတ္ေတြက သူမကို အႏိုင္ယူသြားခဲ့တယ္လို႔ အြန္လိုင္းအသံုးျပဳသူပရိသတ္ေတြက မွတ္ခ်က္ျပဳထားၾကပါတယ္။
Ref : Koreaboo
Credit:Mia (Momolay)
Unicodeဖြင့်ဖတ်ရန်
နေအိမ်မှာ သေဆုံးလျှက်တွေ့ရှိခဲ့တဲ့ KARA အဖွဲ့ဝင်ဟောင်း Goo Hara
တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးအမျိုးသမီး Idol အဖွဲ့ဖြစ်ခဲ့တဲ့ KARA ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်သူ Goo Hara ကို သူမရဲ့ နေအိမ်မှာ သေဆုံးလျှက်တွေ့ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ ထွက်ပေါ်လျှက်ရှိနေပါတယ်။
ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ Goo Hara ကို ဒီနေ့ သူမရဲ့ နေအိမ်မှာ သေဆုံးလျှက် စတင်တွေ့ရှိခဲ့သူကတော့ သူမရဲ့ မိတ်ဆွေသူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်ပြီး ထိုသူဟာ သတိလစ်မေ့မျောနေတဲ့ Goo Hara ကို တွေ့တွေ့ချင်းမှာပဲ အရေးပေါ်ဌာနကို ဆက်သွယ်အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း တွေ့ရှိချိန်မှာ အချိန်လွန်ပြီဖြစ်တာကြောင့် အသက်မကယ်တင်နိုင်ခဲ့ပါဘူး။ အဲဒီနောက်မှာတော့ တာဝန်ရှိသူတွေက Goo Hara ကို ဒီနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ တောင်ကိုရီးယားနိုင်ငံစံတော်ချိန် ညနေ ၆ နာရီမှာ သေဆုံးလျှက်တွေ့ရှိခဲ့ကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။
သေဆုံးရခြင်းအကြောင်းအရာအသေးအစိတ်ကိုတော့ လက်ရှိမှာ စုံစမ်းစစ်ဆေးလျှက်ရှိပါတယ်။ မသေဆုံးခင်အနုပညာလှုပ်ရှားမှုတွေကို ဖော်ပြရရင်တော့ သူမရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အခုပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ အပြီးသတ်ခဲ့တာဖြစ်ပြီး ဂျပန်နိုင်ငံမှာ သီချင်းအသစ်တွေထုတ်လုပ်ဖို့ကိုလည်း ပြင်ဆင်နေခဲ့တယ်လို့ ဆိုပါတယ်။
စိတ်ကျဝေဒနာ ခံစားနေခဲ့ရတဲ့ Goo Hara ဟာ ပြီးခဲ့တဲ့ မေလတုန်းကလည်း သူမကိုယ်သူမ အဆုံးစီရင်ဖို့ကြိုးစားခဲ့ပေမယ့် အချိန်မီကယ်တင်နိုင်ခဲ့တာကြောင့် အသက်မဆုံးရှုံးခဲ့ပါဘူး။ အဲဒီနောက်မှာတော့ အနုပညာလှုပ်ရှားမှုတွေကို ပုံမှန်အတိုင်းပြန်လည်လုပ်ကိုင်ခဲ့ကာ သူမ အဆင်ပြေကြောင်း၊ ကျန်းမာကြောင်းကို ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။
ဒါပေမယ့် အာက်တိုဘာလ ၁၄ ရက်နေ့တုန်းက စိတ်ကျရောဂါနဲ့ မိမိကိုယ်ကိုယ်ကို အဆုံးစီရင်သွားခဲ့တဲ့ သူမရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ Sulli ကို ဆုံးရှုံးလိုက်ရပြီးနောက်မှာတော့ သူမရဲ့ လက်လျှော့အရှုံးပေးချင်စိတ်တွေက သူမကို အနိုင်ယူသွားခဲ့တယ်လို့ အွန်လိုင်းအသုံးပြုသူပရိသတ်တွေက မှတ်ချက်ပြုထားကြပါတယ်။
Ref : Koreaboo
Credit:Mia (Momolay)


မှတ်ချက်များ