Zawgyiျဖင့္ဖတ္ရန္
*ဓမၼာ၊ ေသာက၊ အင္းဝ၊ ရာဇာ အတြဲေလးေတြ လက္ထပ္မိရင္ အိမ္ေထာင္ေရး အဆင္မေျပတာ၊ စီးပြါးမတက္တာ၊ က်န္းမာေရး ညံ့ဖ်င္းတာေတြ ျဖစ္တတ္တယ္လို႔လည္း အယူရွိပါတယ္
*သမီးရည္းစား ခ်စ္သူဘဝမွာ ဘာေန႔သား၊ ဘာေန႔သမီး ဆိုတာေတြက သိပ္အေရးမႀကီးေပမယ့္ အိမ္ေထာင္ေရးအတြက္ကေတာ့ ေန႔နံေတြက အေရးႀကီးလွပါတယ္။ ျမန္မာ အယူအဆမွာေတာ့ ဓမၼာ၊ ေသာက၊ အင္းဝ၊ ရာဇာ ဆိုၿပီးလက္တြဲဖို႔ မသင့္ေတာ္တဲ့ ေမာင္ႏွံေလးေတြ သတ္မွတ္ထားပါတယ္။ ဓမၼာ၊ ေသာက၊ အင္းဝ၊ ရာဇာ အတြဲေလးေတြ လက္ထပ္မိရင္ အိမ္ေထာင္ေရး အဆင္မေျပတာ၊ စီးပြါးမတက္တာ၊ က်န္းမာေရး ညံ့ဖ်င္းတာေတြ ျဖစ္တတ္တယ္လို႔လည္း အယူရွိပါတယ္။ ဒါေပမယ့္ အစြမ္းထက္တဲ့ ယၾတာေတြနဲ႕ ကာကြယ္လို႔ ရတာမို႔ Marry ရဲ႕ ေမာင္ႏွံေလးေတြထဲက ဓမၼာ၊ ေသာက၊ အင္းဝ၊ ရာဇာ အတြဲေလးေတြအတြက္ အိမ္ေထာင္ေရး ျပႆနာေတြကို ႀကိဳတင္ကာကြယ္ဖို႔နဲ႔ ေနာက္ပိုင္း အိမ္ေထာင္ေရး သာယာေစဖို႔ အတြက္ အစီအရင္ ယၾတာေလးေတြ အေၾကာင္း ေျပာျပေပးခ်င္ပါတယ္။
ဓမၼာ_ေမာင္ႏွံအတြဲေလးေတြ
စေနေန႔နံ သားသမီး နဲ႔ ၾကာသပေတးေန႔နံ သားသမီး အိမ္ေထာင္ျပဳခ်င္ပါက
ပိေတာက္သား နဲ႔ (၁၂)လက္မ အလ်ားရွိ သစ္သား (၂)ခု ကို ေ႐ႊခ် ၿပီး ထိပ္အသီးသီး မွာ ဖဲႀကိဳးနီ နဲ႔ ရစ္ပတ္ကာ မဂၤလာေမာင္ႏွံ ေနတဲ့အခန္း (သို႔) ေနအိမ္ ရဲ႕ အျမင္႔တစ္ေနရာ မွာ ပူးတြဲ ခ်ိတ္ဆြဲ ေပးထားပါ ။
တနဂၤေႏြေန႔ မနက္ (၁၁)နာရီ (၄၅)မိနစ္ မွာ ျပဳလုပ္ ရမွာ ျဖစ္ပါတယ္ ။
ေသာက_ေမာင္ႏွံအတြဲေလးေတြ
တနလၤာေန႔နံ သားသမီး နဲ႔ ေသာၾကာေန႔နံ သားသမီး အိမ္ေထာင္ျပဳ ခ်င္ပါက
(၈) လက္မ ရွိတဲ့ ကသစ္သား (၂)ေခ်ာင္းကို ျဖတ္ၿပီး ေ႐ႊခ်ကာ ဖဲႀကိဳး အဝါ ျဖင့္ ပူးတြဲ ခ်ည္ေႏွာင္ကာ မဂၤလာေမာင္ႏွံ ေနတဲ့အခန္း (သို႔) ေနအိမ္ ရဲ႕ အျမင္႔တစ္ေနရာ မွာ ပူးတြဲ ခ်ိတ္ဆြဲ ေပးထားပါ ။
တနလၤာေန႔ မနက္ (၆) နာရီ (၂၀) မိနစ္ မွာ ျပဳလုပ္ ရမွာ ျဖစ္ပါတယ္ ။
အင္းဝ_ေမာင္ႏွံအတြဲေလးေတြ
*တနဂၤေႏြေန႔နံ သားသမီး နဲ႔ ဗုဒၶဟူးေန႔နံ သားသမီး အိမ္ေထာင္ျပဳခ်င္ပါက
(၅) လက္မ အလ်ား ရွိတဲ့ ဝင္အူသားသစ္(၂) ေခ်ာင္း ကို ေ႐ႊခ်ကာ အျပာရင့္ေရာင္ ဖဲႀကိဳးနဲ႔ ပူးတြဲခ်ည္ေႏွာင္ၿပီး မဂၤလာေမာင္ႏွံ ေနတဲ့အခန္း (သို႔) ေနအိမ္ ရဲ႕ အျမင္႔တစ္ေနရာမွာ ပူးတြဲ ခ်ိတ္ဆြဲေပးထားပါ ။
*ဗုဒၶဟူးေန႔ မြန္းလြဲ (၁)နာရီ (၄၅) မိနစ္ မွာ ျပဳလုပ္ ရမွာ ျဖစ္ပါတယ္ ။
ရာဇာ_ေမာင္ႏွံအတြဲေလးေတြ
ဗုဒၶဟူးေန႔နံ သားသမီး နဲ႔ အဂၤါေန႔နံသားသမီး အိမ္ေထာင္ျပဳ ခ်င္ပါက
(၅) လက္မ အလ်ားရွိတဲ့ ဝင္အူသား သစ္(၂)ေခ်ာင္း ကို အစိမ္းေရာင္ ဖဲႀကိဳး နဲ႔ ပူးတြဲ ခ်ည္ေႏွာင္ၿပီး မဂၤလာေမာင္ႏွံ ေနတဲ့အခန္း (သို႔) ေနအိမ္ ရဲ႕ အျမင္႔တစ္ေနရာမွာ ပူးတြဲ ခ်ိတ္ဆြဲေပးထားပါ ။
အဂၤါေန႔ မနက္ (၉) နာရီ (၉)မိနစ္ မွာ ျပဳလုပ္ ရမွာ ျဖစ္ပါတယ္ ။
ေမတၱာျဖင့္…
Unicodeဖြင့်ဖတ်ရန်
ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ အတွဲလေးတွေ လက်ထပ်မိရင် အိမ်ထောင်ရေး အဆင်မပြေတာ၊ စီးပွါးမတက်တာ၊ ကျန်းမာရေး ညံ့ဖျင်းတာတွေ ဖြစ်တတ်တယ်လို့လည်း အယူရှိပါတယ်
သမီးရည်းစား ချစ်သူဘဝမှာ ဘာနေ့သား၊ ဘာနေ့သမီး ဆိုတာတွေက သိပ်အရေးမကြီးပေမယ့် အိမ်ထောင်ရေးအတွက်ကတော့ နေ့နံတွေက အရေးကြီးလှပါတယ်။ မြန်မာ အယူအဆမှာတော့ ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ ဆိုပြီးလက်တွဲဖို့ မသင့်တော်တဲ့ မောင်နှံလေးတွေ သတ်မှတ်ထားပါတယ်။ ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ အတွဲလေးတွေ လက်ထပ်မိရင် အိမ်ထောင်ရေး အဆင်မပြေတာ၊ စီးပွါးမတက်တာ၊ ကျန်းမာရေး ညံ့ဖျင်းတာတွေ ဖြစ်တတ်တယ်လို့လည်း အယူရှိပါတယ်။ ဒါပေမယ့် အစွမ်းထက်တဲ့ ယတြာတွေနဲ့ ကာကွယ်လို့ ရတာမို့ Marry ရဲ့ မောင်နှံလေးတွေထဲက ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ အတွဲလေးတွေအတွက် အိမ်ထောင်ရေး ပြဿနာတွေကို ကြိုတင်ကာကွယ်ဖို့နဲ့ နောက်ပိုင်း အိမ်ထောင်ရေး သာယာစေဖို့ အတွက် အစီအရင် ယတြာလေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။
ဓမ္မာ_မောင်နှံအတွဲလေးတွေ
စနေနေ့နံ သားသမီး နဲ့ ကြာသပတေးနေ့နံ သားသမီး အိမ်ထောင်ပြုချင်ပါက
ပိတောက်သား နဲ့ (၁၂)လက်မ အလျားရှိ သစ်သား (၂)ခု ကို ရွှေချ ပြီး ထိပ်အသီးသီး မှာ ဖဲကြိုးနီ နဲ့ ရစ်ပတ်ကာ မင်္ဂလာမောင်နှံ နေတဲ့အခန်း (သို့) နေအိမ် ရဲ့ အမြင့်တစ်နေရာ မှာ ပူးတွဲ ချိတ်ဆွဲ ပေးထားပါ ။
တနင်္ဂနွေနေ့ မနက် (၁၁)နာရီ (၄၅)မိနစ် မှာ ပြုလုပ် ရမှာ ဖြစ်ပါတယ် ။
သောက_မောင်နှံအတွဲလေးတွေ
တနင်္လာနေ့နံ သားသမီး နဲ့ သောကြာနေ့နံ သားသမီး အိမ်ထောင်ပြု ချင်ပါက
(၈) လက်မ ရှိတဲ့ ကသစ်သား (၂)ချောင်းကို ဖြတ်ပြီး ရွှေချကာ ဖဲကြိုး အဝါ ဖြင့် ပူးတွဲ ချည်နှောင်ကာ မင်္ဂလာမောင်နှံ နေတဲ့အခန်း (သို့) နေအိမ် ရဲ့ အမြင့်တစ်နေရာ မှာ ပူးတွဲ ချိတ်ဆွဲ ပေးထားပါ ။
တနင်္လာနေ့ မနက် (၆) နာရီ (၂၀) မိနစ် မှာ ပြုလုပ် ရမှာ ဖြစ်ပါတယ် ။
အင်းဝ_မောင်နှံအတွဲလေးတွေ
တနင်္ဂနွေနေ့နံ သားသမီး နဲ့ ဗုဒ္ဓဟူးနေ့နံ သားသမီး အိမ်ထောင်ပြုချင်ပါက
(၅) လက်မ အလျား ရှိတဲ့ ဝင်အူသားသစ်(၂) ချောင်း ကို ရွှေချကာ အပြာရင့်ရောင် ဖဲကြိုးနဲ့ ပူးတွဲချည်နှောင်ပြီး မင်္ဂလာမောင်နှံ နေတဲ့အခန်း (သို့) နေအိမ် ရဲ့ အမြင့်တစ်နေရာမှာ ပူးတွဲ ချိတ်ဆွဲပေးထားပါ ။
ဗုဒ္ဓဟူးနေ့ မွန်းလွဲ (၁)နာရီ (၄၅) မိနစ် မှာ ပြုလုပ် ရမှာ ဖြစ်ပါတယ် ။
ရာဇာ_မောင်နှံအတွဲလေးတွေ
ဗုဒ္ဓဟူးနေ့နံ သားသမီး နဲ့ အင်္ဂါနေ့နံသားသမီး အိမ်ထောင်ပြု ချင်ပါက
(၅) လက်မ အလျားရှိတဲ့ ဝင်အူသား သစ်(၂)ချောင်း ကို အစိမ်းရောင် ဖဲကြိုး နဲ့ ပူးတွဲ ချည်နှောင်ပြီး မင်္ဂလာမောင်နှံ နေတဲ့အခန်း (သို့) နေအိမ် ရဲ့ အမြင့်တစ်နေရာမှာ ပူးတွဲ ချိတ်ဆွဲပေးထားပါ ။
အင်္ဂါနေ့ မနက် (၉) နာရီ (၉)မိနစ် မှာ ပြုလုပ် ရမှာ ဖြစ်ပါတယ် ။
မေတ္တာဖြင့်…
Credit: lodarya


မှတ်ချက်များ