အသက္မျပည့္ေသးတဲ့ ေက်ာင္းသားနဲ႔ ဇာတ္လမ္းေတြရႈပ္လို႔ အဖမ္းခံရတဲ့ သိပၸံဆရာမ
Zawgyi ျဖင့္ဖတ္ရန္
အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါျပည္နယ္ နယူးဆင္မ္နာၿမိဳ႕ရဲ႕ အလယ္တန္းေက်ာင္းက သိပၸံဆရာမ စတက္ဖနီ ပီတာဆန္ဟာ အသက္(၁၄)အ႐ြယ္ (၈)တန္းေက်ာင္းသားတစ္ဦးနဲ႔ လိင္ဆက္ဆံမႈျပဳတဲ့အတြက္ အဖမ္းခံခဲ့ရပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ ဇာတ္လမ္းေတြကို ကာယကံရွင္ေက်ာင္းသားေလးမိဘေတြ သိရွိသြားပုံကလည္း သနားစဖြယ္ပါ။ တစ္ရက္မွာ ေက်ာင္းသားေလးရဲ႕ အေမက သူမရဲ႕သားကို “ေက်ာင္းမွာ ဆရာက မင္းကို အႏိုင္က်င့္လားလို႔ ” ေမးလိုက္ပါတယ္။ အဲဒီအခ်ိန္မွာ ေက်ာင္းသားေလးက “ကြၽန္ေတာ့္ကို လူတိုင္း အႏိုင္က်င့္လို႔ရပါတယ္ ” ဆိုၿပီး ရႈိက္ႀကီးတင္ ငိုေႂကြးခဲ့ရာမွ တစ္ဆင့္ ပုံမွန္ထက္ သံသယျဖစ္ဖြယ္ ပိုေနတဲ့ပီတာဆန္နဲ႔ သူမသားရဲ႕ ဆက္ဆံေရးကို ေက်ာင္းသားေလးမိခင္က ရိပ္မိသြားခဲ့တာပါ။
ေက်ာင္းသားေလးရဲ႕ အစစ္ခံခ်က္ေတြအရ သူတို႔ႏွစ္ေယာက္ရဲ႕ ဇာတ္လမ္းဟာ ေက်ာင္းသားေလးဆီကို ပီတာဆန္က Snapchat နဲ႔ Instagram က တစ္ဆင့္ သူမရဲ႕ ကိုယ္လုံးတီးပုံေတြ ပို႔ခဲ့ရာကေန အစျပဳခဲ့တာပါ။ အဲဒီေနာက္မွာေတာ့ အျပန္အလွန္ မက္ေဆ့ခ်္ေတြပို႔ၿပီး အခ်စ္ေတြ ပိုခဲ့ၾကပါတယ္။ ခ်စ္ရည္လူးဖို႔အတြက္လည္း ပီတာဆန္ဟာ သူမေယာက်ာ္း အလုပ္သြားတဲ့ ည(၁၁)ေက်ာ္ရင္ ေက်ာင္းသားေလးကို လာေခၚေလ့ရွိၿပီး သန္းေခါင္ေက်ာ္ (၁)နာရီေလာက္ဆို အိမ္ျပန္ပို႔ေပးေလ့ရွိပါတယ္။ ခ်စ္ရည္လူးတဲ့အခါမွာ ေဆးေျခာက္နဲ႔ ေဆးေျခာက္ေသာက္တဲ့အိုးကို တစ္ပါတည္း ယူလာၿပီး ေက်ာင္းသားေလးနဲ႔ တူတူေသာက္သလို လိင္ဆက္ဆံရာမွာ သုံးတဲ့ပစၥည္းေတြကို အသုံးျပဳၿပီး ေက်ာင္းသားေလးနဲ႔ ဆက္ဆံတတ္ပါတယ္။
သိပၸံဆရာမတစ္ဦးျဖစ္သူ အသက္(၂၆)အ႐ြယ္ ပီတာဆန္ဟာ အိမ္ေထာင္သည္တစ္ဦးျဖစ္ၿပီး (၂၀၁၅)ခုႏွစ္ကမွ မီးသတ္သမားတစ္ဦးျဖစ္တဲ့ ဘရန္ဒန္နဲ႔ လက္ထပ္ခဲ့တာပါ။ လက္ရွိမွာေတာ့ ပီတာဆန္ဟာ အသက္မျပည့္ေသးသည့္ ကေလးတစ္ဦးႏွင့္ လိင္ဆက္ဆံျခင္း၊ အသက္မျပည့္ေသးသည့္ ကေလးတစ္ဦးအား လိင္ဆက္ဆံေရးႏွင့္ပတ္သတ္သည့္ ပစၥည္းမ်ား မဖြယ္မရာ အသုံးျပဳျခင္းစတဲ့ ျပစ္မႈေတြနဲ႔ ဆြဲခ်က္တင္ခံထားရၿပီး အခ်ဳပ္က်ေနပါတယ္။
Source : The Sun
Unicode ဖြင့်ဖတ်ရန်
အသက်မပြည့်သေးတဲ့ ကျောင်းသားနဲ့ ဇာတ်လမ်းတွေရှုပ်လို့ အဖမ်းခံရတဲ့ သိပ္ပံဆရာမ
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် နယူးဆင်မ်နာမြို့ရဲ့ အလယ်တန်းကျောင်းက သိပ္ပံဆရာမ စတက်ဖနီ ပီတာဆန်ဟာ အသက်(၁၄)အရွယ် (၈)တန်းကျောင်းသားတစ်ဦးနဲ့ လိင်ဆက်ဆံမှုပြုတဲ့အတွက် အဖမ်းခံခဲ့ရပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းတွေကို ကာယကံရှင်ကျောင်းသားလေးမိဘတွေ သိရှိသွားပုံကလည်း သနားစဖွယ်ပါ။ တစ်ရက်မှာ ကျောင်းသားလေးရဲ့ အမေက သူမရဲ့သားကို “ကျောင်းမှာ ဆရာက မင်းကို အနိုင်ကျင့်လားလို့ ” မေးလိုက်ပါတယ်။ အဲဒီအချိန်မှာ ကျောင်းသားလေးက “ကျွန်တော့်ကို လူတိုင်း အနိုင်ကျင့်လို့ရပါတယ် ” ဆိုပြီး ရှိုက်ကြီးတင် ငိုကြွေးခဲ့ရာမှ တစ်ဆင့် ပုံမှန်ထက် သံသယဖြစ်ဖွယ် ပိုနေတဲ့ပီတာဆန်နဲ့ သူမသားရဲ့ ဆက်ဆံရေးကို ကျောင်းသားလေးမိခင်က ရိပ်မိသွားခဲ့တာပါ။
ကျောင်းသားလေးရဲ့ အစစ်ခံချက်တွေအရ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းဟာ ကျောင်းသားလေးဆီကို ပီတာဆန်က Snapchat နဲ့ Instagram က တစ်ဆင့် သူမရဲ့ ကိုယ်လုံးတီးပုံတွေ ပို့ခဲ့ရာကနေ အစပြုခဲ့တာပါ။ အဲဒီနောက်မှာတော့ အပြန်အလှန် မက်ဆေ့ချ်တွေပို့ပြီး အချစ်တွေ ပိုခဲ့ကြပါတယ်။ ချစ်ရည်လူးဖို့အတွက်လည်း ပီတာဆန်ဟာ သူမယောကျာ်း အလုပ်သွားတဲ့ ည(၁၁)ကျော်ရင် ကျောင်းသားလေးကို လာခေါ်လေ့ရှိပြီး သန်းခေါင်ကျော် (၁)နာရီလောက်ဆို အိမ်ပြန်ပို့ပေးလေ့ရှိပါတယ်။ ချစ်ရည်လူးတဲ့အခါမှာ ဆေးခြောက်နဲ့ ဆေးခြောက်သောက်တဲ့အိုးကို တစ်ပါတည်း ယူလာပြီး ကျောင်းသားလေးနဲ့ တူတူသောက်သလို လိင်ဆက်ဆံရာမှာ သုံးတဲ့ပစ္စည်းတွေကို အသုံးပြုပြီး ကျောင်းသားလေးနဲ့ ဆက်ဆံတတ်ပါတယ်။
သိပ္ပံဆရာမတစ်ဦးဖြစ်သူ အသက်(၂၆)အရွယ် ပီတာဆန်ဟာ အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး (၂၀၁၅)ခုနှစ်ကမှ မီးသတ်သမားတစ်ဦးဖြစ်တဲ့ ဘရန်ဒန်နဲ့ လက်ထပ်ခဲ့တာပါ။ လက်ရှိမှာတော့ ပီတာဆန်ဟာ အသက်မပြည့်သေးသည့် ကလေးတစ်ဦးနှင့် လိင်ဆက်ဆံခြင်း၊ အသက်မပြည့်သေးသည့် ကလေးတစ်ဦးအား လိင်ဆက်ဆံရေးနှင့်ပတ်သတ်သည့် ပစ္စည်းများ မဖွယ်မရာ အသုံးပြုခြင်းစတဲ့ ပြစ်မှုတွေနဲ့ ဆွဲချက်တင်ခံထားရပြီး အချုပ်ကျနေပါတယ်။
Source : The Sun
မှတ်ချက်များ