Zawgyiျဖင့္ဖတ္ရန္
ကိုယ္ေတြ႕ျဖစ္ရပ္ပါ …. ကၽြန္ေတာ္ဖခင္ရွိစဥ္ကအေဖ့လက္ကိုဓါးျပတ္ရာအိမ္ေဘးမွာေပါက္ေနတဲ့အပင္ကအရြက္ကိုခူးၿပီးေခ်မြ၍ဒဏ္ရာကိုအံုလိုက္ၿပီးပတ္တီးစီးထားပါသည္။ကၽြန္ေတာ္ကအထင္ေသးေသာအၾကည့္ျဖင့္အေဖကလည္းၿမိဳ႕ေပၚေနၿပီးေဆးဆိုင္ေတြရွိသားနဲ႔ဗ်ာလို႔ေျပာမိခဲ့ပါသည္။ႏွစ္ရက္ၾကာေလာက္မွာအေဖကသူ႔ဒါဏ္ရာျပည္မတည္ဘဲေျခာက္ေသြ႕ေနသည့္အေနအထားကိုျပပါသည္။ထိုစဥ္ကတိုက္ဆိုင္မႈလို႔ယူဆၿပီးအထင္မႀကီးခဲ့ပါ။
တစ္ႏွစ္ခန္႔အၾကာကၽြန္ေတာ္ဗီဒီရံုမွာမီးျပတ္သြား၍မီးစက္ေမာင္းရန္အေရးတႀကီးသြားရာခလုတ္တိုက္၍ေျခမကဲြၿပီးေသြမ်ားထြက္ရာညႀကီးအခိ်န္မဲ့ျဖစ္၍ေဆးဆိုင္သြားဝယ္ရန္အေျခအေနမေပး,ၾကံရာမရျဖစ္ကာမရွိသံုးသံုးသည့္သေဘာႏွင့္အေဖသံုးခဲ့သည့္အပင္ကအရြက္ကိုေခ်မြကာဒါဏ္ရာေပၚအံုခဲ့ပါသည္။အံ့ၾသေလာက္ေအာင္အနာေပ်ာက္သြားပါသည္။အခုပို၍အံ့ၾသစရာေကာင္းတာကက်ေနာ္တူဗိုက္ခဲြရာေဆးရံုကဆင္းလာၿပီးအိမ္ေရာက္လို႔ႏွစ္ရက္ခန္႔တြင္ခ်ဳပ္႐ိုးတြင္ျပည္လိုက္ေသာေၾကာင့္ေဆးရံုသို႔ျပန္ပို႔ရာေဆးရံုေရာက္လွ်င္ေရာက္ျခင္းခ်ဳပ္႐ိုးမ်ားဖြင့္ျပစ္ရပါသည္။
ေဆးရံုတြင္(၁၆)ရက္ျပန္တက္ရာအနာမက်က္ႏိုင္ဘဲရက္ၾကာမည္ျဖစ္ေၾကာင္းအိမ္ျပန္ၿပီးဒီေဆးမ်ားဆက္ထည့္ရန္ျဖစ္ေၾကာင္းေျပာဆိုၫြန္ၾကားကာေဆးရံုမွဆင္းခိုင္းပါသည္။အိမ္ေရာက္၍ႏွစ္ရက္ခန္႔အၾကာအနာမွာစိုၿမဲစိုေနသျဖင့္ဗိစပ္ရြက္ကိုပံုပါအတိုင္းအရက္ပ်ံႏွင့္ေဆး,ေနာက္မွေရသန္႔ႏွင့္ထပ္ေဆးၿပီးေခ်မြကာအရည္ၫွစ္ထည့္အရြက္အဖတ္မ်ားကိုဒဏ္ရာေပၚအံုကာပတ္တီးအုပ္ျပဳလုပ္ရာသိသိသာသာအနာေျခာက္၍ေပ်ာက္ကင္းသြားပါသည္။
ခဲြစိပ္ဒါဏ္ရာကိုကုေနစဥ္ခဲတံခၽြန္ဓါးကိုယူေဆာ့သျဖင့္ေသြးမ်ားျမင္မေကာင္းအာင္ထြက္ၿပီးလက္ခလယ္တြင္အေတာ္ခပ္နက္နက္ဒဏ္ရာရသျဖင့္ကၽြန္ေတာ့္ကိုလာေခၚရာကၽြန္ေတာ္လည္းအဲဒီအခိ်န္မွာယံုယံုၾကည္ၾကည္နဲ႔ဗိစပ္ရြက္သာသြားခူးအဲဒီအရြက္ပဲစည္းမယ္ဆိုၿပီးေခ်မြ၍အံုေပးလိုက္ပါသည္။ဘာေဆးမွမကူဘဲျပည္လည္းမတည္အနာလည္းျမန္ျမန္ေျခာက္ရက္တိုအတြင္းေပ်ာက္ကင္းသြားပါသည္။ အမွန္အစြမ္းထက္ေသာအပင္ျဖစ္၍အေၾကာင္း တိုက္ဆိုင္လွ်င္ ယံုၾကည္စြာအသံုးျပဳႏိုင္ၾကေစရန္ဆႏၵျဖင့္…
(မွတ္ခ်က္။ ။ ဇာမဏီရြက္အားေဒသကိုလိုက္၍ ဗိစပ္ရြက္၊ သန္းေျပးရြက္၊ ရွမ္းမနိုင္ပင္၊ က်ားပလုတ္ပင္၊ ဂ်ာမဏီရြက္စသည္ျဖင့္အေခၚအေဝၚကဲြ ျပားပါသည္အျခားအမည္ကဲြမ်ားလည္း ရွိေကာင္းရွိပါမည္။အပင္အေနအထားတင္ျပထားပါသည္။)
Unicode ဖြင့်ဖတ်ရန်
ကိုယ်တွေ့ဖြစ်ရပ်ပါ …. ကျွန်တော်ဖခင်ရှိစဉ်ကအဖေ့လက်ကိုဓါးပြတ်ရာအိမ်ဘေးမှာပေါက်နေတဲ့အပင်ကအရွက်ကိုခူးပြီးချေမွ၍ဒဏ်ရာကိုအုံလိုက်ပြီးပတ်တီးစီးထားပါသည်။ကျွန်တော်ကအထင်သေးသောအကြည့်ဖြင့်အဖေကလည်းမြို့ပေါ်နေပြီးဆေးဆိုင်တွေရှိသားနဲ့ဗျာလို့ပြောမိခဲ့ပါသည်။နှစ်ရက်ကြာလောက်မှာအဖေကသူ့ဒါဏ်ရာပြည်မတည်ဘဲခြောက်သွေ့နေသည့်အနေအထားကိုပြပါသည်။ထိုစဉ်ကတိုက်ဆိုင်မှုလို့ယူဆပြီးအထင်မကြီးခဲ့ပါ။
တစ်နှစ်ခန့်အကြာကျွန်တော်ဗီဒီရုံမှာမီးပြတ်သွား၍မီးစက်မောင်းရန်အရေးတကြီးသွားရာခလုတ်တိုက်၍ခြေမကွဲပြီးသွေများထွက်ရာညကြီးအချိန်မဲ့ဖြစ်၍ဆေးဆိုင်သွားဝယ်ရန်အခြေအနေမပေး,ကြံရာမရဖြစ်ကာမရှိသုံးသုံးသည့်သဘောနှင့်အဖေသုံးခဲ့သည့်အပင်ကအရွက်ကိုချေမွကာဒါဏ်ရာပေါ်အုံခဲ့ပါသည်။အံ့သြလောက်အောင်အနာပျောက်သွားပါသည်။အခုပို၍အံ့သြစရာကောင်းတာကကျနော်တူဗိုက်ခွဲရာဆေးရုံကဆင်းလာပြီးအိမ်ရောက်လို့နှစ်ရက်ခန့်တွင်ချုပ်ရိုးတွင်ပြည်လိုက်သောကြောင့်ဆေးရုံသို့ပြန်ပို့ရာဆေးရုံရောက်လျှင်ရောက်ခြင်းချုပ်ရိုးများဖွင့်ပြစ်ရပါသည်။
ဆေးရုံတွင်(၁၆)ရက်ပြန်တက်ရာအနာမကျက်နိုင်ဘဲရက်ကြာမည်ဖြစ်ကြောင်းအိမ်ပြန်ပြီးဒီဆေးများဆက်ထည့်ရန်ဖြစ်ကြောင်းပြောဆိုညွန်ကြားကာဆေးရုံမှဆင်းခိုင်းပါသည်။အိမ်ရောက်၍နှစ်ရက်ခန့်အကြာအနာမှာစိုမြဲစိုနေသဖြင့်ဗိစပ်ရွက်ကိုပုံပါအတိုင်းအရက်ပျံနှင့်ဆေး,နောက်မှရေသန့်နှင့်ထပ်ဆေးပြီးချေမွကာအရည်ညှစ်ထည့်အရွက်အဖတ်များကိုဒဏ်ရာပေါ်အုံကာပတ်တီးအုပ်ပြုလုပ်ရာသိသိသာသာအနာခြောက်၍ပျောက်ကင်းသွားပါသည်။
ခွဲစိပ်ဒါဏ်ရာကိုကုနေစဉ်ခဲတံချွန်ဓါးကိုယူဆော့သဖြင့်သွေးများမြင်မကောင်းအာင်ထွက်ပြီးလက်ခလယ်တွင်အတော်ခပ်နက်နက်ဒဏ်ရာရသဖြင့်ကျွန်တော့်ကိုလာခေါ်ရာကျွန်တော်လည်းအဲဒီအချိန်မှာယုံယုံကြည်ကြည်နဲ့ဗိစပ်ရွက်သာသွားခူးအဲဒီအရွက်ပဲစည်းမယ်ဆိုပြီးချေမွ၍အုံပေးလိုက်ပါသည်။ဘာဆေးမှမကူဘဲပြည်လည်းမတည်အနာလည်းမြန်မြန်ခြောက်ရက်တိုအတွင်းပျောက်ကင်းသွားပါသည်။ အမှန်အစွမ်းထက်သောအပင်ဖြစ်၍အကြောင်း တိုက်ဆိုင်လျှင် ယုံကြည်စွာအသုံးပြုနိုင်ကြစေရန်ဆန္ဒဖြင့်…
(မှတ်ချက်။ ။ ဇာမဏီရွက်အားဒေသကိုလိုက်၍ ဗိစပ်ရွက်၊ သန်းပြေးရွက်၊ ရှမ်းမနိုင်ပင်၊ ကျားပလုတ်ပင်၊ ဂျာမဏီရွက်စသည်ဖြင့်အခေါ်အဝေါ်ကွဲ ပြားပါသည်အခြားအမည်ကွဲများလည်း ရှိကောင်းရှိပါမည်။အပင်အနေအထားတင်ပြထားပါသည်။)
Credit : ပန္းသီႀကိဳး ….ျမန္မာေဆးစြမ္းေကာင္းမ်ား – ေဆးနည္းဒါန ေ၀မ်ွရေသာ ကုသိုလ္အက်ိဳးေၾကာင့္ မိမိေအးခ်မ္းသာယာသလို ေလာကသားအားလံုး ေအးခ်မ္းသာယာပါေစ …အသိမွန္အျမင္မွန္မ်ားျဖင့္ က်န္ရွိေသာဘဝကိုလွပစြာျဖတ္သန္းႏိုင္ၾကပါေစ။


မှတ်ချက်များ