အရြယ္က်လြယ္ျခင္းကို ကာကြယ္ဖို႔ အသက္(၂၅)နွစ္ျပည့္တာနဲ႔ ဒီအခ်က္(၆)ခ်က္ကိုလုပ္ပါ

Zawgyiျဖင့္ဖတ္ရန္
ပ်ိဳေမတို႕ အသက္ (၂၅) နွစ္ေက်ာ္လာတဲ့အခါ ဆယ္ေက်ာ္သက္တုန္းကလို စိတ္ထင္တဲ့အတိုင္း ေနလိုက္မယ္ဆိုရင္ အေရးအေၾကာင္းေတြ ျမန္ျမန္္ျဖစ္လာျပီး သက္တူရြယ္တူ သူငယ္ခ်င္းေတြထဲမွာ ကိုယ္တစ္ေယာက္တည္း အိုမင္းရင့္ေရာ္ေနပါလိမ့္မယ္။ ဒါေၾကာင့္ ပ်ိဳေမတို႕ အသက္ (၂၅) နွစ္ေနာက္ပိုင္းမွာ အသားအေရနဲ႔ အလွအပေတြကို ထိန္းသိမ္းဖို႔ ေန႔တိုင္းဂရုစိုက္သင့္တဲ့ အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ ပါတယ္ေနာ္။
(၁) ကိုယ့္ရဲ႕အားသာခ်က္ေလးေတြကို ဂရုစိုက္ထိန္းသိမ္းပါ
ပ်ိဳေမတို႔အေနနဲ႔ ကိုယ္က မ်က္လံုးလွတာလား၊ အသားအေရလွတာလား၊ ခႏၶာကိုယ္ အခ်ိဳးအစားလွတာလား၊ အျပံဳးေလးေတြ လွတာလား စသျဖင့္ သိဖို႔လိုပါတယ္။ မ်က္လံုးလွတဲ့သူက မ်က္လံုးေလးေတြ အျမဲၾကည္လင္ေနေအာင္၊ အသားအေရလွတဲ့သူက အသားအေရ အျမဲစိုျပည္ေနေအာင္၊ ခႏၶာကိုယ္အခ်ိဳးအစား လွတဲ့သူက အဆီေတြ မစုေအာင္၊ အျပံဳးေလးလွတဲ့သူက သြားေလးေတြ က်န္းမာေနေအာင္၊ ႏႈတ္ခမ္းေလးေတြ လွပေနေအာင္ ပိုဂရုစိုက္သင့္ပါတယ္။
(၂) အသားအေရ မေျခာက္ေသြ႕ဖို႕အေရးၾကီးပါတယ္
အသားအေရလွျခင္း၊မလွျခင္းဆိုတာ အသားအေရ ၾကည္လင္စိုျပည္တာကို ၾကည့္ျပီးဆံုးျဖတ္တာပါ။ ဒီေတာ့ အသားအေရၾကည္လင္စိုျပည္ေနဖို႕ ေရမ်ားမ်ားေသာက္ေပးပါ၊ အစိုဓာတ္ျဖည့္ခရင္မ္ပံုမွန္အသံုးျပဳေပးပါ။ မ်က္နွာတစ္ေနရာတည္းကြက္ျပီး အသားအေရထိန္းသိမ္းတာမ်ိဳးမဟုတ္ဘဲ လည္ပင္း၊ လက္နဲ႕ေျခေထာက္ စတဲ့ေနရာေတြကိုပါ ဂရုစိုက္ထိန္းသိမ္းေပးပါ။
(၃) မ်က္နွာကိုလက္နဲ႕ခဏခဏမထိပါနဲ႕
အသားအေရညစ္ေထးျပီးပ်က္စီးတာရဲ႕ အဓိကတရားခံက လက္ေတြပါ။ မ်က္နွာကိုလက္နဲ႕ မၾကာခဏထိတာ၊ ကုတ္တာေတြကို လံုး၀ဆင္ျခင္သင့္ပါတယ္။ ဆယ္ေက်ာ္သက္တုန္းက အေရျပားဆဲလ္ေတြျပန္လည္ျဖစ္ေပၚဖို႕လြယ္ကူတာေၾကာင့္အသားအေရေပၚမွာ အနာအဆာေတြျဖစ္သြားရင္လည္း ေပ်ာက္လြယ္ပါတယ္။ အသက္ ၂၅ နွစ္ေနာက္ပိုင္းက အဲ့လိုမဟုတ္ပါဘူး၊ ဒဏ္ရာျဖစ္ျပီးရင္ မေပ်ာက္လြယ္ေတာ့တာ၊ အမာရြတ္ၾကီးထင္းေနတာမ်ိဳးျဖစ္တတ္လို႕ မ်က္နွာကိုလက္နဲ႕သြားသြားမကိုင္ပါနဲ႕။
(၄) ေနေရာင္တိုက္ရိုက္မထိေတြ႕ပါေစနဲ႕
ေနေရာင္က လူကို နွစ္ဆေလာက္ အိုမင္းရင့္ေရာ္ေစတာေၾကာင့္ ေနေရာင္နဲ႕တိုက္ရိုက္ မထိေတြ႕ေအာင္ ေနတတ္ဖို႕လိုပါတယ္။ အျပင္ထြက္ရင္ ေနေရာင္ကာ လိမ္းေဆးလိမ္းတာ၊ ထီး၊ ဦးထုပ္ေဆာင္းသြားတာမ်ိဳး လုပ္ေပးပါ။
(၅) အရည္အေသြးေကာင္းတဲ့အလွကုန္ေတြသံုးပါ
ေစ်းေပါ့တာေတြ အမ်ားၾကီး ၀ယ္သံုးတာမ်ိဳး မလုပ္ပါနဲ႕ေတာ့။ အရည္ေသြးေကာင္းတာေလးေတြကို နည္းနည္းနဲ႕ေကာင္းေကာင္းေလးပဲ သံုးပါေတာ့။ ဒါမွ အသက္ၾကီးတဲ့အထိ အသားအေရ ႏုပ်ိဳေနနိုင္မွာပါ။
(၆) Hair Care လုပ္ပါ
အသက္(၂၅)နွစ္အထက္ ေရာက္လာရင္ ဆံပင္ပံုစံအမ်ိဳးမ်ိဳးလုပ္ဖို႕ထက္၊ ဆံပင္ေတြ ေကာင္းမြန္သန္စြမ္းဖို႕ Hair care ကို ပိုဦးစားေပးျပီးလုပ္သင့္ပါတယ္။ရႈပ္ေထြးေနတဲ့ပံုစံမ်ိဳးေတြထက္ သဘာ၀နဲ႕နီးစပ္တဲ့ပံုစံမ်ိဳးက ပ်ိဳေမတို႕ကို ပိုျပီးနုပ်ိဳေစနိုင္တာပါ။
Unicodeဖြင့်ဖတ်ရန်

အရွယ်ကျလွယ်ခြင်းကို ကာကွယ်ဖို့ အသက်(၂၅)နှစ်ပြည့်တာနဲ့ ဒီအချက်(၆)ချက်ကိုလုပ်ပါ

ပျိုမေတို့ အသက် (၂၅) နှစ်ကျော်လာတဲ့အခါ ဆယ်ကျော်သက်တုန်းကလို စိတ်ထင်တဲ့အတိုင်း နေလိုက်မယ်ဆိုရင် အရေးအကြောင်းတွေ မြန်မြန်ဖြစ်လာပြီး သက်တူရွယ်တူ သူငယ်ချင်းတွေထဲမှာ ကိုယ်တစ်ယောက်တည်း အိုမင်းရင့်ရော်နေပါလိမ့်မယ်။ ဒါကြောင့် ပျိုမေတို့ အသက် (၂၅) နှစ်နောက်ပိုင်းမှာ အသားအရေနဲ့ အလှအပတွေကို ထိန်းသိမ်းဖို့ နေ့တိုင်းဂရုစိုက်သင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက် ပါတယ်နော်။
(၁) ကိုယ့်ရဲ့အားသာချက်လေးတွေကို ဂရုစိုက်ထိန်းသိမ်းပါ
ပျိုမေတို့အနေနဲ့ ကိုယ်က မျက်လုံးလှတာလား၊ အသားအရေလှတာလား၊ ခန္ဓာကိုယ် အချိုးအစားလှတာလား၊ အပြုံးလေးတွေ လှတာလား စသဖြင့် သိဖို့လိုပါတယ်။ မျက်လုံးလှတဲ့သူက မျက်လုံးလေးတွေ အမြဲကြည်လင်နေအောင်၊ အသားအရေလှတဲ့သူက အသားအရေ အမြဲစိုပြည်နေအောင်၊ ခန္ဓာကိုယ်အချိုးအစား လှတဲ့သူက အဆီတွေ မစုအောင်၊ အပြုံးလေးလှတဲ့သူက သွားလေးတွေ ကျန်းမာနေအောင်၊ နှုတ်ခမ်းလေးတွေ လှပနေအောင် ပိုဂရုစိုက်သင့်ပါတယ်။
(၂) အသားအရေ မခြောက်သွေ့ဖို့အရေးကြီးပါတယ်
အသားအရေလှခြင်း၊မလှခြင်းဆိုတာ အသားအရေ ကြည်လင်စိုပြည်တာကို ကြည့်ပြီးဆုံးဖြတ်တာပါ။ ဒီတော့ အသားအရေကြည်လင်စိုပြည်နေဖို့ ရေများများသောက်ပေးပါ၊ အစိုဓာတ်ဖြည့်ခရင်မ်ပုံမှန်အသုံးပြုပေးပါ။ မျက်နှာတစ်နေရာတည်းကွက်ပြီး အသားအရေထိန်းသိမ်းတာမျိုးမဟုတ်ဘဲ လည်ပင်း၊ လက်နဲ့ခြေထောက် စတဲ့နေရာတွေကိုပါ ဂရုစိုက်ထိန်းသိမ်းပေးပါ။
(၃) မျက်နှာကိုလက်နဲ့ခဏခဏမထိပါနဲ့
အသားအရေညစ်ထေးပြီးပျက်စီးတာရဲ့ အဓိကတရားခံက လက်တွေပါ။ မျက်နှာကိုလက်နဲ့ မကြာခဏထိတာ၊ ကုတ်တာတွေကို လုံးဝဆင်ခြင်သင့်ပါတယ်။ ဆယ်ကျော်သက်တုန်းက အရေပြားဆဲလ်တွေပြန်လည်ဖြစ်ပေါ်ဖို့လွယ်ကူတာကြောင့်အသားအရေပေါ်မှာ အနာအဆာတွေဖြစ်သွားရင်လည်း ပျောက်လွယ်ပါတယ်။ အသက် ၂၅ နှစ်နောက်ပိုင်းက အဲ့လိုမဟုတ်ပါဘူး၊ ဒဏ်ရာဖြစ်ပြီးရင် မပျောက်လွယ်တော့တာ၊ အမာရွတ်ကြီးထင်းနေတာမျိုးဖြစ်တတ်လို့ မျက်နှာကိုလက်နဲ့သွားသွားမကိုင်ပါနဲ့။
(၄) နေရောင်တိုက်ရိုက်မထိတွေ့ပါစေနဲ့
နေရောင်က လူကို နှစ်ဆလောက် အိုမင်းရင့်ရော်စေတာကြောင့် နေရောင်နဲ့တိုက်ရိုက် မထိတွေ့အောင် နေတတ်ဖို့လိုပါတယ်။ အပြင်ထွက်ရင် နေရောင်ကာ လိမ်းဆေးလိမ်းတာ၊ ထီး၊ ဦးထုပ်ဆောင်းသွားတာမျိုး လုပ်ပေးပါ။
(၅) အရည်အသွေးကောင်းတဲ့အလှကုန်တွေသုံးပါ
ဈေးပေါ့တာတွေ အများကြီး ဝယ်သုံးတာမျိုး မလုပ်ပါနဲ့တော့။ အရည်သွေးကောင်းတာလေးတွေကို နည်းနည်းနဲ့ကောင်းကောင်းလေးပဲ သုံးပါတော့။ ဒါမှ အသက်ကြီးတဲ့အထိ အသားအရေ နုပျိုနေနိုင်မှာပါ။
(၆) Hair Care လုပ်ပါ
အသက်(၂၅)နှစ်အထက် ရောက်လာရင် ဆံပင်ပုံစံအမျိုးမျိုးလုပ်ဖို့ထက်၊ ဆံပင်တွေ ကောင်းမွန်သန်စွမ်းဖို့ Hair care ကို ပိုဦးစားပေးပြီးလုပ်သင့်ပါတယ်။ရှုပ်ထွေးနေတဲ့ပုံစံမျိုးတွေထက် သဘာဝနဲ့နီးစပ်တဲ့ပုံစံမျိုးက ပျိုမေတို့ကို ပိုပြီးနုပျိုစေနိုင်တာပါ။
Credit:MAY THAZINHTOO

မှတ်ချက်များ