ေရခ်ိဳးပ်င္းတဲ့သူေတြမွာ ျဖစ္ေပၚလာမယ့္ က်န္းမာေရးဆိုးက်ိဳးမ်ား




Zawgyi ျဖင့္ဖတ္ရန္

ရာသီဥတုေအးတဲ့အခါေတြ၊ အိမ္မွာပဲေနၿပီး သြားစရာ ေထြေထြထူးထူး မရွိတဲ့အခါေတြမွာ လူေတာ္ေတာ္မ်ားမ်ားက ေရမခ်ိဳးဘဲ ေနတတ္ၾကပါတယ္။ တစ္ခ်ိဳ႕ေအးတဲ့ေဒသေတြမွာဆိုရင္ သုံးရက္ေလးရက္ေလာက္ကို ေရမခ်ိဳးပဲ ေနတတ္ၾကပါတယ္။ ခုေဖာ္ျပေပးမွာကေတာ့ တစ္ရက္ကေန ႏွစ္ရက္အထိ ေရမခ်ိဳးဘဲေနရင္ ခႏၶာကိုယ္မွာ ျဖစ္လာႏိုင္တဲ့ ဆိုးက်ိဳးေတြပဲျဖစ္ပါတယ္။ ဒီစာေလးကို ဖတ္ၿပီး ေရခ်ိဳးပ်င္းတဲ့ သူငယ္ခ်င္းေတြ၊ အသိမိတ္ေဆြေတြကိုလည္း ေျပာျပလိုက္ပါဦးေနာ္။

(၁) ဘက္တီးရီးယားေပါက္ဖြားႏိုင္ေျခပိုမ်ား

ေရမခ်ိဳးတဲ့အခါ ဘက္တီးရီးယားနဲ႔ ပိုးမႊားေတြက ႀကီးထြားလာၿပီး အေရျပားဆိုင္ရာ ျပႆနာေတြ အမ်ားႀကီး ျဖစ္လာႏိုင္ပါတယ္။

(၂) ကူးစက္ေရာဂါမ်ား

ပိုးမႊားေတြက အေရျပားဆိုင္ရာ ကူးစက္ေရာဂါေတြ ျဖစ္လာေစႏိုင္တဲ့အတြက္ သင့္အေရျပားေပၚမွာ အနာေတြ၊ အမာ႐ြတ္ေတြျဖစ္လာႏိုင္ပါတယ္။

(၃) ယင္ေကာင္ေတြအုံႏိုင္တယ္
ေရမခ်ိဳးတဲ့အခါမွာ ခႏၶာကိုယ္က အနံ႔ေတြေၾကာင့္ ယင္ေကာင္ေတြ ဝိုင္းေနတတ္ပါတယ္။ လူၾကားထဲ ယင္ေကာင္ဝိုင္းခံရရင္ အရမ္းရွက္စရာေကာင္းပါတယ္ေနာ္။ ေရမခ်ိဳးမွန္း အရမ္းသိသာသြားမွာပါ။




(၄) ကိုယ္နံ႔နံမယ္
အမ်ိဳးသား၊ အမ်ိဳးသမီးမေ႐ြး ကိုယ္ခႏၶာမွာ အနံ႔ရွိပါတယ္။ အထူးသျဖင့္ ခ်ိဳင္းမွာပါ။ ေရမခ်ိဳးတဲ့အခါ ကိုယ္ခႏၶာ အနံ႔အသက္မေကာင္းသလို၊ ေဘးလူေတြအတြက္လည္း စိတ္အေႏွာင့္အယွက္ျဖစ္ေစႏိုင္ပါတယ္။

(၅) အေရျပားအလွပ်က္စီးတယ္

ေရမခ်ိဳးတဲ့အခါ အေရျပားေတြ ပ်က္စီးလာပါမယ္။ အေရျပားေတြ ေျခာက္ေသြ႕ၿပီး အသားပပ္တာ၊ အကြက္ေတြျဖစ္တာအျပင္ ဝက္ၿခံေတြပါျဖစ္လာႏိုင္ပါတယ္။

Credit: Aunty may 

Unicode ဖြင့်ဖတ်ရန်

ရေချိုးပျင်းတဲ့သူတွေမှာ ဖြစ်ပေါ်လာမယ့် ကျန်းမာရေးဆိုးကျိုးများ



ရာသီဥတုအေးတဲ့အခါတွေ၊ အိမ်မှာပဲနေပြီး သွားစရာ ထွေထွေထူးထူး မရှိတဲ့အခါတွေမှာ လူတော်တော်များများက ရေမချိုးဘဲ နေတတ်ကြပါတယ်။ တစ်ချို့အေးတဲ့ဒေသတွေမှာဆိုရင် သုံးရက်လေးရက်လောက်ကို ရေမချိုးပဲ နေတတ်ကြပါတယ်။ ခုဖော်ပြပေးမှာကတော့ တစ်ရက်ကနေ နှစ်ရက်အထိ ရေမချိုးဘဲနေရင် ခန္ဓာကိုယ်မှာ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေပဲဖြစ်ပါတယ်။ ဒီစာလေးကို ဖတ်ပြီး ရေချိုးပျင်းတဲ့ သူငယ်ချင်းတွေ၊ အသိမိတ်ဆွေတွေကိုလည်း ပြောပြလိုက်ပါဦးနော်။

(၁) ဘက်တီးရီးယားပေါက်ဖွားနိုင်ခြေပိုများ

ရေမချိုးတဲ့အခါ ဘက်တီးရီးယားနဲ့ ပိုးမွှားတွေက ကြီးထွားလာပြီး အရေပြားဆိုင်ရာ ပြဿနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။

(၂) ကူးစက်ရောဂါများ

ပိုးမွှားတွေက အရေပြားဆိုင်ရာ ကူးစက်ရောဂါတွေ ဖြစ်လာစေနိုင်တဲ့အတွက် သင့်အရေပြားပေါ်မှာ အနာတွေ၊ အမာရွတ်တွေဖြစ်လာနိုင်ပါတယ်။

(၃) ယင်ကောင်တွေအုံနိုင်တယ်
ရေမချိုးတဲ့အခါမှာ ခန္ဓာကိုယ်က အနံ့တွေကြောင့် ယင်ကောင်တွေ ဝိုင်းနေတတ်ပါတယ်။ လူကြားထဲ ယင်ကောင်ဝိုင်းခံရရင် အရမ်းရှက်စရာကောင်းပါတယ်နော်။ ရေမချိုးမှန်း အရမ်းသိသာသွားမှာပါ။

(၄) ကိုယ်နံ့နံမယ်
အမျိုးသား၊ အမျိုးသမီးမရွေး ကိုယ်ခန္ဓာမှာ အနံ့ရှိပါတယ်။ အထူးသဖြင့် ချိုင်းမှာပါ။ ရေမချိုးတဲ့အခါ ကိုယ်ခန္ဓာ အနံ့အသက်မကောင်းသလို၊ ဘေးလူတွေအတွက်လည်း စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

(၅) အရေပြားအလှပျက်စီးတယ်

ရေမချိုးတဲ့အခါ အရေပြားတွေ ပျက်စီးလာပါမယ်။ အရေပြားတွေ ခြောက်သွေ့ပြီး အသားပပ်တာ၊ အကွက်တွေဖြစ်တာအပြင် ဝက်ခြံတွေပါဖြစ်လာနိုင်ပါတယ်။

Credit: Aunty may 

မှတ်ချက်များ