Zawgyiဖြင့်ဖတ်ရန်
Moekalay
Source;Htet Inzali
Credit:momolay
Unicodeဖြင့်ဖတ်ရန်
လေးတန်းလောက်တည်းက ကွဲကွာသွားတဲ့ ဖခင်နဲ့ ပြန်ဆုံစည်းခဲ့ပြီ ဖြစ်တဲ့ ပြိုင်ပွဲဝင် ထက်အဉ္ဇလီ
မြန်မာနိုင်ငံရဲ့ သီချင်းဆိုပြိုင်ပွဲများစွာထဲမှ မြန်မာတစ်နိုင်ငံလုံး သာမက ပြည်ပမှ ပရိသတ်တွေပါ စိတ်ဝင်တစား အားပေးခြင်းကို ခံထားရတဲ့ သီချင်းဆိုပြိုင်ပွဲကြီးကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီး ပဲဖြစ်ပါတယ်။ တစ်ခဲနက် အားပေးသူ ပရိသတ်တွေ များစွာ ရှိတဲ့ Myanmar Idol ပွဲကြီးဟာဆိုရင် နှစ်တိုင်း နာမည်ကြီးပြီး လူကြိုက်များတာတွေ့ရပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် Myanmar Idol Season4 မှ ပြိုင်ပွဲဝင် ထက်အဉ္ဇလီ က သူမနဲ့ ကွဲကွာနေတဲ့ ဖခင်နဲ့ ပြန်တွေ့ပြီဆိုတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
Myanmar Idol Season4 ရဲ့ ပြိုင်ပွဲဝင် ထက်အဉ္ဇလီ ဟာဆိုရင် အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေကို ဖမ်းစားထားသူလေးပါ။သူမ က ဖခင်နဲ့ ကွဲကွာနေကြောင်း ခုပြိုင်ပွဲမှာ သူမရဲ့ ဝေးကွာနေတဲ့ ဖခင် နဲ့ အဆက်အသွယ်ပြန်ရချင်ကြောင်းကို ပြောထားတာရှိပါတယ်။
မနေ့ည ပြိုင်ပွဲမှာ တော့ သူ့ရဲ့ ဝေးကွာနေတဲ့ ဖခင် နဲ့ ပြန်တွေ့ပြီဆိုပြီး ထက်အဉ္ဇလီ က သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ခုလိုပြောထားပါတယ်။
ထက်အဉ္ဇလီ က "Hello....အချစ်တို့ရေထက်သတင်းကောင်းလေးပြောချင်လို့ပါရှင့် မနေ့ကပြိုင်ပွဲမှာ ထက်နဲ့လေးတန်းလောက်ထဲက ခွဲခွါခဲ့ရတဲ့ ထက်အရမ်းသတိရနေခဲ့ရတဲ့ ပါးပါး(အဖေ) နဲ့ပြန်ဆုံနိုင်ခွင့်ရခဲ့ပါပြီရှင့် ထက်ဝမ်းသာလို့မဆုံးပါဘူးရှင့် အားလုံးလည်းထပ်တူပျော်ရွှင်ကြမယ်ထင်ပါတယ်ရှင့်😍🙏🏻"
"ထက် မနေ့ကသီဆိုမှုမှာ ဆိုခါနီး ရင်ပြည့်ပြီးရင်ဘတ်မှာ လေခံနေတော့ ထင်သလောက်မလုပ်ပြနိုင်ခဲ့ပဲ လိုအပ်ချက်တွေရှိသွားလို့ အားမရခဲ့ပေမယ့်လည်း မူရင်းအဆိုရှင် အမ အေးချမ်းမေရဲ့ အသိမှတ်ပြုချစ်ခင်ပေးတာလေးလည်း သိခွငိ့ရတော့ အရမ်းဝမ်းသာရပါတယ်ရှင့်🙏🏻❤️ ထက်ကိုချစ်ခင်ကြတဲ့သူတွေရဲ့အပြုံးကိုလည်းမြင်တွေ့ခွင့်ရတော့ အကောင်းဆုံးမလုပ်နိုင်ပေမယ့်လည်း ကျေနပ်မိပါတယ် ချစ်တယ် ဝီဝီ တို့ရေ❤️😍 ဒီနေ့လေးက Voting အနည်းဆုံးသူ 2ဦးပြိုင်ပွဲကထွက်ခွါရမှာဖြစ်တော့ ထက်စိတ်ပူမိတာတော့အမှန်ပါ😔ထက်နောက်ထက်အကောင်းဆုံးလေ့လာကြိုးစားသင်ယူပြီး ချပြခွင့်ရချင်သေးတယ် ဒီမှာရတဲ့နွေးထွေးမှုတွေနဲ့ ဆရာ ဆရာမတို့ရဲ့ ပညာတွေသင်ယူရင်း အားလုံးချစ်ခင်ရတဲ့ Idolကောင်းတစ်ယောက်အဖြစ် ပြိုင်ပွဲမှာ ဆက်ရှိချင်နေသေးတာကြောင့် ထက်ကိုချစ်ခင်ပြီးသားသူတွေရော စောင့်ကြည့်ဆဲသူတွေရော ထက်ကိုနောက်တစ်ဆင့်ကိုခေါ်ဆောင်ပေးပါလို့ ထက်တောင်းဆိုပါတယ်ရှင့်🙏🏻ထက်အကောင်းဆုံးကြိုးစားသွားပါ့မယ်ရှင့်❤️တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို
ချစ်ခင်လေးစားလျှက်ထက်" ဆိုပြီးပြောထားပါတယ်။
မိုမိုလေး ပရိသတ်တွေ ကလည်း ထက်အဉ္ဇလီ ရဲ့ ဖခင်နဲ့ ပြန်တွေ့လို့ ပျော်နေတဲ့ အကြောင်းကို သိလောက်ပြီ ထင်ပါတယ်။ဒီနေ့ညအတွက် ပြိုင်ပွဲဝင် ထက်အဉ္ဇလီ အတွက် vote ပေးဖို့ မမေ့ကြနဲ့နော် ပရိသတ်ကြီး။
Moekalay
Source;Htet Inzali
Credit:momolay



မှတ်ချက်များ