

Zawgyiဖြင့်ဖတ်ရန်






Myint Myat


Credit:momolay

Unicodeဖြင့်ဖတ်ရန်

အစားအသောက်ကောင်းတွေ စားတိုင်း မိန်းမကို သတိရတယ်ဆိုတဲ့ ရွှေထူး

တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်တတ်လွန်းတဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ရွှေထူးနဲ့ရွှေမှုံရတီတို့ ဇနီးမောင်နှံကတော့ အချစ်တွေအပြည့်နဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတာပါ။ လတ်တလောမှာတော့ ရွှေထူးက အလုပ်ကိစ္စနဲ့ ခရီးထွက်နေတာဖြစ်ပြီး ရန်ကုန်မှာကျန်ခဲ့တဲ့ ဇနီးကို အရမ်းလွမ်းနေကြောင်း လူမှုကွန်ယက်မှာ ထုတ်ပြောလာတာ တွေ့ရပါတယ်။ ရွှေထူးကတော့ အစားအသောက်ကောင်းတွေ စားတိုင်း မိန်းမကို သတိရတယ်လို့ ထုတ်ပြောခဲ့တာဖြစ်ပြီး သူတို့နှစ်ဉီးရဲ့ ကြည်နူးစရာ အပြုအမူလေးတွေကတော့ ပရိသတ်ကိုပာ ပြုံးမိသွားစေပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့သာယာတဲ့ အိမ်ထောင်ရေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရွှေထူးကတော့ "အစားအသောက်ကောင်းတွေ စားတိုင်း မိန်းမကို လွမ်းတယ်" ဆိုပြီး ချစ်ရတဲ့ ဇနီးချောလေးကို ဘယ်လောက်ထိ နှစ်နှစ်ကာကာချစ်ကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ တကယ့်ကို ချစ်တတ်လွန်းသူကြီး ရွှေထူးပါပဲနော်။

ခဏလေးဝေးရင်တောင် အရမ်းလွမ်းနေတတ်တဲ့ အချစ်ပိုလွန်းသူကြီး ရွှေထူး...။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံနှစ်ဦးကတော့ လက်ရှိမှာ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ အပြည့်နဲ့ အခက်အခဲတွေကိုရင်ဆိုင်ပြီး ခိုင်ခိုင်မြဲ လက်တွဲထားကြတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်းနှစ်ယောက်သား အရမ်းကို ချစ်နေကြတဲ့ ရွှေနှစ်ရွှေစုံတွဲလေးကို ချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat

Source:Htoo Khant's Facebook

Credit:momolay

မှတ်ချက်များ