အသက္ ၉ ႏွစ္တည္းနဲ႔ အင္ဂ်င္နီယာဘြဲ႕ရခဲ့တဲ့ ကေလး
Zawgyi ျဖင့္ဖတ္ရန္
ကမာၻတစ္ဝွမ္းမွာ ငယ္႐ြယ္ထက္ျမက္တဲ့ကေလးငယ္ေတြဟာ အသက္ငယ္႐ြယ္စဥ္မွာပဲ ျမင့္မားတဲ့ပညာေတြကို သင္ယူတတ္ေျမာက္ ေအာင္ျမင္ေနၾကတာ တကယ့္ကိုဂုဏ္ယူစရာပါပဲ။Laurent Simons အမည္ရွိတဲ့ ၉ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ဦးဟာ Eindhoven နည္းပညာတကၠသိုလ္မွာ လွ်ပ္စစ္အင္ဂ်င္နီယာဘြဲ႕ယူရေတာ့မယ့္ ေက်ာင္းသားေလးတစ္ဦးပဲျဖစ္ပါတယ္။
သူ႔ရဲ႕ အနာဂါတ္အစီအစဥ္ကလည္း အံ့ၾသစရာပါပဲ။ သူဟာ ေဆးပညာဆိုင္ရာ ဘြဲ႕ကို ယူဖို႔ႀကိဳးစားေနစဥ္မွာ အင္ဂ်င္နီယာဘြဲ႕ကို PhD တတ္မွာျဖစ္တယ္ လို႔သိရပါတယ္။
Laurent ကေလးရဲ႕ ပါရမီကို စတင္သတိထားမိသူကေတာ့ သူ႔အဘိုးအဘြားေတြပဲျဖစ္ပါတယ္။ သူ႔ကိုဆရာမေတြဟာ အရည္အခ်င္းစစ္စာေမးပြဲေတြ အမ်ိဳးမ်ိဳး စစ္ေဆးေျဖဆိုခိုင္းၿပီးေနာက္ သူ႔အရည္အခ်င္းကို အားလုံးၾသခ်ရပါေတာ့တယ္။
ဒီကေလးေလး ဘာေၾကာင့္ ဉာဏ္အလြန္ေကာင္းရတယ္ဆိုတာ အားလုံးက ထူးဆန္းေနၾကပါတယ္။ Laurent တို႔မိသားစုဆရာဝန္ကေတာ့ ကေလးရဲ႕အေမဟာ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ငါးအမ်ားႀကီးစားေပးတဲ့အတြက္ျဖစ္တယ္လို႔ သိရပါတယ္။
Laurent ဟာ ၈ႏွစ္အ႐ြယ္မွာ အထက္တန္းေက်ာင္းရဲ႕ သင္႐ိုးမာတိကာကို တစ္ႏွစ္ထဲနဲ႔ အကုန္ၿပီးေျမာက္ေအာင္သင္ၾကားခဲ့ၿပီး နည္းပညာတကၠသိုလ္ကိုတတ္ခဲ့သူျဖစ္ပါတယ္။
သူတတ္ခဲ့တဲ့ နည္းပညာတကၠသိုလ္ကေတာ့ သူတို႔ေက်ာင္းမွာ ထူးျခားတဲ့ေက်ာင္းသားေတြအတြက္ ညႇိႏႈိင္းစီစဥ္ေပးထားတဲ့ အခ်ိန္ဇယားေတြရွိၿပီး Laurent ဟာ သူတို႔သင္ခဲ့ရသမွ်ထဲမွာ လုံးဝသာမန္ထက္လြန္ကဲၿပီး သင္ယူမႈအျမန္ဆုံး ေက်ာင္းသားျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။
Laurent ကေတာ့ သူ လွ်ပ္စစ္အင္ဂ်င္နီယာပညာကို သေဘာက်ပါတယ္ တျခားတစ္ဘက္မွာလည္း ေဆးပညာကို သင္ယူခ်င္ပါေသးတယ္ လို႔ CNN ကိုေျပာျပခဲ့ပါတယ္။
သူဟာ သူ႔ေခြးနဲ႔ကစားရတာ သေဘာက်သလို ဖုန္းသုံးရတာကိုလည္း ႏွစ္သက္ပါတယ္။ သူဟာ ႀကိဳးစားတာမွန္ေပမယ့္ ကစားခ်ိန္လည္း အလုံအေလာက္ထားၿပီး အသည္းအသန္ႀကီး စာမွစာလုပ္မေနဘူးလို႔ ဆိုပါတယ္။
သူ႔ရဲ႕ရည္မွန္းခ်က္ကေတာ့ ကိုယ္တြင္းအဂၤါေတြ ျပဳလုပ္ဖန္တီးေပးၿပီး ဖြံၿဖိဳးေအာင္ႀကိဳးစားခ်င္တာျဖစ္တယ္လို႔သိရပါတယ္။
Laurent ေလးဟာ သူေနာက္စာသင္ႏွစ္ေတြ မစမီ ဂ်ပန္ကို အပန္းေျဖခရီးထြက္ခ်င္ပါေသးတယ္ လို႔ဆိုပါတယ္။
Writer -LLA ( Shwe Yaung Lan )
Unicode ဖြင့်ဖတ်ရန်
အသက် ၉ နှစ်တည်းနဲ့ အင်ဂျင်နီယာဘွဲ့ရခဲ့တဲ့ ကလေး
ကမ္ဘာတစ်ဝှမ်းမှာ ငယ်ရွယ်ထက်မြက်တဲ့ကလေးငယ်တွေဟာ အသက်ငယ်ရွယ်စဉ်မှာပဲ မြင့်မားတဲ့ပညာတွေကို သင်ယူတတ်မြောက် အောင်မြင်နေကြတာ တကယ့်ကိုဂုဏ်ယူစရာပါပဲ။Laurent Simons အမည်ရှိတဲ့ ၉နှစ်အရွယ် ကောင်လေးတစ်ဦးဟာ Eindhoven နည်းပညာတက္ကသိုလ်မှာ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ယူရတော့မယ့် ကျောင်းသားလေးတစ်ဦးပဲဖြစ်ပါတယ်။
သူ့ရဲ့ အနာဂါတ်အစီအစဉ်ကလည်း အံ့သြစရာပါပဲ။ သူဟာ ဆေးပညာဆိုင်ရာ ဘွဲ့ကို ယူဖို့ကြိုးစားနေစဉ်မှာ အင်ဂျင်နီယာဘွဲ့ကို PhD တတ်မှာဖြစ်တယ် လို့သိရပါတယ်။
Laurent ကလေးရဲ့ ပါရမီကို စတင်သတိထားမိသူကတော့ သူ့အဘိုးအဘွားတွေပဲဖြစ်ပါတယ်။ သူ့ကိုဆရာမတွေဟာ အရည်အချင်းစစ်စာမေးပွဲတွေ အမျိုးမျိုး စစ်ဆေးဖြေဆိုခိုင်းပြီးနောက် သူ့အရည်အချင်းကို အားလုံးသြချရပါတော့တယ်။
ဒီကလေးလေး ဘာကြောင့် ဉာဏ်အလွန်ကောင်းရတယ်ဆိုတာ အားလုံးက ထူးဆန်းနေကြပါတယ်။ Laurent တို့မိသားစုဆရာဝန်ကတော့ ကလေးရဲ့အမေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ငါးအများကြီးစားပေးတဲ့အတွက်ဖြစ်တယ်လို့ သိရပါတယ်။
Laurent ဟာ ၈နှစ်အရွယ်မှာ အထက်တန်းကျောင်းရဲ့ သင်ရိုးမာတိကာကို တစ်နှစ်ထဲနဲ့ အကုန်ပြီးမြောက်အောင်သင်ကြားခဲ့ပြီး နည်းပညာတက္ကသိုလ်ကိုတတ်ခဲ့သူဖြစ်ပါတယ်။
သူတတ်ခဲ့တဲ့ နည်းပညာတက္ကသိုလ်ကတော့ သူတို့ကျောင်းမှာ ထူးခြားတဲ့ကျောင်းသားတွေအတွက် ညှိနှိုင်းစီစဉ်ပေးထားတဲ့ အချိန်ဇယားတွေရှိပြီး Laurent ဟာ သူတို့သင်ခဲ့ရသမျှထဲမှာ လုံးဝသာမန်ထက်လွန်ကဲပြီး သင်ယူမှုအမြန်ဆုံး ကျောင်းသားဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
Laurent ကတော့ သူ လျှပ်စစ်အင်ဂျင်နီယာပညာကို သဘောကျပါတယ် တခြားတစ်ဘက်မှာလည်း ဆေးပညာကို သင်ယူချင်ပါသေးတယ် လို့ CNN ကိုပြောပြခဲ့ပါတယ်။
သူဟာ သူ့ခွေးနဲ့ကစားရတာ သဘောကျသလို ဖုန်းသုံးရတာကိုလည်း နှစ်သက်ပါတယ်။ သူဟာ ကြိုးစားတာမှန်ပေမယ့် ကစားချိန်လည်း အလုံအလောက်ထားပြီး အသည်းအသန်ကြီး စာမှစာလုပ်မနေဘူးလို့ ဆိုပါတယ်။
သူ့ရဲ့ရည်မှန်းချက်ကတော့ ကိုယ်တွင်းအင်္ဂါတွေ ပြုလုပ်ဖန်တီးပေးပြီး ဖွံဖြိုးအောင်ကြိုးစားချင်တာဖြစ်တယ်လို့သိရပါတယ်။
Laurent လေးဟာ သူနောက်စာသင်နှစ်တွေ မစမီ ဂျပန်ကို အပန်းဖြေခရီးထွက်ချင်ပါသေးတယ် လို့ဆိုပါတယ်။
Writer -LLA ( Shwe Yaung Lan )
မှတ်ချက်များ