Zawgyi ျဖင့္ဖတ္ရန္
အသက္(၁၄)ႏွစ္သာရွိေသးတဲ့ Wong Yen Chi အမည္ရ ေကာင္မေလးဟာ လူမမယ္အ႐ြယ္မွ လက္ရွိအခ်ိန္ေရာက္သည္အထိ မိဘကို ေဈးေရာင္းရင္း လုပ္ေကြၽးခဲ့ပါတယ္။ Yen ဟာ ဖခင္ဆီက အေၾကာ္အေလွာ္ အခ်က္အျပဳတ္ကို (၉)ႏွစ္အ႐ြယ္ကတည္းက တက္ေျမာက္ခဲ့ပါတယ္။
သူမရဲ႕အေၾကာင္းကို WorldOfBuzz က ေဖာ္ျပထားတာပါ။ အခုဆိုရင္ Yen ဟာ မိဘကို ေကာင္းေကာင္းလုပ္ေကြၽးႏိုင္ေနၿပီျဖစ္ၿပီး၊ သတင္းမီဒီယာေတြထက္မွာလည္း နာမည္ႀကီးေနပါၿပီ။ သူမကို စားဖိုမႉုးမ-ေလးလို႔ ေခၚေနၾကပါတယ္။ သူမရဲ႕ မိဘေတြဟာ လမ္းေဘးမွာ အစားအစာ ခ်က္ျပဳတ္ေရာင္းပါတယ္။
Yen ဟာ ငယ္႐ြယ္ေပမယ့္ မိဘေတြ သက္ေတာင့္သက္သာ ျဖစ္ေစဖို႔ ငယ္ငယ္ကတည္းက ကူညီ႐ိုင္းပင္းခဲ့သူပါ။ ဒီလိုပဲ မိဘေတြကလည္း သမီးျဖစ္သူကို ေငြေၾကးရဲ႕တန္ဖိုးကို ေကာင္းေကာင္းသင္ျပေပးၿပီး၊ အခုဆိုရင္ သူမကိုယ္တိုင္လည္း ထိုက္သင့္တဲ့ ဝင္ေငြကို စုေဆာင္းထားႏိုင္ပါၿပီ။
လမ္းေဘးေဈးသည္ျဖစ္တဲ့အတြက္ ေနရာကေတာ့ ခဏခဏေျပာင္းပါတယ္။ မေလးရွား ကြာလာလမ္ပူက ေနရာစုံမွာ အပတ္အစဥ္ လွည့္လည္ေရာင္းခ်တာပါ။ သူမတို႔ေဈးေရာင္းတဲ့ေနရာေတြကေတာ့ ေန႔အလိုက္ အေျပာင္းအလဲရွိပါတယ္။
တနလၤာဆိုရင္ Serdang မွာ ေရာင္းခ်ၿပီးအဂၤါေန႔မွာ Sri Petaling မွာ ေရာင္းခ်ပါတယ္။ ဗုဒၶဟူးေန႔မွာ Taman Connaught မွာရွိၿပီး၊ ၾကာသပေတးေန႔မွာေတာ့ Taman OUG မွာ ျဖစ္ပါတယ္။
ေသာၾကာေန႔မွာေတာ့ Leisure Mall မွာ ေရာင္းခ်ၿပီး၊ စေနေန႔မွာ Setia Alam နဲ႔ တနဂၤေႏြေန႔မွာ Kepong Baru ျဖစ္ေၾကာင္း သူမရဲ႕ FB ပို႔စ္အရ သိရပါတယ္။
share from: burmese.asia
အသက်(၁၄)နှစ်ဆိုပေမယ့်၊ မိဘကို လုပ်ကျွေးရင်း နာမည်ကြီးလာတဲ့ ကလေးမလေး
အသက်(၁၄)နှစ်သာရှိသေးတဲ့ Wong Yen Chi အမည်ရ ကောင်မလေးဟာ လူမမယ်အရွယ်မှ လက်ရှိအချိန်ရောက်သည်အထိ မိဘကို ဈေးရောင်းရင်း လုပ်ကျွေးခဲ့ပါတယ်။ Yen ဟာ ဖခင်ဆီက အကြော်အလှော် အချက်အပြုတ်ကို (၉)နှစ်အရွယ်ကတည်းက တက်မြောက်ခဲ့ပါတယ်။
သူမရဲ့အကြောင်းကို WorldOfBuzz က ဖော်ပြထားတာပါ။ အခုဆိုရင် Yen ဟာ မိဘကို ကောင်းကောင်းလုပ်ကျွေးနိုင်နေပြီဖြစ်ပြီး၊ သတင်းမီဒီယာတွေထက်မှာလည်း နာမည်ကြီးနေပါပြီ။ သူမကို စားဖိုမှူုးမ-လေးလို့ ခေါ်နေကြပါတယ်။ သူမရဲ့ မိဘတွေဟာ လမ်းဘေးမှာ အစားအစာ ချက်ပြုတ်ရောင်းပါတယ်။
Yen ဟာ ငယ်ရွယ်ပေမယ့် မိဘတွေ သက်တောင့်သက်သာ ဖြစ်စေဖို့ ငယ်ငယ်ကတည်းက ကူညီရိုင်းပင်းခဲ့သူပါ။ ဒီလိုပဲ မိဘတွေကလည်း သမီးဖြစ်သူကို ငွေကြေးရဲ့တန်ဖိုးကို ကောင်းကောင်းသင်ပြပေးပြီး၊ အခုဆိုရင် သူမကိုယ်တိုင်လည်း ထိုက်သင့်တဲ့ ဝင်ငွေကို စုဆောင်းထားနိုင်ပါပြီ။
လမ်းဘေးဈေးသည်ဖြစ်တဲ့အတွက် နေရာကတော့ ခဏခဏပြောင်းပါတယ်။ မလေးရှား ကွာလာလမ်ပူက နေရာစုံမှာ အပတ်အစဉ် လှည့်လည်ရောင်းချတာပါ။ သူမတို့ဈေးရောင်းတဲ့နေရာတွေကတော့ နေ့အလိုက် အပြောင်းအလဲရှိပါတယ်။
တနင်္လာဆိုရင် Serdang မှာ ရောင်းချပြီးအင်္ဂါနေ့မှာ Sri Petaling မှာ ရောင်းချပါတယ်။ ဗုဒ္ဓဟူးနေ့မှာ Taman Connaught မှာရှိပြီး၊ ကြာသပတေးနေ့မှာတော့ Taman OUG မှာ ဖြစ်ပါတယ်။
သောကြာနေ့မှာတော့ Leisure Mall မှာ ရောင်းချပြီး၊ စနေနေ့မှာ Setia Alam နဲ့ တနင်္ဂနွေနေ့မှာ Kepong Baru ဖြစ်ကြောင်း သူမရဲ့ FB ပို့စ်အရ သိရပါတယ်။
share from: burmese.asia


မှတ်ချက်များ