” အိမ္ေဖာက္ဝင္သူကို ပညာေကာင္းေကာင္း ေပးလိုက္တဲ့ ႂကြက္သားအၿပိဳင္းၿပိဳင္းနဲ႔ ရွစ္ဆယ္ေက်ာ္ အဘြား “
Zawgyi ျဖင့္ဖတ္ရန္
နယူးေယာက္မွာ အသက္ ၈၂ ႏွစ္အ႐ြယ္ အဘြားအိုတစ္ဦးရဲ႕ အိမ္ကို ေဖာက္ဝင္သူရဲ႕ ရလဒ္ကေတာ့ အဆုံးသတ္ မလွရွာပါဘူး။ကိုယ္ကာယႀကံ့ခိုင္ေရး လိုက္စားတဲ့ အဘြားအို မာဖီက သူ႔ အိမ္ေရွ႕ကို အဂၤါေန႔ညက အမ်ိဳးသားတစ္ဦး ေရာက္လာတယ္လို႔ ေျပာပါတယ္။ သူ အိပ္ရာဝင္ဖို႔ လုပ္ေနခ်ိန္မွာ ေရာက္လာတာျဖစ္ၿပီး အဲဒီ အမ်ိဳးသားက အိမ္တံခါးကို ထု႐ိုက္ရင္း သူ႔အတြက္ အေရးေပၚကား ေခၚေပးဖို႔ ေျပာတယ္လို႔ အဘြားအို မာဖီက ဆိုပါတယ္။
အဘြား မာဖီဟာ ရဲလွမ္းေခၚေပးေပမယ့္ အဲဒီ အမ်ိဳးသားကိုေတာ့ အိမ္ထဲ ဝင္ခြင့္ မေပးပါ။ ဒါနဲ႔ အမ်ိဳးသားဟာ စိတ္ဆိုးမာန္ဆိုးနဲ႔ တံခါးကို ခ်ိဳးဖ်က္ဝင္ေရာက္လာေတာ့တာ ျဖစ္ပါတယ္။“အေတာ္ေလး ေမွာင္ေနၿပီေလ။ ၿပီးေတာ့ ငါက တစ္ေယာက္တည္းရယ္။ ဒါေပမယ့္ မွန္းဆၾကည့္လိုက္ေလ၊ ငါက ခြန္အားဗလရွိတာပဲ။”လို႔ လက္ေမာင္းႂကြက္သားေတြကို ထုတ္ျပရင္း အဘြားမာဖီက ေျပာပါတယ္။ “ဒီ အမ်ိဳးသားကေတာ့ ေ႐ြးခ်ယ္မႈ မွားသြားရွာတာပဲ။”လို႔ ၎က ဆိုပါတယ္။
ကာယဗလမယ္ဆု ရဖူးတဲ့ မာဖီဟာ သူ အိမ္ထဲ က်ဳးေက်ာ္ဝင္ေရာက္သူကို ရွိသမွ်ပစၥည္းေတြနဲ႔ ဟန႔္တား တိုက္ခိုက္ပါတယ္။ သူ အလုပ္လုပ္တဲ့ စားပြဲရဲ႕ စတီးလ္ေထာက္တံနဲ႔ အဲဒီ အမ်ိဳးသားကို တိုက္ခိုက္ပါတယ္။
က်ဳးေက်ာ္လာသူ အမ်ိဳးသားအေပၚ အႀကိမ္ႀကိမ္ ခုန္ေပါက္အၿပီး မာဖီဟာ မီးဖိုေခ်ာင္ဆီ ေျပးၿပီး ဆပ္ျပာရည္ ယူပါတယ္။ မာဖီရဲ႕ တိုက္ခိုက္မႈေၾကာင့္ အားမရွိေတာ့တဲ့ အဲဒီ က်ဳးေက်ာ္သူ မ်က္ႏွာကို ဆပ္ျပာရည္နဲ႔ ပက္ဖ်န္းပါေတာ့တယ္။
ဒီေလာက္နဲ႔လည္း အားမရပါဘူး။ မာဖီဟာ မတ္တပ္တံျမက္စည္းနဲ႔ အဲဒီ အမ်ိဳးသားကို တဖုန္းဖုန္း ႐ိုက္ပါေတာ့တယ္။ဒီေနာက္မွာေတာ့ ေမ့ေမ်ာေနတဲ့ က်ဳးေက်ာ္သူကို အိမ္ျပင္တ႐ြတ္ဆြဲထုတ္ဖို႔ မာဖီက လုပ္ပါေတာ့တယ္။ ဒီအခ်ိန္မွာ ပထမ မာဖီ လွမ္းေခၚထားတာေၾကာင့္ ရဲေတြ ေရာက္လာေတာ့တာပဲ ျဖစ္ပါတယ္။
အဘြားမာဖီရဲ႕ လက္စလက္နကို ေကာင္းေကာင္းႀကီး ခံလိုက္ရတဲ့ အဲဒီ အမ်ိဳးသားကို အေရးေပၚကားေပၚ တင္ၿပီး ေခၚေဆာင္သြားပါေတာ့တယ္။
“ငါေတာ့ ထင္တယ္၊ သူ စိတ္ေက်နပ္သြားမယ္လို႔ပါ။ ဘာေၾကာင့္လည္းဆိုေတာ့ သူ ေခၚခိုင္းတဲ့အတိုင္း အေရးေပၚကားေပၚ သူ႔ကို ငါ ပို႔ေပးလိုက္တာေၾကာင့္ပဲေလ။”ဟု အဘြားအို မာဖီက ေျပာခဲ့ပါေတာ့တယ္။
Writer_ ေမာင္သံဆင့္(XYZ News)
Unicode ဖြင့်ဖတ်ရန်
” အိမ်ဖောက်ဝင်သူကို ပညာကောင်းကောင်း ပေးလိုက်တဲ့ ကြွက်သားအပြိုင်းပြိုင်းနဲ့ ရှစ်ဆယ်ကျော် အဘွား “
နယူးယောက်မှာ အသက် ၈၂ နှစ်အရွယ် အဘွားအိုတစ်ဦးရဲ့ အိမ်ကို ဖောက်ဝင်သူရဲ့ ရလဒ်ကတော့ အဆုံးသတ် မလှရှာပါဘူး။ကိုယ်ကာယကြံ့ခိုင်ရေး လိုက်စားတဲ့ အဘွားအို မာဖီက သူ့ အိမ်ရှေ့ကို အင်္ဂါနေ့ညက အမျိုးသားတစ်ဦး ရောက်လာတယ်လို့ ပြောပါတယ်။ သူ အိပ်ရာဝင်ဖို့ လုပ်နေချိန်မှာ ရောက်လာတာဖြစ်ပြီး အဲဒီ အမျိုးသားက အိမ်တံခါးကို ထုရိုက်ရင်း သူ့အတွက် အရေးပေါ်ကား ခေါ်ပေးဖို့ ပြောတယ်လို့ အဘွားအို မာဖီက ဆိုပါတယ်။
အဘွား မာဖီဟာ ရဲလှမ်းခေါ်ပေးပေမယ့် အဲဒီ အမျိုးသားကိုတော့ အိမ်ထဲ ဝင်ခွင့် မပေးပါ။ ဒါနဲ့ အမျိုးသားဟာ စိတ်ဆိုးမာန်ဆိုးနဲ့ တံခါးကို ချိုးဖျက်ဝင်ရောက်လာတော့တာ ဖြစ်ပါတယ်။“အတော်လေး မှောင်နေပြီလေ။ ပြီးတော့ ငါက တစ်ယောက်တည်းရယ်။ ဒါပေမယ့် မှန်းဆကြည့်လိုက်လေ၊ ငါက ခွန်အားဗလရှိတာပဲ။”လို့ လက်မောင်းကြွက်သားတွေကို ထုတ်ပြရင်း အဘွားမာဖီက ပြောပါတယ်။ “ဒီ အမျိုးသားကတော့ ရွေးချယ်မှု မှားသွားရှာတာပဲ။”လို့ ၎င်းက ဆိုပါတယ်။
ကာယဗလမယ်ဆု ရဖူးတဲ့ မာဖီဟာ သူ အိမ်ထဲ ကျုးကျော်ဝင်ရောက်သူကို ရှိသမျှပစ္စည်းတွေနဲ့ ဟန့်တား တိုက်ခိုက်ပါတယ်။ သူ အလုပ်လုပ်တဲ့ စားပွဲရဲ့ စတီးလ်ထောက်တံနဲ့ အဲဒီ အမျိုးသားကို တိုက်ခိုက်ပါတယ်။
ကျုးကျော်လာသူ အမျိုးသားအပေါ် အကြိမ်ကြိမ် ခုန်ပေါက်အပြီး မာဖီဟာ မီးဖိုချောင်ဆီ ပြေးပြီး ဆပ်ပြာရည် ယူပါတယ်။ မာဖီရဲ့ တိုက်ခိုက်မှုကြောင့် အားမရှိတော့တဲ့ အဲဒီ ကျုးကျော်သူ မျက်နှာကို ဆပ်ပြာရည်နဲ့ ပက်ဖျန်းပါတော့တယ်။
ဒီလောက်နဲ့လည်း အားမရပါဘူး။ မာဖီဟာ မတ်တပ်တံမြက်စည်းနဲ့ အဲဒီ အမျိုးသားကို တဖုန်းဖုန်း ရိုက်ပါတော့တယ်။ဒီနောက်မှာတော့ မေ့မျောနေတဲ့ ကျုးကျော်သူကို အိမ်ပြင်တရွတ်ဆွဲထုတ်ဖို့ မာဖီက လုပ်ပါတော့တယ်။ ဒီအချိန်မှာ ပထမ မာဖီ လှမ်းခေါ်ထားတာကြောင့် ရဲတွေ ရောက်လာတော့တာပဲ ဖြစ်ပါတယ်။
အဘွားမာဖီရဲ့ လက်စလက်နကို ကောင်းကောင်းကြီး ခံလိုက်ရတဲ့ အဲဒီ အမျိုးသားကို အရေးပေါ်ကားပေါ် တင်ပြီး ခေါ်ဆောင်သွားပါတော့တယ်။
“ငါတော့ ထင်တယ်၊ သူ စိတ်ကျေနပ်သွားမယ်လို့ပါ။ ဘာကြောင့်လည်းဆိုတော့ သူ ခေါ်ခိုင်းတဲ့အတိုင်း အရေးပေါ်ကားပေါ် သူ့ကို ငါ ပို့ပေးလိုက်တာကြောင့်ပဲလေ။”ဟု အဘွားအို မာဖီက ပြောခဲ့ပါတော့တယ်။
Writer_ မောင်သံဆင့်(XYZ News)


မှတ်ချက်များ