မီးသၿဂႋဳဟ္ၿပီး ရ လအၾကာ ေသဆုံးသူ ျပန္ေရာက္လာတဲ့သူအေၾကာင္း
Zawgyi ျဖင့္ဖတ္ရန္
ထိုင္းႏိုင္ငံမွာ အမ်ိဳးသားတဦး ေသဆုံးသြားလို႔ မီးသၿဂႋဳဟ္ၿပီး ရ လအၾကာ အိမ္ျပန္ေရာက္လာလို႔ မိသားစုဝင္ေတြက အႀကီးအက်ယ္ အံ့ၾသသြားၾကတယ္လို႔ သိရပါတယ္။
စာခြန္စာခီဝါ အသက္ ၄၄ ႏွစ္က အစာအိမ္ေရာဂါနဲ႔ ေသဆုံးၿပီး သူ႔ရဲ႕အေလာင္းကိုေတာင္ ေတြ႕ခဲ့ၾကတာလို႔ သူ႔ရဲ႕ေဆြမ်ိဳးေတြက ေျပာပါတယ္။
ဒါေပမယ့္ ဒီဇင္ဘာလ ၁၇ ရက္ေန႔မွာ ထိုင္းႏိုင္ငံ ဘန္လာအိုဖိုင္အရပ္က သူ႔ရဲ႕ အိမ္ကို မစၥတာစာခီဝါ ျပန္ေရာက္လာလို႔ မိသားစုဝင္ေတြက အံ့ၾသေနၾကတယ္လို႔ ဘန္ေကာက္ပို႔စ္ သတင္းအရ သိရပါတယ္။
မစၥတာစာခီဝါရဲ႕ အေဖတူအေမကြဲ အကိုက သူ လုံးဝအံ့ၾသသြားတယ္လို႔ ေျပာၿပီး လြန္ခဲ့တဲ့ ရ လက မစၥတာစာခီဝါ တေယာက္တည္းေနတုန္း ေသဆုံးသြားတယ္လို႔ ရဲေတြက မိသားစုကို အေၾကာင္းၾကားလို႔ မိသားစုက သူ႔ရဲ႕အေလာင္းကို သြားသယ္ခဲ့ရေၾကာင္း အကိုျဖစ္သူက ေျပာျပပါတယ္။
Navamindradhiraj တကၠသိုလ္က ဗာဂ်ီရာေဆး႐ုံမွာ အာဏာပိုင္ေတြက သူတို႔ကို မစၥတာစာခီဝါရဲ႕ ေဆြမ်ိဳးေတြျဖစ္ေၾကာင္း သက္ေသအခ်က္အလက္ေတြကို ေမးခဲ့ပါေသးတယ္။
သူတို႔အေလာင္းသြားသယ္ခ်ိန္ အမ်ိဳးသားရဲ႕အေလာင္းက ေယာင္ယမ္းေနၿပီး မွတ္ေတာင္ မမွတ္မိဘူးလို႔ အမ်ိဳုးေတြက ဆိုပါတယ္။
ဒါေပမယ့္ အေလာင္းရဲ႕ ေရွ႕သြားေတြက မစၥတာစာခီဝါရဲ႕ ေရွ႕သြားေတြနဲ႔ မတူတာကို အကိုဝမ္းကြဲျဖစ္သူက သတိထားမိေသးတယ္လို႔ ဆိုပါတယ္။ သူတို႔ ဇေဝဇဝါ ျဖစ္ေနေပမယ့္ အာဏာပိုင္ေတြက အေလာင္းကို အိမ္သယ္ခိုင္းခဲ့လို႔ သယ္ေဆာင္ၿပီး မီးမရႈိ႕ခင္ အမ်ိဳးေတြက ဘာသာေရးအရ အသုဘအခမ္းအနား က်င္းပခဲ့ၾကတာပါ။
မစၥတာစာခီဝါ အိမ္ကို ပထမဆုံးျပန္ေရာက္ခ်ိန္ မိသားစုက အံ့ၾသလြန္းလို႔ သူ႔ကို တေစၦသရဲလို႔ ထင္ခဲ့ၾကၿပီး သူကေတာ့ ၂၀၁၆ ခုႏွစ္၊ ဇန္နဝါရီလ ၂၄ ရက္ေန႔ကတည္းက ငါးဖမ္းေလွမွာ အလုပ္ လုပ္ေနတာလို႔ ဆိုပါတယ္။
အဲဒီအခ်ိန္ေတြေလာက္က ျမန္မာအလုပ္သမားက သူ႔ရဲ႕ မွတ္ပုံတင္ကတ္ကို ခိုးယူၿပီး ထြက္ေျပးသြားတယ္ထင္လို႔ ကတ္ေပ်ာက္ေၾကာင္း သတင္းပို႔ၿပီး ကတ္အသစ္ လုပ္ခဲ့တာလို႔ သူက ဆိုပါတယ္။
ဒီရက္အတြင္း သူက အိမ္ျပန္ဖို႔ဆုံးျဖတ္ၿပီး အလုပ္ထြက္ အိမ္ျပန္ခဲ့ေပမယ့္ အိမ္က မိသားစုဝင္ေတြက သူေသတယ္ ထင္ေနတာကို ခုမွ သိရတယ္လို႔ ဆိုပါတယ္။
စာခီဝါက သူေသဆုံးတာ ၂၀၁၇ ခုႏွစ္ ေမလ ၁၈ ရက္ တရားဝင္ျဖစ္ေနတဲ့ ရက္ကို ပယ္ဖ်က္ဖို႔ စီစဥ္ေနတယ္လို႔ ေမရာသတင္းတပုဒ္မွာ ဒီဇင္ဘာ ၂၉ ရက္ေန႔က ေဖာ္ျပထားပါတယ္။
share from: xyznews
Unicode ဖြင့်ဖတ်ရန်
မီးသင်္ဂြိုဟ်ပြီး ရ လအကြာ သေဆုံးသူ ပြန်ရောက်လာတဲ့သူအကြောင်း
ထိုင်းနိုင်ငံမှာ အမျိုးသားတဦး သေဆုံးသွားလို့ မီးသင်္ဂြိုဟ်ပြီး ရ လအကြာ အိမ်ပြန်ရောက်လာလို့ မိသားစုဝင်တွေက အကြီးအကျယ် အံ့သြသွားကြတယ်လို့ သိရပါတယ်။
စာခွန်စာခီဝါ အသက် ၄၄ နှစ်က အစာအိမ်ရောဂါနဲ့ သေဆုံးပြီး သူ့ရဲ့အလောင်းကိုတောင် တွေ့ခဲ့ကြတာလို့ သူ့ရဲ့ဆွေမျိုးတွေက ပြောပါတယ်။
ဒါပေမယ့် ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်လာအိုဖိုင်အရပ်က သူ့ရဲ့ အိမ်ကို မစ္စတာစာခီဝါ ပြန်ရောက်လာလို့ မိသားစုဝင်တွေက အံ့သြနေကြတယ်လို့ ဘန်ကောက်ပို့စ် သတင်းအရ သိရပါတယ်။
မစ္စတာစာခီဝါရဲ့ အဖေတူအမေကွဲ အကိုက သူ လုံးဝအံ့သြသွားတယ်လို့ ပြောပြီး လွန်ခဲ့တဲ့ ရ လက မစ္စတာစာခီဝါ တယောက်တည်းနေတုန်း သေဆုံးသွားတယ်လို့ ရဲတွေက မိသားစုကို အကြောင်းကြားလို့ မိသားစုက သူ့ရဲ့အလောင်းကို သွားသယ်ခဲ့ရကြောင်း အကိုဖြစ်သူက ပြောပြပါတယ်။
Navamindradhiraj တက္ကသိုလ်က ဗာဂျီရာဆေးရုံမှာ အာဏာပိုင်တွေက သူတို့ကို မစ္စတာစာခီဝါရဲ့ ဆွေမျိုးတွေဖြစ်ကြောင်း သက်သေအချက်အလက်တွေကို မေးခဲ့ပါသေးတယ်။
သူတို့အလောင်းသွားသယ်ချိန် အမျိုးသားရဲ့အလောင်းက ယောင်ယမ်းနေပြီး မှတ်တောင် မမှတ်မိဘူးလို့ အမျိုုးတွေက ဆိုပါတယ်။
ဒါပေမယ့် အလောင်းရဲ့ ရှေ့သွားတွေက မစ္စတာစာခီဝါရဲ့ ရှေ့သွားတွေနဲ့ မတူတာကို အကိုဝမ်းကွဲဖြစ်သူက သတိထားမိသေးတယ်လို့ ဆိုပါတယ်။ သူတို့ ဇဝေဇဝါ ဖြစ်နေပေမယ့် အာဏာပိုင်တွေက အလောင်းကို အိမ်သယ်ခိုင်းခဲ့လို့ သယ်ဆောင်ပြီး မီးမရှို့ခင် အမျိုးတွေက ဘာသာရေးအရ အသုဘအခမ်းအနား ကျင်းပခဲ့ကြတာပါ။
မစ္စတာစာခီဝါ အိမ်ကို ပထမဆုံးပြန်ရောက်ချိန် မိသားစုက အံ့သြလွန်းလို့ သူ့ကို တစ္ဆေသရဲလို့ ထင်ခဲ့ကြပြီး သူကတော့ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ကတည်းက ငါးဖမ်းလှေမှာ အလုပ် လုပ်နေတာလို့ ဆိုပါတယ်။
အဲဒီအချိန်တွေလောက်က မြန်မာအလုပ်သမားက သူ့ရဲ့ မှတ်ပုံတင်ကတ်ကို ခိုးယူပြီး ထွက်ပြေးသွားတယ်ထင်လို့ ကတ်ပျောက်ကြောင်း သတင်းပို့ပြီး ကတ်အသစ် လုပ်ခဲ့တာလို့ သူက ဆိုပါတယ်။
ဒီရက်အတွင်း သူက အိမ်ပြန်ဖို့ဆုံးဖြတ်ပြီး အလုပ်ထွက် အိမ်ပြန်ခဲ့ပေမယ့် အိမ်က မိသားစုဝင်တွေက သူသေတယ် ထင်နေတာကို ခုမှ သိရတယ်လို့ ဆိုပါတယ်။
စာခီဝါက သူသေဆုံးတာ ၂၀၁၇ ခုနှစ် မေလ ၁၈ ရက် တရားဝင်ဖြစ်နေတဲ့ ရက်ကို ပယ်ဖျက်ဖို့ စီစဉ်နေတယ်လို့ မေရာသတင်းတပုဒ်မှာ ဒီဇင်ဘာ ၂၉ ရက်နေ့က ဖော်ပြထားပါတယ်။
share from: xyznews


မှတ်ချက်များ