ဝန္ႀကီးမ်ား႐ုံးကို အႏွိပ္ခန္းအျဖစ္ ေျပာင္းလဲပစ္တာ ဘာမ်ားဟုတ္ဦးမွာလဲ?
Zawgyi ျဖင့္ဖတ္ရန္
ဝန္ႀကီးမ်ား႐ုံးကို မာဆတ္ျဖစ္ေအာင္ ေျပာင္းလဲျပစ္ခဲ့တာ ဘာဟုတ္ဦးမွာလည္း တံတားေလး စိတၱဇေဆး႐ုံက ကမာၻေအးဗီလာ တဲ့။ ႀကံေတာသုသာန္က တိုင္းစီးတီး တဲ့ , ဂ်န္ရွင္းစကြဲ တဲ့။ မအူကုန္းအမႈိက္ပုံက ယုဇနပလာဇာ တဲ့။ ဝိဇယ႐ုပ္ရွင္႐ုံက စီဘီဘဏ္တဲ့။ ကုန္တိုက္ (၁) က ႐ူဘီမတ္တဲ့။ ဗႏၶဳလလမ္းနဲ႔သိမ္ျဖဴလမ္းေထာင့္က လုပ္သားျပည္သူ႔ေန႔စဥ္သတင္းစာတိုက္က ယူအက္ဖ္စီ တဲ့။ အလုံအမႈိက္ပုံက အလုံတာဝါ တဲ့ ။ ကိုးမိုင္တ႐ုပ္သခ်ိဳ ငၤ္းက ကိုးမိုင္အိုးရွင္း တဲ့ ဝိတိုရိယေဆး႐ုံတဲ့။ သာေကတ ဝက္စုေရကန္ အမႈိက္ပုံက ေဖာ္ကြၽန္းပလာဇာ တဲ့။ သုဝ႑ေပၚဆန္းေမႊးလမ္းက လူသုံးကုန္ပစၥည္းစက္႐ုံက ဒီေဂ်ပြဲေတြလုပ္တဲ့ ဝမ္းအင္တာတိန႔္မန႔္ တဲ့။
တာေမြမြတ္စလင္သခ်ိဳငၤ္းက တာေမြအိုးရွင္း တဲ့။ ဗႏၶဳလလမ္းနဲ႔ ဗိုလ္ျမတ္ထြန္းလမ္းေထာင့္က မိလႅာကန္က ဗိုလ္ျမတ္ထြန္းကြန္ဒိုတဲ့။ ဗိုလ္ခ်ဳပ္ေဈးသစ္က ဂ်န္းရွင္းစီးတီးတဲ့။ အင္းယာလမ္းက ကတၱရာေစးတိုင္ကီေတြထားတဲ့ စည္ပင္ဝင္းက ဆာကူရာ အိမ္ရာ တဲ့။ က်ိဳကၠဆံ ကပရ ကားကြင္းႀကီးက စူပါဝမ္း တဲ့။ ေမာ္တင္ေဈးက ဂ်န္းရွင္းေမာ္တင္ တဲ့။ စိန္ဂြၽန္းေဈးက စီးတီးေမာ္လ္ တဲ့။ စက္မႈ(၁)ဝန္ႀကီးဌာနဝင္းက ျမန္မာပလာဇာ တဲ့, မီလီယာဟိုတယ္ တဲ့။ ျပည္လမ္းက စက္မႈလယ္ယာက ႏိုဗိုတယ္ဟိုတယ္တဲ့။ ဆင္ျဖဴရွင္ရိပ္သာက ေလာ့တီဟိုတယ္ တဲ့။
ေဆးဝါးသုေတသနက စင္ထရယ္တဲ့။ ေဆာက္လုပ္ေရး႐ုံးခ်ဳပ္က ပ႐ိုင္းေဟးလ္စကြဲ တဲ့။ ၆ ထပ္႐ုံးက စထရန္းစကြဲ တဲ့။ အင္းစိန္လမ္းမေပၚက ဆင္ေခ်းတုံးဆပ္ျပာစက္႐ုံက ဂ်မ္ကြန္ဒို တဲ့။ ဘားလမ္းထိပ္က လဝက႐ုံးက ဧရာဝတီဘဏ္။ နန္းသီတာဆိပ္ကမ္းက ဘဲေလး တဲ့။ နား ႏွာေခါင္း လည္ေခ်ာင္းေဆး႐ုံက မက္စ္႐ုံးခ်ဳပ္တဲ့။ ျပည္သူ႔မုန႔္တိုက္ ပပဝင္း႐ုံ ဂုဏ္႐ုံ လက္ေ႐ြးစင္ကဖီး ဆူးေလပန္းၿခံ က ဆူးေလရွန္ဂရီလာ တဲ့ ဆူးေလစကြဲတဲ့။ ရွမ္းေခါက္ဆြဲဆိုင္ ဝင္းဆံသ ပၪၥသိခၤေတးသံသြင္း ဂိုးရႈိးစတိုးေတြရွိတဲ့ လွည္းတန္းအဝိုင္းက လွည္းတန္းစင္တာ တဲ့။ ရဲရင့္႐ုံက ဆာကူရာ တာဝါ တဲ့။ ေရးဗားဗ်ဴးကြန္ဒို တဲ့။ တပင္ေ႐ႊထီး႐ုပ္ရွင္႐ုံက ဒဂုံစင္တာ ၂ တဲ့။ ေျမနီကုန္းေဈးက ဒဂုံစင္တာ ၁ တဲ့။ ဆင္မလိုက္အေဝးေျပးဂိတ္က ဂရင္းဟံသာေဆး႐ုံႀကီးတဲ့။ ၾကည့္ျမင္တိုင္ကမ္းနားလမ္းေပၚက သီရိမဂၤလာေဈးက ဟက္ပီးေဝါနဲ႔ မာဆက္ တဲ့။ ၈မိုင္လမ္းဆုံက ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္က ရန္ကုန္စီးတီးဟိုတယ္ တဲ့။ သုဝ႑လမ္းဆုံနားက ေကာ္ေဇာစက္႐ုံက သုဝ႑ဘူမိတဲ့။ ျမန္မာ့အသံက MRTV4 တဲ့။ ဝင္းသူဇာ အေရာင္းဆိုင္က ျပည္ဂါးဒင္း တဲ့။
ဟာမစ္တစ္ ပ်ားေဂဟာက ပုလဲကြန္ဒိုမီနီယံ တဲ့။ ရဲေမာ္ေတာ္ယာဥ္ဌာနက ဆီဒိုးနာဟိုတယ္တဲ့။ ေဘာင္ဒရီလမ္းက စစ္ေၾကာေရးနဲ႔တည္းခိုေရးက မားကက္ပေလ့စ္ တဲ့။ ေ႐ႊတိဂုံဘုရားအေနာက္ဘက္မုဒ္ လမ္းတစ္ဖက္ျခမ္းက ေဂါက္ကြင္းပတ္ဝန္းက်င္က ျပည္သူ႔ဥယ်ာဥ္ တဲ့။ ဗိုလ္ရႈသဘင္က လႊတ္ေတာ္အေဆာက္အအုံ (ယခု ရန္ကုန္တိုင္းေဒသႀကီး႐ုံး)တဲ့။ သိမ္ျဖဴတင္းနစ္ကြင္းက ပထမေတာ့ ကားေမာင္းသင္ကြင္းတဲ့ အခုက်ျပန္ေတာ့ ကန္သာယာကြန္ဒို နဲ႔ ေရွာ့ပင္းေမာ္လ္ တဲ့ ဝင္းဒ္ဟန္ဂရင္းဟိုတယ္ တဲ့ ။ သတၱဳတြင္းဝန္ႀကီးဌာနက ရန္ကင္းကေလးေဆး႐ုံတဲ့။ စမ္းေခ်ာင္းလမ္းမေပၚက ေရခဲစက္က စမ္းေခ်ာင္းကြန္ဒိုတဲ့။ ဦးဝိစာရလမ္းမေပၚက ဒဂုံရဲစခန္းကစစ္ေဆး႐ုံတဲ့။ ပါရမီလမ္းေထာင့္ ကပရဌာန(၃)ခု တစ္ဆက္တည္းRTCဝင္းႀကီးက ေ႐ႊမန္းသူကားဂိတ္တဲ့ အင္ဒိုစီးတီး တဲ့။ ပန္းဆိုးတန္းလမ္း ကုန္သြယ္လယ္ယာက ေ႐ႊဘဏ္ တဲ့။ ထီးကိုးလက္ေဘးက စိုက္ခင္းေတြက အမ္အိုင္စီတီပါခ့္ တဲ့။
ဒဂုံ(၁)ေရွ႕က စစ္႐ုံးက ယုဇနဟိုတယ္ တဲ့။ ေယာက္လမ္းေထာင့္က Auto Car က ပါ့ခ္႐ိုင္ရယ္ဟိုတယ္ တဲ့။ သမတဟိုတယ္က ဂ်ီဟိုတယ္ တဲ့။ ဗိုလ္ခ်ဳပ္လမ္းေပၚက ကုန္းလမ္းပို႔ေဆာင္ေရး႐ုံးက ေကအက္ဖ္စီ တဲ့။ ဒဂုံၿမိဳ႕နယ္တရား႐ုံးက အမ်ိဳးသမီးစြမ္းေဆာင္ရွင္အသင္း အေဆာက္အအုံတဲ့ ။ သဂီ ရၤႊေရည္ဓါတ္ပုံတိုက္တဲ့။ ေရကူးထပ္ဆင့္အသံလႊင့္႐ုံက ေဖာ္အဲဗားဂ႐ု တဲ့။ မယ္လမုဘုရားတစ္ဖက္ကမ္းက လယ္ကြင္းေတြက ေျမာက္ဒဂုံၿမိဳ႕သစ္တဲ့။ ေပါက္ေတာသခ်ိ ၤုင္းက မုဒိတာအိမ္ယာ အမွတ္ ၂ တဲ့။ ၾကည့္ျမင္တိုင္ဗားကရာသဲကြင္းက ေအးရွားေဝါလ္ ဆိပ္ကမ္းတဲ့။ ျပည္လမ္းေပၚက ရဲရိပ္သာက ေတာ္ဝင္စင္တာတဲ့။ သဃၤန္းကြၽန္းဈးက ေအေကေက ေရွာ့ပင္းေမာ္လ္ တဲ့။ ရန္ကင္း CMA႐ုံးက ဂိုးလ္ဒင္းစီးတီး တဲ့။
ကန္ဘဲ့သခ်ိ ၤုင္းက စည္ပင္အဆင့္ျမင့္အိမ္ယာတဲ့။ တာေမြသခ်ိ ၤုင္းက ေ႐ႊထြတ္တင္ စကိုင္းစတား၊ အိုင္အယ္ဘီစီ၊ ပိုလိုကလပ္၊ ေမာ္နင္းစကား၊ ကားပြဲစားတန္း တဲ့။ ဗညားဒလလမ္းနဲ႔ဗ်ိဳင္းေရအိုးစင္လမ္းေထာင့္ကတ႐ုတ္သခ်ႋဳင္းက နားႏွာေခါင္းလည္ေခ်ာင္းေဆး႐ုံ တဲ့။ တာေမြထိပ္က မ႐ိုးဆန္း႐ုပ္ရွင္႐ုံက မြန္းဘာကရီတဲ့။ တာေမြ အခြန္လြတ္ေဈးက အာယုေဆး႐ုံတဲ့။ တာေမြေဈးေဟာင္းက တာမွေပလာဇာတဲ့။ ေ႐ႊဗဟိုရ္႐ုပ္ရွင္႐ုံက မီဂါေအ့စ္ တဲ့ ။ ျမန္မာ့ဂုဏ္ရည္လမ္းနဲ႔ဗိုလ္မင္းေရာင္လမ္းၾကား စည္ပင္ဝင္းႀကီးကဂမုန္းပြင့္ တဲ့။ မဂၤေတာင္ၫြန႔္ျမယာကုန္းလမ္း တ႐ုတ္သခ်ိဳငၤ္းက ေ႐ႊျမယာအိမ္ရာတဲ့။ စက္႐ုံလမ္းထိပ္ကသခ်ိဳင္းကမ်ား မီးေလာင္သြားတဲ့ မဂၤလာေဈးတဲ့…………။ ဒလိုေဒေတာင္ ေျပာင္းေပးသြားခဲ့တာ ဘယ္သူေဒေပါ့ေနာ္……..။ ဘာပဲျဖစ္ျဖစ္ တခါက ရန္ကုန္ကို ျပန္ငဲ့ၾကည့္မိတာပါ။ မသိသူ သိသူေတြအတြက္အမွတ္ရစရာေလးေတြေပါ့။
ခရက္ဒစ္ – knm
Unicode ဖြင့်ဖတ်ရန်
ဝန်ကြီးများရုံးကို အနှိပ်ခန်းအဖြစ် ပြောင်းလဲပစ်တာ ဘာများဟုတ်ဦးမှာလဲ?
ဝန်ကြီးများရုံးကို မာဆတ်ဖြစ်အောင် ပြောင်းလဲပြစ်ခဲ့တာ ဘာဟုတ်ဦးမှာလည်း တံတားလေး စိတ္တဇဆေးရုံက ကမ္ဘာအေးဗီလာ တဲ့။ ကြံတောသုသာန်က တိုင်းစီးတီး တဲ့ , ဂျန်ရှင်းစကွဲ တဲ့။ မအူကုန်းအမှိုက်ပုံက ယုဇနပလာဇာ တဲ့။ ဝိဇယရုပ်ရှင်ရုံက စီဘီဘဏ်တဲ့။ ကုန်တိုက် (၁) က ရူဘီမတ်တဲ့။ ဗန္ဓုလလမ်းနဲ့သိမ်ဖြူလမ်းထောင့်က လုပ်သားပြည်သူ့နေ့စဉ်သတင်းစာတိုက်က ယူအက်ဖ်စီ တဲ့။ အလုံအမှိုက်ပုံက အလုံတာဝါ တဲ့ ။ ကိုးမိုင်တရုပ်သချို င်္င်းက ကိုးမိုင်အိုးရှင်း တဲ့ ဝိတိုရိယဆေးရုံတဲ့။ သာကေတ ဝက်စုရေကန် အမှိုက်ပုံက ဖော်ကျွန်းပလာဇာ တဲ့။ သုဝဏ္ဍပေါ်ဆန်းမွှေးလမ်းက လူသုံးကုန်ပစ္စည်းစက်ရုံက ဒီဂျေပွဲတွေလုပ်တဲ့ ဝမ်းအင်တာတိန့်မန့် တဲ့။
တာမွေမွတ်စလင်သချိုင်္င်းက တာမွေအိုးရှင်း တဲ့။ ဗန္ဓုလလမ်းနဲ့ ဗိုလ်မြတ်ထွန်းလမ်းထောင့်က မိလ္လာကန်က ဗိုလ်မြတ်ထွန်းကွန်ဒိုတဲ့။ ဗိုလ်ချုပ်ဈေးသစ်က ဂျန်းရှင်းစီးတီးတဲ့။ အင်းယာလမ်းက ကတ္တရာစေးတိုင်ကီတွေထားတဲ့ စည်ပင်ဝင်းက ဆာကူရာ အိမ်ရာ တဲ့။ ကျိုက္ကဆံ ကပရ ကားကွင်းကြီးက စူပါဝမ်း တဲ့။ မော်တင်ဈေးက ဂျန်းရှင်းမော်တင် တဲ့။ စိန်ဂျွန်းဈေးက စီးတီးမော်လ် တဲ့။ စက်မှု(၁)ဝန်ကြီးဌာနဝင်းက မြန်မာပလာဇာ တဲ့, မီလီယာဟိုတယ် တဲ့။ ပြည်လမ်းက စက်မှုလယ်ယာက နိုဗိုတယ်ဟိုတယ်တဲ့။ ဆင်ဖြူရှင်ရိပ်သာက လော့တီဟိုတယ် တဲ့။
ဆေးဝါးသုတေသနက စင်ထရယ်တဲ့။ ဆောက်လုပ်ရေးရုံးချုပ်က ပရိုင်းဟေးလ်စကွဲ တဲ့။ ၆ ထပ်ရုံးက စထရန်းစကွဲ တဲ့။ အင်းစိန်လမ်းမပေါ်က ဆင်ချေးတုံးဆပ်ပြာစက်ရုံက ဂျမ်ကွန်ဒို တဲ့။ ဘားလမ်းထိပ်က လဝကရုံးက ဧရာဝတီဘဏ်။ နန်းသီတာဆိပ်ကမ်းက ဘဲလေး တဲ့။ နား နှာခေါင်း လည်ချောင်းဆေးရုံက မက်စ်ရုံးချုပ်တဲ့။ ပြည်သူ့မုန့်တိုက် ပပဝင်းရုံ ဂုဏ်ရုံ လက်ရွေးစင်ကဖီး ဆူးလေပန်းခြံ က ဆူးလေရှန်ဂရီလာ တဲ့ ဆူးလေစကွဲတဲ့။ ရှမ်းခေါက်ဆွဲဆိုင် ဝင်းဆံသ ပဉ္စသိင်္ခတေးသံသွင်း ဂိုးရှိုးစတိုးတွေရှိတဲ့ လှည်းတန်းအဝိုင်းက လှည်းတန်းစင်တာ တဲ့။ ရဲရင့်ရုံက ဆာကူရာ တာဝါ တဲ့။ ရေးဗားဗျူးကွန်ဒို တဲ့။ တပင်ရွှေထီးရုပ်ရှင်ရုံက ဒဂုံစင်တာ ၂ တဲ့။ မြေနီကုန်းဈေးက ဒဂုံစင်တာ ၁ တဲ့။ ဆင်မလိုက်အဝေးပြေးဂိတ်က ဂရင်းဟံသာဆေးရုံကြီးတဲ့။ ကြည့်မြင်တိုင်ကမ်းနားလမ်းပေါ်က သီရိမင်္ဂလာဈေးက ဟက်ပီးဝေါနဲ့ မာဆက် တဲ့။ ၈မိုင်လမ်းဆုံက ရန်ကုန်တိုင်းစစ်ဌာနချုပ်က ရန်ကုန်စီးတီးဟိုတယ် တဲ့။ သုဝဏ္ဍလမ်းဆုံနားက ကော်ဇောစက်ရုံက သုဝဏ္ဍဘူမိတဲ့။ မြန်မာ့အသံက MRTV4 တဲ့။ ဝင်းသူဇာ အရောင်းဆိုင်က ပြည်ဂါးဒင်း တဲ့။
ဟာမစ်တစ် ပျားဂေဟာက ပုလဲကွန်ဒိုမီနီယံ တဲ့။ ရဲမော်တော်ယာဉ်ဌာနက ဆီဒိုးနာဟိုတယ်တဲ့။ ဘောင်ဒရီလမ်းက စစ်ကြောရေးနဲ့တည်းခိုရေးက မားကက်ပလေ့စ် တဲ့။ ရွှေတိဂုံဘုရားအနောက်ဘက်မုဒ် လမ်းတစ်ဖက်ခြမ်းက ဂေါက်ကွင်းပတ်ဝန်းကျင်က ပြည်သူ့ဥယျာဉ် တဲ့။ ဗိုလ်ရှုသဘင်က လွှတ်တော်အဆောက်အအုံ (ယခု ရန်ကုန်တိုင်းဒေသကြီးရုံး)တဲ့။ သိမ်ဖြူတင်းနစ်ကွင်းက ပထမတော့ ကားမောင်းသင်ကွင်းတဲ့ အခုကျပြန်တော့ ကန်သာယာကွန်ဒို နဲ့ ရှော့ပင်းမော်လ် တဲ့ ဝင်းဒ်ဟန်ဂရင်းဟိုတယ် တဲ့ ။ သတ္တုတွင်းဝန်ကြီးဌာနက ရန်ကင်းကလေးဆေးရုံတဲ့။ စမ်းချောင်းလမ်းမပေါ်က ရေခဲစက်က စမ်းချောင်းကွန်ဒိုတဲ့။ ဦးဝိစာရလမ်းမပေါ်က ဒဂုံရဲစခန်းကစစ်ဆေးရုံတဲ့။ ပါရမီလမ်းထောင့် ကပရဌာန(၃)ခု တစ်ဆက်တည်းRTCဝင်းကြီးက ရွှေမန်းသူကားဂိတ်တဲ့ အင်ဒိုစီးတီး တဲ့။ ပန်းဆိုးတန်းလမ်း ကုန်သွယ်လယ်ယာက ရွှေဘဏ် တဲ့။ ထီးကိုးလက်ဘေးက စိုက်ခင်းတွေက အမ်အိုင်စီတီပါခ့် တဲ့။
ဒဂုံ(၁)ရှေ့က စစ်ရုံးက ယုဇနဟိုတယ် တဲ့။ ယောက်လမ်းထောင့်က Auto Car က ပါ့ခ်ရိုင်ရယ်ဟိုတယ် တဲ့။ သမတဟိုတယ်က ဂျီဟိုတယ် တဲ့။ ဗိုလ်ချုပ်လမ်းပေါ်က ကုန်းလမ်းပို့ဆောင်ရေးရုံးက ကေအက်ဖ်စီ တဲ့။ ဒဂုံမြို့နယ်တရားရုံးက အမျိုးသမီးစွမ်းဆောင်ရှင်အသင်း အဆောက်အအုံတဲ့ ။ သဂီ င်္ရွှရေည်ဓါတ်ပုံတိုက်တဲ့။ ရေကူးထပ်ဆင့်အသံလွှင့်ရုံက ဖော်အဲဗားဂရု တဲ့။ မယ်လမုဘုရားတစ်ဖက်ကမ်းက လယ်ကွင်းတွေက မြောက်ဒဂုံမြို့သစ်တဲ့။ ပေါက်တောသချိ ၤုင်းက မုဒိတာအိမ်ယာ အမှတ် ၂ တဲ့။ ကြည့်မြင်တိုင်ဗားကရာသဲကွင်းက အေးရှားဝေါလ် ဆိပ်ကမ်းတဲ့။ ပြည်လမ်းပေါ်က ရဲရိပ်သာက တော်ဝင်စင်တာတဲ့။ သင်္ဃန်းကျွန်းဈးက အေကေကေ ရှော့ပင်းမော်လ် တဲ့။ ရန်ကင်း CMAရုံးက ဂိုးလ်ဒင်းစီးတီး တဲ့။
ကန်ဘဲ့သချိ ၤုင်းက စည်ပင်အဆင့်မြင့်အိမ်ယာတဲ့။ တာမွေသချိ ၤုင်းက ရွှေထွတ်တင် စကိုင်းစတား၊ အိုင်အယ်ဘီစီ၊ ပိုလိုကလပ်၊ မော်နင်းစကား၊ ကားပွဲစားတန်း တဲ့။ ဗညားဒလလမ်းနဲ့ဗျိုင်းရေအိုးစင်လမ်းထောင့်ကတရုတ်သင်္ချိုင်းက နားနှာခေါင်းလည်ချောင်းဆေးရုံ တဲ့။ တာမွေထိပ်က မရိုးဆန်းရုပ်ရှင်ရုံက မွန်းဘာကရီတဲ့။ တာမွေ အခွန်လွတ်ဈေးက အာယုဆေးရုံတဲ့။ တာမွေဈေးဟောင်းက တာမှပေလာဇာတဲ့။ ရွှေဗဟိုရ်ရုပ်ရှင်ရုံက မီဂါအေ့စ် တဲ့ ။ မြန်မာ့ဂုဏ်ရည်လမ်းနဲ့ဗိုလ်မင်းရောင်လမ်းကြား စည်ပင်ဝင်းကြီးကဂမုန်းပွင့် တဲ့။ မင်္ဂတောင်ညွန့်မြယာကုန်းလမ်း တရုတ်သချိုင်္င်းက ရွှေမြယာအိမ်ရာတဲ့။ စက်ရုံလမ်းထိပ်ကသချိုင်းကများ မီးလောင်သွားတဲ့ မင်္ဂလာဈေးတဲ့…………။ ဒလိုဒေတောင် ပြောင်းပေးသွားခဲ့တာ ဘယ်သူဒေပေါ့နော်……..။ ဘာပဲဖြစ်ဖြစ် တခါက ရန်ကုန်ကို ပြန်ငဲ့ကြည့်မိတာပါ။ မသိသူ သိသူတွေအတွက်အမှတ်ရစရာလေးတွေပေါ့။
ခရက်ဒစ် – knm


မှတ်ချက်များ