
Zawgyiျဖင့္ဖတ္ရန္
Myanmar Idol Season 4 ရဲ႕ Top 8 ၿပိဳင္ပြဲဝင္ေတြဟာ Country Week ကို အေကာင္းဆုံးသီဆိုယွဥ္ၿပိဳင္သြားခဲ့ၾကတာပါ ဒီလိုယွဥ္ၿပိဳင္ၾကတဲ့အထဲမွာေတာ့ ထူးျခားျဖစ္စဥ္ေလးတစ္ခု ျဖစ္သြားခဲ့တာပါ။ဒီျဖစ္စဥ္ေလးကေတာ့ ပရိသတ္အခ်စ္ေတာ္ ၿပိဳင္ပြဲဝင္တစ္ဦးျဖစ္တဲ့ မူးလာတစ္ေယာက္ သီဆိုေနရင္းနဲ႔ မ်က္ရည္ေတြက်ေနခဲ့တာပဲျဖစ္ပါတယ္။
ဒီလိုမ်က္ရည္က်ခဲ့ရတဲ့ အေၾကာင္းအရင္းကေတာ့ မူးလာဟာ ခ်စ္သူေကာင္မေလးရဲ႕ လမ္းခြဲစကားကို ၾကားခဲ့ရတဲ့အတြက္ သူ႔အေနနဲ႔ အင္မတန္ဝမ္းနည္းခဲ့ရတာေၾကာင့္ ဝမ္းနည္းမ်က္ရည္မဆည္ႏိုင္ေအာင္ ျဖစ္ခဲ့ရတာပါ။မူးလာရဲ႕ခ်စ္သူကေတာ့ X Factor Myanmar 2018 ရဲ႕ Top 8 ၿပိဳင္ပြဲဝင္တစ္ေယာက္ျဖစ္ပါတယ္။သူမက ႏိုဝင္ဘာ ၂၀ ရက္ေန႔က သူမရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာ (((( ႏွစ္ေယာက္လုံးအႏုပညာအလုပ္ေတြ လုပ္ေနၾကတာေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္အခ်ိန္မေပးႏိုင္လို႔ နားလည္မႈနဲ႔ RS ကိုရပ္နားလိုက္တာၾကာပါၿပီ ။ခ်စ္ရတဲ့သူအားလုံးအျမင္ရွင္းေစခ်င္လို႔ပါ ”))) ဆိုၿပီးတင္ထားခဲ့တာပါ။ ဒီပို႔စ္ကို သူမဘက္ကျပန္ဖ်က္သြားခဲ့ေပမယ့္
မူးလာဘက္ကေတာ့ အဲ့ဒီလိုဟုတ္ဟန္မတူပါဘူး။ မူးလာရဲ႕ MyDay မွာေတာ့ လမ္းခြဲခံလိုက္ရကာ ေနာက္ထပ္ခ်စ္သူေကာငါေလးရေနတယေၾကာင့္လို႔ တင္ခဲ့တာပဲ ျဖစ္ပါတယ္။
အခုခ်ိန္မွာ မူးလာကေတာ့ အဆိုၿပိဳင္ပြံအတြက္ပဲ အာ႐ုံစိုက္ၿပီး ႀကိဳးစားေနတဲ့အျပင္ တစ္ေယာက္တည္း Single ျဖစ္သြညားတဲ့အတြက္ သူ႔ရဲ႕ခ်စ္တဲ့ပရိသတ္ေတြကိုအရင္ကထက္ပိုခ်စ္လို႔ရၿပီလို႔လည္း ေျပာျပထားပါေသးတယ္။ အခ်စ္ေရးမွာကံဆိုးေနတဲ့ မူးလာအတြက္ ၿပိဳင္ပြဲမွာ ျပန္ကံေကာင္းၿပီး Winner ျဖစ္သည္အထိတက္လွမ္းႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Unicode ဖြင့်ဖတ်ရန်
Myanmar Idol Season 4 ရဲ့ Top 8 ပြိုင်ပွဲဝင်တွေဟာ Country Week ကို အကောင်းဆုံးသီဆိုယှဉ်ပြိုင်သွားခဲ့ကြတာပါ ဒီလိုယှဉ်ပြိုင်ကြတဲ့အထဲမှာတော့ ထူးခြားဖြစ်စဉ်လေးတစ်ခု ဖြစ်သွားခဲ့တာပါ။ဒီဖြစ်စဉ်လေးကတော့ ပရိသတ်အချစ်တော် ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ မူးလာတစ်ယောက် သီဆိုနေရင်းနဲ့ မျက်ရည်တွေကျနေခဲ့တာပဲဖြစ်ပါတယ်။
ဒီလိုမျက်ရည်ကျခဲ့ရတဲ့ အကြောင်းအရင်းကတော့ မူးလာဟာ ချစ်သူကောင်မလေးရဲ့ လမ်းခွဲစကားကို ကြားခဲ့ရတဲ့အတွက် သူ့အနေနဲ့ အင်မတန်ဝမ်းနည်းခဲ့ရတာကြောင့် ဝမ်းနည်းမျက်ရည်မဆည်နိုင်အောင် ဖြစ်ခဲ့ရတာပါ။မူးလာရဲ့ချစ်သူကတော့ X Factor Myanmar 2018 ရဲ့ Top 8 ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပါတယ်။သူမက နိုဝင်ဘာ ၂၀ ရက်နေ့က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ (((( နှစ်ယောက်လုံးအနုပညာအလုပ်တွေ လုပ်နေကြတာကြောင့် တစ်ယောက်နဲ့တစ်ယောက်အချိန်မပေးနိုင်လို့ နားလည်မှုနဲ့ RS ကိုရပ်နားလိုက်တာကြာပါပြီ ။ချစ်ရတဲ့သူအားလုံးအမြင်ရှင်းစေချင်လို့ပါ ”))) ဆိုပြီးတင်ထားခဲ့တာပါ။ ဒီပို့စ်ကို သူမဘက်ကပြန်ဖျက်သွားခဲ့ပေမယ့်
မူးလာဘက်ကတော့ အဲ့ဒီလိုဟုတ်ဟန်မတူပါဘူး။ မူးလာရဲ့ MyDay မှာတော့ လမ်းခွဲခံလိုက်ရကာ နောက်ထပ်ချစ်သူကောငါလေးရနေတယကြောင့်လို့ တင်ခဲ့တာပဲ ဖြစ်ပါတယ်။

အခုချိန်မှာ မူးလာကတော့ အဆိုပြိုင်ပွံအတွက်ပဲ အာရုံစိုက်ပြီး ကြိုးစားနေတဲ့အပြင် တစ်ယောက်တည်း Single ဖြစ်သွညားတဲ့အတွက် သူ့ရဲ့ချစ်တဲ့ပရိသတ်တွေကိုအရင်ကထက်ပိုချစ်လို့ရပြီလို့လည်း ပြောပြထားပါသေးတယ်။ အချစ်ရေးမှာကံဆိုးနေတဲ့ မူးလာအတွက် ပြိုင်ပွဲမှာ ပြန်ကံကောင်းပြီး Winner ဖြစ်သည်အထိတက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Writer – Magic (Shwe Yaung Lan)
မှတ်ချက်များ