ရည္းစားႏွင့္ျပတ္ၿပီး အိမ္ေခါင္မိုးေပၚမွ ခုန္ခ်သူကို မီးသတ္သမားမ်ား ကယ္တင္
Zawgyi ျဖင့္ဖတ္ရန္
တ႐ုတ္ႏိုင္ငံ အေရွ႕ပိုင္း ဝမ္က်ိဳးၿမိဳ႕မွာ စိတ္ဓာတ္က်ေနတဲ့ လူငယ္တဦး ရည္းစားနဲ႔ ၅ ႏွစ္ျပတ္ဆဲၿပီးေနာက္ ကိုယ့္ကိုယ္ကိုယ္ သတ္ေသဖို႔ ၆ ထပ္တိုက္အေပၚ ေခါင္မိုးေပၚကေန ခုန္ခ်ခဲ့တာကို မီးသတ္သမားေတြက ကယ္တင္ခဲ့တယ္လို႔ သိရပါတယ္။
အသက္ ၂၂ ႏွစ္အ႐ြယ္ လူငယ္က အေဆာက္အအုံရဲ႕ ေခါင္မိုးအစြန္းေပၚမွာ ထိုင္ၿပီး သူဆက္အသက္မရွင္ခ်င္ေတာ့ဘူးလို႔ မီးသတ္သမားေတြကို ေျပာခဲ့တာပါ။
မီးသတ္သမားေတြက ေကာင္ေလးရဲ႕ရည္းစားကို ေခၚေပးခဲ့ၿပီး ေကာင္မေလးလည္း ေနာက္ဆုံး သေဘာတူၿပီးတဲ့ေနာက္ ေကာင္ေလးေအာက္ဆင္းလာဖို႔ စိုးရိမ္တႀကီး ေျပာခဲ့ပါတယ္။
ေကာင္မေလးက ေစာင့္ၾကည့္ ေဆြးေႏြးေနတုန္းမွာပဲ လူငယ္က တိုက္ေခါင္မိုးစြန္းေပၚကေန ခုန္ခ်ခဲ့တာပါ။
ဒါေပမယ့္ မီးသတ္သမားတဦးက အလ်င္အျမန္ ေခါင္မိုးစြန္းကို သြားၿပီး အမ်ိဳးသားရဲ႕ အက်ႌစကို ဆြဲကိုင္ထားလိုက္ႏိုင္တာကို ႐ုပ္သံထဲမွာ ေတြ႕ရပါတယ္။
လူငယ္က ကန္ေက်ာက္ၿပီး သူ႔ကို လႊတ္ေပးဖို႔ ေအာ္ဟစ္ေနေပမယ့္ မီးသတ္သမား ခ်န္တန္က လူငယ္ရဲ႕ ဘယ္ပခုံးကို အတင္းဆြဲေခၚၿပီး အသက္ကယ္တင္လိုက္ႏိုင္တာပါ။
https://www.mirror.co.uk/news/world-news/suicidal-man-jumps-roof-after-11767127#ICID=OffSiteVideo
အခင္းျဖစ္ပြားတဲ့ေနရာကို ေဒသခံမီးသတ္တပ္ဖြဲ႕ ေခါင္းေဆာင္ လီက်န္းနဲ႔ အဖြဲ႕ဝင္ေတြကို လႊတ္ခဲ့တာျဖစ္ၿပီး ဒီအဖြဲ႕က အုပ္စု ၂ စု ခြဲကာ တဖြဲ႕က ေျမျပင္ေပၚ၊ က်န္တဖြဲ႕က လူငယ္ကို ေဖ်ာင္းဖ်ဖို႔ ေခါင္းမိုးေပၚ ေစလႊတ္ခဲ့တာပါ။
ေခါင္းေဆာင္လီက “က်ေနာ္တို႔ လူငယ္ရဲ႕ ရည္းစားေဟာင္းေကာင္မေလးကို ဆက္သြယ္ခဲ့တယ္၊ ေကာင္မေလးလာေအာင္ ေခၚရတာ ေတာ့္ေတာ္ကို ၾကာတယ္” လို႔ ေျပာပါတယ္။
ကိုယ့္ကိုယ္ကိုယ္ သတ္ေသတဲ့ လူငယ္က စိတ္ပိုင္းဆိုင္ရာ ေဆးကုသမႈ ခံယူရသလား၊ ဒါမွမဟုတ္ တရားစြဲခံရသလားဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မသိရဘူးလို႔ ေမရာသတင္းမွာ ဒီဇင္ဘာလ ၂၉ ရက္ေန႔က ေဖာ္ျပထားပါတယ္။
share from: xyznews
Unicode ဖြင့်ဖတ်ရန်
ရည်းစားနှင့်ပြတ်ပြီး အိမ်ခေါင်မိုးပေါ်မှ ခုန်ချသူကို မီးသတ်သမားများ ကယ်တင်
တရုတ်နိုင်ငံ အရှေ့ပိုင်း ဝမ်ကျိုးမြို့မှာ စိတ်ဓာတ်ကျနေတဲ့ လူငယ်တဦး ရည်းစားနဲ့ ၅ နှစ်ပြတ်ဆဲပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ၆ ထပ်တိုက်အပေါ် ခေါင်မိုးပေါ်ကနေ ခုန်ချခဲ့တာကို မီးသတ်သမားတွေက ကယ်တင်ခဲ့တယ်လို့ သိရပါတယ်။
အသက် ၂၂ နှစ်အရွယ် လူငယ်က အဆောက်အအုံရဲ့ ခေါင်မိုးအစွန်းပေါ်မှာ ထိုင်ပြီး သူဆက်အသက်မရှင်ချင်တော့ဘူးလို့ မီးသတ်သမားတွေကို ပြောခဲ့တာပါ။
မီးသတ်သမားတွေက ကောင်လေးရဲ့ရည်းစားကို ခေါ်ပေးခဲ့ပြီး ကောင်မလေးလည်း နောက်ဆုံး သဘောတူပြီးတဲ့နောက် ကောင်လေးအောက်ဆင်းလာဖို့ စိုးရိမ်တကြီး ပြောခဲ့ပါတယ်။
ကောင်မလေးက စောင့်ကြည့် ဆွေးနွေးနေတုန်းမှာပဲ လူငယ်က တိုက်ခေါင်မိုးစွန်းပေါ်ကနေ ခုန်ချခဲ့တာပါ။
ဒါပေမယ့် မီးသတ်သမားတဦးက အလျင်အမြန် ခေါင်မိုးစွန်းကို သွားပြီး အမျိုးသားရဲ့ အင်္ကျီစကို ဆွဲကိုင်ထားလိုက်နိုင်တာကို ရုပ်သံထဲမှာ တွေ့ရပါတယ်။
လူငယ်က ကန်ကျောက်ပြီး သူ့ကို လွှတ်ပေးဖို့ အော်ဟစ်နေပေမယ့် မီးသတ်သမား ချန်တန်က လူငယ်ရဲ့ ဘယ်ပခုံးကို အတင်းဆွဲခေါ်ပြီး အသက်ကယ်တင်လိုက်နိုင်တာပါ။
အခင်းဖြစ်ပွားတဲ့နေရာကို ဒေသခံမီးသတ်တပ်ဖွဲ့ ခေါင်းဆောင် လီကျန်းနဲ့ အဖွဲ့ဝင်တွေကို လွှတ်ခဲ့တာဖြစ်ပြီး ဒီအဖွဲ့က အုပ်စု ၂ စု ခွဲကာ တဖွဲ့က မြေပြင်ပေါ်၊ ကျန်တဖွဲ့က လူငယ်ကို ဖျောင်းဖျဖို့ ခေါင်းမိုးပေါ် စေလွှတ်ခဲ့တာပါ။
ခေါင်းဆောင်လီက “ကျနော်တို့ လူငယ်ရဲ့ ရည်းစားဟောင်းကောင်မလေးကို ဆက်သွယ်ခဲ့တယ်၊ ကောင်မလေးလာအောင် ခေါ်ရတာ တော့်တော်ကို ကြာတယ်” လို့ ပြောပါတယ်။
ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ လူငယ်က စိတ်ပိုင်းဆိုင်ရာ ဆေးကုသမှု ခံယူရသလား၊ ဒါမှမဟုတ် တရားစွဲခံရသလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ မေရာသတင်းမှာ ဒီဇင်ဘာလ ၂၉ ရက်နေ့က ဖော်ပြထားပါတယ်။
share from: xyznews


မှတ်ချက်များ