Zawgyiျဖင့္ဖတ္ရန္
ဘင္ဂ်မင္ဆီကိုလား? ေအးျမျဖဴဆီကိုလား? ျပဳတ္သြားၾကတဲ့ ညီေလး ညီမေလးေတြဆီကိုလား? ေသခ်ာစဥ္းစားဖို႔လိုလာၿပီ။ အိုေက! တြက္ၾကည့္ရေအာင္…ျမန္မာျပည္မွာ လူဦးေရ သန္း ၅၀ ေက်ာ္ရွိတယ္။ idol ကို စိတ္ဝင္စားသူ ၁ သန္းပဲရွိတယ္ထား။
ကိုယ္ခ်စ္တဲ့သူ ႏိုင္ဖို႔အေရး sms တစ္ေစာင္ ၁၅ က်ပ္နဲ႔ voting ေပးၾကတယ္။ ၁၅ က်ပ္ × လူ ၁ သန္း = ၁၅ သန္း (သိန္းတစ္ရာ့ငါးဆယ္)၊ တခ်ိဳ႕ေတြ ေထာင္ခ်ီ ေသာင္းခ်ီ vote ေပးၾကတယ္။ ၁၅၀၀ ဖိုးေလာက္ပဲ တြက္ၾကည့္ပါ။
၁၅၀၀ က်ပ္ × လူ ၁ သန္း = သန္းေပါင္း ၁၅၀၀ (သိန္းေပါင္း တစ္ေသာင္းခြဲ)။ ဒါဟာ တစ္ပတ္စာပဲ ရွိေသးတယ္။ ကြၽန္ေတာ္တို႔ေတြ ေပးလိုက္ရတဲ့ေငြေတြဟာ ကြၽန္ေတာ္တို႔ခ်စ္တဲ့ idol ေတြဆီကို မေရာက္ဘူးေလ။အိုေက! သူတို႔ဆုရတဲ့အခါ
ဘယ္ေလာက္ရမလဲ? ဆုေၾကးကိုေရာ တကယ္ေပးသလား ျပန္ၾကည့္ရေအာင္။ ဆုရတဲ့သူေတြကို စာခ်ဳပ္နဲ႔ကိုင္ထားၿပီး သူတို႔ေအာင္ျမင္လို႔ အႏုပညာေၾကးရသမွ်ထဲက ရာခိုင္ႏႈန္းနဲ႔ သူတို႔ေပးခဲ့တဲ့ဆုေၾကးျပန္ရေအာင္ ႏႈတ္ယူၾကတယ္။
ေရွ႕က ဆုရသူ idol ေတြ စာခ်ဳပ္ေၾကာင့္ လြပ္လပ္စြာလႈပ္ရွားခြင့္မရၾကေသးဘူး။ ႏိုင္ငံ့ေငြေၾကး ယိုဖိတ္မႈ…ကြၽန္ေတာ္တို႔ voting ေပးတဲ့ ဖုန္းကုမၸဏီဟာ ႏိုင္ငံျခားပိုင္ ကုမၸဏီျဖစ္တယ္။ကြၽန္ေတာ္တို႔ရဲ႕ သိန္းေပါင္းမ်ားစြာေသာ ေငြေတြဟာ ႏိုင္ငံျခားကို
ယိုစိမ့္သြားတယ္…အဲ့ဒီေငြေၾကးနဲ႔ ညီမွ်တဲ့ ထုတ္ကုန္ဆိုလို႔ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ စိုက္ပ်ိဳးေရးနဲ႔ သယံဇာတေတြသာ အဓိက ေရာင္းခ်ရတာျဖစ္တယ္။ အဲ့ဒီေတာ့ ကြၽန္ေတာ္တို႔ဟာ ကြၽန္းသစ္ေတြ ၊ တျခားသယံဇာတေတြ၊ တႏွစ္ပတ္လုံး ႐ုန္းကန္
စိုက္ပ်ိဳးခဲ့ရတဲ့ သီးႏွံေတြကို အိမ္ၾကက္ခ်င္း အိုးမည္းသုတ္ၿပီး ခြပ္ခိုင္းတဲ့ အေလ်ာ္မရွိတဲ့ အစားပြဲမွာ အလကားေပးလိုက္ရတာနဲ႔ ညီမွ်တယ္။ အဲ့ဒီေလာက္ ေငြေၾကးပမာဏနဲ႔ဆိုရင္ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ လိုအပ္ေနတဲ့ စက္မႈထုတ္ကုန္ နည္းပညာ
သင္တန္းေက်ာင္းေတြ IT နည္းပညာသင္တန္းေက်ာင္းေတြ အမ်ားႀကီးဖြင့္ၿပီး လူငယ္ေတြကို အသိပညာ အတတ္ပညာေတြ အမ်ားႀကီးဖြံ႕ၿဖိဳးေအာင္ လုပ္ေပးႏိုင္မွာ အေသအခ်ာပါပဲ။ အဆိုၿပိဳင္ပြဲဝင္ ညီငယ္ ညီမငယ္ေတြအားလုံးကို အားေပးပါတယ္။

သို႔ေသာ္ မိမိခ်စ္ခင္သူေတြဆီကို မိမိရဲ႕ ေခြၽးနည္းစာမ်ား မေရာက္ရွိႏိုင္တဲ့ အကန႔္အသတ္မရွိ voting ဆိုတဲ့ ေသြးစုတ္ဖုတ္ေကာင္စံနစ္ႀကီးကိုေတာ့ အားမေပးတာ အမွန္ပါခင္ဗ်ာ။
သူမ်ားစီးပြားေရးကို ဒုတ္နဲ႔ထိုးတာမဟုတ္ပါ။ ကိုယ့္ႏိုင္ငံရဲ႕ စီးပြားေရးကို ဒုတ္နဲ႔ထိုးၿပီး ႀကိဳက္သလိုေမႊၿပီး ယူေနၾကတာေၾကာင့္ အျမင္မေတာ္လို႔ ေျပာလိုက္မိပါတယ္။
Unicode ဖြင့်ဖတ်ရန်
ဘင်ဂျမင်ဆီကိုလား? အေးမြဖြူဆီကိုလား? ပြုတ်သွားကြတဲ့ ညီလေး ညီမလေးတွေဆီကိုလား? သေချာစဉ်းစားဖို့လိုလာပြီ။ အိုကေ! တွက်ကြည့်ရအောင်…မြန်မာပြည်မှာ လူဦးရေ သန်း ၅၀ ကျော်ရှိတယ်။ idol ကို စိတ်ဝင်စားသူ ၁ သန်းပဲရှိတယ်ထား။
ကိုယ်ချစ်တဲ့သူ နိုင်ဖို့အရေး sms တစ်စောင် ၁၅ ကျပ်နဲ့ voting ပေးကြတယ်။ ၁၅ ကျပ် × လူ ၁ သန်း = ၁၅ သန်း (သိန်းတစ်ရာ့ငါးဆယ်)၊ တချို့တွေ ထောင်ချီ သောင်းချီ vote ပေးကြတယ်။ ၁၅၀၀ ဖိုးလောက်ပဲ တွက်ကြည့်ပါ။
၁၅၀၀ ကျပ် × လူ ၁ သန်း = သန်းပေါင်း ၁၅၀၀ (သိန်းပေါင်း တစ်သောင်းခွဲ)။ ဒါဟာ တစ်ပတ်စာပဲ ရှိသေးတယ်။ ကျွန်တော်တို့တွေ ပေးလိုက်ရတဲ့ငွေတွေဟာ ကျွန်တော်တို့ချစ်တဲ့ idol တွေဆီကို မရောက်ဘူးလေ။အိုကေ! သူတို့ဆုရတဲ့အခါ
ဘယ်လောက်ရမလဲ? ဆုကြေးကိုရော တကယ်ပေးသလား ပြန်ကြည့်ရအောင်။ ဆုရတဲ့သူတွေကို စာချုပ်နဲ့ကိုင်ထားပြီး သူတို့အောင်မြင်လို့ အနုပညာကြေးရသမျှထဲက ရာခိုင်နှုန်းနဲ့ သူတို့ပေးခဲ့တဲ့ဆုကြေးပြန်ရအောင် နှုတ်ယူကြတယ်။
ရှေ့က ဆုရသူ idol တွေ စာချုပ်ကြောင့် လွပ်လပ်စွာလှုပ်ရှားခွင့်မရကြသေးဘူး။ နိုင်ငံ့ငွေကြေး ယိုဖိတ်မှု…ကျွန်တော်တို့ voting ပေးတဲ့ ဖုန်းကုမ္ပဏီဟာ နိုင်ငံခြားပိုင် ကုမ္ပဏီဖြစ်တယ်။ကျွန်တော်တို့ရဲ့ သိန်းပေါင်းများစွာသော ငွေတွေဟာ နိုင်ငံခြားကို
ယိုစိမ့်သွားတယ်…အဲ့ဒီငွေကြေးနဲ့ ညီမျှတဲ့ ထုတ်ကုန်ဆိုလို့ ကျွန်တော်တို့နိုင်ငံမှာ စိုက်ပျိုးရေးနဲ့ သယံဇာတတွေသာ အဓိက ရောင်းချရတာဖြစ်တယ်။ အဲ့ဒီတော့ ကျွန်တော်တို့ဟာ ကျွန်းသစ်တွေ ၊ တခြားသယံဇာတတွေ၊ တနှစ်ပတ်လုံး ရုန်းကန်
စိုက်ပျိုးခဲ့ရတဲ့ သီးနှံတွေကို အိမ်ကြက်ချင်း အိုးမည်းသုတ်ပြီး ခွပ်ခိုင်းတဲ့ အလျော်မရှိတဲ့ အစားပွဲမှာ အလကားပေးလိုက်ရတာနဲ့ ညီမျှတယ်။ အဲ့ဒီလောက် ငွေကြေးပမာဏနဲ့ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ လိုအပ်နေတဲ့ စက်မှုထုတ်ကုန် နည်းပညာ
သင်တန်းကျောင်းတွေ IT နည်းပညာသင်တန်းကျောင်းတွေ အများကြီးဖွင့်ပြီး လူငယ်တွေကို အသိပညာ အတတ်ပညာတွေ အများကြီးဖွံ့ဖြိုးအောင် လုပ်ပေးနိုင်မှာ အသေအချာပါပဲ။ အဆိုပြိုင်ပွဲဝင် ညီငယ် ညီမငယ်တွေအားလုံးကို အားပေးပါတယ်။
သို့သော် မိမိချစ်ခင်သူတွေဆီကို မိမိရဲ့ ချွေးနည်းစာများ မရောက်ရှိနိုင်တဲ့ အကန့်အသတ်မရှိ voting ဆိုတဲ့ သွေးစုတ်ဖုတ်ကောင်စံနစ်ကြီးကိုတော့ အားမပေးတာ အမှန်ပါခင်ဗျာ။
သူများစီးပွားရေးကို ဒုတ်နဲ့ထိုးတာမဟုတ်ပါ။ ကိုယ့်နိုင်ငံရဲ့ စီးပွားရေးကို ဒုတ်နဲ့ထိုးပြီး ကြိုက်သလိုမွှေပြီး ယူနေကြတာကြောင့် အမြင်မတော်လို့ ပြောလိုက်မိပါတယ်။
Credit: သတင္းရြာ

မှတ်ချက်များ