Zawgyiျဖင့္ဖတ္ရန္
ဧရာဝတီတိုင္း၊ ဖ်ာပုံၿမိဳ႕နယ္ရွိ က်ားေဖာင္လုပ္ငန္းခြင္တြင္ ေရာင္းစားခံရသည့္ ကိုျမတ္သူရထြန္း၏ အမႈႏွင့္ ပတ္သက္၍ ၇ဦးကို အမႈဖြင့္ထားၿပီး၊ ၂ ဦးကို ဖမ္းဆီးထားၿပီး ျဖစ္ေၾကာင္း ရန္ကုန္တိုင္း လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ရဲတပ္ဖြဲ႕( လူကုန္တား)မွ သိရသည္။
ဒဂုံတကၠသိုလ္ သမိုင္းဘာသရပ္မွ ေနာက္ဆုံးႏွစ္ေက်ာင္းသား ကိုျမတ္သူရထြန္း(၂၀ႏွစ္)ကို ေအာက္တိုဘာ ၂ ရက္က ပန္းဆိုးတန္း ၿမိဳ႕နယ္တြင္ ရွိေနစဥ္ အမ်ိဳးသမီး ၂ ဦးက ေရလုပ္ငန္းတြင္ အလုပ္လုပ္မည္ဆိုပါက လစာေငြ သိန္း ၂၀ ခန႔္ရရွိမည္ဟုဆိုကာ ဖ်ာပုံၿမိဳ႕နယ္ ခါးျပတ္႐ြာရွိ ငါးဖမ္းလုပ္ငန္းျဖစ္သည့္ က်ားေဖာင္ လုပ္ငန္းသို႔ စည္း႐ုံး ေျပာဆို ကာ လူကုန္ကူးခဲ့ျခင္းျဖစ္သည္။
ထိုအျပင္ က်ားေဖာင္လုပ္ငန္းတြင္ ေဖာင္ဦးစီး ေက်ာ္ေအာင္ဆိုသူက ႏွိပ္စက္သျဖင့္ ဘယ္လက္ဖ်ံ႐ိုးက်ိဳးကာ နား႐ြက္တြင္ လည္း ျပတ္ရွဒဏ္ရာႏွင့္ မ်က္ခုံးလည္း ကြဲခဲ့သည္။
ထိုအမႈႏွင့္ ပတ္သက္၍ ေဖာင္ဦးစီးျဖစ္သူ အသက္ ၄၂ ႏွစ္အ႐ြယ္ရွိ ေက်ာ္ေအာင္ႏွင့္ အသက္ ၄၂ ႏွစ္အ႐ြယ္ရွိ ကိုေအာင္ ဗလ(ေခၚ) ဗလႀကီးတို႔ ၂ ဦးကို ဖမ္းဆီးထားႏိုင္ၿပီျဖစ္ေၾကာင္း ရန္ကုန္ လူကုန္တားရဲတပ္ဖြဲ႕မွ ရဲမႉးခင္ေမာင္ႂကြယ္က အတည္ျပဳသည္။
ထို႔အျပင္ ကိုျမတ္သူရထြန္းကို ထိန္းခ်ဳပ္ေစခိုင္း စည္း႐ုံးခဲ့ၾကသူမ်ားျဖစ္သည့္ ရန္ကုန္တိုင္း ဒလၿမိဳ႕နယ္ေန မေအးသက္မာ၊ ၎၏ မိခင္ျဖစ္သူ ေဒၚႏိုင္ႏိုင္ေက်ာ္၊ ေဒၚအန္းကုန္း၊ ဖ်ာပုံၿမိဳ႕နယ္ရွိ ကိုသန္းေက်ာ္ႏွင့္ အမ်ိဳးသား ၁ ဦးတို႔အား ဖမ္းဆီးရ မိႏိုင္ေရးအတြက္ ဆက္လက္ႀကိဳးပမ္းလွ်က္ရွိေၾကာင္း ၎က ဆက္ေျပာသည္။
ဒုရဲမႉးႀကီးခင္ေမာင္ႂကြယ္က “စတင္စည္း႐ုံးေခၚေဆာင္သြားၾကတဲ့ ဒလၿမိဳ႕နယ္ကလူေတြကိုေတာ့ က်ေနာ္တို႔ အခု သက္ဆိုင္ရာ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕နဲ႔ ပူးေပါင္းၿပီး ဖမ္းဆီးႏိုင္ဖို႔ လုပ္ေနပါတယ္။ သူတို႔ရဲ႕လိပ္စာပါ ေနအိမ္မွာ မရွိၾကေတာ့ေပမယ့္ သူတို႔သြား လာတတ္တဲ့ေနရာေတြကို က်ေနာ္တို႔လူေတြ လိုက္စုံစမ္းၿပီး ဖမ္းမိေအာင္ လုပ္ေနပါတယ္။ မၾကာမီ မိေတာ့မွာပါ” ဟုဆို သည္။
ထို႔အျပင္ သက္ဆိုင္ရာရဲစခန္းမ်ားသို႔ မေအးသက္မာႏွင့္ ေဒၚႏိုင္ႏိုင္ေက်ာ္တို႔၏ ဓာတ္ပုံမ်ားကိုလည္း ျဖန႔္ေဝကာ ဖမ္းဆီးရ မိႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း လူကုန္တားရဲတပ္ဖြဲ႕မွ သိရသည္။
ရန္ကုန္ၿမိဳ႕ ဒဂုံၿမိဳ႕သစ္ ( အေရွ႕ပိုင္း)ၿမိဳ႕နယ္ ငေထြ႐ူးလမ္းေန အသက္ ၂၀ အ႐ြယ္ ကိုျမတ္သူရထြန္းမွာ ေအာက္တိုဘာ ၂ ရက္က ပန္းဆိုးတန္းၿမိဳ႕နယ္တြင္ ရွိေနစဥ္ အမ်ိဳးသမီး ၂ ဦးမွ ဖ်ာပုံၿမိဳ႕နယ္ရွိ ေရလုပ္ငန္းတြင္ အလုပ္လုပ္မည္ဆိုပါက လစာေငြ သိန္း ၂၀ ခန႔္ရရွိမည္ စည္း႐ုံးကာ ဒလၿမိဳ႕နယ္ရွိ ( ေနရာမွတ္မိ) ေနအိမ္ ၁ အိမ္သို႔ ေခၚေဆာင္ျခင္းခံခဲ့ရသည္။
ထိုအိမ္တြင္ အလုပ္ စာခ်ဳပ္ကို ဖတ္ၾကည့္ေနစဥ္ ဇက္ပိုးကို လက္ျဖင့္ အ႐ိုက္ခံရၿပီးေနာက္ပိုင္း ကိစၥမ်ားကို မမွတ္မိေတာ့ ေၾကာင္း၊ ထိုအိမ္တြင္ ၂ ည အိပ္ခဲ့ရၿပီးေနာက္ ဖ်ာပုံၿမိဳ႕နယ္ ခါးျပတ္႐ြာရွိ “သင္ဇာထြန္းေအာင္” အမည္ရွိ က်ားေဖာင္တြင္ အလုပ္စတင္ လုပ္ရၿပီး ပထမ တလတြင္ အလုပ္လုပ္ရသည့္ ေလွတြင္ ႏွိပ္စက္ခံရျခင္း မရွိေၾကာင္း၊ ဒုတိယ က်ားေဖာင္သို႔ ေျပာင္းေ႐ြ႕ လုပ္ကိုင္ရခ်ိန္တြင္ က်ားေဖာင္ ဦးစီး ေက်ာ္ေအာင္ ဆိုသူက ႐ိုက္ႏွက္ ႏွိပ္စက္ေၾကာင္း၊ ထိုသို႔ႏွိပ္စက္ရာတြင္ သစ္သား င႐ုတ္က်ည္ေပြ႕ကိုပါ အသုံးျပဳေၾကာင္းဟု ကိုျမတ္သူရထြန္းက ဧရာဝတီသို႔ ေျပာဆိုထားသည္။
ထို႔ေနာက္ ၁ လလုံး သတင္းအစ အန မရေတာ့ဘဲ ယခုလအတြင္းမွ ဆက္စပ္ကာ လိုက္စုံစမ္းရျခင္း ျဖစ္ေၾကာင္း၊ ထိုသို႔ စုံစမ္းရာမွ ကိုျမတ္သူရထြန္းသည္ ဖ်ာပုံၿမိဳ႕နယ္ ခါးျပတ္႐ြာရွိ “သင္ဇာထြန္းေအာင္” အမည္ရွိ က်ားေဖာင္တြင္ ေရလုပ္သား အျဖစ္ လုပ္ကိုင္ေနရေၾကာင္း၊ ပြဲစားဆိုသူ အမ်ိဳးသမီး ၂ ဦးက ေငြ ၇ သိန္း ႀကိဳတင္ယူသြားကာ အလုပ္အပ္ခဲ့ေၾကာင္း၊ ၎ ကို ျပန္လည္ ေခၚယူမည္ဆိုပါက ႀကိဳတင္ ထုတ္ေပးထားသည့္ ေငြ ၇ သိန္း ကို ျပန္ေပးရမည္ဟု ဆိုသျဖင့္ အဆိုပါ ေငြကို ႏိုဝင္ဘာ ၁၈ ရက္ေန႔တြင္ ေပးခဲ့ေၾကာင္း ကာယကံရွင္၏ အစ္ကို ကိုေအာင္ေသာ္ဇင္ထြန္းက ဧရာဝတီသို႔ ေျပာဆိုခဲ့သည္။
က်ားေဖာင္လုပ္ငန္းခြင္သည္ က်ားေဖာင္မ်ား ပင္လယ္ထဲသို႔ စတင္ထြက္ခြာသည့္ စက္တင္ဘာလမွ ဧၿပီ၊ ေမ အထိ ၇ လ၊ ၈ လတာ ကာလ တခုလုံး ကုန္းေျမဟူသည္ကို မျမင္ရဘဲ ကမ္းမျမင္၊ လမ္းမျမင္ ပင္လယ္ေရျပင္ရွိ ေဖာင္ေပၚမွာ ပင္ အလုပ္လုပ္ရင္း အခ်ိန္ ကုန္ဆုံးရသည္။
၂၀၁၈ – ၂၀၁၉ ငါးဖမ္းရာသီတြင္ ဖ်ာပုံၿမိဳ႕နယ္ ငါးလုပ္ငန္း ဦးစီးဌာန၌ မွတ္ပုံတင္ထားသည့္ ငါးဖမ္းေလွႏွင့္ ေဖာင္တြဲ ၁၅၅ ေဖာင္ ရွိေၾကာင္း သိရသည္။ ေဖာင္တြဲတတြဲလွ်င္ က်ားေဖာင္ ၈ ေဖာင္ ပါဝင္သည္။ သို႔ရာတြင္ ပင္လယ္ျပင္တြင္ အမွန္ တကယ္ လုပ္ကိုင္ေနသည့္ ေဖာင္အေရအတြက္မွာ ငါးလုပ္ငန္းဦးစီးဌာနတြင္ တရားဝင္မွတ္ပုံတင္ထားသည္ထက္ ပိုမိုမ်ားျပားေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ေမလအတြင္းကလည္း ခါးျပတ္႐ြာ က်ားေဖာင္လုပ္ငန္းခြင္တြင္ သန္လ်င္ၿမိဳ႕နယ္မွ အသက္ ၃၄ ႏွစ္အ႐ြယ္ရွိ ကိုစိုးမိုးႏိုင္ဆိုသူမွာ ပင္လယ္ျပင္ထဲတြင္ပင္ အ႐ိုက္ခံရၿပီး ေသဆုံးခဲ့သည့္ ျဖစ္ရပ္တစ္ခု ျဖစ္ပ်က္ခဲ့သည္။
ကိုစိုးမိုးႏိုင္ အ႐ိုက္ခံရေၾကာင္းကို မ်က္ျမင္ေတြ႕ရွိသူမ်ားမွ ျပန္ေျပာျပသည့္အတြက္ ရန္ကုန္တိုင္း လူကုန္တားရဲတပ္ဖြဲ႕ထံသို႔ ဆက္သြယ္အေၾကာင္းၾကားကာ စုံစမ္းစစ္ေဆးခဲ့ေသာ္လည္း ကာယကံရွင္ ကိုစိုးမိုးႏိုင္၏ ႐ုပ္အေလာင္းကို မရရွိခဲ့သျဖင့္ လူကုန္တားအမႈျဖင့္ အေရးယူႏိုင္ျခင္း မရွိခဲ့ေပ။
သို႔ရာတြင္ ၿပီးခဲ့သည့္ ေမလက ဖ်ာပုံၿမိဳ႕နယ္ ေဒၚညိမ္း ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးေ႐ႊေပါက “က်ပ္ ၆ သိန္းလို႔ သတ္မွတ္ထားတာက ဖ်ာပုံ မွာ ေဖာင္လုပ္သား ကိုယ္စားလွယ္ေတြ၊ လုပ္ငန္းရွင္ ကိုယ္စားလွယ္ေတြ၊ ငါးလုပ္ငန္း ဦးစီးဌာန က တာဝန္ရွိသူေတြ၊ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြနဲ႔ ေဆြးေႏြးၿပီး သတ္မွတ္ထားတာ။ အဲ့ဒီ ၆ သိန္းက က်ေနာ္တို႔ဆီမွာ ေတာ့ ထုံးစံလိုပဲ။ ႐ိုက္လို႔ပဲေသေသ၊ ပင္လယ္ထဲ ျပဳတ္က်လို႔ပဲ ေသေသ၊ ဘယ္လိုေသေသ ၆ သိန္းေလ်ာ္ပဲ”ဆိုသည္။
ကိုစိုးမိုးႏိုင္ေသဆုံးမႈကိုေတာ့ အလုပ္ရွင္ကိုယ္စားလွယ္ႏွင့္ လူကုန္တားရဲတပ္ဖြဲ႕တို႔ႏွင့္ ခ်ိတ္ဆက္ကာ အမႈဖြင့္ႏိုင္ရန္ ႀကိဳးစားခဲ့ၾကသည့္ မိသားစုဝင္တို႔၏ ညႇိႏႈိင္းခ်က္အရ က်ပ္ေငြ ၁၄ သိန္းကို နစ္နာေၾကးအျဖစ္ ရရွိခဲ့ၾကသည္။
၂၀၁၈- ၂၀၁၉ က်ားေဖာင္ရာသီတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေသမႈေသခင္း ျဖစ္ပ်က္ခဲ့သည့္ အမႈေပါင္း ၂၀၀ ေက်ာ္အထိ ရွိခဲ့ၿပီး ႏွစ္စဥ္ႏွစ္တိုင္း ေသမႈေသခင္း ျဖစ္ပ်က္ခဲ့သည့္ ျဖစ္စဥ္ အမႈေပါင္း ၁၀၀ ေက်ာ္အထိ ျဖစ္ပ်က္ ေနေၾကာင္း သိရသည္။
Unicode ဖြင့်ဖတ်ရန်
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ရှိ ကျားဖောင်လုပ်ငန်းခွင်တွင် ရောင်းစားခံရသည့် ကိုမြတ်သူရထွန်း၏ အမှုနှင့် ပတ်သက်၍ ၇ဦးကို အမှုဖွင့်ထားပြီး၊ ၂ ဦးကို ဖမ်းဆီးထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့( လူကုန်တား)မှ သိရသည်။
ဒဂုံတက္ကသိုလ် သမိုင်းဘာသရပ်မှ နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်း(၂၀နှစ်)ကို အောက်တိုဘာ ၂ ရက်က ပန်းဆိုးတန်း မြို့နယ်တွင် ရှိနေစဉ် အမျိုးသမီး ၂ ဦးက ရေလုပ်ငန်းတွင် အလုပ်လုပ်မည်ဆိုပါက လစာငွေ သိန်း ၂၀ ခန့်ရရှိမည်ဟုဆိုကာ ဖျာပုံမြို့နယ် ခါးပြတ်ရွာရှိ ငါးဖမ်းလုပ်ငန်းဖြစ်သည့် ကျားဖောင် လုပ်ငန်းသို့ စည်းရုံး ပြောဆို ကာ လူကုန်ကူးခဲ့ခြင်းဖြစ်သည်။
ထိုအပြင် ကျားဖောင်လုပ်ငန်းတွင် ဖောင်ဦးစီး ကျော်အောင်ဆိုသူက နှိပ်စက်သဖြင့် ဘယ်လက်ဖျံရိုးကျိုးကာ နားရွက်တွင် လည်း ပြတ်ရှဒဏ်ရာနှင့် မျက်ခုံးလည်း ကွဲခဲ့သည်။
ထိုအမှုနှင့် ပတ်သက်၍ ဖောင်ဦးစီးဖြစ်သူ အသက် ၄၂ နှစ်အရွယ်ရှိ ကျော်အောင်နှင့် အသက် ၄၂ နှစ်အရွယ်ရှိ ကိုအောင် ဗလ(ခေါ်) ဗလကြီးတို့ ၂ ဦးကို ဖမ်းဆီးထားနိုင်ပြီဖြစ်ကြောင်း ရန်ကုန် လူကုန်တားရဲတပ်ဖွဲ့မှ ရဲမှူးခင်မောင်ကြွယ်က အတည်ပြုသည်။
ထို့အပြင် ကိုမြတ်သူရထွန်းကို ထိန်းချုပ်စေခိုင်း စည်းရုံးခဲ့ကြသူများဖြစ်သည့် ရန်ကုန်တိုင်း ဒလမြို့နယ်နေ မအေးသက်မာ၊ ၎င်း၏ မိခင်ဖြစ်သူ ဒေါ်နိုင်နိုင်ကျော်၊ ဒေါ်အန်းကုန်း၊ ဖျာပုံမြို့နယ်ရှိ ကိုသန်းကျော်နှင့် အမျိုးသား ၁ ဦးတို့အား ဖမ်းဆီးရ မိနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းလျှက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
ဒုရဲမှူးကြီးခင်မောင်ကြွယ်က “စတင်စည်းရုံးခေါ်ဆောင်သွားကြတဲ့ ဒလမြို့နယ်ကလူတွေကိုတော့ ကျနော်တို့ အခု သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဖမ်းဆီးနိုင်ဖို့ လုပ်နေပါတယ်။ သူတို့ရဲ့လိပ်စာပါ နေအိမ်မှာ မရှိကြတော့ပေမယ့် သူတို့သွား လာတတ်တဲ့နေရာတွေကို ကျနော်တို့လူတွေ လိုက်စုံစမ်းပြီး ဖမ်းမိအောင် လုပ်နေပါတယ်။ မကြာမီ မိတော့မှာပါ” ဟုဆို သည်။
ထို့အပြင် သက်ဆိုင်ရာရဲစခန်းများသို့ မအေးသက်မာနှင့် ဒေါ်နိုင်နိုင်ကျော်တို့၏ ဓာတ်ပုံများကိုလည်း ဖြန့်ဝေကာ ဖမ်းဆီးရ မိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း လူကုန်တားရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်မြို့ ဒဂုံမြို့သစ် ( အရှေ့ပိုင်း)မြို့နယ် ငထွေရူးလမ်းနေ အသက် ၂၀ အရွယ် ကိုမြတ်သူရထွန်းမှာ အောက်တိုဘာ ၂ ရက်က ပန်းဆိုးတန်းမြို့နယ်တွင် ရှိနေစဉ် အမျိုးသမီး ၂ ဦးမှ ဖျာပုံမြို့နယ်ရှိ ရေလုပ်ငန်းတွင် အလုပ်လုပ်မည်ဆိုပါက လစာငွေ သိန်း ၂၀ ခန့်ရရှိမည် စည်းရုံးကာ ဒလမြို့နယ်ရှိ ( နေရာမှတ်မိ) နေအိမ် ၁ အိမ်သို့ ခေါ်ဆောင်ခြင်းခံခဲ့ရသည်။
ထိုအိမ်တွင် အလုပ် စာချုပ်ကို ဖတ်ကြည့်နေစဉ် ဇက်ပိုးကို လက်ဖြင့် အရိုက်ခံရပြီးနောက်ပိုင်း ကိစ္စများကို မမှတ်မိတော့ ကြောင်း၊ ထိုအိမ်တွင် ၂ ည အိပ်ခဲ့ရပြီးနောက် ဖျာပုံမြို့နယ် ခါးပြတ်ရွာရှိ “သင်ဇာထွန်းအောင်” အမည်ရှိ ကျားဖောင်တွင် အလုပ်စတင် လုပ်ရပြီး ပထမ တလတွင် အလုပ်လုပ်ရသည့် လှေတွင် နှိပ်စက်ခံရခြင်း မရှိကြောင်း၊ ဒုတိယ ကျားဖောင်သို့ ပြောင်းရွေ့ လုပ်ကိုင်ရချိန်တွင် ကျားဖောင် ဦးစီး ကျော်အောင် ဆိုသူက ရိုက်နှက် နှိပ်စက်ကြောင်း၊ ထိုသို့နှိပ်စက်ရာတွင် သစ်သား ငရုတ်ကျည်ပွေ့ကိုပါ အသုံးပြုကြောင်းဟု ကိုမြတ်သူရထွန်းက ဧရာဝတီသို့ ပြောဆိုထားသည်။
ထို့နောက် ၁ လလုံး သတင်းအစ အန မရတော့ဘဲ ယခုလအတွင်းမှ ဆက်စပ်ကာ လိုက်စုံစမ်းရခြင်း ဖြစ်ကြောင်း၊ ထိုသို့ စုံစမ်းရာမှ ကိုမြတ်သူရထွန်းသည် ဖျာပုံမြို့နယ် ခါးပြတ်ရွာရှိ “သင်ဇာထွန်းအောင်” အမည်ရှိ ကျားဖောင်တွင် ရေလုပ်သား အဖြစ် လုပ်ကိုင်နေရကြောင်း၊ ပွဲစားဆိုသူ အမျိုးသမီး ၂ ဦးက ငွေ ၇ သိန်း ကြိုတင်ယူသွားကာ အလုပ်အပ်ခဲ့ကြောင်း၊ ၎င်း ကို ပြန်လည် ခေါ်ယူမည်ဆိုပါက ကြိုတင် ထုတ်ပေးထားသည့် ငွေ ၇ သိန်း ကို ပြန်ပေးရမည်ဟု ဆိုသဖြင့် အဆိုပါ ငွေကို နိုဝင်ဘာ ၁၈ ရက်နေ့တွင် ပေးခဲ့ကြောင်း ကာယကံရှင်၏ အစ်ကို ကိုအောင်သော်ဇင်ထွန်းက ဧရာဝတီသို့ ပြောဆိုခဲ့သည်။
ကျားဖောင်လုပ်ငန်းခွင်သည် ကျားဖောင်များ ပင်လယ်ထဲသို့ စတင်ထွက်ခွာသည့် စက်တင်ဘာလမှ ဧပြီ၊ မေ အထိ ၇ လ၊ ၈ လတာ ကာလ တခုလုံး ကုန်းမြေဟူသည်ကို မမြင်ရဘဲ ကမ်းမမြင်၊ လမ်းမမြင် ပင်လယ်ရေပြင်ရှိ ဖောင်ပေါ်မှာ ပင် အလုပ်လုပ်ရင်း အချိန် ကုန်ဆုံးရသည်။
၂၀၁၈ – ၂၀၁၉ ငါးဖမ်းရာသီတွင် ဖျာပုံမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန၌ မှတ်ပုံတင်ထားသည့် ငါးဖမ်းလှေနှင့် ဖောင်တွဲ ၁၅၅ ဖောင် ရှိကြောင်း သိရသည်။ ဖောင်တွဲတတွဲလျှင် ကျားဖောင် ၈ ဖောင် ပါဝင်သည်။ သို့ရာတွင် ပင်လယ်ပြင်တွင် အမှန် တကယ် လုပ်ကိုင်နေသည့် ဖောင်အရေအတွက်မှာ ငါးလုပ်ငန်းဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားသည်ထက် ပိုမိုများပြားကြောင်း သိရသည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း ခါးပြတ်ရွာ ကျားဖောင်လုပ်ငန်းခွင်တွင် သန်လျင်မြို့နယ်မှ အသက် ၃၄ နှစ်အရွယ်ရှိ ကိုစိုးမိုးနိုင်ဆိုသူမှာ ပင်လယ်ပြင်ထဲတွင်ပင် အရိုက်ခံရပြီး သေဆုံးခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့သည်။
ကိုစိုးမိုးနိုင် အရိုက်ခံရကြောင်းကို မျက်မြင်တွေ့ရှိသူများမှ ပြန်ပြောပြသည့်အတွက် ရန်ကုန်တိုင်း လူကုန်တားရဲတပ်ဖွဲ့ထံသို့ ဆက်သွယ်အကြောင်းကြားကာ စုံစမ်းစစ်ဆေးခဲ့သော်လည်း ကာယကံရှင် ကိုစိုးမိုးနိုင်၏ ရုပ်အလောင်းကို မရရှိခဲ့သဖြင့် လူကုန်တားအမှုဖြင့် အရေးယူနိုင်ခြင်း မရှိခဲ့ပေ။
သို့ရာတွင် ပြီးခဲ့သည့် မေလက ဖျာပုံမြို့နယ် ဒေါ်ညိမ်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးရွှေပေါက “ကျပ် ၆ သိန်းလို့ သတ်မှတ်ထားတာက ဖျာပုံ မှာ ဖောင်လုပ်သား ကိုယ်စားလှယ်တွေ၊ လုပ်ငန်းရှင် ကိုယ်စားလှယ်တွေ၊ ငါးလုပ်ငန်း ဦးစီးဌာန က တာဝန်ရှိသူတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပြီး သတ်မှတ်ထားတာ။ အဲ့ဒီ ၆ သိန်းက ကျနော်တို့ဆီမှာ တော့ ထုံးစံလိုပဲ။ ရိုက်လို့ပဲသေသေ၊ ပင်လယ်ထဲ ပြုတ်ကျလို့ပဲ သေသေ၊ ဘယ်လိုသေသေ ၆ သိန်းလျော်ပဲ”ဆိုသည်။
ကိုစိုးမိုးနိုင်သေဆုံးမှုကိုတော့ အလုပ်ရှင်ကိုယ်စားလှယ်နှင့် လူကုန်တားရဲတပ်ဖွဲ့တို့နှင့် ချိတ်ဆက်ကာ အမှုဖွင့်နိုင်ရန် ကြိုးစားခဲ့ကြသည့် မိသားစုဝင်တို့၏ ညှိနှိုင်းချက်အရ ကျပ်ငွေ ၁၄ သိန်းကို နစ်နာကြေးအဖြစ် ရရှိခဲ့ကြသည်။
၂၀၁၈- ၂၀၁၉ ကျားဖောင်ရာသီတွင် အကြောင်းအမျိုးမျိုးကြောင့် သေမှုသေခင်း ဖြစ်ပျက်ခဲ့သည့် အမှုပေါင်း ၂၀၀ ကျော်အထိ ရှိခဲ့ပြီး နှစ်စဉ်နှစ်တိုင်း သေမှုသေခင်း ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ် အမှုပေါင်း ၁၀၀ ကျော်အထိ ဖြစ်ပျက် နေကြောင်း သိရသည်။
Credit: Burmese Irrawaddy
မှတ်ချက်များ