Zawgyiျဖင့္ဖတ္ရန္
ပိုင္တံခြန္ဟာ ႏႈတ္ခမ္းနီမေလးေတြရဲ႕ သည္းသည္းလႈပ္ အားေပးျခင္း ခံေနရတဲ့ သရုပ္ေဆာင္ေမာ္ဒယ္တစ္ဦးျဖစ္ျပီး လက္႐ွိမ်က္ႏွာသစ္ သ႐ုပ္ေဆာင္ေတြထဲမွာအေအာင္ျမင္ဆံုးထဲက တေယာက္လို႔ေတာင္ ေျပာလို႔ရပါတယ္။ အရပ္ျမင့္ျမင့္ ဗလေတာင့္ေတာင့္နဲ႔ ၾကည့္လို႔ေကာင္းေနတဲ့ ပိုင္တံခြန္ကေတာ့ တကုိယ္လံုး တက္တူးအျပည့္ကလည္း ထိုးထားပါေသးတယ္။ သူ႔ရဲ႕တက္တူးေတြနဲ႔ ဆံပင္ အ႐ွည္ေၾကာင့္လည္း ပိုအထာက်ၿပီး ပရိသတ္ အားေပးမႈ မ်ားေနတာဆိုရင္မမွားပါဘူး။
ပိုင္တံခြန္ကေတာ့ လက္႐ွိမွာ ျမန္မာႏိုင္ငံတြင္သာမက အျခားေသာ အိမ္နီးခ်င္း ႏို္င္ငံေတြမွာလည္း အားေပးမႈကို ရ႐ွိထားၿပီး ထိုင္းနုို္င္ငံမွာဆုိရင္လည္း ပရိသတ္အခိုင္အမာရရွိထားတဲ့ ေအာင္ျမင္ေနတဲ့ အႏုပညာ႐ွင္ တေယာက္လည္း ျဖစ္ပါတယ္။ ပိုင္တံခြန္ကေတာ့သူ႔ရဲ႕ ပရိသတ္ေတြအတြက္ အျမဲ သူ႔ရဲ႕ အမိုက္စား ဓာတ္ပံုေလးေတြ ဗီဒီယုိေလးေတြ ကုိသူ႔ရဲ႕လူမႈကြန္ယက္မွာ တင္ေပးေလ့ရွိျပီး ပရိသတ္ေတြရဲ႕အသည္းကုိညိွဳ႕ယူတတ္သူပါ။မၾကာေသးမီကေတာ့ ပိုင္တံခြန္ရဲ႕ပရိသတ္ေတြၾကားမွာ သို႔ေလာသုိ႔ေလာျဖစ္ခဲ့ရတဲ့ သတင္းတစ္ခုထြက္လာပါတယ္။
အဲဒီသတင္းကေတာ့ ပိုင္တံခြန္နဲ႔ ထုိင္းရဲ႕နာမည္ၾကီးမင္းသမီးေမာ္ဒယ္ Chanji တို႔ခ်စ္သူေတြျဖစ္ေနၾကျပီဆိုတဲ့သတင္းပါ။ပုိင္တံခြန္က Chanji နဲ႔ တရင္းတနွီးဓာတ္ပံုေလးေတြရိုက္ထားသလုိ Chanji ကလည္းျမန္မာကုိလာျပီး ပုိင္တံခြန္နဲ႔ခ်ိန္းေတြ႕တယ္ဆိုတဲ့ ေကာလဟလေတြေၾကာင့္ ပရိသတ္ေတြကသူတို႔နွစ္ဦးတကယ္မ်ားခ်စ္သူေတြျဖစ္ေနၾကျပီလားလို႔ ထင္ေယာင္ထင္မွားျဖစ္ခဲ့ၾကရတာပါ။

ပုိင္တံခြန္ကေတာ့ ထုိင္းရဲ႕ ET Thailand Media နဲ႔ အင္တာဗ်ဴးမွာ အဲဒီေကာလဟလေတြနဲ႔ပတ္သက္ျပီးေျဖရွင္းလာခဲ့ပါတယ္။ ပုိင္တံခြန္က “အဲဒါက လံုးဝအတင္းအဖ်င္းပါ လံုးဝသတင္းအမွားၾကီးေပါ့ေနာ္။ ဘာလို႔လဲဆိုေတာ့ Chanji က ကြ်န္ေတာ့္ရဲ႕ အခင္ဆံုးသူငယ္ခ်င္း။ ဘန္ေကာက္စေရာက္ကတည္းက ကြ်န္ေတာ့္ကုိ လံုးဝ ကူလည္းကူညီေပးတယ္။ စိ္တ္ထားလည္းေကာင္းတယ္။သူ႔ရဲ႕ product တစ္ခုေတာင္ကြ်န္ေတာ္ရိုက္ဖူးေသးတယ္။
ဒီသတင္းကုိကြ်န္ေတာ္ေတြ႕တယ္ ။အရမ္းရယ္ရတယ္။မဟုတ္တဲ့ဟာကုိေရးထားတာျဖစ္တဲ့အတြက္အဲဒီသတင္းကုိေတာ့ ကြ်န္ေတာ္ ရႈတ္ခ်တယ္”လို႔ ရယ္ေမာရင္းေျဖထားသလုိ Chanji က ျမန္မာကုိလာျပီး ပိုင္တံခြန္နဲ႔ ေတြ႕တယ္ဆိုတဲ့ေကာလဟလနဲ႔ပတ္သက္ျပီးေတာ့လည္း “Chanji ျမန္မာလာတာ သိေတာင္မသိဘူးလို႔ သူျပန္ျပီးေတာ့ ဓာတ္ပံုတင္လိုက္မွ ျမန္မာနုိင္ငံေရာက္ေနတာကုိသိတာေပါ့ေနာ္။အဲဒီအခ်ိန္က ကြ်န္ေတာ္က Sunkist ပြဲနဲ႔ မႏၱေလးေရာက္ေနတာ ျမန္မာတစ္နုိင္ငံလံုးက ပရိသတ္ေတြလည္း သိတယ္။ မႏၱေလးကပရိသတ္ေတြလည္းသိတယ္။ မႏၱေလးမွာ ကြ်န္ေတာ္တစ္ပတ္ေလာက္ၾကာတယ္”လို႔ ေသခ်ာရွင္းလင္းေျဖၾကားသြားခဲ့ပါတယ္။
ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးလည္း Chanji နဲ႔ ပုိင္တံခြန္အေၾကာင္းရွင္းရွင္းလင္းလင္းသိလိုက္ရလို႔ စိတ္ခ်မ္းသာၾကမယ္ထင္ပါတယ္။ ပိုင္တံခြန္ကုိေရာ အားေပးၾကလား။ ထုိင္းကေန အာရွတိုက္ကုိေျခဆန္႔ေနျပီျဖစ္တဲ့ ပိုင္တံခြန္ရဲ႕အနုပညာေတြကုိေရာအားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။
Unicode ဖြင့်ဖတ်ရန်
ပိုင်တံခွန်ဟာ နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ် အားပေးခြင်း ခံနေရတဲ့ သရုပ်ဆောင်မော်ဒယ်တစ်ဦးဖြစ်ပြီး လက်ရှိမျက်နှာသစ် သရုပ်ဆောင်တွေထဲမှာအအောင်မြင်ဆုံးထဲက တယောက်လို့တောင် ပြောလို့ရပါတယ်။ အရပ်မြင့်မြင့် ဗလတောင့်တောင့်နဲ့ ကြည့်လို့ကောင်းနေတဲ့ ပိုင်တံခွန်ကတော့ တကိုယ်လုံး တက်တူးအပြည့်ကလည်း ထိုးထားပါသေးတယ်။ သူ့ရဲ့တက်တူးတွေနဲ့ ဆံပင် အရှည်ကြောင့်လည်း ပိုအထာကျပြီး ပရိသတ် အားပေးမှု များနေတာဆိုရင်မမှားပါဘူး။
ပိုင်တံခွန်ကတော့ လက်ရှိမှာ မြန်မာနိုင်ငံတွင်သာမက အခြားသော အိမ်နီးချင်း နိုင်ငံတွေမှာလည်း အားပေးမှုကို ရရှိထားပြီး ထိုင်းနိုင်ငံမှာဆိုရင်လည်း ပရိသတ်အခိုင်အမာရရှိထားတဲ့ အောင်မြင်နေတဲ့ အနုပညာရှင် တယောက်လည်း ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့သူ့ရဲ့ ပရိသတ်တွေအတွက် အမြဲ သူ့ရဲ့ အမိုက်စား ဓာတ်ပုံလေးတွေ ဗီဒီယိုလေးတွေ ကိုသူ့ရဲ့လူမှုကွန်ယက်မှာ တင်ပေးလေ့ရှိပြီး ပရိသတ်တွေရဲ့အသည်းကိုညှို့ယူတတ်သူပါ။မကြာသေးမီကတော့ ပိုင်တံခွန်ရဲ့ပရိသတ်တွေကြားမှာ သို့လောသို့လောဖြစ်ခဲ့ရတဲ့ သတင်းတစ်ခုထွက်လာပါတယ်။ အဲဒီသတင်းကတော့ ပိုင်တံခွန်နဲ့ ထိုင်းရဲ့နာမည်ကြီးမင်းသမီးမော်ဒယ် Chanji တို့ချစ်သူတွေဖြစ်နေကြပြီဆိုတဲ့သတင်းပါ။ပိုင်တံခွန်က Chanji နဲ့ တရင်းတနှီးဓာတ်ပုံလေးတွေရိုက်ထားသလို Chanji ကလည်းမြန်မာကိုလာပြီး ပိုင်တံခွန်နဲ့ချိန်းတွေ့တယ်ဆိုတဲ့ ကောလဟလတွေကြောင့် ပရိသတ်တွေကသူတို့နှစ်ဦးတကယ်များချစ်သူတွေဖြစ်နေကြပြီလားလို့ ထင်ယောင်ထင်မှားဖြစ်ခဲ့ကြရတာပါ။
ပိုင်တံခွန်ကတော့ ထိုင်းရဲ့ ET Thailand Media နဲ့ အင်တာဗျူးမှာ အဲဒီကောလဟလတွေနဲ့ပတ်သက်ပြီးဖြေရှင်းလာခဲ့ပါတယ်။ ပိုင်တံခွန်က “အဲဒါက လုံးဝအတင်းအဖျင်းပါ လုံးဝသတင်းအမှားကြီးပေါ့နော်။ ဘာလို့လဲဆိုတော့ Chanji က ကျွန်တော့်ရဲ့ အခင်ဆုံးသူငယ်ချင်း။ ဘန်ကောက်စရောက်ကတည်းက ကျွန်တော့်ကို လုံးဝ ကူလည်းကူညီပေးတယ်။ စိတ်ထားလည်းကောင်းတယ်။သူ့ရဲ့ product တစ်ခုတောင်ကျွန်တော်ရိုက်ဖူးသေးတယ်။ ဒီသတင်းကိုကျွန်တော်တွေ့တယ် ။အရမ်းရယ်ရတယ်။မဟုတ်တဲ့ဟာကိုရေးထားတာဖြစ်တဲ့အတွက်အဲဒီသတင်းကိုတော့ ကျွန်တော် ရှုတ်ချတယ်”လို့ ရယ်မောရင်းဖြေထားသလို Chanji က မြန်မာကိုလာပြီး ပိုင်တံခွန်နဲ့ တွေ့တယ်ဆိုတဲ့ကောလဟလနဲ့ပတ်သက်ပြီးတော့လည်း “Chanji မြန်မာလာတာ သိတောင်မသိဘူးလို့ သူပြန်ပြီးတော့ ဓာတ်ပုံတင်လိုက်မှ မြန်မာနိုင်ငံရောက်နေတာကိုသိတာပေါ့နော်။အဲဒီအချိန်က ကျွန်တော်က Sunkist ပွဲနဲ့ မန္တလေးရောက်နေတာ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေလည်း သိတယ်။ မန္တလေးကပရိသတ်တွေလည်းသိတယ်။ မန္တလေးမှာ ကျွန်တော်တစ်ပတ်လောက်ကြာတယ်”လို့ သေချာရှင်းလင်းဖြေကြားသွားခဲ့ပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးလည်း Chanji နဲ့ ပိုင်တံခွန်အကြောင်းရှင်းရှင်းလင်းလင်းသိလိုက်ရလို့ စိတ်ချမ်းသာကြမယ်ထင်ပါတယ်။ ပိုင်တံခွန်ကိုရော အားပေးကြလား။ ထိုင်းကနေ အာရှတိုက်ကိုခြေဆန့်နေပြီဖြစ်တဲ့ ပိုင်တံခွန်ရဲ့အနုပညာတွေကိုရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။
Credit: Yangon News

မှတ်ချက်များ