သူခုိးက လူဟစ္ေနၾကတဲ့အေၾကာင္း ရင္ဖြင့္သြားတဲ့ ေဆာင္းဦးလိွုင္




Zawgyiျဖင့္ဖတ္ရန္


မင္းရဲ႕ သူရဲေကာင္း ဆိုတဲ့ တစ္ကိုယ္ေတာ္ ေတးစီးရီးနဲ႕ ပရိသတ္ေတြရင္ထဲမွာ ေနရာတစ္ေနရာယူခဲ့ၿပီး ေနာက္ပိုင္းမွာ သီခ်င္းေကာင္းမ်ားစြာကို ေရးသားသီဆိုခဲ့သူတစ္ဦးျဖစ္ၿပီး ခရီးသြားငါးေယာက္ ၊ ၁၉ း ၁၈ စတဲ့ အဆိုေတာ္ အစုအဖြဲ႕နာမည္ေတြထဲမွာလည္း တကယ္ကို ေအာင္ျမင္မႈေတြ ရရိွထားသူတစ္ေယာက္ ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ ေဆာင္းဦးလိွဳင္ဟာ ႏိုင္ငံရပ္ျခားမွာေနထိုင္ၿပီး သူရဲ႕ ခံစားခ်က္ေလးေတြကို သီခ်င္းအျဖစ္ျပန္လည္ ေျပာင္းလဲၿပီး ပရိသတ္ေတြဆီကို အေရာက္ပို႔ေပးေနတုန္း ပါပဲ ။



အခုလည္း သူ ျမန္မာႏိုင္ငံမွာ ႀကံုေတြေနရတဲ့ ကိစၥေလးတစ္ခုကို သူ့အျမင္ေလးကို ျပန္လည္ေဝမွ်ထားပါတယ္။ အဲ့ဒီအေၾကာင္းရာေလးကေတာ့ “ သူခိုးက လူဟစ္ မငိုပါနဲ႔ကေလးရယ္ သီခ်င္းက က်ေနာ္ကိုယ္တိုင္ ေရး၊တီး ဖမ္း ၊ ထုတ္လုပ္ၿပီး အဆိုရွင္ မိန္းကေလးငယ္ တစ္ေယာက္ကို ေပးဆိုခဲ့တယ္ … ၿပီးေတာ့ … က်ေနာ္ကိုယ္တိုင္ဆိုတယ္ .. Own Tune (Original) စစ္စစ္… က်ေနာ္တို႔ေရႊၿပည္ႀကီးမွာ သူခိုးက လူဟစ္ၾကတာ အရွက္မရိွေနရာတိုင္းမွာမို႔… အဆန္းမဟုတ္ေပမယ့္ စိတ္နာ စရာေတာ့ေကာင္းသားဗ်ာ … ေဆာင္းဦးလိွုင္ ၁၆. ၁၁. ၂၀၁၉ ဆိုၿပီး Note Pad ထဲမွာေရးထားတဲ့ စာေလးကို ဓာတ္ပံုနဲ႔တင္ၿပီး ေဖာ္ျပခဲ့ပါတယ္။


ဒီအျဖစ္ပ်က္ေလးကေတာ့ သူ႔ရဲ႕ သီခ်င္းေလးကို YouTube မွာတင္တဲ့အခ်ိန္က YouTube ကေနၿပီး Copy Right ထိတယ္ဆိုၿပီး စာျပန္တဲ့ အေၾကာင္းေလးကို တင္ထားခဲ့တာပဲျဖစ္ပါတယ္။ ဒီအျဖစ္ပ်က္ေလးကို ဖတ္ၾကည့္ၿပီး မိတ္ေဆြတို႔ရဲ႕ စိတ္ထဲမွာ ျဖစ္ေပၚလာတဲ့ သံုးသပ္ခ်က္ အျမင္ေလးေတြကိုလည္း ျပန္လည္ မွ်ေဝေပးခဲ့ၾကပါဦးေနာ္။ ကိုေဆာင္းဦးလိွုင္လည္း ေကာင္းမြန္တဲ့ အႏုပညာလက္ရာေတြ ဖန္တီးႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္။


Unicode ဖြင့်ဖတ်ရန်

မင်းရဲ့ သူရဲကောင်း ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးနဲ့ ပရိသတ်တွေရင်ထဲမှာ နေရာတစ်နေရာယူခဲ့ပြီး နောက်ပိုင်းမှာ သီချင်းကောင်းများစွာကို ရေးသားသီဆိုခဲ့သူတစ်ဦးဖြစ်ပြီး ခရီးသွားငါးယောက် ၊ ၁၉ း ၁၈ စတဲ့ အဆိုတော် အစုအဖွဲ့နာမည်တွေထဲမှာလည်း တကယ်ကို အောင်မြင်မှုတွေ ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ အခုချိန်မှာတော့ ဆောင်းဦးလှိုင်ဟာ နိုင်ငံရပ်ခြားမှာနေထိုင်ပြီး သူရဲ့ ခံစားချက်လေးတွေကို သီချင်းအဖြစ်ပြန်လည် ပြောင်းလဲပြီး ပရိသတ်တွေဆီကို အရောက်ပို့ပေးနေတုန်း ပါပဲ ။
အခုလည်း သူ မြန်မာနိုင်ငံမှာ ကြုံတွေနေရတဲ့ ကိစ္စလေးတစ်ခုကို သူ့အမြင်လေးကို ပြန်လည်ဝေမျှထားပါတယ်။ အဲ့ဒီအကြောင်းရာလေးကတော့ “ သူခိုးက လူဟစ် မငိုပါနဲ့ကလေးရယ် သီချင်းက ကျနော်ကိုယ်တိုင် ရေး၊တီး ဖမ်း ၊ ထုတ်လုပ်ပြီး အဆိုရှင် မိန်းကလေးငယ် တစ်ယောက်ကို ပေးဆိုခဲ့တယ် … ပြီးတော့ … ကျနော်ကိုယ်တိုင်ဆိုတယ် .. Own Tune (Original) စစ်စစ်… ကျနော်တို့ရွှေပြည်ကြီးမှာ သူခိုးက လူဟစ်ကြတာ အရှက်မရှိနေရာတိုင်းမှာမို့… အဆန်းမဟုတ်ပေမယ့် စိတ်နာ စရာတော့ကောင်းသားဗျာ … ဆောင်းဦးလှိုင် ၁၆. ၁၁. ၂၀၁၉ ဆိုပြီး Note Pad ထဲမှာရေးထားတဲ့ စာလေးကို ဓာတ်ပုံနဲ့တင်ပြီး ဖော်ပြခဲ့ပါတယ်။

ဒီအဖြစ်ပျက်လေးကတော့ သူ့ရဲ့ သီချင်းလေးကို YouTube မှာတင်တဲ့အချိန်က YouTube ကနေပြီး Copy Right ထိတယ်ဆိုပြီး စာပြန်တဲ့ အကြောင်းလေးကို တင်ထားခဲ့တာပဲဖြစ်ပါတယ်။ ဒီအဖြစ်ပျက်လေးကို ဖတ်ကြည့်ပြီး မိတ်ဆွေတို့ရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ သုံးသပ်ချက် အမြင်လေးတွေကိုလည်း ပြန်လည် မျှဝေပေးခဲ့ကြပါဦးနော်။ ကိုဆောင်းဦးလှိုင်လည်း ကောင်းမွန်တဲ့ အနုပညာလက်ရာတွေ ဖန်တီးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။


Credit: Yangon News 

မှတ်ချက်များ