ဦးပိန္တံတားေပၚမွာ ေဒသခံအဖြားေတြကို ပိုက္ဆံေတြလွဴလုိုက္ျပန္တဲ့ Sinon




Zawgyiျဖင့္ဖတ္ရန္

Sinon Loresca ဟာ ဖိလစ္ပိုင္လူမ်ိဳး LGBT ေမာ္ဒယ္တစ္ဦးျဖစ္ျပီး ျမန္မာနိုင္ငံက Facebook သုံးစြဲသူေတြၾကားမွာ ေရပန္းစားေနတဲ့အနုပညာရွင္တစ္ဦးျဖစ္သလို High heels ေတြစီးၿပီး လမ္းေလွ်ာက္တဲ့ေနရာမွာ တကယ့္ကို Professional က်က် ကြၽမ္းကြၽမ္းက်င္က်င္ ေသေသသပ္သပ္ေလွ်ာက္နိုင္သူတစ္ေယာက္ျဖစ္လို႔ King of Catwalk အျဖစ္ တစ္ကမၻာလံုးကအသိအမွတ္ျပဳခံထားရသူလည္းျဖစ္ပါတယ္။ Sinon ဟာ ျမန္မာပရိသတ္ေတြရဲ႕ နွလံုးသားကုိဆြဲကိုင္ထားနိုင္တဲ့ အနုပညာရွင္တစ္ဦးဆိုရင္လည္းမမွားပါဘူး။


Sinon က လက္ရွိမွာျမန္မာနုိင္ငံကအနုပညာရွင္ေတြနဲ႔ အနုပညာအလုပ္ေတြအတူလက္တြဲလုပ္ေနျပီျဖစ္ျပီး အားလံုးရဲ႕ ေႏြးေထြးစြာၾကိဳဆိုမႈခံထားသူဆိုရင္လည္းမမွားပါဘူး။ Sinon ဟာ ထြန္းထြန္းတိုု႔ျဖဴျဖဴေထြးတို႔ကုိလည္း သူနဲ႔အတူတူ catwalk ေလွ်ာက္တဲ့ Video ေလးေတြလုပ္ဖို႔ဖိတ္ေခၚခဲ့ျပီး အဲဒီ Video ေလးေတြဟာလည္းပဲ ပရိသတ္ေတြရဲ႕ အားေပးမႈေတြရရွိခဲ့ပါတယ္။Sinon က ေခတ္သစ္ေဝႆႏၱရာလို႔ဆိုရေလာက္ေအာင္ကို သူ႔ရဲ႕ ေမြးေန႔အတြက္ ျပီးခဲ့တဲ့တစ္လလံုး အလွဴအတန္းေတြလုိက္လုပ္ေနတာျဖစ္ျပီး ေမြးေန႔ျ႔ပီးသြားေတာ့လည္းထိမ္းအမွတ္အမ်ိဳးမ်ိဳးနဲ႔ အလွဴေတြလုိက္လုပ္ေနျပန္ပါေသးတယ္။

Sinon ကအခုလည္းပဲ ဦးပိန္တံတားေပၚမွာေပ်ာ္စရာေကာင္းတဲ့အလွဴေလးတစ္ခုလုပ္ခဲ့ပါတယ္။ အဲဒီအလွဴကေတာ့ ဦးပိန္တံတားေပၚက ေဒသခံအဖြားနွစ္ဦးကို Sinon က ဆံုဆြမ္စိ ေက်ာက္တံုး၊စာရြက္၊ ကတ္ေက်းဂိမ္း ငါးခါကစားခို္င္းျပီး နုိင္တဲ့သူကုိ တစ္ခါနုိင္ရင္ တစ္ေသာင္းေပးျပီးအလွဴေလးလုပ္ခဲ့တာပါ။ Sinon ရဲ႕ ကစားခိုင္းတဲ့ အစီအစဥ္ကုိပရိသတ္ေတာ္ေတာ္မ်ားမ်ားနဲ႔ လမ္းသြားလမ္းလာေတြက ဝုိင္းၾကည့္ေနခဲ့ၾကျပီး အားေပးခဲ့တာလည္းေတြ႕ရပါတယ္။အဲဒီ video ေလးကုိ Sinon က သူ႔ရဲ႕လူမႈကြန္ယက္မွာ “My simple way to spending time and giving smile to the people here in ‘’ U Bein Bridge ‘’ Mandalay”ဆိုတဲ့စာေလးနဲ႔တင္ထားခဲ့တာပါ။

႔ပရိသတ္ၾကီးအတြက္ Sinon ရဲ႕ video ေလးကုိေဖာ္ျပေပးလိုက္ပါတယ္။ပရိသတ္ၾကီးေရာ Sinon ကုိခ်စ္ၾကလား။ ဒီက အနုပညာရွင္ေတြနဲ႔အတူူတူလက္တြဲလုပ္မယ့္ Sinon ရဲ႕ အနုပညာအလုပ္ေတြကုိေရာ အားေပးဖုိ႔အသင့္ပဲလား။ ေျပာခဲ့ပါဦး။

Unicode ဖြင့်ဖတ်ရန်


Sinon Loresca ဟာ ဖိလစ်ပိုင်လူမျိုး LGBT မော်ဒယ်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံက Facebook သုံးစွဲသူတွေကြားမှာ ရေပန်းစားနေတဲ့အနုပညာရှင်တစ်ဦးဖြစ်သလို High heels တွေစီးပြီး လမ်းလျှောက်တဲ့နေရာမှာ တကယ့်ကို Professional ကျကျ ကျွမ်းကျွမ်းကျင်ကျင် သေသေသပ်သပ်လျှောက်နိုင်သူတစ်ယောက်ဖြစ်လို့ King of Catwalk အဖြစ် တစ်ကမ္ဘာလုံးကအသိအမှတ်ပြုခံထားရသူလည်းဖြစ်ပါတယ်။ Sinon ဟာ မြန်မာပရိသတ်တွေရဲ့ နှလုံးသားကိုဆွဲကိုင်ထားနိုင်တဲ့ အနုပညာရှင်တစ်ဦးဆိုရင်လည်းမမှားပါဘူး။


Sinon က လက်ရှိမှာမြန်မာနိုင်ငံကအနုပညာရှင်တွေနဲ့ အနုပညာအလုပ်တွေအတူလက်တွဲလုပ်နေပြီဖြစ်ပြီး အားလုံးရဲ့ နွေးထွေးစွာကြိုဆိုမှုခံထားသူဆိုရင်လည်းမမှားပါဘူး။ Sinon ဟာ ထွန်းထွန်းတို့ဖြူဖြူထွေးတို့ကိုလည်း သူနဲ့အတူတူ catwalk လျှောက်တဲ့ Video လေးတွေလုပ်ဖို့ဖိတ်ခေါ်ခဲ့ပြီး အဲဒီ Video လေးတွေဟာလည်းပဲ ပရိသတ်တွေရဲ့ အားပေးမှုတွေရရှိခဲ့ပါတယ်။Sinon က ခေတ်သစ်ဝေဿန္တရာလို့ဆိုရလောက်အောင်ကို သူ့ရဲ့ မွေးနေ့အတွက် ပြီးခဲ့တဲ့တစ်လလုံး အလှူအတန်းတွေလိုက်လုပ်နေတာဖြစ်ပြီး မွေးနေ့ြ့ပီးသွားတော့လည်းထိမ်းအမှတ်အမျိုးမျိုးနဲ့ အလှူတွေလိုက်လုပ်နေပြန်ပါသေးတယ်။

Sinon ကအခုလည်းပဲ ဦးပိန်တံတားပေါ်မှာပျော်စရာကောင်းတဲ့အလှူလေးတစ်ခုလုပ်ခဲ့ပါတယ်။ အဲဒီအလှူကတော့ ဦးပိန်တံတားပေါ်က ဒေသခံအဖွားနှစ်ဦးကို Sinon က ဆုံဆွမ်စိ ကျောက်တုံး၊စာရွက်၊ ကတ်ကျေးဂိမ်း ငါးခါကစားခိုင်းပြီး နိုင်တဲ့သူကို တစ်ခါနိုင်ရင် တစ်သောင်းပေးပြီးအလှူလေးလုပ်ခဲ့တာပါ။ Sinon ရဲ့ ကစားခိုင်းတဲ့ အစီအစဉ်ကိုပရိသတ်တော်တော်များများနဲ့ လမ်းသွားလမ်းလာတွေက ဝိုင်းကြည့်နေခဲ့ကြပြီး အားပေးခဲ့တာလည်းတွေ့ရပါတယ်။အဲဒီ video လေးကို Sinon က သူ့ရဲ့လူမှုကွန်ယက်မှာ “My simple way to spending time and giving smile to the people here in ‘’ U Bein Bridge ‘’ Mandalay”ဆိုတဲ့စာလေးနဲ့တင်ထားခဲ့တာပါ။

့ပရိသတ်ကြီးအတွက် Sinon ရဲ့ video လေးကိုဖော်ပြပေးလိုက်ပါတယ်။ပရိသတ်ကြီးရော Sinon ကိုချစ်ကြလား။ ဒီက အနုပညာရှင်တွေနဲ့အတူူတူလက်တွဲလုပ်မယ့် Sinon ရဲ့ အနုပညာအလုပ်တွေကိုရော အားပေးဖို့အသင့်ပဲလား။ ပြောခဲ့ပါဦး။


Credit: ေပာခ်င္လြန္းလို

မှတ်ချက်များ