ခႏၶာကိုယ္တြင္း အဆိပ္အေတာက္မ်ား ကင္းေစျပီး အဆီက်ေစမယ့္ အေကာင္းဆံုး Detox Water ၄မ်ိဳး
Zawgyi ျဖင့္ဖတ္ရန္
Detox Water ဆုိတာ ကိုယ္တြင္း အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးနုိင္တဲ့ ေသာက္စရာဆိုတာ လူတိုင္း သိရွိျပီးျဖစ္မွာပါ ။ Detox Water ကို အသီးအနွံ အမ်ိဳးမ်ိဳး ၊ အသီးအရြက္အမ်ိဳးမ်ိဳးတို႔နဲ႕ ျပဳလုပ္နည္းေတြ အမ်ားၾကီး ရွိတဲ့ထဲကမွ အဆီလည္းက်ျပီး ကိုယ္တြင္းအဆိပ္အေတာက္ကင္းေစနိုင္တဲ့ အေကာင္းဆံုးနဲ႕ အလြယ္ဆံုး ေဖ်ာ္ရည္ ၄မ်ိဳးကို ေဖာ္ျပေပးခ်င္ပါတယ္။
1/ သခြားသံပုယိုရည္
သခြားသီး – ၁ဝက္
သံပုယုိသီး (သို႔)သံပုရာသီး – ၁လံုး
ပူစီနံ – အနည္းငယ္
ေရ
သခြားသီး နဲ႕သံပုယိုသီးကို ေဆးေၾကာျပီး အဝိုင္းပံုလွီးျပီး ပုလင္းထဲထည့္ပါ ။ ျပီးရင္ ေရထည့္ပါ ။ ထို႔ေနာက္ ပူစီနံရြက္ကို ေဆးေၾကာျပီး ထည့္လိုက္ပါ ။ ထို႔ေနာက္ ေရာသြားေအာင္ အနည္းငယ္ေမႊလိုက္ပါ ။ ျပီးသြားရင္ေတာ့ ေရခဲေသတၱာထဲမွာ တစ္ညသိပ္ျပီး ေသာက္သံုးလို႔ရပါျပီ ။ ၂ရက္ ၃ရက္ၾကာသည္အထိ ေရထပ္ျဖည့္ေနကာ ေသာက္သံုးလို႕ရပါတယ္ ။
2/စေတာ္ဘယ္ရီပင္စိမ္းရည္
လတ္ဆတ္ေသာ စေတာ္ဘယ္ရီ -၁၀လံုး
သံပုယိုသီး – ၁လံုး
ပင္စိမ္း – လက္တစ္ဆုပ္
ေရ
ပထမဦးစြာ စေတာ္ဘယ္ရီ နွင့္ ပင္စိမ္းေတြကို ေဆးေၾကာျပီး ပုလင္းထဲသို႔ ထည့္ပါ ။ ထို႔ေနာက္ သံပုယိုသီး တစ္ျခမ္းကို အရည္ညွစ္ျပီး ထည့္ပါ ။ က်န္တဲ့ တစ္ဝက္ကို နွစ္စိတ္ စိတ္လိုက္ပါ ။ ထို႔ေနာက္ ေရထဲျပီး သံပုယုိသီး ၂စိတ္ကို ထည့္ပါ ။ ျပီးလ််င္ နွံ႕သြားေအာင္ ေမြျပီး ေရခဲေသတၱာထဲသို႔ ၃၊၄ နာရီၾကာေအာင္ ထားလို္က္ပါ ။ ဒါဆိုရင္ေတာ့ အရသာရွိတဲ့ စေတာ္ဘယ္ရီပင္စိမ္းရည္ကို သံုးေဆာင္နိုင္ပါျပီ ။
3/ဂ်င္းပူစီနံရည္
ဂ်င္း – ၂လက္မ
ခပ္ပါးပါးလွီးထားေသာသခြါးသီး – အနည္းငယ္
သံပုယိုသီး(သို႔)သံပုရာသီး – ၂စိတ္
ပူစီနံ – ၁၂ရြက္
ဆားအနည္းငယ္
ေရ
ေဖာ္ျပထားေသာ ပါဝင္ပစၥည္းေတြကို အထက္မွာေဖာ္ျပထားခဲ့တဲ့ နည္းလမ္းအတုိင္းပဲ ျပဳလုပ္ျပီး ေသာက္သံုးနိုင္ပါတယ္။ ဒီ Detox Water ေလးကေတ့ာ အစာအိမ္ ေရာင္ရမ္းနာၾကင္တာကို သက္သာေစျပီး လည္ေခ်ာင္းနာျခင္းကိုလည္း ေပ်ာက္ကင္းသက္သာေစပါတယ္။
4/ သရက္နာနတ္ေဖ်ာ္ရည္
သရက္သီးနွင့္ နာနတ္သီးကို jar ရဲ႕ သံုးပံုတစ္ပံုခန္႔ ထည့္ပါ ။ နာနတ္သီးကို ေလးေထာင့္ပံုစံလွီးျပီး ထည့္ရမွာပါ ။ ထို႔ေနာက္ အဝိုင္းပံု လွီးထားေသာ သံပုယိုျခမ္းေလးေတြကို ထည့္ျပီး ေရျဖင့္ ေဖ်ာ္လိုက္ပါ။ ျပီးလွ်င္ေတာ့ ေရခဲေသတၱာထဲမွာ ၃နာရီခန္႔ထားျပီး ေသာက္သံုးလို႔ ရပါျပီ ။
Detox Water ကို ေန႔စဥ္ ပံုမွန္ ေသာက္သံုးျခင္းျဖင့္ ခႏၶာကိုယ္တြင္း အဆိပ္အေတာက္ ကငး္ေစေသာေၾကာင့္ အသားအေရၾကည္လင္လွပျခင္း ၊ ကိုယ္ခံစြမး္အားေကာင္းမြန္ျခင္း နွင့္ မေကာင္းေသာအဆီမ်ားကို က်ေစပါတယ္။ Detox Water ေသာက္ျပီး ကိုယ္တြင္းအဆိ္ပ္ေတြ ဖယ္ရွားလိုက္ပါ။
Credit : CHAN (ေရႊအင္းေလး)
Unicode ဖြင့်ဖတ်ရန်
ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များ ကင်းစေပြီး အဆီကျစေမယ့် အကောင်းဆုံး Detox Water ၄မျိုး
Detox Water ဆိုတာ ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ သောက်စရာဆိုတာ လူတိုင်း သိရှိပြီးဖြစ်မှာပါ ။ Detox Water ကို အသီးအနှံ အမျိုးမျိုး ၊ အသီးအရွက်အမျိုးမျိုးတို့နဲ့ ပြုလုပ်နည်းတွေ အများကြီး ရှိတဲ့ထဲကမှ အဆီလည်းကျပြီး ကိုယ်တွင်းအဆိပ်အတောက်ကင်းစေနိုင်တဲ့ အကောင်းဆုံးနဲ့ အလွယ်ဆုံး ဖျော်ရည် ၄မျိုးကို ဖော်ပြပေးချင်ပါတယ်။
1/ သခွားသံပုယိုရည်
သခွားသီး – ၁ဝက်
သံပုယိုသီး (သို့)သံပုရာသီး – ၁လုံး
ပူစီနံ – အနည်းငယ်
ရေ
သခွားသီး နဲ့သံပုယိုသီးကို ဆေးကြောပြီး အဝိုင်းပုံလှီးပြီး ပုလင်းထဲထည့်ပါ ။ ပြီးရင် ရေထည့်ပါ ။ ထို့နောက် ပူစီနံရွက်ကို ဆေးကြောပြီး ထည့်လိုက်ပါ ။ ထို့နောက် ရောသွားအောင် အနည်းငယ်မွှေလိုက်ပါ ။ ပြီးသွားရင်တော့ ရေခဲသေတ္တာထဲမှာ တစ်ညသိပ်ပြီး သောက်သုံးလို့ရပါပြီ ။ ၂ရက် ၃ရက်ကြာသည်အထိ ရေထပ်ဖြည့်နေကာ သောက်သုံးလို့ရပါတယ် ။
2/စတော်ဘယ်ရီပင်စိမ်းရည်
လတ်ဆတ်သော စတော်ဘယ်ရီ -၁၀လုံး
သံပုယိုသီး – ၁လုံး
ပင်စိမ်း – လက်တစ်ဆုပ်
ရေ
ပထမဦးစွာ စတော်ဘယ်ရီ နှင့် ပင်စိမ်းတွေကို ဆေးကြောပြီး ပုလင်းထဲသို့ ထည့်ပါ ။ ထို့နောက် သံပုယိုသီး တစ်ခြမ်းကို အရည်ညှစ်ပြီး ထည့်ပါ ။ ကျန်တဲ့ တစ်ဝက်ကို နှစ်စိတ် စိတ်လိုက်ပါ ။ ထို့နောက် ရေထဲပြီး သံပုယိုသီး ၂စိတ်ကို ထည့်ပါ ။ ပြီးလျျင် နှံ့သွားအောင် မွေပြီး ရေခဲသေတ္တာထဲသို့ ၃၊၄ နာရီကြာအောင် ထားလိုက်ပါ ။ ဒါဆိုရင်တော့ အရသာရှိတဲ့ စတော်ဘယ်ရီပင်စိမ်းရည်ကို သုံးဆောင်နိုင်ပါပြီ ။
3/ဂျင်းပူစီနံရည်
ဂျင်း – ၂လက်မ
ခပ်ပါးပါးလှီးထားသောသခွါးသီး – အနည်းငယ်
သံပုယိုသီး(သို့)သံပုရာသီး – ၂စိတ်
ပူစီနံ – ၁၂ရွက်
ဆားအနည်းငယ်
ရေ
ဖော်ပြထားသော ပါဝင်ပစ္စည်းတွေကို အထက်မှာဖော်ပြထားခဲ့တဲ့ နည်းလမ်းအတိုင်းပဲ ပြုလုပ်ပြီး သောက်သုံးနိုင်ပါတယ်။ ဒီ Detox Water လေးကတေ့ာ အစာအိမ် ရောင်ရမ်းနာကြင်တာကို သက်သာစေပြီး လည်ချောင်းနာခြင်းကိုလည်း ပျောက်ကင်းသက်သာစေပါတယ်။
4/ သရက်နာနတ်ဖျော်ရည်
သရက်သီးနှင့် နာနတ်သီးကို jar ရဲ့ သုံးပုံတစ်ပုံခန့် ထည့်ပါ ။ နာနတ်သီးကို လေးထောင့်ပုံစံလှီးပြီး ထည့်ရမှာပါ ။ ထို့နောက် အဝိုင်းပုံ လှီးထားသော သံပုယိုခြမ်းလေးတွေကို ထည့်ပြီး ရေဖြင့် ဖျော်လိုက်ပါ။ ပြီးလျှင်တော့ ရေခဲသေတ္တာထဲမှာ ၃နာရီခန့်ထားပြီး သောက်သုံးလို့ ရပါပြီ ။
Detox Water ကို နေ့စဉ် ပုံမှန် သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်တွင်း အဆိပ်အတောက် ကင်းစေသောကြောင့် အသားအရေကြည်လင်လှပခြင်း ၊ ကိုယ်ခံစွမ်းအားကောင်းမွန်ခြင်း နှင့် မကောင်းသောအဆီများကို ကျစေပါတယ်။ Detox Water သောက်ပြီး ကိုယ်တွင်းအဆိပ်တွေ ဖယ်ရှားလိုက်ပါ။
Credit : CHAN (ရွှေအင်းလေး)

မှတ်ချက်များ