Zawgyiျဖင့္ဖတ္ရန္
တကယ္တမ္းက်ေတာ့ မိန္းကေလးေတြႀကီးဘဲ ကိုယ့္ကိုယ္ကို သဝန္တိုလွၿပီ ထင္မေနပါနဲ႔။ သင့္ရဲ႕ ခ်စ္သူေကာင္ေလးေတြလည္း သဝန္တိုတတ္ပါတယ္။ ကိုယ့္ခ်စ္သူကို သဝန္တိုတာဘဲ ဘယ္သူ႔ကိုမွ ဂ႐ုစိုက္ေနစရာမလိုပါဘူး။ ဒါေပမယ့္ သဝန္တိုတဲ့ ေနာက္မွာ ေဒါသဆိုတာ ပါလာလို႔မရပါဘူး။ ေဒါသပါလာတာနဲ႔ ေနာက္ဆက္တြဲ ျပႆနာေတြ မ်ားစြာျဖစ္တတ္ပါတယ္။
အခုလည္း အဂၤလန္ႏိုင္ငံ၊ Liverpool ၿမိဳ႕မွာ ေနထိုင္တဲ့ အသက္(၂၉)ႏွစ္အ႐ြယ္ Lois Ashton ဆိုတဲ့ အမ်ိဳးသမီးဟာ သူ႔ခ်စ္သူေကာင္ေလးရဲ႕ ကိုယ္ထိလက္ေရာက္ ေစာ္ကားမႈတစ္ခုေၾကာင့္ သြား(၃)ေခ်ာင္းကြၽတ္သြားခဲ့တဲ့အျပင္ မ်က္ကြင္းလည္း မဲေနေအာင္ အထိုးခံလိုက္ရပါတယ္။ ဘာလို႔ အခုလို ႐ုပ္ပ်က္ဆင္းပ်က္ အထိုးခံရလည္းဆိုေတာ့ Lois ဟာ Facebook မွာ Profile Picture ကို Change လိုက္လို႔ပဲ ျဖစ္ပါတယ္။
ကိုယ္ရဲ႕ ကိုယ္ပိုင္ လူမႈကြန္ယက္ကို ကိုယ့္စိတ္ႀကိဳက္လုပ္ပိုင္ခြင့္ရွိေပမယ့္ သဝန္တိုလြန္းတဲ့ ခ်စ္သူေကာင္ေလးကေတာ့ တစ္ေယာက္တည္း ပုံခ်ိန္းရမလားဆိုၿပီး သူမကို အခုလို သြားျပတင္းေပါက္ဖြင့္ေပးလိုက္တာပဲ ျဖစ္ပါတယ္။
အခုလို ဘာမဟုတ္တဲ့ အေၾကာင္းျပခ်က္ေလးနဲ႔ သြား(၃)ေခ်ာင္းကြၽတ္ရတဲ့အျပင္ မ်က္ကြင္းပါ မဲေနေအာင္ပါ ႏွိပ္စက္လိုက္တဲ့ အမ်ိဳးသားကို သက္ဆိုင္ရာ တာဝန္ရွိသူေတြက ေထာင္ဒဏ္ (၃၆)လ ခ်မွတ္လိုက္တယ္လို႔လည္း သိရပါတယ္။
ဒီကိစၥဟာ လူမႈကြန္ုယက္ေပၚမွာ ပ်ံ႕ႏွံ႔သြားခဲ့ၿပီး လူတကာရဲ႕ ေဝဖန္ရႈံ႕ခ်ျခင္း၊ ဆဲဆိုျခင္းကို ခံခဲ့ရပါေသးတယ္။ အရမ္းကို ခ်စ္လြန္းလို႔ သဝန္တိုတာမ်ိဳးျဖစ္ေနရင္ေတာင္ အခုလို ကိုယ္ထိလက္ေရာက္မလုပ္သင့္ပါဘူး။ မိန္းကေလး အားနဲ႔ ေယာက်္ားေလး အားဗ်ာ။ ကိုယ္လုပ္ရင္ အားႏြဲ႕တဲ့ မိန္းကေလးက ခံရမွာ။ စိတ္ဆိုးၿပီး အားနဲ႔တခ်က္ပဲ ထိုးလိုက္ပါဦးေတာ့ သူ႔အေနနဲ႔ ဆန္ျပဳတ္ကို ဘယ္လိုအေနအထား ေသာက္ရမလဲဆိုတာေတာင္ စဥ္းစားေတြေဝေနရမွာ။ ေနာက္ဆုံး သမီးရည္းစားမေျပာနဲ႔ လက္ထပ္ထားတဲ့ လင္မယားေတြ ျဖစ္ေနရင္ေတာင္မွ ကိုယ္ထိလက္ေရာက္ ႏွိပ္စက္ေစာ္ကားလာရင္ အၾကမ္းဖက္မႈအျဖစ္ေတာင္ သတ္မွတ္လို႔ရပါတယ္။
Credit:We.com
Unicodeဖြင့်ဖတ်ရန်
Facebook မှာ Profile ချိန်းလိုက်လို့ သွား(၃)ချောင်းကျွတ်သွားတဲ့ မိန်းကလေး
တကယ်တမ်းကျတော့ မိန်းကလေးတွေကြီးဘဲ ကိုယ့်ကိုယ်ကို သဝန်တိုလှပြီ ထင်မနေပါနဲ့။ သင့်ရဲ့ ချစ်သူကောင်လေးတွေလည်း သဝန်တိုတတ်ပါတယ်။ ကိုယ့်ချစ်သူကို သဝန်တိုတာဘဲ ဘယ်သူ့ကိုမှ ဂရုစိုက်နေစရာမလိုပါဘူး။ ဒါပေမယ့် သဝန်တိုတဲ့ နောက်မှာ ဒေါသဆိုတာ ပါလာလို့မရပါဘူး။ ဒေါသပါလာတာနဲ့ နောက်ဆက်တွဲ ပြဿနာတွေ များစွာဖြစ်တတ်ပါတယ်။
အခုလည်း အင်္ဂလန်နိုင်ငံ၊ Liverpool မြို့မှာ နေထိုင်တဲ့ အသက်(၂၉)နှစ်အရွယ် Lois Ashton ဆိုတဲ့ အမျိုးသမီးဟာ သူ့ချစ်သူကောင်လေးရဲ့ ကိုယ်ထိလက်ရောက် စော်ကားမှုတစ်ခုကြောင့် သွား(၃)ချောင်းကျွတ်သွားခဲ့တဲ့အပြင် မျက်ကွင်းလည်း မဲနေအောင် အထိုးခံလိုက်ရပါတယ်။ ဘာလို့ အခုလို ရုပ်ပျက်ဆင်းပျက် အထိုးခံရလည်းဆိုတော့ Lois ဟာ Facebook မှာ Profile Picture ကို Change လိုက်လို့ပဲ ဖြစ်ပါတယ်။
ကိုယ်ရဲ့ ကိုယ်ပိုင် လူမှုကွန်ယက်ကို ကိုယ့်စိတ်ကြိုက်လုပ်ပိုင်ခွင့်ရှိပေမယ့် သဝန်တိုလွန်းတဲ့ ချစ်သူကောင်လေးကတော့ တစ်ယောက်တည်း ပုံချိန်းရမလားဆိုပြီး သူမကို အခုလို သွားပြတင်းပေါက်ဖွင့်ပေးလိုက်တာပဲ ဖြစ်ပါတယ်။
အခုလို ဘာမဟုတ်တဲ့ အကြောင်းပြချက်လေးနဲ့ သွား(၃)ချောင်းကျွတ်ရတဲ့အပြင် မျက်ကွင်းပါ မဲနေအောင်ပါ နှိပ်စက်လိုက်တဲ့ အမျိုးသားကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထောင်ဒဏ် (၃၆)လ ချမှတ်လိုက်တယ်လို့လည်း သိရပါတယ်။
ဒီကိစ္စဟာ လူမှုကွန်ုယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး လူတကာရဲ့ ဝေဖန်ရှုံ့ချခြင်း၊ ဆဲဆိုခြင်းကို ခံခဲ့ရပါသေးတယ်။ အရမ်းကို ချစ်လွန်းလို့ သဝန်တိုတာမျိုးဖြစ်နေရင်တောင် အခုလို ကိုယ်ထိလက်ရောက်မလုပ်သင့်ပါဘူး။ မိန်းကလေး အားနဲ့ ယောကျ်ားလေး အားဗျာ။ ကိုယ်လုပ်ရင် အားနွဲ့တဲ့ မိန်းကလေးက ခံရမှာ။ စိတ်ဆိုးပြီး အားနဲ့တချက်ပဲ ထိုးလိုက်ပါဦးတော့ သူ့အနေနဲ့ ဆန်ပြုတ်ကို ဘယ်လိုအနေအထား သောက်ရမလဲဆိုတာတောင် စဉ်းစားတွေဝေနေရမှာ။ နောက်ဆုံး သမီးရည်းစားမပြောနဲ့ လက်ထပ်ထားတဲ့ လင်မယားတွေ ဖြစ်နေရင်တောင်မှ ကိုယ်ထိလက်ရောက် နှိပ်စက်စော်ကားလာရင် အကြမ်းဖက်မှုအဖြစ်တောင် သတ်မှတ်လို့ရပါတယ်။
Credit:We.com


မှတ်ချက်များ