ထိုင္းႏိုင္ငံတင္မက အာဆီယံႏိုင္ငံေတြအထိ fan အင္အားေတာင့္တင္းလာတဲ့ ပိုင္တံခြန္


Zawgyiျဖင့္ဖတ္ရန္

ျမန္မာမိုဒယ္တစ္ေယာက္ျဖစ္ေပမဲ့ တျခားႏိုင္ငံေတြမွာပါ ပရိသတ္အခိုင္အမာရရွိထားတဲ့ လူငယ္မိုဒယ္ တစ္ေယာက္ ရွိပါတယ္။ သူကေတာ့ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲမိုဒယ္မင္းသားေခ်ာ ပိုင္တံခြန္ပါပဲ။ ၂၀၁၈ ခုႏွစ္တုန္းကလည္း “Stunning South East Asia Men Are Too Gorgeous For Words” (ေခ်ာေမာ ခံ့ညားဆုံး အေရွ႕ေတာင္အာရွအမ်ိဳးသားမ်ားစာရင္း) မွာ နံပါတ္ ၂၃ ခ်ိတ္ခဲ့ပါတယ္။

ဒါ့ျပင္ ပိုင္တံခြန္ဟာ ထိုင္းမေလးေတြ တခဲနက္အားေပးေနၾကတဲ့ မိုဒယ္တစ္ေယာက္ျဖစ္ၿပီး ထိုင္းႏိုင္ငံမွာ ပရိသတ္အင္အားေတာင့္တင္သူလည္း ျဖစ္ပါတယ္။ အခုဆိုရင္ ပိုင္တံခြန္မွာ ထိုင္းပရိသတ္ေတြတင္မကဘဲ ကေမာၻဒီးယားနဲ႔ ဗီယက္နမ္ႏိုင္ငံအပါအဝင္ အာဆီယံႏိုင္ငံတခ်ိဳ႕က မိန္းကေလးပရိသတ္ေတြရဲ႕ အားေပးမႈကိုပါ ရရွိေနပါၿပီ။

ထိုင္းႏိုင္ငံမွာ နာမည္ေက်ာ္ေရပန္းစားလာတဲ့ ပိုင္တံခြန္တစ္ေယာက္ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လတုန္းက ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ေတာ္မွာ fan meeting ျပဳလုပ္ခဲ့ရာမွာလည္း သူ႔ပရိသတ္ေတြနဲ႔ အေတာ္ေလး စည္ကားသြားခဲ့ပါတယ္။ သူဟာ နာမည္ေက်ာ္ထိုင္းမင္းသမီးတစ္လက္ျဖစ္တဲ့ Baifern နဲ႔တြဲဖက္ၿပီးလည္း ေၾကာ္ျငာ႐ိုက္ကူးခဲ့ရပါေသးတယ္။

လူသုံးကုန္ပစၥည္း brand တခ်ိဳ႕ရဲ႕ ambassador ျဖစ္တဲ့ ပိုင္တံခြန္ဟာ အခုေနာက္ပိုင္းမွာ ႏိုင္ငံတကာအထိ သူ႔ရဲ႕ေပါက္ေရာက္ေအာင္ျမင္မႈေတြ ေၾကာင့္ ASEAN Economic Community ambassador တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ စက္တင္ဘာလတုန္းကလည္း  ထိုင္းႏိုင္ငံဆိုင္ရာ Myanmar'tourism ambassador အျဖစ္ ခန႔္အပ္ျခင္းခံခဲ့ရပါတယ္။

ပိုင္တံခြန္ကို ၁၉၉၆ ခုႏွစ္၊ ဇူလိုင္လက တနသၤာရီတိုင္း၊ ေကာ့ေသာင္ၿမိဳ႕မွာ ေမြးဖြားခဲ့တာ ျဖစ္ၿပီး ေမာင္ႏွမ ၆ ေယာက္မွာ စတုတၳေျမာက္သား ျဖစ္ပါတယ္။ ၂၀၁၄ ခုႏွစ္မွာေတာ့ ရန္ကုန္ကို ေရာက္ရွိလာခဲ့ၿပီး မိုဒယ္အျဖစ္ ရပ္တည္ခဲ့ပါတယ္။ Runway Model အျဖစ္ အႏုပညာဘဝစခဲ့တဲ့ ပိုင္တံခြန္ဟာ ၂၀၁၇ ခုႏွစ္မွာေတာ့ လူသိပို မ်ားလာၿပီး ႐ုပ္ရွင္ဇာတ္လမ္းတခ်ိဳ႕မွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။

၂၀၁၇ ခုႏွစ္မွာပဲ သူ႔ရဲ႕တစ္ကိုယ္ေတာ္ေတးအယ္လ္ဘမ္အျဖစ္ “ခ်စ္သူ” အယ္လ္ဘမ္ ထြက္ရွိခဲ့ပါတယ္။ သူဟာ အဲဒီအယ္လ္ဘမ္ေရာင္းလို႔ရတဲ့ ေငြအားလုံးကို မိဘမဲ့ကေလးေဂဟာဆီ လႉဒါန္းခဲ့ပါတယ္။ ပိုင္တံခြန္ကို ေၾကာင္ နဲ႔ အိမ္ေမြးတိရိစာၦန္ေလးေတြ ခ်စ္တတ္သူအျဖစ္လည္း လူသိမ်ားပါတယ္။

ျမန္မာႏိုင္ငံမွာတင္မက ထိုင္းႏိုင္ငံမွာပါ ပရိသတ္အင္အားေတာင့္တင္းၿပီး အာဆီယံႏိုင္ငံေတြကပါသိတဲ့ ပိုင္တံခြန္ဟာ ႏိုင္ငံတကာအထိ ထိုးေဖာက္ႏိုင္ခဲ့တဲ့ ျမန္မာ့မိုဒယ္အႏုပညာရွင္တစ္ေယာက္ဆိုတာကေတာ့ ျငင္းလို႔မရပါဘူး။

by Katie Scarlett

Source: https://en.wikipedia.org/wiki/Paing_Takhon

credit – we.media

Unicodeဖြင့်ဖတ်ရန်

ထိုင်းနိုင်ငံတင်မက အာဆီယံနိုင်ငံတွေအထိ fan အင်အားတောင့်တင်းလာတဲ့ ပိုင်တံခွန်

မြန်မာမိုဒယ်တစ်ယောက်ဖြစ်ပေမဲ့ တခြားနိုင်ငံတွေမှာပါ ပရိသတ်အခိုင်အမာရရှိထားတဲ့ လူငယ်မိုဒယ် တစ်ယောက် ရှိပါတယ်။ သူကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲမိုဒယ်မင်းသားချော ပိုင်တံခွန်ပါပဲ။ ၂၀၁၈ ခုနှစ်တုန်းကလည်း “Stunning South East Asia Men Are Too Gorgeous For Words” (ချောမော ခံ့ညားဆုံး အရှေ့တောင်အာရှအမျိုးသားများစာရင်း) မှာ နံပါတ် ၂၃ ချိတ်ခဲ့ပါတယ်။

ဒါ့ပြင် ပိုင်တံခွန်ဟာ ထိုင်းမလေးတွေ တခဲနက်အားပေးနေကြတဲ့ မိုဒယ်တစ်ယောက်ဖြစ်ပြီး ထိုင်းနိုင်ငံမှာ ပရိသတ်အင်အားတောင့်တင်သူလည်း ဖြစ်ပါတယ်။ အခုဆိုရင် ပိုင်တံခွန်မှာ ထိုင်းပရိသတ်တွေတင်မကဘဲ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံအပါအဝင် အာဆီယံနိုင်ငံတချို့က မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကိုပါ ရရှိနေပါပြီ။

ထိုင်းနိုင်ငံမှာ နာမည်ကျော်ရေပန်းစားလာတဲ့ ပိုင်တံခွန်တစ်ယောက် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ သြဂုတ်လတုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ fan meeting ပြုလုပ်ခဲ့ရာမှာလည်း သူ့ပရိသတ်တွေနဲ့ အတော်လေး စည်ကားသွားခဲ့ပါတယ်။ သူဟာ နာမည်ကျော်ထိုင်းမင်းသမီးတစ်လက်ဖြစ်တဲ့ Baifern နဲ့တွဲဖက်ပြီးလည်း ကြော်ငြာရိုက်ကူးခဲ့ရပါသေးတယ်။

လူသုံးကုန်ပစ္စည်း brand တချို့ရဲ့ ambassador ဖြစ်တဲ့ ပိုင်တံခွန်ဟာ အခုနောက်ပိုင်းမှာ နိုင်ငံတကာအထိ သူ့ရဲ့ပေါက်ရောက်အောင်မြင်မှုတွေ ကြောင့် ASEAN Economic Community ambassador တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း  ထိုင်းနိုင်ငံဆိုင်ရာ Myanmar'tourism ambassador အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

ပိုင်တံခွန်ကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လက တနင်္သာရီတိုင်း၊ ကော့သောင်မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး မောင်နှမ ၆ ယောက်မှာ စတုတ္ထမြောက်သား ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ရန်ကုန်ကို ရောက်ရှိလာခဲ့ပြီး မိုဒယ်အဖြစ် ရပ်တည်ခဲ့ပါတယ်။ Runway Model အဖြစ် အနုပညာဘဝစခဲ့တဲ့ ပိုင်တံခွန်ဟာ ၂၀၁၇ ခုနှစ်မှာတော့ လူသိပို များလာပြီး ရုပ်ရှင်ဇာတ်လမ်းတချို့မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာပဲ သူ့ရဲ့တစ်ကိုယ်တော်တေးအယ်လ်ဘမ်အဖြစ် “ချစ်သူ” အယ်လ်ဘမ် ထွက်ရှိခဲ့ပါတယ်။ သူဟာ အဲဒီအယ်လ်ဘမ်ရောင်းလို့ရတဲ့ ငွေအားလုံးကို မိဘမဲ့ကလေးဂေဟာဆီ လှူဒါန်းခဲ့ပါတယ်။ ပိုင်တံခွန်ကို ကြောင် နဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေ ချစ်တတ်သူအဖြစ်လည်း လူသိများပါတယ်။

မြန်မာနိုင်ငံမှာတင်မက ထိုင်းနိုင်ငံမှာပါ ပရိသတ်အင်အားတောင့်တင်းပြီး အာဆီယံနိုင်ငံတွေကပါသိတဲ့ ပိုင်တံခွန်ဟာ နိုင်ငံတကာအထိ ထိုးဖောက်နိုင်ခဲ့တဲ့ မြန်မာ့မိုဒယ်အနုပညာရှင်တစ်ယောက်ဆိုတာကတော့ ငြင်းလို့မရပါဘူး။

by Katie Scarlett

Source: https://en.wikipedia.org/wiki/Paing_Takhon


credit – we.media

မှတ်ချက်များ