မိသားစုပံုကို IG မွာ ပထမဆံုးအႀကိမ္ေ၀မွ်လိုက္တဲ့ ဂယ္ရီ
Zawgyiျဖင့္ဖတ္ရန္
Gary ကေတာ႔ ေတာင္ကိုရီးယားရက္ပ္ပါ အဆိုေတာ္တစ္ေယာက္ ျဖစ္သလို Running Man အဖြဲ႕ေဟာင္းတစ္ေ ယာက္ပါ။ ပရိသတ္ေတြရဲ႕ ရင္ထဲမွာေတာ့ အခုခ်ိန္ထိ ဂယ္ရီကို Running Man အဖြဲ႔၀င္တစ္ေ ယာက္အျဖစ္ သတ္မွတ္ထားဆဲပါ။ မျဖစ္ႏိုင္မွန္းေတာ့ သိေပမယ့္လည္း ဂယ္ရီ ျပန္လာဖုိ႔ ပရိသတ္ေတြက အခုထိ ေမွ်ာ္လင့္ေနတုန္းပါ။ Running Man ကေန ထြက္သြားၿပီးေနာက္ အခုဆုိရင္ေတာ့ အိမ္ေထာင္က်ၿပီး မိသားစုဘ၀ေလးတစ္ခုကိုပါ ရေနပါၿပီ။ သူ႔ရဲ႕အေကာင့္မွာလည္း သားေလးနဲ႔ ပံုေတြ၊ ဗီဒီယိုဖိုင္ေတြကိုပဲ တင္တာမ်ားလာပါတယ္။
ၿပီးခဲတ့ဲ စက္တင္ဘာ (၃၀)ရက္ေန႔က သူ႔ရဲ႕ IG မွာ မိသားစုပံုတင္ခဲ့ပါတယ္။ အခုလိုမ်ိဳးသား၊ ဇနီး နဲ႔ မိသားစုပံုကို တင္ထာ ဒါပထမဆံုးပါ။ ဂယ္ရီဇနီးဘယ္သူလဲ ဆိုတာကို အရမ္းသိခ်င္ ၊ျမင္ခ်င္ၾကတဲ့ ပရိသတ္ေတြ အတြက္ ေက်နပ္ ေစသမယ့္ ပံုေလးေတာ့မဟုတ္ပါဘူး ။ေက်ာခိုင္းကိုမွ ခပ္ေ၀းေ၀းကေန ရိုက္ျပထားတဲ့ ပံုပါ။
ဂယ္ရီကေတာ့ ဂ်ီဟိုနဲ႔ အတူ အတြဲညီညီနဲ႔ ပရိသတ္ကို ရယ္စရာေတြ ေဖ်ာ္ေျဖတင္ဆက္ေပးခဲ့သူပါ။ သူခ်စ္တဲ့ ဂီတ အလုပ္ကို ပို ဦးစား ေပးလုပ္ခ်င္တယ္ဆိုတဲ့ အ ေၾကာင္းျပခ်က္နဲ႔ အဖြဲ႕ ထဲကေန ထြက္သြားခဲ့တာပါ။ အဖြဲ႕ထဲက ထြက္ၿပီး သိပ္မၾကာ ခင္မွာပဲ ဆယ္လီမဟုတ္တဲ့ အျပင္က အမ်ိဳးသမီးတစ္ေယာက္နဲ႔ လက္ထပ္လိုက္ၿပီလုိ႔ (၂၀၁၇)ဧၿပီတုန္းက ေၾကညာ ခဲ့တာပါ။ သားေလးတစ္ေယာက္ ပိုင္ဆိုင္လိုက္ရၿပီဆုိတဲ့ အေၾကာင္းကိုေတာ့ (၂၀၁၇) ႏို၀င္ဘာမွာ ေၾကညာခဲ့ပါတယ္။ သူ႔ရဲ႕ IG မွာေတာ့ သားျဖစ္သူနဲ႔ ရိုက္ထားတဲ့ ပံုေလးေတြ၊ ဗီဒီယိုဖုိင္ေလးေတြကို အတင္မ်ားတာကိုေတြ႔ရပါတယ္။
Source:Wiki/Gary’s IG
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်
မိသားစုပုံကို IG မှာ ပထမဆုံးအကြိမ်ဝေမျှလိုက်တဲ့ ဂယ်ရီ
Gary ကတော့ တောင်ကိုရီးယားရက်ပ်ပါ အဆိုတော်တစ်ယောက် ဖြစ်သလို Running Man အဖွဲ့ဟောင်းတစ်ေ ယာက်ပါ။ ပရိသတ်တွေရဲ့ ရင်ထဲမှာတော့ အခုချိန်ထိ ဂယ်ရီကို Running Man အဖွဲ့ဝင်တစ်ေ ယာက်အဖြစ် သတ်မှတ်ထားဆဲပါ။ မဖြစ်နိုင်မှန်းတော့ သိပေမယ့်လည်း ဂယ်ရီ ပြန်လာဖို့ ပရိသတ်တွေက အခုထိ မျှော်လင့်နေတုန်းပါ။ Running Man ကနေ ထွက်သွားပြီးနောက် အခုဆိုရင်တော့ အိမ်ထောင်ကျပြီး မိသားစုဘဝလေးတစ်ခုကိုပါ ရနေပါပြီ။ သူ့ရဲ့အကောင့်မှာလည်း သားလေးနဲ့ ပုံတွေ၊ ဗီဒီယိုဖိုင်တွေကိုပဲ တင်တာများလာပါတယ်။
ပြီးခဲတဲ့ စက်တင်ဘာ (၃၀)ရက်နေ့က သူ့ရဲ့ IG မှာ မိသားစုပုံတင်ခဲ့ပါတယ်။ အခုလိုမျိုးသား၊ ဇနီး နဲ့ မိသားစုပုံကို တင်ထာ ဒါပထမဆုံးပါ။ ဂယ်ရီဇနီးဘယ်သူလဲ ဆိုတာကို အရမ်းသိချင် ၊မြင်ချင်ကြတဲ့ ပရိသတ်တွေ အတွက် ကျေနပ် စေသမယ့် ပုံလေးတော့မဟုတ်ပါဘူး ။ကျောခိုင်းကိုမှ ခပ်ဝေးဝေးကနေ ရိုက်ပြထားတဲ့ ပုံပါ။
ဂယ်ရီကတော့ ဂျီဟိုနဲ့ အတူ အတွဲညီညီနဲ့ ပရိသတ်ကို ရယ်စရာတွေ ဖျော်ဖြေတင်ဆက်ပေးခဲ့သူပါ။ သူချစ်တဲ့ ဂီတ အလုပ်ကို ပို ဦးစား ပေးလုပ်ချင်တယ်ဆိုတဲ့ အ ကြောင်းပြချက်နဲ့ အဖွဲ့ ထဲကနေ ထွက်သွားခဲ့တာပါ။ အဖွဲ့ထဲက ထွက်ပြီး သိပ်မကြာ ခင်မှာပဲ ဆယ်လီမဟုတ်တဲ့ အပြင်က အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်လိုက်ပြီလို့ (၂၀၁၇)ဧပြီတုန်းက ကြေညာ ခဲ့တာပါ။ သားလေးတစ်ယောက် ပိုင်ဆိုင်လိုက်ရပြီဆိုတဲ့ အကြောင်းကိုတော့ (၂၀၁၇) နိုဝင်ဘာမှာ ကြေညာခဲ့ပါတယ်။ သူ့ရဲ့ IG မှာတော့ သားဖြစ်သူနဲ့ ရိုက်ထားတဲ့ ပုံလေးတွေ၊ ဗီဒီယိုဖိုင်လေးတွေကို အတင်များတာကိုတွေ့ရပါတယ်။
Source:Wiki/Gary’s IG
Credit:Aunty May


မှတ်ချက်များ