သူမရဲ႕ ခ်စ္သူနဲ႔၁ႏွစ္ေက်ာ္တြဲၿပီးေနာက္ပိုင္းမွာ ကိုယ္ဝန္ရွိသြားၿပီျဖစ္တဲ့ Iskra Lawrence


Zawgyiျဖင့္ဖတ္ရန္

Iskra Lawrence ကေတာ့ သူမရဲ႕ခ်စ္သူ Philip Payneနဲ႔ တစ္ႏွစ္ေက်ာ္တြဲေနတဲ့အခ်ိန္ကတည္းကပဲ ကေလးရဖို႔ေမၽွာ္လင့္ခဲ့ပါတယ္။အခုေတာ့ သူမေမၽွာ္လင့္ထားတဲ့အတိုင္းျဖစ္လာပါၿပီ။အသက္၂၈ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ Plus sizeေမာ္ဒယ္ Lawrenceကေတာ့ သူမရဲ႕ ခ်စ္သူနဲ႔ ခ်စ္စရာေကာင္းလွတဲ့ ႏွစ္ေယာက္တြဲပံုေတြကို Instagram မွာတင္ၿပီးေနာက္ တစ္ဆက္တည္းမွာပဲ ေနာက္ႏွစ္Aprilလမွာ ကေလးေမြးမယ့္အေၾကာင္း အတည္ျပဳေျပာၾကားခဲ့ပါတယ္။

သူမတင္ခဲ့တဲ့Postကေတာ့ “အခုခ်ိန္မွာ ငါတို႔ႏွစ္ေယာက္တည္းမဟုတ္ေတာ့ပါဘူး။မၾကာခင္မွာ ငါတို႔မိသားစုဝင္က ၃ေယာက္အထိျဖစ္လာေတာ့မွာ။အဲဒီအတြက္ငါ မေျပာျပႏိုင္ေလာက္ေအာင္ေပ်ာ္တယ္”ဆိုၿပီးတင္ခဲ့ပါတယ္။ထို႔ေနာက္ Lawrenceဟာ သူမရဲ႕ခ်စ္သူနဲ႔ ကိုယ္ဝန္ရရွိသြားတဲ့ အထိမ္းအမွတ္အေနနဲ႔ လာမယ့္ အပတ္ေတြမွာ ႏွစ္ေယာက္တည္းအတူ ခရီးထြက္ဖို႔ရွိေၾကာင္း အသ္ေပးေျပာဆိုခဲ့ပါတယ္။ တစ္ဆက္တည္းမွာပဲ “ဒီကိရိယာေပၚက မ်ဥ္းေလးႏွစ္ေၾကာင္းျမင္လိုက္ရတာ ငါတို႔ႏွစ္ေယာက္စလံုး လံုးဝေရွာ့္ခ္ရသြားတယ္။အဲဒါေၾကာင့္ ငါတို႔မွာကေလးေလးရွိေနတာ ေသခ်ာသြားၿပီ။ေသခ်ာထပ္စစ္ေဆးလိုက္ေတာ့မွာ ငါကိုယ္ဝန္ရတာ သံုးလေက်ာ္ၿပီဆိုတာ သိလိုက္ရတယ္။အရင္တုန္းကေတာ့ ငါဘယ္သူနဲ႔ေတြ႕ေတြ႕ စိတ္မလႈပ္ရွားခဲ့ဖူးဘူး။အခုေတာ့ ဒီကေလးေလးကိုေတြ႕ဖို႔ ငါေကာ၊Philipေကာ ေတာ္ေတာ္စိတ္လႈပ္ရွားေနတယ္”ဟု ေျပာၾကားခဲ့ပါတယ္။

Lawrenceဟာ ကေလးမေမြးဖြားႏိုင္တဲ့ အမ်ိဳးသမီးေတြအတြက္လည္း $10,000တန္ givewayကို မဲေဖာက္ေပးဖို႔ရွိေၾကာင္း ေျပာၾကားခဲ့ပါေသးတယ္။”ငါဟာ ဘဝကိုေတာ္ေတာ္ရုန္းကန္လႈပ္ရွားေနရတဲ့ အမ်ိဳးသမီးေတြ၊အထူးသျဖင့္ ကေလးေမြးဖြားလို႔ မရႏိုင္တဲ့ မိန္းကေလးမ်ိဳးအတြက္ ငါ အျပည့္အဝေထာက္ပံ့ေပးခ်င္တယ္။သူမနဲ႔မ်က္ႏွာခ်င္းဆိုင္ထိုင္ၿပီး ဘဝမွာသူျဖတ္သန္းလာရတဲ့ အခက္အခဲေတြကို ငါ့ကိုေျပာျပတာနားေထာင္ခ်င္တယ္။သူမကေလးေမြးဖြားလို႔ရေအာင္ ငါလုပ္ေပးႏိုင္တဲ့ဘက္ကေန တက္ႏိုင္သမၽွကူညီခ်င္တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

Lawrenceဟာ Philipနဲ႔ ဒီႏွစ္ေမလမွ စတင္ၿပီး တရားဝင္တြဲခဲ့တာျဖစ္ေပမယ့္ လြန္ခဲ့တဲ့ႏွစ္ Grammys ဆုေပးပြဲရဲ႕ ပါတီတစ္ခုမွာ တစ္ဦးနဲ႔တစ္ဦး စတင္ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။Philipကေတာ့ Lawrenceကို သူနဲ႔အတူတူ Texasကိုေျပာင္းၿပီး ေနေစခ်င္တယ္လို႔ေျပာပါတယ္။”ငါကို တစ္ေယာက္ေယာက္ကလာၿပီး မင္းဘဝမွာ အခ်စ္ရဆံုးနဲ႔ စိတ္ကူးအယဥ္ခဲ့ရဆံုးမိန္းကေလးက ဘယ္သူလဲလို႔ လာေမးရင္ ငါ Lawrenceဓာတ္ပံုကိုပဲ ခ်က္ခ်င္းထုတ္ျပမိမွာပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

 Pyi Hein Kyaw

Credit:လင္းလင္း (ShweMom)

Unicodeဖြင့်ဖတ်ရန်

သူမရဲ့ ချစ်သူနဲ့၁နှစ်ကျော်တွဲပြီးနောက်ပိုင်းမှာ ကိုယ်ဝန်ရှိသွားပြီဖြစ်တဲ့ Iskra Lawrence

Iskra Lawrence ကတော့ သူမရဲ့ချစ်သူ Philip Payneနဲ့ တစ်နှစ်ကျော်တွဲနေတဲ့အချိန်ကတည်းကပဲ ကလေးရဖို့မျှော်လင့်ခဲ့ပါတယ်။အခုတော့ သူမမျှော်လင့်ထားတဲ့အတိုင်းဖြစ်လာပါပြီ။အသက်၂၈နှစ်အရွယ်ရှိပြီဖြစ်တဲ့ Plus sizeမော်ဒယ် Lawrenceကတော့ သူမရဲ့ ချစ်သူနဲ့ ချစ်စရာကောင်းလှတဲ့ နှစ်ယောက်တွဲပုံတွေကို Instagram မှာတင်ပြီးနောက် တစ်ဆက်တည်းမှာပဲ နောက်နှစ်Aprilလမှာ ကလေးမွေးမယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

သူမတင်ခဲ့တဲ့Postကတော့ “အခုချိန်မှာ ငါတို့နှစ်ယောက်တည်းမဟုတ်တော့ပါဘူး။မကြာခင်မှာ ငါတို့မိသားစုဝင်က ၃ယောက်အထိဖြစ်လာတော့မှာ။အဲဒီအတွက်ငါ မပြောပြနိုင်လောက်အောင်ပျော်တယ်”ဆိုပြီးတင်ခဲ့ပါတယ်။ထို့နောက် Lawrenceဟာ သူမရဲ့ချစ်သူနဲ့ ကိုယ်ဝန်ရရှိသွားတဲ့ အထိမ်းအမှတ်အနေနဲ့ လာမယ့် အပတ်တွေမှာ နှစ်ယောက်တည်းအတူ ခရီးထွက်ဖို့ရှိကြောင်း အသ်ပေးပြောဆိုခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ “ဒီကိရိယာပေါ်က မျဉ်းလေးနှစ်ကြောင်းမြင်လိုက်ရတာ ငါတို့နှစ်ယောက်စလုံး လုံးဝရှော့်ခ်ရသွားတယ်။အဲဒါကြောင့် ငါတို့မှာကလေးလေးရှိနေတာ သေချာသွားပြီ။သေချာထပ်စစ်ဆေးလိုက်တော့မှာ ငါကိုယ်ဝန်ရတာ သုံးလကျော်ပြီဆိုတာ သိလိုက်ရတယ်။အရင်တုန်းကတော့ ငါဘယ်သူနဲ့တွေ့တွေ့ စိတ်မလှုပ်ရှားခဲ့ဖူးဘူး။အခုတော့ ဒီကလေးလေးကိုတွေ့ဖို့ ငါကော၊Philipကော တော်တော်စိတ်လှုပ်ရှားနေတယ်”ဟု ပြောကြားခဲ့ပါတယ်။

Lawrenceဟာ ကလေးမမွေးဖွားနိုင်တဲ့ အမျိုးသမီးတွေအတွက်လည်း $10,000တန် givewayကို မဲဖောက်ပေးဖို့ရှိကြောင်း ပြောကြားခဲ့ပါသေးတယ်။”ငါဟာ ဘဝကိုတော်တော်ရုန်းကန်လှုပ်ရှားနေရတဲ့ အမျိုးသမီးတွေ၊အထူးသဖြင့် ကလေးမွေးဖွားလို့ မရနိုင်တဲ့ မိန်းကလေးမျိုးအတွက် ငါ အပြည့်အဝထောက်ပံ့ပေးချင်တယ်။သူမနဲ့မျက်နှာချင်းဆိုင်ထိုင်ပြီး ဘဝမှာသူဖြတ်သန်းလာရတဲ့ အခက်အခဲတွေကို ငါ့ကိုပြောပြတာနားထောင်ချင်တယ်။သူမကလေးမွေးဖွားလို့ရအောင် ငါလုပ်ပေးနိုင်တဲ့ဘက်ကနေ တက်နိုင်သမျှကူညီချင်တယ်”လို့ ပြောကြားခဲ့ပါတယ်။

Lawrenceဟာ Philipနဲ့ ဒီနှစ်မေလမှ စတင်ပြီး တရားဝင်တွဲခဲ့တာဖြစ်ပေမယ့် လွန်ခဲ့တဲ့နှစ် Grammys ဆုပေးပွဲရဲ့ ပါတီတစ်ခုမှာ တစ်ဦးနဲ့တစ်ဦး စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။Philipကတော့ Lawrenceကို သူနဲ့အတူတူ Texasကိုပြောင်းပြီး နေစေချင်တယ်လို့ပြောပါတယ်။”ငါကို တစ်ယောက်ယောက်ကလာပြီး မင်းဘဝမှာ အချစ်ရဆုံးနဲ့ စိတ်ကူးအယဉ်ခဲ့ရဆုံးမိန်းကလေးက ဘယ်သူလဲလို့ လာမေးရင် ငါ Lawrenceဓာတ်ပုံကိုပဲ ချက်ချင်းထုတ်ပြမိမှာပဲ”လို့ ပြောကြားခဲ့ပါတယ်။

 Pyi Hein Kyaw


Credit:လင်းလင်း (ShweMom)

မှတ်ချက်များ