လက္ဖက္ရည္ထုပ္ေတြထဲမွာ ပလတ္စတစ္မႈန္ေတြ သန္းခ်ီပါ၀င္ေၾကာင္း ပညာရွင္ေတြဆို


Zawgyiျဖင့္ဖတ္ရန္

ကေနဒါႏိုင္ငံမွာရွိတဲ့ သိပၸံပညာရွင္ေတြက လူေတြႏွစ္ၿခိဳက္စြာေသာက္သံုးေနၾကတဲ့ လက္ဖက္ရည္ထဲမွာ မလိုလားအပ္တဲ့အရာေတြ ပါ၀င္ေနေၾကာင္း ေျပာၾကားခဲ့တာကို news.com.au သတင္း၀က္ဆိုက္ဒ္အရ သိရပါတယ္။ လက္ဖက္ရည္ခြက္တစ္ခြက္ထဲမွာ ပလတ္စတစ္အမႈန္ေလးေတြဟာ သန္းနဲ႔ခ်ီပါ၀င္ေနတယ္ဆိုတာကို ေလ့လာခ်က္အသစ္ထဲမွာ ေတြ႔လိုက္ရတာပါ။

ကေနဒါနိုင္ငံ McGill တကၠသိုလ္က သုေတသနပညာရွင္ေတြရဲ႕ စစ္ေဆးခ်က္အရေတာ့ သာမန္လက္ဖက္ရည္တစ္ခြက္မွာဆိုရင္ပဲ ပလတ္စတစ္ လက္ဖက္ရည္ထုပ္ အိတ္ေတြကထြက္လာတဲ့ ပလတ္စတစ္အမႈန္ေလးေတြဟာ အမ်ားၾကီးပါလာတာကို ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။ အရင္တုန္းကေတာ့ ထုတ္လုပ္သူေတြက စကၠဴကို အသံုးျပဳၾကေပမယ့္ ေနာက္ပိုင္း ပလတ္စတစ္ေတြကို ေျပာင္းလဲထုတ္ပိုးခဲ့ရာကေန ပလတ္စတစ္ေတြပါ အရည္ထဲ ပါ၀င္လာခဲ့တာ ျဖစ္ပါတယ္။

McGill တကၠသိုလ္က ေလ့လာခ်က္ အက်ဥ္းခ်ဳပ္ထဲမွာေတာ့ လက္ဖက္ရည္ခြက္တစ္ခြက္မွာရွိတဲ့ ပလတ္စတစ္ ပါ၀င္ႏႈန္း ပမာဏဟာ အျခားအစားအေသာက္ေတြထဲမွာ ပါ၀င္တဲ့ ပလတ္စတစ္ပမာဏထက္ အဆေပါင္းေထာင္နဲ႔ခ်ီ ပါ၀င္တယ္လို႔ ေရးသားထားပါတယ္။

ဓာတုအင္ဂ်င္နီယာဘာသာရပ္ဆိုင္ရာ ပေရာဖက္ဆာ နာသာလီတူဖန္႔ဂ်ီကေတာ့ “ကြ်န္ေတာ္တို႔ထင္တာက ပလတ္စတစ္လက္ဖက္ရည္ထုပ္ေတြထဲမွာ ပလတ္စတစ္မႈန္ေတြက ပါရင္လည္း ရာဂဏန္း၊ေထာင္ဂဏန္းေလာက္ပဲ ပါလိမ့္မယ္လို႔ ထင္ထားတာ။ အခုေတာ့ လက္ဖက္ရည္တစ္ခြက္ထဲမွာဆိုရင္  ပလတ္စတစ္အမႈန္ေသးေသးေတြက သန္းနဲ႔ခ်ီပါေနတာကို ေတြ႔လိုက္ရတယ္။ ကြ်န္ေတာ္တို႔လည္း အရမ္းအ့ံၾသရပါတယ္…” လို႔ ေျပာျပခဲ့ပါတယ္။

လက္ဖက္ရည္ထုတ္ေတြရဲ႕ (၉၆) ရာခုိင္ႏႈန္းမွာ polypropylene လို႔ေခၚတဲ့ ပလတ္စတစ္ပစၥည္းတစ္မ်ိဳးပါ၀င္ၿပီး ၄င္းကို လက္ဖက္ရည္ထုပ္ေတြကို လံုေအာင္ပိတ္ဖို႔နဲ႔ ပံုသ႑ာန္မယြင္းေအာင္ ျပဳလုပ္ရာမွာ အသံုးျပဳပါတယ္။ လက္ရွိထိေတာ့ လက္ဖက္ရည္ေသာက္ရင္း ဒီပလတ္စတစ္မႈန္ေတြကို ေသာက္သံုးမိတဲ့အေပၚ ျဖစ္လာႏိုင္တဲ့ က်န္းမာေရးဆိုးက်ိဳးေတြကိုေတာ့ ေသခ်ာမသိရေသးတဲ့အတြက္ ပညာရွင္ေတြဟာ ေလ့လာစစ္ေဆးမႈေတြ ဆက္လက္ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

Credit:လင္းလင္း (ShweMom)

Unicodeဖြင့်ဖတ်ရန်

လက်ဖက်ရည်ထုပ်တွေထဲမှာ ပလတ်စတစ်မှုန်တွေ သန်းချီပါဝင်ကြောင်း ပညာရှင်တွေဆို

ကနေဒါနိုင်ငံမှာရှိတဲ့ သိပ္ပံပညာရှင်တွေက လူတွေနှစ်ခြိုက်စွာသောက်သုံးနေကြတဲ့ လက်ဖက်ရည်ထဲမှာ မလိုလားအပ်တဲ့အရာတွေ ပါဝင်နေကြောင်း ပြောကြားခဲ့တာကို news.com.au သတင်းဝက်ဆိုက်ဒ်အရ သိရပါတယ်။ လက်ဖက်ရည်ခွက်တစ်ခွက်ထဲမှာ ပလတ်စတစ်အမှုန်လေးတွေဟာ သန်းနဲ့ချီပါဝင်နေတယ်ဆိုတာကို လေ့လာချက်အသစ်ထဲမှာ တွေ့လိုက်ရတာပါ။

ကနေဒါနိုင်ငံ McGill တက္ကသိုလ်က သုတေသနပညာရှင်တွေရဲ့ စစ်ဆေးချက်အရတော့ သာမန်လက်ဖက်ရည်တစ်ခွက်မှာဆိုရင်ပဲ ပလတ်စတစ် လက်ဖက်ရည်ထုပ် အိတ်တွေကထွက်လာတဲ့ ပလတ်စတစ်အမှုန်လေးတွေဟာ အများကြီးပါလာတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အရင်တုန်းကတော့ ထုတ်လုပ်သူတွေက စက္ကူကို အသုံးပြုကြပေမယ့် နောက်ပိုင်း ပလတ်စတစ်တွေကို ပြောင်းလဲထုတ်ပိုးခဲ့ရာကနေ ပလတ်စတစ်တွေပါ အရည်ထဲ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

McGill တက္ကသိုလ်က လေ့လာချက် အကျဉ်းချုပ်ထဲမှာတော့ လက်ဖက်ရည်ခွက်တစ်ခွက်မှာရှိတဲ့ ပလတ်စတစ် ပါဝင်နှုန်း ပမာဏဟာ အခြားအစားအသောက်တွေထဲမှာ ပါဝင်တဲ့ ပလတ်စတစ်ပမာဏထက် အဆပေါင်းထောင်နဲ့ချီ ပါဝင်တယ်လို့ ရေးသားထားပါတယ်။

ဓာတုအင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ပရောဖက်ဆာ နာသာလီတူဖန့်ဂျီကတော့ “ကျွန်တော်တို့ထင်တာက ပလတ်စတစ်လက်ဖက်ရည်ထုပ်တွေထဲမှာ ပလတ်စတစ်မှုန်တွေက ပါရင်လည်း ရာဂဏန်း၊ထောင်ဂဏန်းလောက်ပဲ ပါလိမ့်မယ်လို့ ထင်ထားတာ။ အခုတော့ လက်ဖက်ရည်တစ်ခွက်ထဲမှာဆိုရင်  ပလတ်စတစ်အမှုန်သေးသေးတွေက သန်းနဲ့ချီပါနေတာကို တွေ့လိုက်ရတယ်။ ကျွန်တော်တို့လည်း အရမ်းအံ့သြရပါတယ်…” လို့ ပြောပြခဲ့ပါတယ်။

လက်ဖက်ရည်ထုတ်တွေရဲ့ (၉၆) ရာခိုင်နှုန်းမှာ polypropylene လို့ခေါ်တဲ့ ပလတ်စတစ်ပစ္စည်းတစ်မျိုးပါဝင်ပြီး ၎င်းကို လက်ဖက်ရည်ထုပ်တွေကို လုံအောင်ပိတ်ဖို့နဲ့ ပုံသဏ္ဍာန်မယွင်းအောင် ပြုလုပ်ရာမှာ အသုံးပြုပါတယ်။ လက်ရှိထိတော့ လက်ဖက်ရည်သောက်ရင်း ဒီပလတ်စတစ်မှုန်တွေကို သောက်သုံးမိတဲ့အပေါ် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကိုတော့ သေချာမသိရသေးတဲ့အတွက် ပညာရှင်တွေဟာ လေ့လာစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Credit:လင်းလင်း (ShweMom)

မှတ်ချက်များ