Robert Pattinson နဲ႔အခ်စ္ေရးအေၾကာင္း ပြင့္ပြင့္လင္းလင္းေျပာျပလာခဲ့တဲ့ သူမ
Zawgyiျဖင့္ဖတ္ရန္
Twilight ဇာတ္ကားေတြနဲ႔အစျပဳခဲ့ၾကတဲ့ Robert Pattinson နဲ႔ Kristen Stewart တို႔ရဲ႕ဇာတ္လမ္းေလးဟာ ေဟာလိဝုဒ္တစ္ခြင္မွာ ေတာ္ေတာ္ေလးအားက်ခံရတဲ့အတြဲအျဖစ္ ရပ္တည္ခဲ့ၾကၿပီး တစ္ကမၻာလံုးက ပရိတ္သတ္ေတြရဲ႕ အားေပးသေဘာတူျခင္းကိုလည္း ခံခဲ့ၾကရပါတယ္။
ႏွစ္အနည္းငယ္သာတြဲခဲ့ၿပီးေနာက္ပိုင္းမွာေတာ့ ႏွစ္ေယာက္သားျပတ္သြားခဲ့ၾကၿပီး လံုးဝတြဲကိုျမင္ေတာ့ပါဘူး။ ဟိုတေလာက Robert Pattinson တစ္ေယာက္ Batman အျဖစ္ သရုပ္ေဆာင္မယ္ဆိုတဲ့ သတင္းလည္းၾကားေရာ Kristen Stewart ဟာ ပထမဆံုးအေနနဲ႔ မီဒီယာေတြေရွ႕မွာ ပထမဆံုးအႀကိမ္အျဖစ္ ခ်စ္သူေဟာင္းအေၾကာင္း ထုတ္ေျပာလာခဲ့ပါတယ္။
Batman အျဖစ္ သရုပ္ေဆာင္ဖို႔ အေရြးခ်ယ္ခံရတဲ့အတြက္ေၾကာင့္ သူမအေနနဲ႔ ဂုဏ္ယူမိပါတယ္တဲ့ေလ။ ေနာက္ Robert Pattinson ကလည္း တကယ့္ကိုေတာ္တဲ့ အႏုပညာရွင္တစ္ေယာက္ပါဆိုၿပီး ခ်ီးက်ဳးခဲ့တာပါ။
အခုလည္း ေနာက္တစ္ေခါက္ Robert Pattinson နဲ႔ ပတ္သက္တဲ့အေၾကာင္းရာတစ္ခုကို ထုတ္ေျပာလာခဲ့ျပန္ပါတယ္။ News 18 မွာ ေဖာ္ျပခ်က္အရေတာ့ အခ်စ္အေရးအေၾကာင္း ဖြင့္ေျပာျပခဲ့တာပါတဲ့။ ဘာေျပာသြားခဲ့သလဲဆိုတာကိုေတာ့ ဆက္လက္ဖတ္ရႈေပးၾကပါဦး။
Robert Pattinson ဟာ သူမအတြက္ကေတာ့ အခ်စ္ရဆံုးေသာလူသားတစ္ေယာက္ျဖစ္ခဲ့ၿပီး အခ်စ္ဦးဆိုလည္းမမွားပါဘူးတဲ့။ Twilight ရိုက္ကြင္းမွာပဲ စေတြ႕ခဲ့ၾကၿပီး Twilight ရိုက္ကြင္းမွာပဲ ခ်စ္ကၽြမ္းဝင္ခဲ့ၾကကာ ရိုက္ကြင္းမွာပဲ Robert Pattinson ဟာ ႏွစ္ကိုယ္ၾကား လက္ထပ္ခြင့္ေတာင္းခဲ့ပါတယ္တဲ့။ အဲဒီအခ်ိန္တုန္းက သူမအေနနဲ႔ အခ်စ္ဆိုတဲ့အရာဟာ တစ္ေယာက္တည္းနဲ႔ပဲ အခ်ိန္အၾကာႀကီးတြဲ၊ အဲဒီလူနဲ႕ပဲ လက္ထပ္ၿပီး တစ္သက္လံုးေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနသြားရမွာပဲလို႔ ထင္ခဲ့မိတဲ့မႏူးမနပ္အခ်ိန္ေလးေပါ့။ ေနာက္ၿပီး သူမဖက္ကလည္း ႏွစ္ႏွစ္ကာကာခ်စ္ရတဲ့ ခ်စ္သူတစ္ေယာက္က လက္ထပ္ခြင့္ေတာင္းခဲ့တဲ့အတြက္ ဘာမွေတာင္မစဥ္းစားခဲ့ဘဲ ေခါင္းၿငိမ့္ခဲ့ပါေတာ့တယ္။ Robert Pattinson နဲ႔ သူမ တကယ္ႀကီး လက္ထပ္မိေတာ့မလို႔ပါတဲ့။
Penny
Credit:လင္းလင္း (ShweMom)
Unicodeဖြင့်ဖတ်ရန်
Robert Pattinson နဲ့အချစ်ရေးအကြောင်း ပွင့်ပွင့်လင်းလင်းပြောပြလာခဲ့တဲ့ သူမ
Twilight ဇာတ်ကားတွေနဲ့အစပြုခဲ့ကြတဲ့ Robert Pattinson နဲ့ Kristen Stewart တို့ရဲ့ဇာတ်လမ်းလေးဟာ ဟောလိဝုဒ်တစ်ခွင်မှာ တော်တော်လေးအားကျခံရတဲ့အတွဲအဖြစ် ရပ်တည်ခဲ့ကြပြီး တစ်ကမ္ဘာလုံးက ပရိတ်သတ်တွေရဲ့ အားပေးသဘောတူခြင်းကိုလည်း ခံခဲ့ကြရပါတယ်။
နှစ်အနည်းငယ်သာတွဲခဲ့ပြီးနောက်ပိုင်းမှာတော့ နှစ်ယောက်သားပြတ်သွားခဲ့ကြပြီး လုံးဝတွဲကိုမြင်တော့ပါဘူး။ ဟိုတလောက Robert Pattinson တစ်ယောက် Batman အဖြစ် သရုပ်ဆောင်မယ်ဆိုတဲ့ သတင်းလည်းကြားရော Kristen Stewart ဟာ ပထမဆုံးအနေနဲ့ မီဒီယာတွေရှေ့မှာ ပထမဆုံးအကြိမ်အဖြစ် ချစ်သူဟောင်းအကြောင်း ထုတ်ပြောလာခဲ့ပါတယ်။
Batman အဖြစ် သရုပ်ဆောင်ဖို့ အရွေးချယ်ခံရတဲ့အတွက်ကြောင့် သူမအနေနဲ့ ဂုဏ်ယူမိပါတယ်တဲ့လေ။ နောက် Robert Pattinson ကလည်း တကယ့်ကိုတော်တဲ့ အနုပညာရှင်တစ်ယောက်ပါဆိုပြီး ချီးကျုးခဲ့တာပါ။
အခုလည်း နောက်တစ်ခေါက် Robert Pattinson နဲ့ ပတ်သက်တဲ့အကြောင်းရာတစ်ခုကို ထုတ်ပြောလာခဲ့ပြန်ပါတယ်။ News 18 မှာ ဖော်ပြချက်အရတော့ အချစ်အရေးအကြောင်း ဖွင့်ပြောပြခဲ့တာပါတဲ့။ ဘာပြောသွားခဲ့သလဲဆိုတာကိုတော့ ဆက်လက်ဖတ်ရှုပေးကြပါဦး။
Robert Pattinson ဟာ သူမအတွက်ကတော့ အချစ်ရဆုံးသောလူသားတစ်ယောက်ဖြစ်ခဲ့ပြီး အချစ်ဦးဆိုလည်းမမှားပါဘူးတဲ့။ Twilight ရိုက်ကွင်းမှာပဲ စတွေ့ခဲ့ကြပြီး Twilight ရိုက်ကွင်းမှာပဲ ချစ်ကျွမ်းဝင်ခဲ့ကြကာ ရိုက်ကွင်းမှာပဲ Robert Pattinson ဟာ နှစ်ကိုယ်ကြား လက်ထပ်ခွင့်တောင်းခဲ့ပါတယ်တဲ့။ အဲဒီအချိန်တုန်းက သူမအနေနဲ့ အချစ်ဆိုတဲ့အရာဟာ တစ်ယောက်တည်းနဲ့ပဲ အချိန်အကြာကြီးတွဲ၊ အဲဒီလူနဲ့ပဲ လက်ထပ်ပြီး တစ်သက်လုံးပျော်ပျော်ရွှင်ရွှင်နေသွားရမှာပဲလို့ ထင်ခဲ့မိတဲ့မနူးမနပ်အချိန်လေးပေါ့။ နောက်ပြီး သူမဖက်ကလည်း နှစ်နှစ်ကာကာချစ်ရတဲ့ ချစ်သူတစ်ယောက်က လက်ထပ်ခွင့်တောင်းခဲ့တဲ့အတွက် ဘာမှတောင်မစဉ်းစားခဲ့ဘဲ ခေါင်းငြိမ့်ခဲ့ပါတော့တယ်။ Robert Pattinson နဲ့ သူမ တကယ်ကြီး လက်ထပ်မိတော့မလို့ပါတဲ့။
Penny
Credit:လင်းလင်း (ShweMom)


မှတ်ချက်များ