ေက်းဇူးရွိတဲ့ ယုန္ေလးကို ရန္ကုန္အထိ ျပန္လာကန္ေတာ့ခဲ့ၾကတဲ့ Rap က်ားၾကီးနဲ႔ MC ကယားေလး


Zawgyiျဖင့္ဖတ္ရန္

အႏုပညာမွာ အားနည္းေပမယ့္လည္း သူတို႔တတ္ႏိုင္တဲ့ ၾကိဳးစားအားထုတ္မႈေလးနဲ႔ အတတ္ႏိုင္ဆံုး ၾကိဳးစားေနတဲ့ တိုင္းရင္းသားနွစ္ဦးျဖစ္တဲ့ Rap က်ားၾကီးနဲ႔ MC ကယားေလးတို႔နွစ္ဦးကေတာ့ အဆိုေတာ္ ယုန္ေလးေၾကာင့္ ရန္ကုန္သို႔ ေရာက္ရွိခဲ့ၾကတာျဖစ္ျပီး သူတို႔ရဲ႕သီခ်င္းေလးကိုလည္း ဗီဒီယိုရိုက္ကူးျပီး ပရိသတ္ေတြဆီ ခ်ျပခဲ့ျပီးပါျပီ။ လတ္တေလာမွာေတာ့ ယုန္ေလးက ေက်းဇူးသိတတ္လြန္းတဲ့ Rap က်ားၾကီးနဲ႔ MC ကယားေလးတို႔နွစ္ဦးေၾကာင့္ ေပ်ာ္ရႊင္ပီတိျဖစ္ခဲ့ရတဲ့အေၾကာင္းကို လူမႈကြန္ယက္မွာ ေဝမွ်ေပးထားတာ ေတြ႔ရပါတယ္။ နယ္ျပန္ျပီးကာမွ ေက်းဇူးရွိတဲ့ ယုန္ေလးကို ျပန္လာကန္ေတာ့ၾကတဲ့ သူတို႔နွစ္ဦးကေတာ့ တကယ့္ကို ခ်စ္ဖို႔ေကာင္းၾကတဲ့ တပည့္ေတြပါပဲေနာ္။

မိုမိုေလးခ်စ္ပရိသတ္ေတြအတြက္ အရမ္းကို ၾကည္ႏူးဖို႔ေကာင္းတဲ့ ယုန္ေလးနဲ႔ တပည့္နွစ္ေယာက္ရဲ႕အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ယုန္ေလးကေတာ့ "MV ေလးထြက္ၿပီးထဲက ကြၽန္ေတာ္တို႔ ေပ်ာ္လြန္လို႔ ငိုၿပီးၿပီ ဆိုၿပီး ဖုန္းဆက္ပါတယ္ ။ အခု ရန္ကုန္ေရာက္ေတာ့လည္း ကြင္းထဲ အထိ လာကန္ေတာ့တဲ့ ညီေလးႏွစ္ေယာက္ကို တကယ္ၾကည့္ၿပီး ပီတိျဖစ္မိပါတယ္ ။ေလ့လာစရာေတြ ေလ့လာၿပီး ကိုရူးသြတ္တဲ့ အႏုပညာကို ဆက္လက္ ရူးသြတ္ႏိုင္ပါေစ . Nov 8 မွာ Music World Nov 9 မွာ Lighting Festival Nov 12 မွာ လမ္းမေတာ္ တန္ေဆာင္တိုင္ မွာ သူတို႔ေဖ်ာ္ေျဖမွာပါ . အားေပးက်ဖို႔လည္းဖိတ္ေခၚပါတယ္။" ဆိုျပီး သူ႔ကို အားကိုးၾကတဲ့ ညီေလးနွစ္ေယာက္ကို ရိႈးပြဲေတြလည္း ေခၚဆိုမယ့္အေၾကာင္း ေျပာထားပါေသးတယ္။

မိုမိုေလးခ်စ္ပရိသတ္ေတြလည္း ဆရာလို ေက်းဇူးရွိတဲ့ အဆိုေတာ္ ယုန္ေလးကို ေက်းဇူးသိတဲ့အေနနဲ႔ တကူးတက ရန္ကုန္ျပန္လာျပီး ကန္ေတာ့ခဲ့ၾကတဲ့ MC ကယားေလးနဲ႔ Rap က်ားၾကီးတို႔ကို သေဘာက်ရင္ Share သြားၾကဖို႔ မေမ့ပါနဲ႔ေနာ္။

Myint Myat

Source;Yone Lay's Facebook

Credit:Momolay

Unicodeဖြင့်ဖတ်ရန်

ကျေးဇူးရှိတဲ့ ယုန်လေးကို ရန်ကုန်အထိ ပြန်လာကန်တော့ခဲ့ကြတဲ့ Rap ကျားကြီးနဲ့ MC ကယားလေး

အနုပညာမှာ အားနည်းပေမယ့်လည်း သူတို့တတ်နိုင်တဲ့ ကြိုးစားအားထုတ်မှုလေးနဲ့ အတတ်နိုင်ဆုံး ကြိုးစားနေတဲ့ တိုင်းရင်းသားနှစ်ဦးဖြစ်တဲ့ Rap ကျားကြီးနဲ့ MC ကယားလေးတို့နှစ်ဦးကတော့ အဆိုတော် ယုန်လေးကြောင့် ရန်ကုန်သို့ ရောက်ရှိခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့သီချင်းလေးကိုလည်း ဗီဒီယိုရိုက်ကူးပြီး ပရိသတ်တွေဆီ ချပြခဲ့ပြီးပါပြီ။ လတ်တလောမှာတော့ ယုန်လေးက ကျေးဇူးသိတတ်လွန်းတဲ့ Rap ကျားကြီးနဲ့ MC ကယားလေးတို့နှစ်ဦးကြောင့် ပျော်ရွှင်ပီတိဖြစ်ခဲ့ရတဲ့အကြောင်းကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ နယ်ပြန်ပြီးကာမှ ကျေးဇူးရှိတဲ့ ယုန်လေးကို ပြန်လာကန်တော့ကြတဲ့ သူတို့နှစ်ဦးကတော့ တကယ့်ကို ချစ်ဖို့ကောင်းကြတဲ့ တပည့်တွေပါပဲနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ ယုန်လေးနဲ့ တပည့်နှစ်ယောက်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ယုန်လေးကတော့ "MV လေးထွက်ပြီးထဲက ကျွန်တော်တို့ ပျော်လွန်လို့ ငိုပြီးပြီ ဆိုပြီး ဖုန်းဆက်ပါတယ် ။ အခု ရန်ကုန်ရောက်တော့လည်း ကွင်းထဲ အထိ လာကန်တော့တဲ့ ညီလေးနှစ်ယောက်ကို တကယ်ကြည့်ပြီး ပီတိဖြစ်မိပါတယ် ။လေ့လာစရာတွေ လေ့လာပြီး ကိုရူးသွတ်တဲ့ အနုပညာကို ဆက်လက် ရူးသွတ်နိုင်ပါစေ . Nov 8 မှာ Music World Nov 9 မှာ Lighting Festival Nov 12 မှာ လမ်းမတော် တန်ဆောင်တိုင် မှာ သူတို့ဖျော်ဖြေမှာပါ . အားပေးကျဖို့လည်းဖိတ်ခေါ်ပါတယ်။" ဆိုပြီး သူ့ကို အားကိုးကြတဲ့ ညီလေးနှစ်ယောက်ကို ရှိုးပွဲတွေလည်း ခေါ်ဆိုမယ့်အကြောင်း ပြောထားပါသေးတယ်။

မိုမိုလေးချစ်ပရိသတ်တွေလည်း ဆရာလို ကျေးဇူးရှိတဲ့ အဆိုတော် ယုန်လေးကို ကျေးဇူးသိတဲ့အနေနဲ့ တကူးတက ရန်ကုန်ပြန်လာပြီး ကန်တော့ခဲ့ကြတဲ့ MC ကယားလေးနဲ့ Rap ကျားကြီးတို့ကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat

Source;Yone Lay's Facebook

Credit:Momolay

မှတ်ချက်များ