"Now and Ever"ကိုၾကည့္ျပီး ျပင္သစ္က စီးပြားေရးလုပ္ငန္းရွင္တစ္ဦး ဆက္သြယ္လာတယ္ဆိုတဲ့ ခရစၥတီးနားခီ


Zawgyiျဖင့္ဖတ္ရန္

အႏုပညာကို​စိတ္​ေရာကိုယ္​ပါႏွစ္​ၿပီး အ​ေကာင္းဆံုး ပံု​ေဖာ္​ေလ့ရိွတဲ့ ဒါရိုက္​တာ ခရစၥတီးနားခီနဲ႔ သရုပ္​ေဆာင္​ဇဏ္​ခီတို႔ ဇနီး​ေမာင္​ႏွံက​ေတာ့ ထူးျခားတဲ့ အႏုပညာစြမ္းရည္​ေၾကာင့္​အခ်ိန္​တိုအတြင္း ပရိသတ္​ေတြရဲ့ လက္​ခံအား​ေပးမႈကို အျပၫ့္​အဝ ရရိွထားတာပဲ ျဖစ္​ပါတယ္​။ လတ္​တ​ေလာမွာ​ေတာ့ ခရစၥတီးနားခီက ဇဏ္​ခီ၊ ပိုင္​ၿဖိဳးသုတို႔ အဓိကသရုပ္​ေဆာင္​ထားတဲ့ "ထာဝရ​ေနွာင္​ႀကိ္ဳး" ရုပ္​ရွင္​ဇာတ္​ကားႀကီးကိုၾကည့္ျပီး ျပင္သစ္က စီးပြားေရးလုပ္ငန္းရွင္တစ္ဦး ဆက္သြယ္လာတဲ့အေၾကာင္း လူမႈကြန္​ယက္​မွာ​ေဝမ်ွ​ေပးလိုက္​တာ​ေတြ့ရပါတယ္​။ ခီ​ေမာင္​ႏွံရဲ့ ေအာင္ျမင္မႈကေတာ့ ျမန္မာႏိုင္ငံမွာတင္မဟုတ္ပဲ ျပင္သစ္က စီးပြားေရးလုပ္ငန္းရွင္ေတြကေတာင္ မ်က္စိက်ေနၾကတဲ့အထိကို ၾကီးက်ယ္ခမ္းနားလြန္းပါတယ္ေနာ္။

မိုမိုေလးခ်စ္ပရိသတ္ေတြအတြက္ ရံုတင္တာ မၾကာေသးခင္မွာပဲ ေအာင္ျမင္မႈေတြ ဆက္တိုက္ဆိုသလို ရရွိေနတဲ့ ဒါရိုက္တာ ခရစၥတီးနားခီရဲ႕"Now and Ever" ရုပ္ရွင္ၾကီးရဲ႕အေၾကာင္းကို ေဖာ္ျပေပးလို္က္ပါတယ္ေနာ္။

ဒါရိုက္တာ ခရစၥတီးနားခီကေတာ့ "ျပင္သစ္လူမ်ိဳး ရုပ္ရွင္ business ထဲကသူ ရုပ္ရွင္ၾကည့္ၿပီး ပို႔လာတဲ့ စာပါ...business အေၾကာင္းပါတာေတာ့ဖ်က္ထားပါတယ္...က်မရဲ့ ခြန္အားတိုးစာ မို႔ အဖြဲ႔သားေတြေရာ fan ေတြ ေတြ့ေအာင္ share လိုက္ပါတယ္..." ဆိုျပီး သူမတို႔ရဲ႕ရုပ္ရွင္ကို သေဘာက်ေၾကာင္းနဲ႔ အက်ိဳးတူ စီးပြားေရးလုပ္မယ့္အေၾကာင္းေတြပါ ေျပာလာတဲ့ ျပင္သစ္က စီးပြားေရးလုပ္ငန္းရွင္အေၾကာင္း ေျပာထားတာပါ။

ပရိသတ္​ေတြ အရမ္းသေဘာက်​ေနၾကတဲ့ "Now and Ever" ရုပ္​ရွင္​ကို​ေတာ့ ျပီးခဲ့တဲ့ ေအာက္တိုဘာလ (၃၁) ရက္ေန႔ကတည္းက ရံုတင္ျပသေနျပီလို႔ သိရပါတယ္​။ မိုမို​ေလးခ်စ္​ပရိသတ္​ေတြ​လည္ ခရစၥတီးနားခီတို႔ ဇနီးေမာင္နွံရဲ႕ေအာင္ျမင္မႈကို သေဘာက်ရင္ ​Share သြားၾကဖို႔မ​ေမ့ပါနဲ႔​ေနာ္​။

Myint Myat

Source:Christina Kyi's Facebook

Credit:Momolay

Unicodeဖြင့်ဖတ်ရန်

"Now and Ever"ကိုကြည့်ပြီး ပြင်သစ်က စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဆက်သွယ်လာတယ်ဆိုတဲ့ ခရစ္စတီးနားခီ

အနုပညာကိုစိတ်ရောကိုယ်ပါနှစ်ပြီး အကောင်းဆုံး ပုံဖော်လေ့ရှိတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ သရုပ်ဆောင်ဇဏ်ခီတို့ ဇနီးမောင်နှံကတော့ ထူးခြားတဲ့ အနုပညာစွမ်းရည်ကြောင့်အချိန်တိုအတွင်း ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို အပြည့်အဝ ရရှိထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ခရစ္စတီးနားခီက ဇဏ်ခီ၊ ပိုင်ဖြိုးသုတို့ အဓိကသရုပ်ဆောင်ထားတဲ့ "ထာဝရနှောင်ကြိုး" ရုပ်ရှင်ဇာတ်ကားကြီးကိုကြည့်ပြီး ပြင်သစ်က စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဆက်သွယ်လာတဲ့အကြောင်း လူမှုကွန်ယက်မှာဝေမျှပေးလိုက်တာတွေ့ရပါတယ်။ ခီမောင်နှံရဲ့ အောင်မြင်မှုကတော့ မြန်မာနိုင်ငံမှာတင်မဟုတ်ပဲ ပြင်သစ်က စီးပွားရေးလုပ်ငန်းရှင်တွေကတောင် မျက်စိကျနေကြတဲ့အထိကို ကြီးကျယ်ခမ်းနားလွန်းပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ရုံတင်တာ မကြာသေးခင်မှာပဲ အောင်မြင်မှုတွေ ဆက်တိုက်ဆိုသလို ရရှိနေတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့"Now and Ever" ရုပ်ရှင်ကြီးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဒါရိုက်တာ ခရစ္စတီးနားခီကတော့ "ပြင်သစ်လူမျိုး ရုပ်ရှင် business ထဲကသူ ရုပ်ရှင်ကြည့်ပြီး ပို့လာတဲ့ စာပါ...business အကြောင်းပါတာတော့ဖျက်ထားပါတယ်...ကျမရဲ့ ခွန်အားတိုးစာ မို့ အဖွဲ့သားတွေရော fan တွေ တွေ့အောင် share လိုက်ပါတယ်..." ဆိုပြီး သူမတို့ရဲ့ရုပ်ရှင်ကို သဘောကျကြောင်းနဲ့ အကျိုးတူ စီးပွားရေးလုပ်မယ့်အကြောင်းတွေပါ ပြောလာတဲ့ ပြင်သစ်က စီးပွားရေးလုပ်ငန်းရှင်အကြောင်း ပြောထားတာပါ။

ပရိသတ်တွေ အရမ်းသဘောကျနေကြတဲ့ "Now and Ever" ရုပ်ရှင်ကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ (၃၁) ရက်နေ့ကတည်းက ရုံတင်ပြသနေပြီလို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည် ခရစ္စတီးနားခီတို့ ဇနီးမောင်နှံရဲ့အောင်မြင်မှုကို သဘောကျရင် Share သွားကြဖို့မမေ့ပါနဲ့နော်။

Myint Myat

Source:Christina Kyi's Facebook

Credit:Momolay

မှတ်ချက်များ