ဦးထြန္းလြင္ရဲ႕ ေနာက္ဆံုးခရီးမွာ လိုအပ္တာမ်ား လိုက္လံျဖည့္ဆည္းေပးခဲ့တဲ့ ေက်ာ္သူ
Zawgyiျဖင့္ဖတ္ရန္
မင္းသားႀကီး ဦးေက်ာ္သူဟာ အကယ္ဒမီ မင္းသားႀကီးလည္းျဖစ္၊ နာေရးကူညီမႈအသင္း (ရန္ကုန္) ရဲ႕ ဥကၠဌတစ္ဦးလည္း ျဖစ္ပါတယ္။ ဒီကေန႔ ႏိုဝင္ဘာလ (၆) ရက္ေန႔မွာေတာ့ နာေရးကူညီမႈအသင္း ဥကၠဌ ဦးေက်ာ္သူနဲ ဇနီးျဖစ္သူ တြင္းေရးမွဴး ေဒၚေရႊဇီးကြက္တို႔မွ မိုးေလဝသႏွင့္ ဇလေဗဒ ပညာ႐ွင္ႀကီး ဦးထြန္းလြင္ရဲ႕ စ်ာပနအခမ္းအနားကို လိုအပ္သည္မ်ား လိုက္လံျဖည့္စည္းေပးခဲ့ပါတယ္။
မိုးေလဝသႏွင့္ ဇလေဗဒ ပညာ႐ွင္ႀကီး ေဒါက္တာ ဦးထြန္းလြင္ဟာ ႏိုဝင္ဘာလ (၄) ရက္ေန႔ ညေန ၆ နာရီ ၅၇ မိနစ္တိတိမွာ ရန္ကုန္ၿမိဳ႕ရိွ ဂရမ္းဒ္ဟံသာေဆးရံုႀကီးမွာ ေဆးကုသမႈခံယူရင္း ဘဝတစ္ပါးသို႔ ကူးေျပာင္းသြားတာ ျဖစ္ပါတယ္။
ေဒါက္တာဦးထြန္းလြင္၏ ႐ုပ္ခႏၶာအား သုဝဏၰၿမိဳ့နယ္ရွိ ေနအိမ္မွ ေရေဝးသုႆန္သို့ နာေရးကူညီမွုအသင္း(ရန္ကုန္) ဥကၠ႒ ဦးေက်ာ္သူ ၊ ဒု - ဥကၠ႒ ဆရာမေဒၚသန္းျမင့္ေအာင္ ႏွင့္ အတြင္းေရးမွူး ေဒၚေရႊဇီးကြက္တို့မွ နိဗၺာန္ယာဥ္ျဖင့္ သြားေရာက္သယ္ေဆာင္ကာ အသင္းသူ/သားမ်ားႏွင့္အတူ ပို့ေဆာင္ခဲ့ၾကတာ ျဖစ္ပါတယ္။
မိုးေလဝသႏွင့္ ဇလေဗဒပညာရွင္ ေဒါက္တာဦးထြန္းလြင္ ညႊန္ၾကားေရးမွူးခ်ဳပ္(ၿငိမ္း)၊ မိုး/ဇလညြန္ၾကားေရးမွုဦးစီးဌာန CEO, Myanmar Climate Change Watch အသက္(၇၂)ႏွစ္၏ ဈာပနအခမ္းအနားအား မိသားစုမ်ား ၊ ေဆြမ်ိဳးမ်ားႏွင့္အတူ တစ္နိုင္ငံလုံးရွိ ျပည္သူမ်ားက ဝမ္းနည္းေၾကကြဲစြာ လိုက္ပါပို့ေဆာင္ခဲ့ၾကတာကို ေတြ႔ရပါတယ္။
ေက်ာ္သူကေတာ့ ေလးစားရတဲ့ ပုဂိၢိဳလ္ႀကီး ဦးထြန္းလြင္ရဲ႕ ေနာက္ဆံုးခရီးကို အေကာင္းဆံုးျဖစ္ေအာင္ ကူညီေဆာင္ရြက္ေပးခဲ့တာ ျဖစ္ပါတယ္။ ကြယ္လြန္သူ ဦးထြန္းလြင္လည္း ေကာင္းမြန္တဲ့အရပ္မွာ ေအးေအးခ်မ္းခ်မ္း အနားယူႏိုင္ပါေစလို႔ မိုမိုေလးမွ ဆုေတာင္းေပးလိုက္ပါတယ္။
Rowena
Source: နာေရးကူညီမႈအသင္း (ရန္ကုန္)
Credit:Momolay
Unicodeဖြင့်ဖတ်ရန်
ဦးထွန်းလွင်ရဲ့ နောက်ဆုံးခရီးမှာ လိုအပ်တာများ လိုက်လံဖြည့်ဆည်းပေးခဲ့တဲ့ ကျော်သူ
မင်းသားကြီး ဦးကျော်သူဟာ အကယ်ဒမီ မင်းသားကြီးလည်းဖြစ်၊ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဌတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၆) ရက်နေ့မှာတော့ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူနဲ ဇနီးဖြစ်သူ တွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့မှ မိုးလေဝသနှင့် ဇလဗေဒ ပညာရှင်ကြီး ဦးထွန်းလွင်ရဲ့ ဈာပနအခမ်းအနားကို လိုအပ်သည်များ လိုက်လံဖြည့်စည်းပေးခဲ့ပါတယ်။
မိုးလေဝသနှင့် ဇလဗေဒ ပညာရှင်ကြီး ဒေါက်တာ ဦးထွန်းလွင်ဟာ နိုဝင်ဘာလ (၄) ရက်နေ့ ညနေ ၆ နာရီ ၅၇ မိနစ်တိတိမှာ ရန်ကုန်မြို့ရှိ ဂရမ်းဒ်ဟံသာဆေးရုံကြီးမှာ ဆေးကုသမှုခံယူရင်း ဘဝတစ်ပါးသို့ ကူးပြောင်းသွားတာ ဖြစ်ပါတယ်။
ဒေါက်တာဦးထွန်းလွင်၏ ရုပ်ခန္ဓာအား သုဝဏ္ဏမြို့နယ်ရှိ နေအိမ်မှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ ၊ ဒု - ဥက္ကဋ္ဌ ဆရာမဒေါ်သန်းမြင့်အောင် နှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့မှ နိဗ္ဗာန်ယာဉ်ဖြင့် သွားရောက်သယ်ဆောင်ကာ အသင်းသူ/သားများနှင့်အတူ ပို့ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာဦးထွန်းလွင် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ မိုး/ဇလညွန်ကြားရေးမှုဦးစီးဌာန CEO, Myanmar Climate Change Watch အသက်(၇၂)နှစ်၏ ဈာပနအခမ်းအနားအား မိသားစုများ ၊ ဆွေမျိုးများနှင့်အတူ တစ်နိုင်ငံလုံးရှိ ပြည်သူများက ဝမ်းနည်းကြေကွဲစွာ လိုက်ပါပို့ဆောင်ခဲ့ကြတာကို တွေ့ရပါတယ်။
ကျော်သူကတော့ လေးစားရတဲ့ ပုဂ္ဂိိုလ်ကြီး ဦးထွန်းလွင်ရဲ့ နောက်ဆုံးခရီးကို အကောင်းဆုံးဖြစ်အောင် ကူညီဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်သူ ဦးထွန်းလွင်လည်း ကောင်းမွန်တဲ့အရပ်မှာ အေးအေးချမ်းချမ်း အနားယူနိုင်ပါစေလို့ မိုမိုလေးမှ ဆုတောင်းပေးလိုက်ပါတယ်။
Rowena
Source: နာရေးကူညီမှုအသင်း (ရန်ကုန်)
Credit:Momolay


မှတ်ချက်များ